ငွေကြေးဈေးကွက် တည်ငြိမ်ရန် ဗဟိုဘဏ်က နှစ်ရက်အတွင်း ဒေါ်လာသန်း ၃၀ ကျော်ဝယ်ယူ

ငွေကြေးဈေးကွက် တည်ငြိမ်ရန် ဗဟိုဘဏ်က နှစ်ရက်အတွင်း ဒေါ်လာသန်း ၃၀ ကျော်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
6 Dec 2018 10:32 am တွင် တင်ခဲ့သည်
5820 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ဒေါ်လာတန်ဖိုး ရုတ်တရက်ကျဆင်းခြင်း ပြန်လည်တည်ငြိမ်လာစေရန် ပုဂ္ဂလိကဘဏ်များထံမှ နှစ်ရက်အတွင်း ဒေါ်လာ ၃၄ သန်း ၀ယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၄ ရက်တွင် ပြည်တွင်းငွေကြေးဈေးကွက်၌ တစ်ဒေါ်လာလျှင် ၇၅ ကျပ်ခန့်ဈေးကျ ဆင်းခဲ့သည်။

ဒေါ်လာတန်ဖိုး တစ်ရက်အတွင်းဈေးကျဆင်းမှုက စံချိန်တင်ဖြစ်ခဲ့ပြီး ပြည်တွင်းငွေကြေး ဈေးကွက်မတည်ငြိမ်မှုကို ထိန်းရန် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များရောင်းချသည့် ဒေါ်လာ သန်း ၂၀ ကို ရည်ညွှန်းငွေလဲနှုန်းဖြင့် ၀ယ်ယူပေးခဲ့ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ဒီဇင်ဘာ ၅ ရက် တွင်လည်း ဒေါ်လာ ၁၄ သန်း ထပ်မံဝယ်ယူခဲ့သည်။‘‘ဈေးကျပြီဆို ၀ယ်ပေးပြီး တက်ပြီဆိုရင်လည်း ရောင်းပေးရ မှာလေ။ ဒါပေမဲ့ ရောင်းပေးဖို့က တော့ အများကြီးတော့ မရောင်း နိုင်သေးဘူး’’ ဟု ဗဟိုဘဏ်တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး ကျမည့်အရိပ်အယောင်များမြင် လာပါက ဒေါ်လာကိုင်ထားသူများ စွာက ထုတ်ရောင်းခြင်းကြောင့် အကျများပြီး တက်မည့်အရိပ်အယောက်မြင်ပါက ၀ယ်ယူသူများစွာ၏ဆက်တိုက်ဝယ်ယူမှုကြောင့် စံချိန်တင်မြင့်လေ့ရှိကြောင်း ၎င်း က ပြောသည်။

ဒေါ်လာဈေး ကစားသူများ ဖမ်းဆီးပြီး နှစ်လကျော် ကြာမြင့်ချိန်တွင် ပြည်တွင်းငွေဈေးကွက်၌ အချိန်ပိုင်းအတွင်း ကန်ဒေါ်လာတန်ဖိုး အပြောင်းအလဲများခြင်းသည် ဈေးကစားသူများကြောင့်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

ဒီဇင်ဘာ ၄ ရက်နံနက် ငွေကြေးဈေးကွက်ဖွင့်ချိန်တွင် တစ်ဒေါ်လာ ၁,၅၄၅ ကျပ်ဖြင့် စတင် ခဲ့သော်လည်း ညနေ၌ တစ်ဒေါ်လာလျှင်ကျပ် ၁,၄၇၀ အထိ ကျဆင်းခဲ့သည်။

သို့သော် ဒီဇင်ဘာ ၅ ရက် တွင် ကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ပြီး ညနေဈေး ကွက်ပိတ်ချိန်၌ ဒီဇင်ဘာ ၄ ရက်ပိတ်ဈေးထက် ၆၀ ကျပ်တက်ကာတစ်ဒေါ်လာ ကျပ် ၁,၅၃၀ သို့ရောက်သည်။

‘‘ဒေါ်လာကို အလောင်းအ စားလုပ်သလို ကစားနေတဲ့သဘောဖြစ်နေတယ်’’ ဟု မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။ လက်ရှိပြင်ပငွေကြေးဈေး ကွက်တွင်လည်း ဈေးကစားမှုများ ကြောင့် ငွေလဲဝန်ဆောင်မှုလုပ်ကိုင်သူအချို့ဆုံးရှုံးမှုများကြုံတွေ့ရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင် သူတစ်ဦးက ပြောသည်။

ကန်ဒေါ်လာသည် တန်ဖိုးကျဆင်းမည့်အခြေအနေကြောင့် ဒီဇင်ဘာ ၄ ရက်တွင် ရောင်းချ လိုသူများသဖြင့် တစ်ရက်အတွင်း ၄ ရာခိုင်နှုန်းခန့် ဈေးနှုန်းကျဆင်း ခဲ့သည်။သို့သော် ဒီဇင်ဘာ ၅ ရက် တွင် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရန် ငွေလွှဲပေးမှုများလာခြင်း ကြောင့် ကန်ဒေါ်လာတန်ဖိုး ပြန်လည် မြင့်တက်လာသည်ဟု ပြင်ပ ငွေလဲဝန်ဆောင်မှုလုပ်ကိုင် သူတစ်ဦးက ပြောသည်။

ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည်အ ချိန်ပိုင်းအတွင်း အပြောင်းအလဲ များဆက်လက်ဖြစ်နေမည်ဆိုပါ က ပို့ကုန်ကဏ္ဍပါထိခိုက်မည်ကို စီးပွားရေးလုပ်ငန်းရှင် အချို့က စိုးရိမ်နေသည်။

အချိန်တိုအတွင်း ဒေါ်လာ တန်ဖိုး ရုတ်တရက်အပြောင်းအလဲများခြင်းက ပို့ကုန်လုပ်ငန်းရှင် များအတွက် ခက်ခဲစေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူးဦးလူမော် မြင့်မောင်က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
kalaw-garden-valley
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service