တရုတ်ပြည်တွင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ကျေးရွာသားများ နေအိမ်ဆောက်လုပ်ရန် အစိုးရက ယွမ်ငွေ ၃၅၀၀၀ (မြန်မာငွေ သိန်း ၈၀ ) ထောက်ပံ့

တရုတ်ပြည်တွင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ကျေးရွာသားများ နေအိမ်ဆောက်လုပ်ရန် အစိုးရက ယွမ်ငွေ ၃၅၀၀၀ (မြန်မာငွေ သိန်း ၈၀ ) ထောက်ပံ့ - Property News in Myanmar from iMyanmarHouse.com
18 Dec 2018 11:33 am တွင် တင်ခဲ့သည်
924 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်တွင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် ကျေးလက်တောရွာသားများ နေအိမ်ဆောက်လုပ်ရန် အစိုးရက ငွေကြေးထောက်ပံ့မှုများ ပြုလုပ်လျက်ရှိရာ အချို့ကျေးရွာများတွင် ယွမ်ငွေ ၃၅၀၀၀ (မြန်မာငွေ သိန်း ၈၀ ဝန်းကျင်- ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ငွေလဲနှုန်း ၁ ယွမ်လျှင် မြန်မာငွေ ၂၂၆ ဒသမ ၉ ကျပ်နှုန်း) ခန့် ထောက်ပံ့ပေးနေသည်ဟု သိရသည်။

ထိုသို့ ထောက်ပံ့မှုများပေးကာ နေအိမ်များ ဆောက်လုပ်စေရာတွင် အချို့သော ကျေးရွာများ၌ သတ်မှတ်အချိန်မီ ပြီးစီးစေရန် အောက်ခံဖောင်ဒေးရှင်းများ ထည့်သွင်းခြင်းမပြုဘဲ အခေါင်းပွ ကွန်ကရစ်အုတ်များဖြင့် ဆောက်လုပ်စေသည့် ကျေးရွာအကြီးအကဲတို့ကို အရေးယူရမှုများလည်း ပေါ်ပေါက်ခဲ့သည်။

ကွေ့ကျိုးပြည်နယ်၊ ခန်းရှီးခရိုင်၊ ရှန်ဟီးကျေးရွာတွင် ၂၀၁၇ ခုနှစ်အစောပိုင်းမှ စတင်ပြီး ဆင်းရဲသည့် မိသားစုများအတွက် နေအိမ်များ ဆောက်လုပ်နိုင်ရန် အကူအညီများ စတင်ပေးအပ်ခဲ့သည်။

အဆိုပါ ခြေလှမ်းမှာ တရုတ်အစိုးရ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်အရ အကောင်အထည်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။ ကွေ့ကျိုးသည် တရုတ်ပြည်၏ အဆင်းရဲဆုံးပြည်နယ်တစ်ခုလည်း ဖြစ်သည်။

ကုလသမဂ္ဂ၏ အစီရင်ခံစာတစ်ခုအရ တရုတ်ပြည်လူဦးရေ၏ ၅ ဒသမ ၇ ရာခိုင်နှုန်းမှာ ဆင်းရဲသူများဖြစ်ကြသည်ဟု ဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံတစ်ဝန်း ဆင်းရဲမွဲတေမှု ပပျောက်စေရန် ရည်ရွယ်ကာ ကြိုးပမ်းလျက်ရှိသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးခြေလှမ်း၏ အခြေခံခြေလှမ်းမှာ ကျေးလက်ဒေသများတွင် နေထိုင်သူများ၊ ငလျင်အန္တရာယ် မြေပြိုမှုအန္တရာယ် ဆိုးရွားစွာခံရဖွယ်ရှိသော ဒေသများတွင် နေထိုင်သူများကို ရွှေ့ပြောင်းအခြေချစေခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် အွန်လိုင်းကူးသန်းရောင်းဝယ်မှုတို့ကို ဖွံ့ဖြိုးအောင်ပြုလုပ်ခြင်းဖြင့်လည်း ကျေးလက်တောရွာသားများ အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးမှုများလည်း ပါဝင်လေသည်။

ယခုနှစ်မတ်လအတွင်း တရုတ်အစိုးရက ကြေညာခဲ့သည်မှာ အခြေချနေထိုင်ရန် မကောင်းသည့် ဒေသများတွင် နေထိုင်နေကြသော လူဦးရေ ၂ ဒသမ ၈ သန်းကို နေရာပြောင်းရွှေ့ပေးရန် ရည်မှန်းထားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်

ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ

taunggyi-garden-city
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service