ဒေါ်နယ်ထရမ့်၏ ဖိအားပေးမှုကြောင့် နယူးယောက် NYC တာဝါကြီးကို တရုတ်ကုမ္ပဏီကြီး HNA က ရောင်းချခဲ့ရရာတွင် ဒေါ်လာ ၄၁ သန်း အရှုံးပေါ် - Property News in Myanmar from iMyanmarHouse.com
1523 ကြိမ် ကြည့်ရှု့ ပြီး

ဒေါ်နယ်ထရမ့်၏ ဖိအားပေးမှုကြောင့် နယူးယောက် NYC တာဝါကြီးကို တရုတ်ကုမ္ပဏီကြီး HNA က ရောင်းချခဲ့ရရာတွင် ဒေါ်လာ ၄၁ သန်း အရှုံးပေါ်

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ NYC တာဝါကြီးကို ရောင်းချရာတွင် ကန်ဒေါ်လာ ၄၁ သန်း အရှုံးပေါ်ခဲ့ကြောင်း တရုတ်ထိပ်တန်းကုမ္ပဏီကြီး HNA က အတည်ပြုပြောကြားလိုက်သည်။ ယခုရောင်းချရမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိအားပေးမှုကြောင့်လည်းဖြစ်သည်။

HNA က နယူးယောက်မြို့၊ တတိယရိပ်သာလမ်း၊ အမှတ် ၈၅၀ တွင် တည်ရှိသော NYC တာဝါကြီး၏ ၎င်းပိုင်ဆိုင်ထားသော ရှယ်ယာ ၉၀ ရာခိုင်နှုန်းကို ကန်ဒေါ်လာ ၄၂၂ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Bisnow တွင် ဖော်ပြသည်။

HNA သည် အဆိုပါရှယ်ယာများကို ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၄၆၃ သန်းပေးခဲ့ရပြီး ၂ နှစ်ခွဲမရှိသေးမီ ပြန်လည်ရောင်းထုတ်လိုက် ရခြင်းလည်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ နေအိမ်ခန်းတစ်ခုတည်ရှိရာ Trump Tower ကို အကာအကွယ်ပေးနေသည့် ရဲတပ်ဖွဲ့၏ အခြေစိုက်စခန်းသည် NYC တာဝါကြီးတွင် တည်ရှိသည်ဖြစ်ရာ အဆိုပါတာဝါကို တရုတ်ကုမ္ပဏီက ပိုင်ဆိုင်နေအပေါ် အမေရိကန်အစိုးရက ဖိအားပေးရောင်းချခိုင်းမှု များပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

စုစုပေါင်းအကျယ်အဝန်း စတုရန်းပေပေါင်း ၆၁၇၀၀၀ (၅၇၃၂၁ စတုရန်းမီတာ) ရှိသည့် မန်ဟက်တန်ရုံးအဆောက်အအုံကြီးကို ဝယ်ယူသွားသည့် ဝယ်လက်မှာ ဒေသတွင်းရင်းနှီးမြှုပ်နှံသူ၊ အိမ်ခြံမြေ DEVELOPER ဂျက်ကော့ဘ် ချီထရစ်နှင့် သူ၏ သားများဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဟာ မိတ်ဆွေများဖြစ်တဲ့ ဂျက်ကော့ဘ် ချီထရစ်နဲ့ သူ့ရဲ့သားတွေဖြစ်တဲ့ မိုက်ကယ်၊ ဆိုင်မွန်တို့ကို အခွင့်အလမ်းတွေပေးဖို့ လုပ်ကိုင်လျက်ရှိနေပါတယ်။ ထင်ရှားလှတဲ့ဒီအဆောက်အအုံကြီးကို နယူးယောက်အိမ်ခြံမြေလောကမှာ ထင်ရှားတဲ့၊ သြဇာတိက္ကမရှိတဲ့ မိသားစုထံ ရောင်းချရတဲ့အပေါ် ကျွန်တော်တို့ ဝမ်းမြောက်ပါတယ်”ဟု NYC တာဝါကြီးတွင် ရှယ်ယာအနည်းစု ပိုင်ဆိုင်ထားသည့် နယူးယောက်အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ MHP ၏ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ် ဒေးဗစ် စတာနာက ပြောကြားသည်။

၂၁ ထပ်မြင့်မားသော NYC တာဝါကြီးတွင် HNA နှင့်အတူ ရှယ်ယာအနည်းစုပိုင်ဆိုင်ထားသည့် ကုမ္ပဏီများဖြစ်သော MHP နှင့် Atco Properties & Management LLC တို့သည်လည်း ၎င်းတို့၏ ရှယ်ယာများကို ရောင်းချခဲ့ကြသည်။

NYC တာဝါကြီးကို ရောင်းချရန် HNA အား ထရမ့်က ရာဇသံပေးခဲ့ပုံများနှင့် စပ်လျဉ်း၍ iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။

ပြန်လည်ဖတ်ရှုလိုပါက (၁) https://www.imyanmarhouse.com/news/read/763385

(၂) https://www.imyanmarhouse.com/news/read/758089 အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြပွဲ ၂ ရက်အတွင်း လုံးချင်းအိမ်များ အားလုံးကုန်အောင် ရောင်းချနိုင်ခဲ့သော ပြင်ဦးလွင်မြို့ရှိ 9th Avenue Residence လုံးချင်းအိမ်ရာ အရောင်းပြပွဲ...
မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း သီလဝါ၏ Phase 2 အပိုင်းကို မကြာမီ ချဲ့ထွင်တော့မည်
မလေးရှားတွင် ဘိလပ်မြေဈေးနှုန်းများ မြင့်တက်လာမှုအပေါ် ရတက်မအေးဖြစ်မှုများ မြင့်တက်
New City Development ကုမ္ပဏီက ဒဂုံမြို့သစ်အရှေ့ပိုင်း မလစ်ကျေးရွာအနီးတွင် မြို့တော်သစ် အသေးစားစက်မှုဥယျာဉ်စီမံကိန်းတည်ဆောက်ရန် အစီအစဉ်ရှိကြောင်း ကြေညာ...
အင်္ဂလန်နိုင်ငံ အနောက်တောင်ဖျားရှိ ကျေးရွာကလေးတွင် နွားတင်းကုပ်ဟောင်းတစ်ခုသာ ပါဝင်သော လယ်မြေကွက်တစ်ခုကို ပေါင် ၁၅၀၀၀၀ (မြန်မာငွေ သိန်း ၃၀၀၀ နီးပါး) ဖြင့် အရောင်းဈေးကွက်တင်...
မှန်ကန်တဲ့ အီကိုစီးတီးတွေဖြစ်လာဖို့ 
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပထမဇနီး အိုင်ဗန်ကာတို့ နေထိုင်ခဲ့ကြသည့် ကွန်နက်တီကပ်ပြည်နယ်ရှိ ၆ ဧကကျယ်ဝန်းသော ခြံဝန်းနှင့် စံအိမ်ကြီးကို လက်ရှိပိုင်ရှင်များက ကန်ဒေါ်လာ ၃၇ သန်းကျော်ဖြင့် ဈေးကွက်တင်...
ပြည်တွင်းရွှေဈေးမကြာခင် (၁၁) သိန်းပြည့်တော့မယ်
ဝါမဝင်ခင် ရန်ကုန်အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာ
နိုင်ငံတကာက Wholesale ဈေးရုံကြီးများလို အဆင့်မှီအောင်လုပ်သွားမည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ဈေးပေါင်း ၃၇ ခုကို အဆင့်မြှင့်တင်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine