အိမ်ရာစီမံကိန်းများအတွက် ချေးငွေကို ဘဏ်ချေးငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းအထိ ထုတ်ချေးခွင့်ပြု ချေးငွေသက်တမ်း ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်

အိမ်ရာစီမံကိန်းများအတွက် ချေးငွေကို ဘဏ်ချေးငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းအထိ ထုတ်ချေးခွင့်ပြု ချေးငွေသက်တမ်း ကန့်သတ်ချက်ကိုလည်း ပယ်ဖျက် - Property News in Myanmar from iMyanmarHouse.com
17 Jan 2019 9:50 am တွင် တင်ခဲ့သည်
667 ကြိမ် ကြည့်ရှု့ပြီး

ပြည်တွင်းဘဏ်များအနေဖြင့် အိမ်ရာစီမံကိန်းများအတွက် ချေးငွေကို စုစုပေါင်းဘဏ် ချေးငွေ၏ ၅ ရာခိုင်နှုန်းအထိ ထုတ်ချေးနိုင်ပြီး ချေးငွေသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်ပေး ခဲ့ကြောင်း ဗဟိုဘဏ်က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်း မှာ ဘဏ်များဈေးကွက်ချဲ့ထွင်နိုင်ရန်နှင့် ပြည်သူများ အိမ်ရာပိုင် ဆိုင်မှု အခွင့်အလမ်းများ ပိုမို ကောင်းမွန်လာစေရန် ဖြစ်သည် ဟု ဗဟိုဘဏ်ညွှန်ကြားချက်တွင် ဆိုထားသည်။

ဗဟိုဘဏ်က ကာလသတ် မှတ်ချက်ချေးငွေ (Term Loan) များကို သုံးနှစ်ထက်မပိုဘဲ ထုတ် ချေးရမည်ဟု ၂၀၁၇ နိုဝင်ဘာတွင် ကန့်သတ်ခဲ့သည်။ ယင်းသို့ ထုတ်ချေးရာတွင် သုံးလထက်မပိုသော ကာလအလိုက် အတိုးပြန်ပေးရမည်ဟု သတ်မှတ်ထားသည်။

ယခုအခါ အိမ်ရာစီမံကိန်း များအတွက် ထိုသတ်မှတ်ချက်ကို ပယ်ဖျက်ခြင်းဖြစ်သည်။

ပထမပုဂ္ဂလိကဘဏ် အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်က ‘‘သူ့(ဗဟိုဘဏ်) ရည်ရွယ်ချက်က ဘဏ်တွေ အလုပ်ပိုလုပ်နိုင် အောင်၊ အိမ်ရာပိုင်ဆိုင်မှုတိုးလာ အောင်ပါ’’ဟု ပြောသည်။

ဘဏ်များအနေဖြင့် အခြား ကဏ္ဍများအတွက် ချေးငွေများကို ထုတ်ချေးငွေစုစုပေါင်း၏ ၅ ရာ ခိုင်နှုန်းအတွင်း ချေးနိုင်သော်လည်း သုံးနှစ်ထက် မပိုရဟု ဆိုထားသည်။

အိမ်ရာချေးငွေမှအပ သက်တမ်းသုံးနှစ်ထက်ပိုသည့် အခြား ချေးငွေများ ထုတ်ချေးလိုပါက ချေးငွေဆိုင်ရာ ကိစ္စရပ်နှင့် စည်းကမ်းချက်များကို ကိစ္စရပ်တစ်ခုချင်းအလိုက် ဗဟိုဘဏ်သို့ တင်ပြ၍ ခွင့်ပြုချက်ယူရမည်ဟု ဆိုသည်။

အိမ်ရာစီမံကိန်း ချေးငွေ သက်တမ်းကန့်သတ်ချက်ကို ပယ်ဖျက်ပေးခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးမျိုးမြင့်က ‘‘အခုကန့်သတ် ချက်မရှိတော့ရင် ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုက လေး၊ ငါးနှစ်ကြာတော့ ချေးငွေယူထားပြီး တစ်နှစ်အတွင်း အတိုးပြန်ဆပ်ရမယ်၊ သုံးနှစ်အတွင်း အကုန်လုံး ပြန်ဆပ်ရမယ်ဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဘယ်လိုမှ အဆင်မပြေဘူး’’ဟုပြောသည်။

ဗဟိုဘဏ်က ၂၀၁၈ နိုဝင် ဘာ ၈ ရက်တွင် နိုင်ငံခြားဘဏ် များကို ပြည်တွင်းလုပ်ငန်းရှင်များ ထံ ချေးငွေထုတ်ပေးခွင့်ပြုခဲ့ သည်။ ၂၀၁၉ ဇန်နဝါရီ ၁၅ ရက် တွင်လည်း အာမခံအပေါင်ပစ္စည်း မပါဘဲ အတိုး ၁၆ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခွင့်ပြုခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
bkk-projects
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service