ေလွဦးတိုက္ လွည္းဦးတိုက္အိမ္ နို႔ညႇပ္အိမ္ေတြ မေၾကာက္ၾကနဲ႔

ေလွဦးတိုက္ လွည္းဦးတိုက္အိမ္ နို႔ညႇပ္အိမ္ေတြ မေၾကာက္ၾကနဲ႔ - Property Knowledge in Myanmar from iMyanmarHouse.com
5 Dec 2018 1:37 pm တွင် တင်ခဲ့သည်
11389 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Zawgyi]

လင္းေရာင္တင္တို့ ျမန္မာ့ရိုးရာယဉ္ေက်းမႈ မွာ ယံုၾကည္မႈေတြ ေတာ္ေတာ္မ်ားမ်ားရွိေနျကတဲ့ အထဲက ေလွဦးတိုက္ လွည္းဦးတိုက္ကိစၥဟာလည္း အေတာ္ေလးအေရးပါ အရာေရာက္တဲ့ကိစၥတစ္ခု ျဖစ္ေနတယ္။ ေလွဦးတိုက္ လွည္းဦးတိုက္ဆိုတာက ေရွးပေဝသနီကာလေတြက ေျပာခဲ့ၾကတာ။ ဒီေခတ္မွာေတာ့ ေလွေတြလွည္းေတြနဲ႔ သိပ္မသြားၾကေတာ့ဘူး။ ရထားေတြ၊ ေလယာဉ္ပ်ံေတြ၊ ကားေတြနဲ႔ပါ သြားလာေနျကျပီ။

ရထားလမ္းထိပ္၊ ေလယာဥ္ေျပးလမ္းထိပ္ ေတြမွာေတာ့ အိမ္ေဆာက္လို႔မရလို႔ စကားထဲထည့္ မေျပာေတာ့ပါဘူး။ ဒီေခတ္စကားနဲ႔ေျပာရရင္ ‘ကား’ ဦးတိုက္အိမ္ကို ဆိုလိုတာ။ ေရွးကေတာ့ လွည္းလမ္း ေၾကာင္း အဆံုးက်တဲ့အိမ္၊ အိမ္ေရွ႕မွာ အမ်ားသံုး လမ္းရွိေနတဲ့အိမ္။ ျပီးေတာ့ ေလွေတြရပ္တဲ့ေနရာနဲ႕ ‘ေလွဆိပ္’ နဲ႔တည့္တည့္ အိမ္ေတြကို ေလွဦးတိုက္ လွည္းဦးတိုက္ အိမ္လို့ ေခၚၾကတယ္။ ကားလမ္းကို အဆံုးသတ္ထားတဲ့ေနရာ၊ အိမ္ေရွ႕မွာ ကိုယ့္အိမ္တည့္တည့္ကို ကားလမ္ၾကီးထိုးေနတဲ့ေနရာကို ကားဦးတိုက္ ေခၚမွာေပါ့။

အဲသလို ခရီးသြားယာဥ္ေတြရွိတဲ့ လမ္းဟာ ကိုယ့္အိမ္ကိုတည့္တည့္ၾကီး လာမတိုးေနရဘူး။ အဲဒါ ကို ေလွဦးတိုက္ လွည္းဦးတိုက္အိမ္လို႔ ေခၚၾကတယ္။ အဲဒီလို အိမ္မ်ိုးမွာ ေနထိုင္မိၾကသူမ်ားဟာ စီးပြားေလ်ာတတ္ၾကတယ္။ က်န္းမာေရးထိခိုက္ၾကတယ္ လို့ အယံုအၾကည္ရွိခဲ့ျကတယ္။ ျဖစ္သေလာက္လည္း ျဖစ္ခဲ့ၾကတာဆိုေတာ့ ဒါကို မယံုၾကည္လို့မျဖစ္ျပန္ဘူး။ တခ်ို့ဆို အဲသလိုအိမ္မ်ိုးေရာက္မွ မြဲျပာက်သြား ၾကတာ။ အဲသလိုအိမ္မ်ိုးေရာက္မွ မိသားစုထဲက တစ္ဦးဦး ဆံုးပါးသြားၾကတာ။ ဒါမွမဟုတ္ အိမ္သားထဲမွာ တစ္ေယာက္ျပီးတစ္ေယာက္ ေနထိုင္မေကာင္း ဆက္တိုက္ျဖစ္ျကတာ။ ဒါမ်ိုးေတြ ၾကံဳၾကရေတာ့ အိမ္ဝယ္မယ္၊ အိမ္ငွားမယ္ဆိုရင္ “ဟဲ့ …ေလွဦးတိုက္လွည္းဦးတိုက္အိမ္ကို မဝယ္နဲ႕ေနာ္ …၊ မငွား နဲ႔ေနာ္ …” ဆိုျပီး လူၾကီး သူမမ်ားက သတိေပးၾကတယ္။

