ဟောင်ကောင်တွင် အိမ်ဝယ်မည်ဆိုပါက နေထိုင်ရန်အတွက်သာ ဝယ်ယူသင့်ကြောင်း လီကာရှင်းသတိပေးပြောကြား

ဟောင်ကောင်တွင် အိမ်ဝယ်မည်ဆိုပါက နေထိုင်ရန်အတွက်သာ ဝယ်ယူသင့်ကြောင်း လီကာရှင်းသတိပေးပြောကြား - Property News in Myanmar from iMyanmarHouse.com
14 Jan 2019 11:44 am တွင် တင်ခဲ့သည်
868 ကြိမ် ကြည့်ရှု့ပြီး

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးမည်ဖြစ်ကြောင်း ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကာရှင်းက ဟောကိန်းထုတ်လိုက်ပြီး ဟောင်ကောင်တွင် နေအိမ်ဝယ်ယူမည်ဆိုပါက နေထိုင်ရန်အတွက်သာ ဝယ်ယူသင့်ကြောင်း၊ ဈေးကစားရန် မဝယ်သင့်သေးကြောင်းလည်း သတိပေးပြောကြားလိုက်သည်။

“ဒီနှစ်ထဲမှာ ကမ္ဘာ့စီးပွားရေးအခြေအနေဟာ အတော်လေးရှုပ်ထွေးဖွယ် ရှိပါလိမ့်မယ်။ လူတိုင်းသတိနဲ့နေသင့်တယ်။ ကျွန်တော့်အမြင် ပြောရရင် ဒီထဲနှစ်ထဲမှာ ကမ္ဘာ့ဂျီဒီပီတိုးတက်မှုနှုန်း ကျဆင်းပါလိမ့်မယ်။ ကမ္ဘာ့စီးပွားရေးကို ကျွန်တော်အာရုံစိုက်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ ကုမ္ပဏီအုပ်စုရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ကမ္ဘာ့နိုင်ငံပေါင်း ၅၂ နိုင်ငံမှာ တည်ရှိနေတာကြောင့် ဖြစ်ပါတယ်” ဟု လီကာရှင်းက ပြီးခဲ့သော သောကြာနေ့က ပြုလုပ်ခဲ့သည့် CK Group ၏ နှစ်ပတ်လည် ညစာစားပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အသက် ၉၀ ရှိပြီဖြစ်သော လီကာရှင်းသည် CK Asset Holdings နှင့် CK Hutchison Group တို့၏ ဥက္ကဌတာဝန်မှ ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း အနားယူခဲ့သည်။

သူ၏ ဥက္ကဌ အရိုက်အရာကို သားဖြစ်သူ ဗစ်တာလီက ဆက်ခံထားသည်။

ဗစ်တာလီက ပြောကြားရာတွင် “ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ဦးမော့လာတာ၊ ကုန်သွယ်ရေးစစ်ပွဲ အဆုံးမသတ်နိုင်သေးတာ၊ ဥရောပသမဂ္ဂကနေ ဗြိတိန်နှုတ်ထွက်မှုဖြစ်စဉ်ရဲ့ မရေရာမှုတွေ၊ ကမ္ဘာ့နိုင်ငံအသီးသီးက ရွေးကောက်ပွဲရလဒ်အမျိုးမျိုးတွေ၊ အတိုးနှုန်း မြင့်တက်မှု ပြန်လည်ပေါ်ပေါက်လာတာတွေ အစရှိတဲ့အကြောင်းရပ်မျိုးတွေဟာ ကမ္ဘာ့အခြေအနေတွေကို ဂယက်ထစေပြီး ကျွန်တော်တို့အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်လည်း ရိုက်ခတ်မှုတွေ ရှိလာစေခဲ့ပါတယ်”ဟု ပြောကြားသည်။

ယင်းသို့အခြေအနေမျိုးများ ကြုံခဲ့စေကာမူ တည်ငြိမ်သော ဝင်ငွေ မြင့်တက်နေစေမည့် ကုမ္ပဏီ၏ မဟာဗျူဟာမှာ အသီးအပွင့်များ ရရှိနေပြီဖြစ်ပြီး အလွန်အားကောင်းခိုင်မာသော ငွေစီးဝင်မှုများလည်း ရရှိနေပြီဖြစ်ကြောင်း ဗစ်တာလီက ဆက်လက်ပြောကြားသည်။

ဟောင်ကောင်၏ စီးပွားရေးအခြေအနေနှင့်စပ်လျဉ်းပြီး ရတက်မအေးဖြစ်မှုရှိ၊ မရှိမေးမြန်းရာတွင်မူ လီကာရှင်းက ဈေးကွက် အခင်းအကျင်းအပေါ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်ဟာ ၁၉၄၀ ပြည့်နှစ်ကတည်းက ဟောင်ကောင်မှာ နေထိုင်ခဲ့ကြတာပါ။ ဒီနှစ်ကာလတွေတလျှောက်မှာ စိန်ခေါ်မှုအမျိုးမျိုးကြားက ဟောင်ကောင်ဟာရှင်သန်နိုင်ခဲ့တယ်”ဟု လီကာရှင်းက ဆိုသည်။

“ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့ ကိုယ်တိုင်နေဖို့ အိမ်ဝယ်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ဈေးကစားဖို့အတွက်တော့ ဘယ်တော့မှ မလုပ်သင့်ဘူး။ ဒါက တော်တော်လေး စိန်ခေါ်မှုရှိပါတယ်”ဟု လီကာရှင်းက ဆက်လက်ပြောကြားသည်။

ဟောင်ကောင်အစိုးရ ရာဖြတ်ဌာနမှ အချက်အလက်များအရ လွန်ခဲ့သော ၄ လတာ ကာလအတွင်း ဟောင်ကောင် လူနေအိမ် ဈေးနှုန်းများမှာ ၇ ဒသမ ၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်ဟု ဆိုသည်။

ဟောင်ကောင် developer တို့သည် မကြာသေးမီက ဈေးကွက်တင်ခဲ့သော အိမ်ခြံမြေစီမံကိန်းများကို လျှော့ဈေးများစွာ ချကာ ရောင်းထုတ်ခဲ့ရသည်။

သာဓကအားဖြင့် China Overseas Land & Investment ကုမ္ပဏီသည် တိုင်ပိုအရပ်ရှိ Regent စီမံကိန်းကို လွန်ခဲ့သော ၅ လခန့်က အရောင်းဈေးကွက်တင်ခဲ့သော အနီးရှိ အခြားစီမံကိန်းတစ်ခု၏ ရောင်းဈေးအောက် ၃၂ ရာခိုင်နှုန်းအထိ ဈေးလျှော့ကာ ရောင်းချခဲ့ရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service