အင်မလီဘလန့်နှင့် ခင်ပွန်း အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ ဂျွန်ကရာစင်စကီးတို့သည် နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၁ သန်းဖြင့် ဝယ်ယူ

အင်မလီဘလန့်နှင့် ခင်ပွန်း အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ ဂျွန်ကရာစင်စကီးတို့သည် နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၁ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
17 Jan 2019 11:45 am တွင် တင်ခဲ့သည်
438 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၈ ခုနှစ် အကောင်းဆုံးရုပ်ရှင် ၁၀ ကားတွင် တစ်ကားအပါအဝင်အဖြစ် အမေရိကန်ရုပ်ရှင်သိပ္ပံက ရွေးချယ်ထားခြင်းခံခဲ့ရသော Mary Poppins Returns တွင် ဦးဆောင်မင်းသမီးအဖြစ် ပါဝင်ခဲ့သူ အင်မလီဘလန့်နှင့် ခင်ပွန်း အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ ဂျွန်ကရာစင်စကီးတို့သည် နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း သတင်းထွက်ပေါ်လာသည်။

အင်မလီဘလန့်တို့ ဇနီးမောင်နှံသည် ဘရွတ်ကလင်းရပ်ရှိ ၄ ထပ်တိုက် အဆောက်အအုံကြီးကို ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ရောင်းထုတ်ခဲ့ပြီး ဘရွတ်ကလင်းရပ်တွင်ပင် ပြန်လည်ဝယ်ယူမှု ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

ဘရွတ်ကလင်းရှိ ၄ ထပ်တိုက်ကို ဈေးကွက်တင်ခဲ့သည်မှာ ကန်ဒေါ်လာ ၈ သန်းဖြင့်ဖြစ်ပြီး အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/661369 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

အင်မလီဘလန့်တို့ဇနီးမောင်နှံသည် ကွန်ဒိုအဆောက်အအုံမှ အလွှာတစ်ခုတည်းရှိ ကွန်ဒိုနှစ်ခန်းကို ဝယ်ယူလိုက်ကာ တစ်ခန်းတည်းအဖြစ် ပေါင်းစည်းလိုက်ခြင်းလည်း ဖြစ်သည်။

ယင်းအခန်းများကို တရားဝင်ဈေးကွက်တွင် အရောင်းအဝယ်လုပ်ခဲ့ခြင်းမဟုတ်သောကြောင့် အခန်းအကျယ်အဝန်းမည်မျှရှိသည်ကိုမူ မသိရချေ။

သို့ရာတွင် အဆိုပါအခန်းအတွင်း Bertazzoni Italia ကုမ္ပဏီနှင့် Bosch ကုမ္ပဏီထုတ် အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းထားသည့် မီးဖိုဆောင်ပါဝင်ပြီး မိုးရွာကျသကဲ့သို့ ခံစားရမည့် ကျယ်ဝန်းသည့်ရေပန်းထည့်သွင်းပေးထားကာ ထုံးကျောက်ဖြင့် အလှဆင်ထားသည့် ရေချိုးခန်းတို့ ပါဝင်သည်ကိုမူ သိရသည်။

အိမ်ခြံမြေမှတ်တမ်းများအရ အရောင်းအဝယ်ဖြစ်ခဲ့သည်မှာ အခန်းအမှတ် 8A နှင့် 8B တို့ဖြစ်ကာ ကွန်ဒိုအဆောက်အအုံ၏ ၈ လွှာတစ်ခုလုံးဖြစ်ပြီး ကန်ဒေါ်လာ ၁၁၀၀၀၃၅၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်းမှာ ဘရွတ်ကလင်းတွင် ဈေးအကြီးဆုံးအရောင်းအဝယ်များတွင် တစ်ခုအပါအဝင်အဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟုလည်း ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

bkk-projects
shwe-moe-kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service