ဟုတ္ပါျပီ။ အဲသလို တကယ္လို႕မ်ား မလႊဲသာမေရွာင္သာ ျဖစ္လာခဲ့ရင္ ဘယ့္နွယ္လုပ္ပါ့မလဲ။ ဥပမာ – ကိုယ္က အဲဒီအိမ္ကေလးကို ၾကိဳက္ေနျပီ၊ ကိုယ္ဝယ္နိုင္တဲ့ေဈးနႈန္းနဲ႔လည္း ကိုက္ေနျပီ။ (အိမ္ငွားဆိုလည္း ဒီသေဘာေပါ့။ ငွားနိုင္တဲ့ေဈ းသင့္တင့္ တဲ့အိမ္ ျဖစ္ေနျပီ ဆိုပါေတာ့။) ဘယ္လိုလုပ္ၾကမလဲ။ ေရွးလူျကီးေတြ စကားဆိုေတာ့လည္း အေၾကာင္းမဲ့ ပယ္လွန္လို့မရဘူး၊ မပယ္ေကာင္းဘူး။ ဘာလုပ္ၾကမလဲ။ အဲသလိုမွ မဟုတ္ဘဲ အမွတ္တမဲ့ဝယ္လိုက္မိတာ။ သတိမထားမိဘဲ ငွားလိုက္မိတာ။ ခုေတာ့ အိမ္က ေလွဦးတိုက္ လွည္းဦးတိုက္ျကီး ျဖစ္ေနတယ္။ ဒုကၡပဲလို႔ စိုးရိမ္မိၾကလိမ့္မယ္။ တကယ္ေတာ့ ျပႆနာတစ္ခုျဖစ္လာရင္ အဲဒီျပႆနာကို ေျဖရွင္းနိုင္တဲ့ အခ်က္အလက္ဆိုတာရွိတယ္။ ရိုးရာယျတာနည္း ေတြ ရွိတယ္။ လြယ္လည္းလြယ္တယ္။ ေလွဦးတိုက္ လွည္းဦးတိုက္အိမ္ဆိုတာ တကယ္ေတာ့ ေငြရွာတတ္ရင္ မ်ားမ်ားဝင္နိုင္တဲ့ေနရာပဲ။

အဲသလိုေနရာမ်ိုးမွာ ေဈ းဆိုင္တည္ရတယ္။ လက္ဖက္ရည္ဆိုင္၊ မုန္႔ဟင္းခါးဆိုင္၊ စားေသာက္ ဆိုင္၊ ကုန္စံုဆိုင္ အဆင္သင့္ရာ ေဈးဆိုင္တစ္ဆိုင္ ေကာက္တည္လိုက္ရင္ အားလံုးအဆင္ေျပသြားမယ္။ ခုနစ္ရက္သားသမီးေတြ ဝင္ထြက္သြားလာရာ ေနရာ ျဖစ္တဲ့အတြက္ ခိုက္ေနတာေတြ ေျပေပ်ာက္သြားျပီး စီးပြားေတာင္တက္လာနိုင္တယ္။ ေလွဦးတိုက္ လွည္း ဦးတိုက္အိမ္မွာေနမိရင္ ဆိုင္တစ္ဆိုင္တည္ျဖစ္ေအာင္ ၾကိဳးစားရမယ္။ ျဗဴတီပါလာလို အလွျပင္ဆိုင္ ေထာင္ရင္လည္းရတယ္။ ေနာက္ဆံုး ဘိန္းမုန္႕ဖုတ္ ေရာင္းေရာင္း၊ အသုပ္ဆိုင္ပဲဖြင့္ဖြင့္ လူအမ်ားဝင္ထြက္သြားလာတဲ့ ေနရာျဖစ္ရင္ျပီးေရာ။

တကယ္လို့ ဆိုင္တည္ဖို႔ အခက္အခဲမ်ားရွိတယ္ဆိုရင္ ဘာမွေျပာမေနနဲ႔ က်ားရုပ္ခပ္ၾကီးၾကီး တစ္ရုပ္ကို အိမ္ေရွ႕တံခါးေပါက္မွာ ကပ္ထားလိုက္ ရင္ရတယ္။ ဒီေခတ္ က်ားၾကီး ပါးစပ္ျဖဲထားတဲ့ ပို စတာေတြ တစ္ပံုျကီးပဲ။ က်ားရုပ္ျဖစ္ရင္ ျပီးေရာ။ စကၠဴရုပ္က်ားလည္း ရတာပဲ။ မရတဲ့အဆံုး ကေလး ေတြ ကစားတဲ့ စကၠဴက်ားရုပ္ေလးရွာျပီး အဝင္အဝထြက္ေပါက္မွာ ခ်ိတ္ဆြဲထားလိုက္ရင္ ယျတာျဖစ္သြားမယ္။ ဘုရားဝတ္ျပဳတာ ဝါသနာပါတဲ့လူဆိုရင္ ပရိတ္၊ ပဌာန္း ရြတ္ဖတ္ပူေဇာ္ေပးရမယ္။ ေမတၱသုတ္ရြတ္တာ အေကာင္းဆံုးပါပဲ။

