ပလပ်မြေ သို့မဟုတ် မြေလပ် သို့မဟုတ် လှပ်မြေဆိုသည်မှာ

ပလပ်မြေ သို့မဟုတ် မြေလပ် သို့မဟုတ် လှပ်မြေဆိုသည်မှာ - Property Knowledge in Myanmar from iMyanmarHouse.com
3 Dec 2018 1:08 pm တွင် တင်ခဲ့သည်
1761 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

7 DayNews ဂျာနယ်၊ အတွဲ(၁၃)၊ အမှတ် (၃)၊ စာမျက်နှာ (၁၁) တွင် “ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပလပ်ထားသော လယ်ယာမြေများအား စိစစ်အရေးယူမည်” ဟူသော သတင်းတစ်ပုဒ်ပါရှိပါသည်။ ဤတွင် ပလပ်ထားသော လယ်ယာမြေဆိုသည်မှာ အဘယ်နည်း ဟု မေးစရာရှိသည်။ ယင်းမေးခွန်းကို လွယ်လင့်တကူဖြေဆိုရမည် ဆိုပါက "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျက် တစ်စုံတစ်ရာ လုံးဝစိုက်ပျိုးလုပ်ကိုင်ခြင်းမရှိခြင်းကို ပလပ်ထားသည်"ဟုဆိုလိုသည်။

လယ်ယာမြေ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်အရ

- စပါးသီးနှံစိုက်ပျိုးနိုင်သော လယ်မြေသာမက အခြောက်သီးနှံ (ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ) စိုက်ပျိုးနိုင်သော ယာမြေ များ၊ - နှစ်ရှည်သီးပင်၊ သစ်သီးဝလံနှင့် ပန်းပင်များ စိုက်ပျိုးနိုင်သော ဥယျာဉ်ခြံမြေများ၊ - ဓနိမြေများ၊ ကိုင်း၊ ကျွန်းမြေများနှင့် မြေနု ကျွန်းမြေများ၊ တောင်ယာများလည်း အကြုံးဝင်သည်။

သို့အတွက် လယ်ယာမြေဟူသော စကားရပ်တွင် အကြုံးဝင်ပါရှိသော မြေအားလုံးကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပလပ်ထားခြင်းမှာ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေပါပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်းမည်ပေသည်။

"ပလပ်မြေဆိုသည်မှာ"

ပလပ်မြေအား မြေလပ်၊ သို့မဟုတ် လှပ်မြေဟုလည်း တစ်နည်းသုံးနှုန်းခေါ်ဆိုကြသည်။ မြေလပ်ဆိုသည်မှာ ယခင်က သီးစားခံယူလုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသည့်မြေ ဖြစ်၍ (၁) မြေအနားပေးထားသည့် မြေလပ်၊ သို့မဟုတ် လောလောဆယ်စိုက်ပျိုးနိုင်သော မြေလပ်နှင့် ပြုပြင်ပြီးမှ စိုက်ပျိုးနိုင် သော မြေလပ်ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။

ယခုမန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးထောက်ပြသော မြေများမှာလယ်ယာမြေဥပဒေ(အသစ်နှင့်အဟောင်း)မြေလွတ်မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ(ယခင်နှင့်ယခု)တွင် ညွှန်းဆိုပြထားသော မြေလပ်များနှင့် လုံးဝကွဲပြားခြားနားပါသည်။

အဘယ်ကြောင့်ဆိုသော် ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ ကုမ္ပဏီများ၊ သူဋ္ဌေးများ သာမက ဌာနဆိုင်ရာဝန်ထမ်းများ၊ အစိုးရအဖွဲ့နှင့် နီးစပ်သူများ ၀ယ်ယူစုဆောင်းထားသော လယ်ယာမြေ များမှာ "သီးနှံစိုက်ပျိုးရန် ရည် ရွယ်ချက်မရှိဘဲ အခြားနည်းအသုံးပြုရန်၊ သို့မဟုတ် အမြတ်အစွန်းရရှိရန် အတွက် ၀ယ်ယူထားပြီး ပလပ်ထားသော မြေများ ဖြစ်နေကြောင်း" စိစစ်တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ-၁၂၊ ပုဒ်မခွဲ (ဈ)အရ “လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရ”ဟု စည်းကမ်းချက် သတ်မှတ် ထား ပါသည်။ ဆိုလိုသည်မှာ -အစဉ်အဆက် မြေယာဥပဒေပြောင်းလဲစေကာမူ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများ အနေနှင့် နိုင်ငံတော်၏ မြေယာကုန်ထုတ် စွမ်းအားစု၊ အထူးသဖြင့် ဆန်စပါးစားနပ် ရိက္ခာ ဖူလုံမှု ကို မထိခိုင်စေရေးအတွက် လယ်ယာမြေများကို မြေလပ်မထားဘဲ အပြည့်အ၀စိုက်ပျိုးလုပ်ကိုင်ကြရန် လို အပ် ကြောင်း အတိအလင်းညွှန်ကြားချက်ထုတ် ပြန်ခြင်းဖြစ်ပါသည်။

