ဗီယက်နမ်နိုင်ငံရှိ တန်ဖိုးကြီးဇိမ်ခံလူနေခန်းများကို တရုတ်ဝယ်လက်တို့ ဝယ်ယူမှုများ တဟုန်ထိုးမြင့်တက်လာနေ

ဗီယက်နမ်နိုင်ငံရှိ တန်ဖိုးကြီးဇိမ်ခံလူနေခန်းများကို တရုတ်ဝယ်လက်တို့ ဝယ်ယူမှုများ တဟုန်ထိုးမြင့်တက်လာနေ - Property News in Myanmar from iMyanmarHouse.com
18 Dec 2018 11:49 am တွင် တင်ခဲ့သည်
736 ကြိမ် ကြည့်ရှု့ပြီး

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်ရှိ တန်ဖိုးကြီးဇိမ်ခံလူနေခန်းများ၏ ဈေးနှုန်းနှင့် အမြတ်အစွန်းတို့ကြောင့် တရုတ်ဝယ်လက်တို့၏ ဝယ်ယူမှုများ တဟုန်ထိုးမြင့်တက်လာလျက်ရှိနေသည်။

အိမ်ခြံမြေဈေးကွက်သုတေသနကုမ္ပဏီ CBRE Vietnam ၏ စီနီယာ ဒါရိုက်တာ ဒျူယန် သိုင် ဒေါင်၏ ပြောကြားချက်အရ ယခုနှစ် ပထမ ၉ လတာအတွင်း ဟိုချီမင်းမြို့တော်တွင် တန်ဖိုးကြီးလူနေခန်းများ ဝယ်ယူခဲ့ကြသူများအနက် ၃၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း ပြောကြားသည်။

၂၀၁၆ တွင် ၂ ရာခိုင်နှုန်းနှင့် ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုပမာဏသို့ တဟုန်ထိုးမြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သော ၂ နှစ်တာကာလအတွင်း အိမ်ခြံမြေအများဆုံး ဝယ်ယူခဲ့ကြသည့် ပြည်ပဝယ်လက်များတွင် တရုတ်ဝယ်လက်များမှာ ဆဌမနေရာတွင် ရပ်တည်နေရာမှ ယခုနှစ်တွင် ပထမနေရာသို့ ရောက်ရှိလာခဲ့သည်။

CBRE ၏ အချက်အလက်များအရ တန်ဖိုးကြီးနေအိမ်များကို ဗီယက်နမ်နိုင်ငံသားများ ဝယ်ယူမှုမှာ ၂၄ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုသည်။

JLL Vietnam ၏ အကြီးအကဲ စတီဖင်ရတ်၏ ပြောကြားချက်အရ တရုတ်ဝယ်လက်များ အလုံးအရင်းဝင်ရောက်လာရခြင်း၏ အကြောင်းရင်းမှာ ဗီယက်နမ်၏ အိမ်ခြံမြေဈေးနှုန်းများသည် အခြားဈေးကွက်များဖြစ်သော ဟောင်ကောင်၊ ဂျပန်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့နှင့် နှိုင်းယှဉ်လျှင် စွဲဆောင်နိုင်စွမ်းရှိခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်ဝယ်လက်များသည် ဗီယက်နမ်တွင် အိမ်ခြံမြေများလာရောက်ဝယ်ယူချိန်၌ ရှန်ဟိုင်း၏ အိမ်ခြံမြေဈေးနှုန်းများနှင့် အမြဲနှိုင်းယှဉ် ပြောပြတတ်လေ့ရှိသည်ဟု ဆိုသည်။

ဟိုချီမင်းမြို့တော်၏ တန်ဖိုးကြီးနေအိမ်ခန်းများ၏ ဈေးနှုန်းမှာ စတုရန်းတစ်မီတာလျှင် ကန်ဒေါ်လာ ၅၀၀၀ ဝန်းကျင်ရှိပြီး ဟောင်ကောင်ရှိ အလားတူအခန်းများဆိုလျှင် ၄ ဆခန့် ပိုမိုမြင့်မားကြောင်း Savills HCMC ၏ အိမ်ခြံမြေအရောင်းဒါရိုက်တာ ငုယင် ခန် ဒိုင်က ပြောကြားသည်။

DKRA အိမ်ခြံမြေကုမ္ပဏီ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးဒါရိုက်တာ ငုယင် ဟောင်က ပြောကြားရာတွင် ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ဟိုချီမင်းမြို့အိမ်ခြံမြေဈေးကွက်သို့ တရုတ်နှင့် တောင်ကိုရီးယားဝယ်လက်များ ဝင်ရောက်မှုမြင့်တက်လာကြောင်း ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service