အသုံးမပြုတဲ့ မြေလွတ်မြေရိုင်းဧက (၂)သိန်းခန့် စိုက်ပျိုးရေးလုပ်ကိုင်လိုသူတွေ လျှောက်ထားနိုင်

အသုံးမပြုတဲ့ မြေလွတ်မြေရိုင်းဧက (၂)သိန်းခန့် စိုက်ပျိုးရေးလုပ်ကိုင်လိုသူတွေ လျှောက်ထားနိုင် - Property News in Myanmar from iMyanmarHouse.com
18 Dec 2018 11:46 am တွင် တင်ခဲ့သည်
1402 ကြိမ် ကြည့်ရှု့ပြီး

မကွေးတိုင်းဒေသကြီးအတွင်းမှာ လုပ်ကိုင်ခွင့်ရယူထားပြီး အသုံးပြုခြင်းမရှိတဲ့ မြေလွတ်မြေရိုင်း စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူတွေကို ပြန်လည်ချထားပေးရာမှာ (၆)လအတွင်း လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသုံးပြုခြင်းမရှိတဲ့ဧက (၂)သိန်းလောက်ကို ပြန်လည်သိမ်းယူပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်လိုသူများကို ချထားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (၂၀၁၈)ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့ကစတင်ပြီး (၂၀၁၉)ခုနှစ် မတ်လ (၁၀)ရက်နေ့အထိ (၆)လအတွင်း လျှောက်ထားနိုင်တယ်လို့ မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သိရပါတယ်။

‘ ကိုယ်စိုက်ပျိုးနေတာက မြေလွတ်မြေရိုင်းဆိုရင်လဲ တရားဝင်လျှောက်ထား ရယူရပါမယ်၊ ဥပဒေအသစ်က အကျိုးခံစားခွင့်တွေ၊ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ထိရောက်လာမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာမြို့နယ်တွေမှာ လျှောက်လွှာတွေရယူပြီး (၆)လအတွင်း လျှောက်ထားဖို့ လိုပါတယ် ‘ လို့ မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးဇော်ဝင်းက ပြောပါတယ်။

လျှောက်ထားရယူလိုသည့် မြေအတွက် (၁)ဧကကို ပရီမီယံကြေး ကျပ် (၁၀,၀၀၀)ပေးသွင်းရမှာဖြစ်ပြီးတော့ သည်မြေကို (၄)နှစ်အတွင်း အကောင်အထည်ဖော် ပြီးမြောက်ရမှာ ဖြစ်ပါတယ်။

အကောင်အထည်မပေါ်ပါက ပရီမီယံကြေးများ ဆုံးရှုံးမှာဖြစ်ပြီး အောင်မြင်တယ်ဆိုရင် သွင်းထားတဲ့ ပရီမီယံကြေးများအပြင် ရာသီသီးနှံ (၃)နှစ်စိုက်ပျိုးပြီးနောက်ပိုင်း ပေါင်နှံရောင်းချခွင့်ရှိတဲ့ ပုံစံ(၇)လက်မှတ်များရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ (၂၀၁၈)ခုနှစ် စက်တင်ဘာလ (၁၁)ရက်နေ့က အတည်ပြုခဲ့တဲ့ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်ခဲ့တဲ့ဥပဒေအရ အရင်က တိုင်းဒေသကြီးအဆင့်မှာ စိုက်ပျိုးမြေနဲ့ ဧက (၅၀)သာ ခွင့်ပြုနိုင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက (၃၀၀)အထိနဲ့ မွေးမြူရေးလုပ်ငန်းအတွက် ဧက (၅၀)အထိ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

တိုင်းအဆင့်ကို အထူးအဖွဲ့စစ်ပြီးပြီဖြစ်ပြီး လုပ်ကိုင်ခွင့်ရယူထားသူတွေကို ထုတ်ပေးထားတဲ့ Certificate တွေကို ပြန်သိမ်းပြီးတော့ လက်ရှိလုပ်နေသလောက်နေရာကိုပဲ Certificate ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဦးဇော်ဝင်းက ‘ ကျန်တဲ့နေရာတွေကို အော်တိုမစ်တစ် သိမ်းပြီးသားဖြစ်သွားပါပြီ၊ အဲဒီမြေထဲကလဲ လျှောက်လို့ရပါတယ်၊ လျှောက်မယ့်သူက မိမိစိုက်ပျိုးလိုတဲ့ မြေနေရာကို ကိုယ်တိုင်သွားကြည့်ပြီးတော့မှ ဘယ်မြို့နယ်၊ ဘယ်အုပ်စုထဲမှာ ပါတယ်၊ မြေလွတ်မြေရိုင်းလား၊ သစ်တောမြေလား၊ စားကျက်မြေလား စသည်ဖြင့် သိပြီးမှလျှောက်လို့ရမှာပါ ‘ လို့ ရှင်းပြပါတယ်။

သူကဆက်ပြီး ‘ မြေအရှုပ် အရှင်းမရှိတဲ့နေရာမျိုးဆို မြန်မြန်ဆန်ဆန်ရသွားမယ်၊ သက်ဆိုင်ရာနေရာတွေမှာ စုံစမ်းပြီးမှလုပ်ရင် ကောင်းပါမယ် ‘ လို့ ပြောပါတယ်။ ဝန်ကြီးဌာန ကြိုတင်ခွင့်ပြုချက်များ၊ ဒေသအာဏာပိုင်အဖွဲ့ကြိုတင်ခွင့်ပြုချက်များ၊ ဗဟိုအဖွဲ့ခွင့်ပြုချက်၊ ဗဟိုကော်မတီခွင့်ပြုချက်၊ တိုင်းလုပ်ငန်းအဖွဲ့ခွင့်ပြုချက်ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းက မြေလွတ်မြေရိုင်းဧက (၂)သိန်းကျော်ကို လုပ်ကိုင်ခွင့် (၁၀၀)ကျော် ရရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ဧက (၅၀,၀၀၀)ကျော်သာ အကောင်အထည်ဖော်ထားတာကို စိစစ်တွေ့ရှိခဲ့တာကြောင့် ဧက(၂)သိန်းနီးပါးကို ပြန်လည်သိမ်းဆည်းဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
area-one-business-complex
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service