ေမတၱသုတ္ရြတ္ ဆိုပူေဇာ္ထားတဲ့ ေရဖလားေလးထဲက ေရကိုအိမ္ ေရွ႕မွာပက္ဖ်န္းေပးရင္လည္း အကာအကြယ္ျဖစ္ပါတယ္။ အညံ့ေတြလည္း ေျပေပ်ာက္သြားေစပါတယ္။ ေနာက္တစ္နည္းကေတာ့ တရုတ္လူမ်ိုးေတြ အမ်ားဆံုး အနၱရာယ္ကာကြယ္တဲ့နည္းေပါ့။ ၾကည့္မွန္အဝိုင္း ေလးပဲျဖစ္ျဖစ္၊ ေလးေထာင့္မွန္ေလးပဲျဖစ္ျဖစ္ မွန္ ေသးေသးတစ္ခ်ပ္ကို အိမ္ေရွ႕မ်က္နွာစာ နံရံခပ္ျမင့္ ျမင့္မွာ ကပ္ေပးထားလိုက္ရင္ အဆိုးအညံ့ေတြ ေပ်ာက္သြားပါလိမ့္မယ္။ ခုေလာက္ဆိုရင္ ေလွဦးတိုက္ လွည္းဦးတိုက္ ယျတာသေဘာေလး တီးမိ ေခါက္မိျပီ ထင္ပါရဲ႕။

အဲသလိုယျတာေတြ ျပဳေပးျပီးရင္လည္း တို႔အိမ္မွာ အဆိုးအညံ့ေတြ ေပ်ာက္ကင္းသြားျပီ၊ ေကာင္းတာေတြ ေရာက္လာေတာ့မယ္၊ အဲသလို ယံုၾကည္ရမယ္။ ဒီေလာက္နဲ႕ ဟုတ္ပါ့မလား၊ လံုေလာက္ပါ့မလားေတြ ေလွ်ာက္မေတြးေနနဲ့။ ဥပါဒါန္ စြဲလမ္းတဲ့အေတြးေတြ ေဖ်ာက္ပစ္လိုက္။ ေနာက္တစ္မ်ိုးေျပာမယ္။ နို႔ညွပ္ကိစၥ။ နို႕ညွပ္ဆိုတာ ကိုယ္ေနတဲ့အိမ္ရဲ႕ ေခါင္းရင္းဘက္နဲ႕ ေျခရင္းဘက္မွာ အမ်ိုး ေတြညွပ္ျပီးေနတာကို ဆိုလိုတာပါ။ ေခါင္းရင္းက အစ္မအိမ္၊ ေျခရင္းက ေမာင္ရဲ႕အိမ္။ အစ္ကိုအိမ္က ေခါင္းရင္းမွာ။ သူ႕ရဲ႕ညီက ေျခရင္းအိမ္ျဖစ္ေနျပီး ကိုယ္က အလယ္ေကာင္ကအိမ္ ျဖစ္ေနရင္ အဲဒါမ်ိုး ကို နို႕ညွပ္အိမ္လို့ေခၚတာ။ ေဆြမ်ိုးနွစ္ေယာက္ရဲ႕ အိမ္ေတြၾကား ေရာက္ေနတဲ့အိမ္ကိုဆိုလိုတာ။ နို႕ညွပ္အိမ္လည္း ဒီလိုပဲ။ အခန္႔မသင့္ရင္ စီးပြားက်နိုင္တယ္။ အိမ္သူအိမ္သားေတြ က်န္းမာေရးထိခိုက္နိုင္တယ္။ အဲသလိုအိမ္မ်ိုးမွာ အမွတ္တမဲ့ သြားေနမိတတ္တာမ်ိုး ရွိတယ္။ တျခားသူမေျပာနဲ႕ လင္းေရာင္တင္ေတာင္မွ အဲသလိုအိမ္မ်ိုးကို ေျခာက္မိုင္ခြဲ မာလာကာျခံမွာ ေနဖူးခဲ့တယ္။ အမွတ္တမဲ့ ျဖစ္သြားတာေပါ့။

အဲဒီမွာ စီးပြားေရးထိခိုက္လာတယ္။ က်န္းမာေရးလည္း ကိုယ္ကစျပီး ထိလိုက္လာတယ္။ ညေနတိုင္း ဖ်ားဖ်ားေနလို့ မနည္းေဆးကုယူရတယ္။ တျခား ျပႆနာေတြလည္း တစ္ပံုတစ္ပင္ၾကီးတက္ လာတယ္။ ေခါင္းရင္းအိမ္က ေမာင္အိမ္။ ေျခရင္း အိမ္က အစ္မအိမ္။ ေမာင္နွမနွစ္ေယာက္ၾကား ဗ်ာမ်ားရတယ္ဆိုတာမ်ိုးေပါ့။ အဲဒီမွာေနတုန္း ျပႆနာ ေပါင္းစံု ၾကံဳခဲ့ရသလို ရယ္လည္းရယ္ရတယ္။ ညဘက္ ညဘက္ေတြက်ရင္ ေခါင္းရင္းဘက္က ေမာင္ လုပ္တဲ့သူက အသံအက်ယ္ၾကီးနဲ႔ ေယာင္ျပီး စကားေျပာတတ္တယ္။ အဲသလိုပဲ။ ေျခရင္းအိမ္က သူ႕ အစ္မကလည္း ညဘက္အိပ္ေနရင္း ေယာင္ေယာင္ ျပီး စကားေျပာတတ္တယ္။ တစ္ခါတေလမ်ား မသိရင္ ေမာင္နွမနွစ္ေယာက္ အျပန္အလွန္အခ်ီအခ် စကားေျပာေနၾကသလားေတာင္ ထင္ရတတ္တယ္။

