နိုင်/ကျဉ်းတို့ နားခိုရာ အဆောက်အအုံများ စတင်တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
600 ကြိမ် ကြည့်ရှု့ ပြီး

နိုင်/ကျဉ်းတို့ နားခိုရာ အဆောက်အအုံများ စတင်တည်ဆောက်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

တိုက်ကြီးမြို့ အရှေ့ဘက် ၇ မိုင်အကွာ ရှိ မလေးရှားဝိုင်ကျေးရွာတွင် နိုင်ငံရေး အကျဉ်းသားများ နားခိုနိုင်သည့်အဆောက် အအုံများကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း နိုင်/ကျဉ်းတို့ နားခိုရာအဆောက် အအုံဖြစ်မြောက်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသက်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၁၅ ရက်က အိမ်ရာစီမံကိန်းအတွက် မြေ ၃ ဧကတွင် ပန္နက်ရိုက်အခမ်းအနားပြုလုပ်ခဲ့ပြီး ပထမဦးဆုံး အဖြစ် အလျားပေ ၇၀၊ အနံ ၂၅ ပေရှိ ရှင်းလင်းဆောင်ကို စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ယင်းနောက် ၆ ခန်းတွဲ ၂ထပ် နားခိုဆောင်အလုံး ၇၀ ကို ဆောက် လုပ်ရန်စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်/ကျဉ်းတို့ နားခိုရာဆိုသည့်ခေါင်း စဉ်နှင့်အညီ နိုင်/ကျဉ်းထဲက မည်သူမဆို မွန်းကျပ်မှုကြောင့်ဖြစ်စေ၊ ခေတ္တခဏ တည်းခိုရန် ဖြစ်စေ၊ ထာဝရနေရန်အတွက် ဖြစ်စေ လက်ခံသွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးကာလပြီးလျှင် နိုင်/ကျဉ်း မိသားစု စားဝတ်နေရေးအတွက် အလုပ်အကိုင်ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်/ကျဉ်းတို့ နားခိုရာ အဆောက်အအုံဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နိုဝင်ဘာလ ၁၅ ရက်ကကျင်းပသည့် အိမ်ရာစီမံကိန်းပန္နက်ရိုက်အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့ တက်ရောက်ခဲ့သည်။

အဆိုပါ ဝန်ကြီးချုပ်သုံးဦးနှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်တို့က ယင်းနေရာအတွက် ဝန်ကြီးချုပ် တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီလှူဒါန်းခဲ့သည်။

၎င်းတို့သည် နိုင်/ကျဉ်းတို့ နားခိုရာ အိမ်ရာဖြစ်မြောက်ရေး နာယကအဖြစ်လည်း တာဝန်ယူထားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မြဝတီတံတား အမှတ် (၂ ) ဖွင့်လှစ်အပြီး အိမ်ခြံမြေဈေးကွက်ကောင်းမွန်လာ
ဘီအိုတီစီမံကိန်းတွေအတွက် ပြည်သူတွေ မနစ်နာစေဖို့ 
ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က အငှားချထားလျက်ရှိသည့် နေအိမ် မူရင်းခေါ်ဈေးမှ ၁၃ သန်းလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်ရှာတွေ့...
တက္ကသိုလ်ဆရာ၊ ဆရာမများ နေထိုင်ရန် ချထားပေးသည့် အခန်းများကို ပြန်လည် ငှားစားထားပါက အရေးယူသွားမည်...
ဂျနီဖာလိုပက်ဇ်နှင့် စေ့စပ်လိုက်ပြီဖြစ်သောကြောင့် အဲလက်စ်ရိုဒရီဂွက်ဇ်က သူ၏လူပျိုဘဝနေအိမ် အမြန်ရောင်းထွက်ရန် ဈေးလျှော့ပေးလာ...
အလုံမြို့နယ် Urban-Redevelopment စီမံကိန်းအတွက် ကုမ္ပဏီ(၃)ခုကို ပဏာမရွေးချယ်
ဆလီနာဂိုမက်ဇ်နှင့် လမ်းခွဲခဲ့သော ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင်ဘီဘာသည် ချစ်သူသစ်ဟိုင်လေ ဘော်လ်ဒွင်နှင့်အတူ နယူးယောက် မြို့လယ်တွင် တိုက်ခန်းလိုက်လံငှားရမ်းလျက်ရှိ...
မန္တလေးကို စမတ်စီးတီးအလားအလာကောင်းသော မြို့အဖြစ် အသိအမှတ်ပြုခံရပြီးနောက် နည်းပညာအသုံးပြု၍ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေ...
ODA ချေးငွေဖြင့် အိမ်ရာဝယ်ယူခွင့်ရသူများ ဧပြီလကုန်မတိုင်ခင် CHID ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်မည်...
မကွေးတိုင်းအတွင်း သိမ်းဆည်းမြေများကို ပြန်ပေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine