ဂျပန်ဘီလျံနာ ယူဆာကူမေဇာဝါ

ဂျပန်ဘီလျံနာ ယူဆာကူမေဇာဝါ - Property Knowledge in Myanmar from iMyanmarHouse.com
10 Jan 2019 12:15 pm တွင် တင်ခဲ့သည်
1047 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဂျပန်ဘီယံနာသူဌေး ယူဆာကူမေဇာဝါဟာ စွန့်ဦးတီထွင်သူလည်းဖြစ် ၊ အနုပညာလက်ရာပစ္စည်းတွေကို စုဆောင်းသူလည်းဖြစ်ပါတယ် ။ သူဟာ ၁၉၉၈ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အွန်လိုင်းဖက်ရှင်လက်လီဈေးကွက်ရောင်းချမှု ဝက်ဆိုဘ် Zozotown ကို ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့သူလည်းဖြစ်ပါတယ် ။ ယခုအခါမှာ ထိုဈေးကွက်ရောင်းချမှုဟာ ဂျပန်နိုင်ငံမှာတော့ အကြီးမားဆုံးဖြစ်လို့နေပါပြီ ။

ယူဆာကူမေဇာဝါရဲ့ လူငယ်ဘဝ

ယူဆာကူမေဇာဝါကို ၁၉၇၅ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ ၊ ဂျပန်နိုင်ငံ ၊ ချီဘာစီရင်စု ကာမာဂါယမြို့တွင် မွေးဖွားခဲ့ပါတယ် ။ ၁၉၉၁ ခုနှစ်မှာ ဝါဆီဒါဂျစ်ဆုဂျိုအထက်တန်းကျောင်းကို စတင်တက်ခဲ့ပြီး အထက်တန်းကျောင်းသားဘဝမှာ အတန်းဖော်တွေနဲ့ စုပေါင်းပြီး Switch Style လို့ခေါ်တဲ့ ကုမ္ပဏီငယ်လေးတစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ် ။အထက်တန်းကျောင်းကနေအောင်မြင်ပြီးတဲ့အခါ သူဟာ ကောလိပ်ဆက်မတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အဲ့ဒီနောက် သူ့ရဲ့ရည်းစားမိန်းကလေးနဲ့အတူ အမေရိကန်နိုင်ငံကို အတွေ့အကြုံသစ်ရှာဖွေဖို့ထွက်လာခဲ့ပါတယ် ။

အလုပ်စတင်လုပ်ပြီ

သူအမေရိကန်နိုင်ငံကိုရောက်တော့ စီဒီခွေတွေနဲ့အသံသွင်းခွေတွေကို စုဆောင်းခဲ့ပါတယ် ။ ၁၉၉၅ ခုနှစ်မှာ ဂျပန်နိုင်ငံကိုပြန်လာတော့ သူစုဆောင်းလာတဲ့သီချင်းအယ်(လ)ဘမ်ခွေတွေဟာ သူပထမဦးဆုံးတည်ထောင်တဲ့ကုမ္ပဏီအတွက် အခြေခံကျတဲ့အရာဖြစ်လာခဲ့ပါတယ် ။သူဟာ အဲ့ဒီအယ်(လ)ဘမ်တွေနဲ့စီဒီခွေတွေကို မေး(လ)ကနေတစ်ဆင့် ကြော်ငြာပြီးရောင်းချခဲ့ပါတယ် ။

ကုမ္ပဏီကြီးတစ်ခု စတင်တည်ထောင်ခြင်း

၁၉၉၈ ခုနှစ်မှာတော့ မေဖာဝါဟာ သူရဲ့ မေး(လ)ကနေအယ်ဘမ်တွေရောင်းချတဲ့အလုပ်ကို အခြေခံပြီး Start Today လို့ခေါ်တဲ့ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပါတယ် ။ ၂၀၀၀ ပြည့်နှစ်အရောက်မှာတော့ Start Today ကုမ္ပဏီဟာ အွန်လိုင်းဈေးကွက်မှာ ကျော်ကြားလာခဲ့ပါတယ် ။

လုပ်ငန်းကိုတိုးချဲ့ပြီ

သူဟာ အဝတ်အထည်ကုန်ပစ္စည်းတွေကိုပါ စတင်ရောင်းချလာနိုင်ပါတယ် ။နောက်ပိုင်းမှာ ကုမ္ပဏီဟာ အခြားသူတွေပါ ရှယ်ယာထည့်ဝင်နိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လာပါတယ် ။ ၂၀၀၄ ခုနှစ်မှာ အဝတ်အစာတွေကို ဝက်ဆိုဘ်မှာ ကြော်ငြာပြီး လက်လီရောင်းချတဲ့ ဝက်ဆိုဘ်ကို ဖွင့်လှစ်ခဲ့တယ် ။အတွေးအခေါ်သစ်တွေနဲ့ အလုပ်တွေကို တစ်ခုပြီးးတစ်ခုဖန်တီးခဲ့တဲ့မေဇာဝါရဲ့ ကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်အရောက်မှာတော့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပါတယ် ။ ယခုချိန်မှာတော့ သူ့ရဲ့ ကုမ္ပဏီဟာ နိုင်ငံပေါင်း (၇၂)နိုင်ငံကျော်မှာ အမြဲတမ်းဖောက်သည်တွေနဲ့ ဝေဆာလိုနေပြီဖြစ်ပါတယ် ။

ဂျပန်နိုင်ငံရဲ့ ဘီယံနာသူဌေး စာရင်းဝင်ပြီ

၂၀၁၇ ခုနှစ် ၊ မေလမှာ ကမ္ဘာကျော်မဂ္ဂဇင်းကြီးတစ်စောင်ဖြစ်တဲ့ ဖော်ဘီး(စ) (Forbes) မဂ္ဂဇင်းကြီးက ခန့်မှန်းခဲ့ရာမှာ ယူဆာကူမေဇာဝါဟာ အသားတင်ချမ်းသာကြွယ်ဝမှုအမေရိကန်ဒေါ်လာ (၃.၆) ဘီလျံပိုင်ဆိုင်သူဖြစ်လာသလို ဂျပန်နိုင်ငံရဲ့အချမ်းသားဆုံးစာရင်းမှာ (၁၄) ယောက်မြောက်ဖြစ်တယ်လို့ ခန့်မှန်ခဲ့ပါတယ် ။

လကမ္ဘာကိုပတ်ဦးမယ့် ဘီလီယံနာကြီး

၂၀၁၈ ခုနှစ် ၊ စက်တင်ဘာလ(၁၇)ရက်နေ့မှာ မေဇာ၁၀ါဟာ လကမ္ဘာကိုပတ်ပြီးသွားမယ့် အာကာသယာဉ်ပေါ်အခကြေးငွေပေးပြီး ပထမဦးဆုံး စီးနင်းလိုက်ပါမယ့်သူဖြစ်တော့မယ်လို့ ကြေညာခဲ့ပါတယ် ။သူဟာ SpaceX Starship လို့ခေါ်တဲ့ အာကာသယာဉ်ပေါ်မှာ လိုက်ပါသွားမှာဖြစ်ပြီး ထိုအာကာသယာဉ်ဟာ ၂၀၂၃ ခုနှစ်ထက်နောက်မကျဘဲ အာကာသခရီးစတင်မယ်လို့ သိရပါတယ် ။ ထိုအာကာသခရီးဟာ (၆)ရက်နီးပါးကြာမြင့်မှာဖြစ်ပြီး မေဇာဝါကတော့ သူနဲ့အတူ ပန်းချီအနုပညာရှင် (၆)ဦးကနေ (၈)ဦးအထိ ခေါ်ဆောင်သွားမယ်လို့ဆိုပါတယ် ။ အာကာသခရီးမှာ #dearMoon လို့ ခေါ်တဲ့ အနုပညာနဲ့သက်ဆိုင်တဲ့ပရောဂျက်တစ်ခုကို ဖန်တီးပြုလုပ်သွားမယ်လို့လည်း ပြောဆိုလိုက်ပါတယ် ။

 

Credit: ကျော်မြင့် (မြောင်းမြ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service