“ဘာျဖစ္လို႕ လက္ထဲမွာ အၾကာၾကီးကိုင္ထား ရတာလဲ …၊ စားစရာရွိလည္းစား၊ ခ်စရာရွိလည္း ခ်၊ အလကား အခ်ိန္ကုန္တယ္ …” ေမာင္လုပ္တဲ့သူက အရက္ေလးတျမျမနဲ႕ ဖဲရိုက္ရာက ေျပာခဲ့တဲ့စကားေတြ စိတ္စြဲျပီး ျပန္ေယာင္တာ။ ေမာင္က အဲသလိုေယာင္ျပီး မၾကာခင္ မွာ အစ္မက အခုလိုျပန္ျပီးေယာင္တယ္။ “ေဟ့ …ဒါကေတာ့ ငါ့သေဘာပဲ၊ ငါလုပ္ခ်င္ရင္လုပ္မယ္၊ မလုပ္ခ်င္ေနမယ္၊ နင္တို႕ဘာမွ ေျပာေနစရာမလိုဘူး …” ကဲ ၾကည့္ …ဘယ္ေလာက္ရယ္စရာ ေကာင္းလဲ။ ကိုယ္ကေတာ့ သူတို႕ေမာင္နွမေတြ ညဘက္ ညဘက္ အခ်ီအခ် တစ္ေယာက္တစ္လဲစီ ေယာင္ေနၾကလို့ အိပ္ေရးပ်က္တယ္လို႕ မထင္မိပါ ဘူး။

ရယ္ရလို့ ေပ်ာ္စရာေတာင္ေကာင္းေသးတယ္။ မနက္မနက္က်ရင္ အဲဒီအေၾကာင္းေတြ သူတို့ေမာင္ နွမေတြကို ျပန္ျပန္ေျပာျပျပီး ရယ္ရတာ ေပ်ာ္စရာ ေကာင္းတယ္။ သူတို႕လည္း ရယ္ၾကေမာၾကရင္းနဲ႕ အဲဒီမွာေနရတာ ေပ်ာ္ပါတယ္။ ဒါေပမဲ့ က်န္းမာေရး ကိစၥ၊ စီးပြားေရးကိစၥက်ေတာ့ တယ္မဟန္ဘူး။ ေသမတတ္ ေက်မတတ္ေတာင္ ျဖစ္ခဲ့ရတယ္။ တစ္ေန႔ ေတာ့ ဒီကိစၥကို အဘခ်စ္ဆိုတဲ့ ဦးခင္ေမာင္ခ်စ္ကို ေျပာျပတိုင္ပင္မိတယ္။ သူက အသက္ရွစ္ဆယ္ ေက်ာ္ ေရွ႕မီေနာက္မီ အဘိုးၾကီး။ စာေပလည္း နွံ႕စပ္ တယ္။ ဝိဇၨာကိစၥေတြလည္း အမ်ားျကီးသိတယ္။ ဆံုးသြားတဲ့ ဆရာၾကီးသုေတသီျမင့္ထြန္း ဆိုရင္ သူ႕ကို သိပ္ေလးစားတာ။

“အဘခ်စ္က မသိတာမရွိဘူး၊ အရမ္းနွံ႕စပ္ တာဗ် …” လို႕ ေျပာဖူးတယ္။ ဟုတ္တယ္။ ကိုယ္ ကေမးေတာ့ အဘခ်စ္က ခ်က္ခ်င္းပဲ – “နို႕ညွပ္ကိစၥမ်ား လြယ္ပါတယ္ …စာေရး ဆရာရယ္ …၊ ယျတာလုပ္လိုက္ေပါ့၊ အလြယ္ေလး၊ ေမြးညွပ္ေလးနွစ္ခုကို ေဈ းမွာဝယ္လိုက္၊ မုတ္ ဆိတ္ေမြးနႈတ္တဲ့ ေမြးညွပ္ကိုေျပာတာ …၊ အဲဒီ ေမြးညွပ္ေလးေတြကို ေခါင္းရင္းမွာတစ္ခု၊ ေျခရင္းမွာ တစ္ခု ထိုးထားလိုက္ …၊ အားလံုးအဆင္ေျပသြားလိမ့္မယ္ …၊ ျမန္ျမန္သာလုပ္လိုက္ …” အဲသလို ေျပာလို႕ သူေျပာတဲ့အတိုင္း အျမန္ ဝယ္လိုက္ျပီး အိမ္ေခါင္းရင္းမွာတစ္ခု၊ အိမ္ေျခရင္း ဘက္မွာတစ္ခု ထိုးထားလိုက္တာတကယ္ပဲ အညံ့ ေတြေပ်ာက္သြားေရာ။ က်န္းမာေရးေကာင္းလာျပီး စီးပြားေရးလည္း ျပန္တက္လာေရာ။ ခုေလာက္ဆိုရင္ သေဘာေပါက္ပါျပီေနာ္ …။ ေလွဦးတိုက္ လွည္းဦးတိုက္လည္း မေၾကာက္နဲ႕။ နို႕ညွပ္အိမ္လည္း မေျကာက္နဲ့။ ယျတာလြယ္လြယ္ေလးပါ။ ယျတာေကာင္းနဲ႕ ေျပာင္းလဲတိုးတက္ၾကပါေစ……။

