ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာ ချထားရေးအတွက် အိန္ဒိယဘက်မှ ထောက်ပံ့လျက်ရှိသည့် Prefabricated Houses ၂၅၀ အနက် တည်ဆောက်ပြီးဖြစ်သည့် အိမ်အလုံး ၅၀ လွှဲပြောင်း

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာ ချထားရေးအတွက် အိန္ဒိယဘက်မှ ထောက်ပံ့လျက်ရှိသည့် Prefabricated Houses ၂၅၀ အနက် တည်ဆောက်ပြီးဖြစ်သည့် အိမ်အလုံး ၅၀ လွှဲပြောင်း - Property News in Myanmar from iMyanmarHouse.com
13 Dec 2018 10:50 am တွင် တင်ခဲ့သည်
565 ကြိမ် ကြည့်ရှု့ပြီး

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေးအတွက် အိန္ဒိယဘက်မှ ထောက်ပံ့ပေးလျက်ရှိသည့် Prefabricated Houses ၂၅၀ အနက် တည်ဆောက်ပြီးဖြစ်သည့် အိမ်အလုံး ၅၀ ကို ဒီဇင်ဘာ ၁၁ ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးအပြီးတွင် အဆိုပါနေအိမ်များကို PB Board ဖြင့် အိန္ဒိယ သမ္မတနိုင်ငံကိုယ်စား သံအမတ်ကြီး ရှရီဗစ်ခရမ်မစ်ဆရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအစိုးရမှ မောင်တောမြို့နယ်အတွင်း ကျေးရွာသုံးရွာတွင် လူနေအိမ် ၂၅၀ ဆောက်လုပ်မည် ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှ ဆောက်လုပ်လှူဒါန်းမည့် လူနေအိမ် ၂၅၀ အတွက် မတ် ၁၀ ရက်က နေရာအတည်ပြုခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း နံ့သာ တောင်ကျေးရွာတွင် နေရပ်စွန့်ခွာ တိုင်းရင်းသားများအတွက် နေအိမ် ၄၂၊ ကြိမ်ချောင်းတောင် ကျေးရွာတွင် နေအိမ် ၆၀ နှင့် ရွှေဇားကျေးရွာအုပ်စုတွင် ဟိန္ဒူဘာသာဝင်များ အတွက် ၁၄၈ လုံးတို့ တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်မှုကြောင့် နေအိမ်များဆုံးရှုံးကာ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဟိန္ဒူဘာသာဝင်များအတွက် မောင်တောမြို့အနီး အောင်ဗလကျေးရွာတွင် နေအိမ်များစတင် ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

အလားတူ ARSA ဘင်္ဂါလီအကြမ်း ဖက်သမားများ မီးရှို့ခဲ့သည့် ကျေးရွာများအနက် ပြန်လည်တည်ဆောက်ရေး မလုပ်နိုင်သေးသော ကျေးရွာတစ်ခုဖြစ်သည့် တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာမှ နေအိမ်များကိုလည်း စတင်ဆောက်လုပ်တော့မည် ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

area-one-business-complex
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service