ထပ်ဆင့် အော်စကာဆုရှင် ဘင်အက်ဖလက်တို့ ဇနီးမောင်နှံကွာရှင်းပြီးနောက် လော့စ်အိန်ဂျလိနေအိမ်ကို Maroon 5 ၏ အဆိုတော်က ဝယ်ယူလိုက်ပြီ

ထပ်ဆင့် အော်စကာဆုရှင် ဘင်အက်ဖလက်တို့ ဇနီးမောင်နှံကွာရှင်းပြီးနောက် လော့စ်အိန်ဂျလိနေအိမ်ကို Maroon 5 ၏ အဆိုတော်က ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
16 Jan 2019 11:26 am တွင် တင်ခဲ့သည်
640 ကြိမ် ကြည့်ရှု့ပြီး

Armageddon (၁၉၉၈) နှင့် Pearl Harbor (၂၀၀၁) တို့ကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားကြီးများ အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ထပ်ဆင့် အော်စကာဆုရှင် ဘင်အက်ဖလက်သည် ဇနီးဖြစ်သူ ဂျနီဖာဂါနာနှင့် ကွာရှင်းပြတ်စဲကြောင်း ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် ကြေညာပြီးနောက်ပိုင်းကတည်းက ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ပစိဖိတ် ပါလစ်ဆိတ်အရပ် ရှိ နေအိမ်ကို ရောင်းထုတ်ရန် ကြိုးစားခဲ့ပြီး ရောင်းမထွက်ခဲ့ချေ။

ယခုအခါမူ ဝယ်လက်ပေါ်ပေါက်လာပြီဖြစ်ပြီး အဆိုပါဝယ်လက်မှာ အများအံ့အားသင့်ဖွယ် ဖြစ်နေသည်။

ဝယ်လက်မှာ စီးပွားရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးတစ်ဦးမဟုတ်ဘဲ အမေရိကန် ပေါ့ပ်ရော့ခ် တေးဂီတဝိုင်းဖြစ်သော Maroon 5 မှ ရှေ့ထွက်အဆိုတော် အဒမ် လီဗင်းဖြစ်နေခြင်းပင်။

အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၈ ခန်းပါဝင်သည့် အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၄၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်သော်လည်း အဒမ်လီဗင်းက ကန်ဒေါ်လာ ၃၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အရောင်းအဝယ်ကို ဈေးကွက်ပြင်ပတွင် လျှို့ဝှက်စွာပြုလုပ်ခဲ့ခြင်းဖြစ်ရာ မည်သည့်အိမ်ခြံမြေကုမ္ပဏီမျှ နေအိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုခွင့် မကြုံခဲ့ချေ။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၈၈၀၀ ရှိပြီး ယာတောအိမ်အသွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။

၁၉၄၀ ပြည့်နှစ်အတွင်း ဗိသုကာပညာရှင် ကလစ်ဖ်မေက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး မြေအကျယ်အဝန်းမှာ ၃ ဧကကျော်ရှိသည်။

စံအိမ်ကြီးတွင် အကျော်အမော်များစွာ အခြေချနေထိုင်ခဲ့ဖူးသည့်စာရင်းတွင် ယခုအခါ အဒမ်လီဗင်းလည်း ပါဝင်လာတော့မည် ဖြစ်သည်။

အမေရိကန်ရုပ်ရှင်သရုပ်ဆောင် ဂရီဂိုရီ ပက်ခ်က ၁၉၄၀ ပြည့်လွန်ကာလများတွင် နေအိမ်ကြီးကို ဝယ်ယူခဲ့သည်။ယင်းနောက် ဘရိုင်ယန် ဂရေဇာက ၁၉၉၂ ခုနှစ်တွင် ဝယ်ယူခဲ့၏။

ဘရိုင်ယန် ဂရေဇာက ၂၀၀၉ ခုနှစ်တွင် ဘင်အက်ဖလက်နှင့် ဂါနာတို့ထံ ကန်ဒေါ်လာ ၁၇ ဒသမ ၅၅ သန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

ဘင်အက်ဖ်လက်နှင့် ဂါနာတို့က စံအိမ်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ရေကူးကန်၊ ဘတ်စ်ကက် ဘောကွင်း၊ မီးလင်းဖို ၄ ခု၊ အဆင့်မြင့် ရုပ်ရှင်ခန်းမတို့ဖြင့် အပန်းဖြေစခန်းအသွင် ပြန်လည်မွမ်းမံခဲ့သည်။

ဘင်အက်ဖလက်တို့ ဇနီးမောင်နှံသည် ပင်မနေအိမ်မှ ခဲတစ်ပစ်စာသာ ကွာဝေးသည့်နေရာတွင် အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၃ ခန်း ပါဝင်သည့် ဧည့်ဂေဟာအိမ်တစ်လုံးကိုလည်း ဆောက်လုပ်ခဲ့သေးသည်။

ဘင်အက်ဖလက်သည် ဇနီးဖြစ်သူနှင့် ကွာရှင်းပြတ်စဲကြောင်း ပထမဆုံးကြေညာပြီးနောက်တွင် အဆိုပါဧည့်ဂေဟာ၌ နေထိုင်ခဲ့ဖူးသည်ဟု ဆိုသည်။

ထိုသို့ ပြန်လည်ပြုပြင်စရိတ် များပြားခြင်းကြောင့် ခေါ်ဈေးများပြားစွာဖြင့် ဈေးကွက်တင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အဒမ်လီဗင်းက ခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၃ သန်းနည်းပါးသည့် ဈေးဖြင့်မည်သို့မည်ပုံ ဝယ်ယူရရှိသနည်းဟူသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ဘင်အက်ဖလက်နှင့် ဂျနီဖာဂါနာတို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကွာရှင်းပြတ်စဲမှုကို အပြီးသတ်ခဲ့ပြီဖြစ်ခြင်းကြောင့် အဒမ်လီဗင်း ကမ်းလှမ်းသော ဈေးနှုန်းကို လက်ခံလိုက်ခြင်းဖြစ်သည်ဟု Paris Gibson Realty အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ကယ်လီပါ့ခ်က သုံးသပ်၏။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
bkk-projects
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service