 

ေဇယ်တု သဗၺမဂၤလံ

 

Credit: လင္းေရာင္တင္ (manawmayajournal)

 

[Unicode]

 

လင်းရောင်တင်တို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မှာ ယုံကြည်မှုတွေ တော်တော်များများရှိနေကြတဲ့ အထဲက လှေဦးတိုက် လှည်းဦးတိုက်ကိစ္စဟာလည်း အတော်လေးအရေးပါ အရာရောက်တဲ့ကိစ္စတစ်ခု ဖြစ်နေတယ်။ လှေဦးတိုက် လှည်းဦးတိုက်ဆိုတာက ရှေးပဝေသနီကာလတွေက ပြောခဲ့ကြတာ။ ဒီခေတ်မှာတော့ လှေတွေလှည်းတွေနဲ့ သိပ်မသွားကြတော့ဘူး။ ရထားတွေ၊ လေယာဉ်ပျံတွေ၊ ကားတွေနဲ့ပါ သွားလာနေကြပြီ။

ရထားလမ်းထိပ်၊ လေယာဉ်ပြေးလမ်းထိပ် တွေမှာတော့ အိမ်ဆောက်လို့မရလို့ စကားထဲထည့် မပြောတော့ပါဘူး။ ဒီခေတ်စကားနဲ့ပြောရရင် ‘ကား’ ဦးတိုက်အိမ်ကို ဆိုလိုတာ။ ရှေးကတော့ လှည်းလမ်း ကြောင်း အဆုံးကျတဲ့အိမ်၊ အိမ်ရှေ့မှာ အများသုံး လမ်းရှိနေတဲ့အိမ်။ ပြီးတော့ လှေတွေရပ်တဲ့နေရာနဲ့ ‘လှေဆိပ်’ နဲ့တည့်တည့် အိမ်တွေကို လှေဦးတိုက် လှည်းဦးတိုက် အိမ်လို့ ခေါ်ကြတယ်။ ကားလမ်းကို အဆုံးသတ်ထားတဲ့နေရာ၊ အိမ်ရှေ့မှာ ကိုယ့်အိမ်တည့်တည့်ကို ကားလမ်ကြီးထိုးနေတဲ့နေရာကို ကားဦးတိုက် ခေါ်မှာပေါ့။

အဲသလို ခရီးသွားယာဉ်တွေရှိတဲ့ လမ်းဟာ ကိုယ့်အိမ်ကိုတည့်တည့်ကြီး လာမတိုးနေရဘူး။ အဲဒါ ကို လှေဦးတိုက် လှည်းဦးတိုက်အိမ်လို့ ခေါ်ကြတယ်။ အဲဒီလို အိမ်မျိုးမှာ နေထိုင်မိကြသူများဟာ စီးပွားလျောတတ်ကြတယ်။ ကျန်းမာရေးထိခိုက်ကြတယ် လို့ အယုံအကြည်ရှိခဲ့ကြတယ်။ ဖြစ်သလောက်လည်း ဖြစ်ခဲ့ကြတာဆိုတော့ ဒါကို မယုံကြည်လို့မဖြစ်ပြန်ဘူး။ တချို့ဆို အဲသလိုအိမ်မျိုးရောက်မှ မွဲပြာကျသွား ကြတာ။ အဲသလိုအိမ်မျိုးရောက်မှ မိသားစုထဲက တစ်ဦးဦး ဆုံးပါးသွားကြတာ။ ဒါမှမဟုတ် အိမ်သားထဲမှာ တစ်ယောက်ပြီးတစ်ယောက် နေထိုင်မကောင်း ဆက်တိုက်ဖြစ်ကြတာ။ ဒါမျိုးတွေ ကြုံကြရတော့ အိမ်ဝယ်မယ်၊ အိမ်ငှားမယ်ဆိုရင် “ဟဲ့ …လှေဦးတိုက်လှည်းဦးတိုက်အိမ်ကို မဝယ်နဲ့နော် …၊ မငှား နဲ့နော် …” ဆိုပြီး လူကြီး သူမများက သတိပေးကြတယ်။