လယ်ယာမြေဥပဒေပုဒ်မ-၁၉ အရ အကြောင်းမဲ့ မြေလပ်မထားရဟူသော စည်းကမ်းချက်တစ်ခုကို လိုက်နာရန် ပျက်ကွက်ခဲ့လျှင် ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)နှင့် (ဃ) ပါ အမိန့်တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

တဖန်လယ်ယာမြေ ဥပဒေပုဒ်မ-၂၀ အရလည်း ယင်းပုဒ်မအရ ချမှတ်သော အမိန့်ကို လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူက လိုက်နာခြင်းမရှိလျှင် ယင်း အမိန့်ပါ သတ်မှတ် ရက်ကျော်လွန်ပါက သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထား တရားစွဲနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

ထို့ပြင် လယ်ယာမြေဥပဒေပုဒ်မ-၃၅ အရ အဆိုပါ ချမှတ်ထားသော အမိန့်၊ သို့မဟုတ် ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများ ဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင်အနည်းဆုံးကျပ်သုံးသိန်းမှအများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ဆိုပါသည်။

လယ်မြေများကို ၀ယ်ယူထားပြီး ဆန်စပါးစိုက်ပျိုးခြင်းမပြုပါက အထက်စာပိုဒ် ပါ လယ်ယာမြေဥပဒေပုဒ်မ ၁၉၊ ၂၀၊ ၃၅ များအရ ပြစ်ဒဏ်များ ချမှတ်ခံရမည်မလွဲ ပါ။

မန္တလေးတိုင်းဒေသကြီးသာမဟုတ်ဘဲ ပြည်နယ်၊ သို့မဟုတ် တိုင်းဒေသကြီးအား လုံးတို့တွင် အဆိုပါလယ်ယာမြေပုဒ်မ-၁၂ (ဈ)သည် အာဏာတည်၍ အကျိုးသက် ရောက်ပါသည်။ ဥပဒေဟူသည် တစ် ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း မဟုတ်ပါ။ စာရေးသူတို့၏ ရန်ကုန်တိုင်း ဒေသကြီးအတွင်းဝယ် ယင်းကဲ့သို့ ခိုင်လုံ သောအကြောင်းပြချက်မရှိဘဲ လှပ် ထား သည့် မြေများစွာရှိပါသည်။

*** လယ်ယာမြေ ကို ၀ယ်ယူထားပြီး ပုဒ်မ ၂၉၊ ၃၀ အရ အခြား နည်းအသုံးပြု ရန် ရည်ရွယ်သည်ဆိုပါက လည်း ၀ယ်ယူသူ၏ လက်ဝယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ၇)မုချရှိရပါမည်။ယင်းလက်မှတ်လက်ဝယ်ကိုင်ဆောင်ထားရှိ၍အခြားနည်းအသုံးပြုခွင့် လျှောက်ထားပါလျှင်လည်း အခြားနည်းအသုံးပြုလိုသည့် နည်းလမ်းအတွက် သင့် တော်လုံလောက်သည့် ဧရိယာအကျယ် အ၀န်းထက်ပို၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့မှ ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ ***

 

"နိဂုံး"

အချုပ်ဆိုရသော် - လယ်မြေများအား ၀ယ်ယူစုဆောင်းထားသော ပုဂ္ဂလိကလုပ် ငန်းများ၊ - ကုမ္ပဏီများ၊ သူဋ္ဌေးများ၊ ဌာနဆိုင် ရာဝန်ထမ်းများ၊ - အစိုးရအဖွဲ့နှင့် နီးစပ်သူ များ၊ - တောင်သူလယ်သမားများအားလုံး တို့သည်လယ်ယာမြေဥပဒေနှင့်နည်းဥပဒေတွင် ဖော်ပြပါရှိသည့်စည်းကမ်းချက်များအတိအကျလိုက်နာဆောင်ရွက်ကြဖို့ လို အပ်ကြောင်းနှင့် ရှေးယခင်ကတည်းက သက်ဆိုင်ရာဝန်ကြီးဌာနမှ အသိပေးကြေ ညာခဲ့သော အမိန့်ညွှန်ကြားချက်များနှင့် အညီ နိုင်ငံတော်၏ မြေယာကုန်ထုတ်အင် အားစု၊ သို့မဟုတ် စားနပ်ရိက္ခာဖူလုံမှုကို မထိခိုက်စေရေးအတွက် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မြေအနားပေးထားသည့်၊ သို့မဟုတ် ချက်ချင်းစိုက်ပျိုးနိုင်သည့် မြေလပ်၊ သို့မဟုတ် ပလပ်မြေများအား လယ်ယာမြေ အမျိုး အစားအလိုက် သင့် လျော်သော စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ နှစ်ရှည်သီးပင်၊ သစ်သီးဝလံနှင့် ပန်းမံများကို အပြည့်အ၀စိုက်ပျိုးကြဖို့လိုကြောင်း ရေးသားလိုက်ပါသည်။

အေးဝင်းဦး (ဘူမိဗေဒ)

(မြန်မာတောင်သူကြီးများဂျာနယ် "The farmer myanmar journal"ပါ အေးဝင်းဦး(ဘူမိဗေဒ)၏ဆောင်းပါးကို ပြန်လည်ကူးယူမျှဝေတင်ပြအပ်ပါသည်။)

 

Credit: အောင်စိုး(ပြည်)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
taunggyi-garden-city
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service