ဟုတ်ပါပြီ။ အဲသလို တကယ်လို့များ မလွှဲသာမရှောင်သာ ဖြစ်လာခဲ့ရင် ဘယ့်နှယ်လုပ်ပါ့မလဲ။ ဥပမာ – ကိုယ်က အဲဒီအိမ်ကလေးကို ကြိုက်နေပြီ၊ ကိုယ်ဝယ်နိုင်တဲ့ဈေးနှုန်းနဲ့လည်း ကိုက်နေပြီ။ (အိမ်ငှားဆိုလည်း ဒီသဘောပေါ့။ ငှားနိုင်တဲ့ဈေ းသင့်တင့် တဲ့အိမ် ဖြစ်နေပြီ ဆိုပါတော့။) ဘယ်လိုလုပ်ကြမလဲ။ ရှေးလူကြီးတွေ စကားဆိုတော့လည်း အကြောင်းမဲ့ ပယ်လှန်လို့မရဘူး၊ မပယ်ကောင်းဘူး။ ဘာလုပ်ကြမလဲ။ အဲသလိုမှ မဟုတ်ဘဲ အမှတ်တမဲ့ဝယ်လိုက်မိတာ။ သတိမထားမိဘဲ ငှားလိုက်မိတာ။ ခုတော့ အိမ်က လှေဦးတိုက် လှည်းဦးတိုက်ကြီး ဖြစ်နေတယ်။ ဒုက္ခပဲလို့ စိုးရိမ်မိကြလိမ့်မယ်။ တကယ်တော့ ပြဿနာတစ်ခုဖြစ်လာရင် အဲဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ အချက်အလက်ဆိုတာရှိတယ်။ ရိုးရာယတြာနည်း တွေ ရှိတယ်။ လွယ်လည်းလွယ်တယ်။ လှေဦးတိုက် လှည်းဦးတိုက်အိမ်ဆိုတာ တကယ်တော့ ငွေရှာတတ်ရင် များများဝင်နိုင်တဲ့နေရာပဲ။

အဲသလိုနေရာမျိုးမှာ ဈေ းဆိုင်တည်ရတယ်။ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ စားသောက် ဆိုင်၊ ကုန်စုံဆိုင် အဆင်သင့်ရာ ဈေးဆိုင်တစ်ဆိုင် ကောက်တည်လိုက်ရင် အားလုံးအဆင်ပြေသွားမယ်။ ခုနစ်ရက်သားသမီးတွေ ဝင်ထွက်သွားလာရာ နေရာ ဖြစ်တဲ့အတွက် ခိုက်နေတာတွေ ပြေပျောက်သွားပြီး စီးပွားတောင်တက်လာနိုင်တယ်။ လှေဦးတိုက် လှည်း ဦးတိုက်အိမ်မှာနေမိရင် ဆိုင်တစ်ဆိုင်တည်ဖြစ်အောင် ကြိုးစားရမယ်။ ဗြူတီပါလာလို အလှပြင်ဆိုင် ထောင်ရင်လည်းရတယ်။ နောက်ဆုံး ဘိန်းမုန့်ဖုတ် ရောင်းရောင်း၊ အသုပ်ဆိုင်ပဲဖွင့်ဖွင့် လူအများဝင်ထွက်သွားလာတဲ့ နေရာဖြစ်ရင်ပြီးရော။

တကယ်လို့ ဆိုင်တည်ဖို့ အခက်အခဲများရှိတယ်ဆိုရင် ဘာမှပြောမနေနဲ့ ကျားရုပ်ခပ်ကြီးကြီး တစ်ရုပ်ကို အိမ်ရှေ့တံခါးပေါက်မှာ ကပ်ထားလိုက် ရင်ရတယ်။ ဒီခေတ် ကျားကြီး ပါးစပ်ဖြဲထားတဲ့ ပို စတာတွေ တစ်ပုံကြီးပဲ။ ကျားရုပ်ဖြစ်ရင် ပြီးရော။ စက္ကူရုပ်ကျားလည်း ရတာပဲ။ မရတဲ့အဆုံး ကလေး တွေ ကစားတဲ့ စက္ကူကျားရုပ်လေးရှာပြီး အဝင်အဝထွက်ပေါက်မှာ ချိတ်ဆွဲထားလိုက်ရင် ယတြာဖြစ်သွားမယ်။ ဘုရားဝတ်ပြုတာ ဝါသနာပါတဲ့လူဆိုရင် ပရိတ်၊ ပဌာန်း ရွတ်ဖတ်ပူဇော်ပေးရမယ်။ မေတ္တသုတ်ရွတ်တာ အကောင်းဆုံးပါပဲ။

မေတ္တသုတ်ရွတ် ဆိုပူဇော်ထားတဲ့ ရေဖလားလေးထဲက ရေကိုအိမ် ရှေ့မှာပက်ဖျန်းပေးရင်လည်း အကာအကွယ်ဖြစ်ပါတယ်။ အညံ့တွေလည်း ပြေပျောက်သွားစေပါတယ်။ နောက်တစ်နည်းကတော့ တရုတ်လူမျိုးတွေ အများဆုံး အန္တရာယ်ကာကွယ်တဲ့နည်းပေါ့။ ကြည့်မှန်အဝိုင်း လေးပဲဖြစ်ဖြစ်၊ လေးထောင့်မှန်လေးပဲဖြစ်ဖြစ် မှန် သေးသေးတစ်ချပ်ကို အိမ်ရှေ့မျက်နှာစာ နံရံခပ်မြင့် မြင့်မှာ ကပ်ပေးထားလိုက်ရင် အဆိုးအညံ့တွေ ပျောက်သွားပါလိမ့်မယ်။ ခုလောက်ဆိုရင် လှေဦးတိုက် လှည်းဦးတိုက် ယတြာသဘောလေး တီးမိ ခေါက်မိပြီ ထင်ပါရဲ့။

အဲသလိုယတြာတွေ ပြုပေးပြီးရင်လည်း တို့အိမ်မှာ အဆိုးအညံ့တွေ ပျောက်ကင်းသွားပြီ၊ ကောင်းတာတွေ ရောက်လာတော့မယ်၊ အဲသလို ယုံကြည်ရမယ်။ ဒီလောက်နဲ့ ဟုတ်ပါ့မလား၊ လုံလောက်ပါ့မလားတွေ လျှောက်မတွေးနေနဲ့။ ဥပါဒါန် စွဲလမ်းတဲ့အတွေးတွေ ဖျောက်ပစ်လိုက်။ နောက်တစ်မျိုးပြောမယ်။ နို့ညှပ်ကိစ္စ။ နို့ညှပ်ဆိုတာ ကိုယ်နေတဲ့အိမ်ရဲ့ ခေါင်းရင်းဘက်နဲ့ ခြေရင်းဘက်မှာ အမျိုး တွေညှပ်ပြီးနေတာကို ဆိုလိုတာပါ။ ခေါင်းရင်းက အစ်မအိမ်၊ ခြေရင်းက မောင်ရဲ့အိမ်။ အစ်ကိုအိမ်က ခေါင်းရင်းမှာ။ သူ့ရဲ့ညီက ခြေရင်းအိမ်ဖြစ်နေပြီး ကိုယ်က အလယ်ကောင်ကအိမ် ဖြစ်နေရင် အဲဒါမျိုး ကို နို့ညှပ်အိမ်လို့ခေါ်တာ။ ဆွေမျိုးနှစ်ယောက်ရဲ့ အိမ်တွေကြား ရောက်နေတဲ့အိမ်ကိုဆိုလိုတာ။ နို့ညှပ်အိမ်လည်း ဒီလိုပဲ။ အခန့်မသင့်ရင် စီးပွားကျနိုင်တယ်။ အိမ်သူအိမ်သားတွေ ကျန်းမာရေးထိခိုက်နိုင်တယ်။ အဲသလိုအိမ်မျိုးမှာ အမှတ်တမဲ့ သွားနေမိတတ်တာမျိုး ရှိတယ်။ တခြားသူမပြောနဲ့ လင်းရောင်တင်တောင်မှ အဲသလိုအိမ်မျိုးကို ခြောက်မိုင်ခွဲ မာလာကာခြံမှာ နေဖူးခဲ့တယ်။ အမှတ်တမဲ့ ဖြစ်သွားတာပေါ့။

အဲဒီမှာ စီးပွားရေးထိခိုက်လာတယ်။ ကျန်းမာရေးလည်း ကိုယ်ကစပြီး ထိလိုက်လာတယ်။ ညနေတိုင်း ဖျားဖျားနေလို့ မနည်းဆေးကုယူရတယ်။ တခြား ပြဿနာတွေလည်း တစ်ပုံတစ်ပင်ကြီးတက် လာတယ်။ ခေါင်းရင်းအိမ်က မောင်အိမ်။ ခြေရင်း အိမ်က အစ်မအိမ်။ မောင်နှမနှစ်ယောက်ကြား ဗျာများရတယ်ဆိုတာမျိုးပေါ့။ အဲဒီမှာနေတုန်း ပြဿနာ ပေါင်းစုံ ကြုံခဲ့ရသလို ရယ်လည်းရယ်ရတယ်။ ညဘက် ညဘက်တွေကျရင် ခေါင်းရင်းဘက်က မောင် လုပ်တဲ့သူက အသံအကျယ်ကြီးနဲ့ ယောင်ပြီး စကားပြောတတ်တယ်။ အဲသလိုပဲ။ ခြေရင်းအိမ်က သူ့ အစ်မကလည်း ညဘက်အိပ်နေရင်း ယောင်ယောင် ပြီး စကားပြောတတ်တယ်။ တစ်ခါတလေများ မသိရင် မောင်နှမနှစ်ယောက် အပြန်အလှန်အချီအချ စကားပြောနေကြသလားတောင် ထင်ရတတ်တယ်။

“ဘာဖြစ်လို့ လက်ထဲမှာ အကြာကြီးကိုင်ထား ရတာလဲ …၊ စားစရာရှိလည်းစား၊ ချစရာရှိလည်း ချ၊ အလကား အချိန်ကုန်တယ် …” မောင်လုပ်တဲ့သူက အရက်လေးတမြမြနဲ့ ဖဲရိုက်ရာက ပြောခဲ့တဲ့စကားတွေ စိတ်စွဲပြီး ပြန်ယောင်တာ။ မောင်က အဲသလိုယောင်ပြီး မကြာခင် မှာ အစ်မက အခုလိုပြန်ပြီးယောင်တယ်။ “ဟေ့ …ဒါကတော့ ငါ့သဘောပဲ၊ ငါလုပ်ချင်ရင်လုပ်မယ်၊ မလုပ်ချင်နေမယ်၊ နင်တို့ဘာမှ ပြောနေစရာမလိုဘူး …” ကဲ ကြည့် …ဘယ်လောက်ရယ်စရာ ကောင်းလဲ။ ကိုယ်ကတော့ သူတို့မောင်နှမတွေ ညဘက် ညဘက် အချီအချ တစ်ယောက်တစ်လဲစီ ယောင်နေကြလို့ အိပ်ရေးပျက်တယ်လို့ မထင်မိပါ ဘူး။

ရယ်ရလို့ ပျော်စရာတောင်ကောင်းသေးတယ်။ မနက်မနက်ကျရင် အဲဒီအကြောင်းတွေ သူတို့မောင် နှမတွေကို ပြန်ပြန်ပြောပြပြီး ရယ်ရတာ ပျော်စရာ ကောင်းတယ်။ သူတို့လည်း ရယ်ကြမောကြရင်းနဲ့ အဲဒီမှာနေရတာ ပျော်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ကိစ္စ၊ စီးပွားရေးကိစ္စကျတော့ တယ်မဟန်ဘူး။ သေမတတ် ကျေမတတ်တောင် ဖြစ်ခဲ့ရတယ်။ တစ်နေ့ တော့ ဒီကိစ္စကို အဘချစ်ဆိုတဲ့ ဦးခင်မောင်ချစ်ကို ပြောပြတိုင်ပင်မိတယ်။ သူက အသက်ရှစ်ဆယ် ကျော် ရှေ့မီနောက်မီ အဘိုးကြီး။ စာပေလည်း နှံ့စပ် တယ်။ ဝိဇ္ဇာကိစ္စတွေလည်း အများကြီးသိတယ်။ ဆုံးသွားတဲ့ ဆရာကြီးသုတေသီမြင့်ထွန်း ဆိုရင် သူ့ကို သိပ်လေးစားတာ။

“အဘချစ်က မသိတာမရှိဘူး၊ အရမ်းနှံ့စပ် တာဗျ …” လို့ ပြောဖူးတယ်။ ဟုတ်တယ်။ ကိုယ် ကမေးတော့ အဘချစ်က ချက်ချင်းပဲ – “နို့ညှပ်ကိစ္စများ လွယ်ပါတယ် …စာရေး ဆရာရယ် …၊ ယတြာလုပ်လိုက်ပေါ့၊ အလွယ်လေး၊ မွေးညှပ်လေးနှစ်ခုကို ဈေ းမှာဝယ်လိုက်၊ မုတ် ဆိတ်မွေးနှုတ်တဲ့ မွေးညှပ်ကိုပြောတာ …၊ အဲဒီ မွေးညှပ်လေးတွေကို ခေါင်းရင်းမှာတစ်ခု၊ ခြေရင်းမှာ တစ်ခု ထိုးထားလိုက် …၊ အားလုံးအဆင်ပြေသွားလိမ့်မယ် …၊ မြန်မြန်သာလုပ်လိုက် …” အဲသလို ပြောလို့ သူပြောတဲ့အတိုင်း အမြန် ဝယ်လိုက်ပြီး အိမ်ခေါင်းရင်းမှာတစ်ခု၊ အိမ်ခြေရင်း ဘက်မှာတစ်ခု ထိုးထားလိုက်တာတကယ်ပဲ အညံ့ တွေပျောက်သွားရော။ ကျန်းမာရေးကောင်းလာပြီး စီးပွားရေးလည်း ပြန်တက်လာရော။ ခုလောက်ဆိုရင် သဘောပေါက်ပါပြီနော် …။ လှေဦးတိုက် လှည်းဦးတိုက်လည်း မကြောက်နဲ့။ နို့ညှပ်အိမ်လည်း မကြောက်နဲ့။ ယတြာလွယ်လွယ်လေးပါ။ ယတြာကောင်းနဲ့ ပြောင်းလဲတိုးတက်ကြပါစေ……။

 

ဇေယျတု သဗ္ဗမင်္ဂလံ

 

Credit: လင်းရောင်တင် (manawmayajournal)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service