ေက်ာက္သင္ပုန္းခ်ပ္မ်ားႏွင့္အိမ္အလွဆင္ျခင္း

ေက်ာက္သင္ပုန္းခ်ပ္မ်ားႏွင့္အိမ္အလွဆင္ျခင္း - Property Knowledge in Myanmar from iMyanmarHouse.com
14 Nov 2018 11:02 am တွင် တင်ခဲ့သည်
1639 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Zawgyi]

ငယ္ငယ္က ၀လံုးေလးေတြ အေရးသင္ခဲ့ရတဲ့ ေက်ာက္သင္ပုန္းခ်ပ္ေလးေတြ၊ ခုေတာ႕ အိမ္အလွဆင္ဒီဇိုင္းတစ္ခု ျဖစ္လာေနခဲ့ပါၿပီ။ အရိုးရွင္းဆံုးနဲ႔အသစ္ဆန္းဆံုးအျပင္အဆင္ေလးျဖစ္ၿပီး စိတ္ကူးဥာဏ္ကြန္႔ျမဴးမႈကို အကန္႔အသတ္မရွိ ပံုေဖာ္ခြင့္ရေစမယ့္ ေက်ာက္သင္ပုန္းခ်ပ္ နံရံအျပင္အဆင္ေလးေတြက အိမ္ခန္းထဲက ဘယ္လိုပရိေဘာဂမ်ိဳးနဲ႔မဆို လိုက္ဖက္ေနတတ္ျပန္ပါေသးတယ္။ ေက်ာက္သင္ပုန္းခ်ပ္နံရံအျပင္အဆင္ေလးေတြကို ဘယ္လိုမ်ိဳး အေကာင္းဆံုး ဖန္တီးၾကႏိုင္ဦးမလဲ ဆိုတဲ့အခ်က္ေလးေတြ ဒီေဆာင္းပါးထဲ မွာ ရွာေဖြတင္ဆက္လိုက္ပါတယ္။

ခမ္းနားသည့္ဗိသုကာလက္ရာအသြင္တုပျခင္း

ဧည့္ခန္းေလးကို ရုတ္တရက္ၾကည့္လိုက္ရင္ ဗိသုကာလက္ရာေတြေပါင္းစပ္ၿပီး တခမ္းတနား ထည္၀ါလွပေနသလို ခံစားရမွာအေသအခ်ာပါပဲ။ ေနာက္တစ္ႀကိမ္ အေသအခ်ာျပန္ၾကည့္လိုက္ပါ။ နံရံမွာခ်ိတ္ဆြဲထားတဲ့ပန္းခ်ီကားေဘးပတ္လည္က အျဖဴေရာင္ အကြက္ေဖာ္မ်ဥ္းေတြ၊ မ်က္ႏွာက်က္ ေထာင့္ခ်ိဳးေနရာေတြမွာ အျဖဴနဲ႔အေသးစိတ္ေရးဆြဲထားတဲ့ အ၀ိုက္အေကြးေလးေတြ၊ ဧည့္ခန္းမ်က္ႏွာက်က္ဗဟိုက ဗိသုကာဟန္အပြင့္အခက္ေတြနဲ႔အ၀ိုင္းပံု၊ ေလးေထာင့္ပံု မ်ဥ္းျဖဴကြက္ႀကီးေတြ၊ ေက်ာက္သင္ပုန္းမည္းမည္းေပၚ ေျမျဖဴေရးၿပီး ျပန္ဖ်က္ထားသလို အမည္းေပၚ အျဖဴရိပ္ပါးပါးေတြစတဲ့အေသးစိတ္ျပင္ဆင္ျခယ္သမႈေတြက ႂကြယ္၀တဲ့ဗိသုကာ ဟန္နဲ႔ခမ္းနားလွပေနတဲ့ဧည့္ခန္းႀကီးအျဖစ္ ပံုေဖာ္ေပးထားတာ ျဖစ္ပါတယ္။

အစားအစာမ်ားကိုနာမည္တပ္ေပးျခင္း

ကိုယ့္အိမ္မွာ မိတ္ေဆြေတြနဲ႔ ပါတီေလးလုပ္တာပဲျဖစ္ျဖစ္၊ ကေလးေတြကို အစာစားခ်င္စိတ္ ႏိႈးဆြေပးလိုရင္ပဲျဖစ္ျဖစ္၊ ေက်ာက္သင္ပုန္းလိုအမည္းေျပာင္သုတ္ထားတဲ့ စားပြဲ၀ိုင္းေလးမွာ အစားအစာေတြကို တင္ၿပီး တင္ထားတဲ့အစားအစာေတြရဲ႕နာမည္ေလးေတြကို ပန္းကန္ေအာက္နားက စားပြဲမ်က္ႏွာျပင္ေပၚ ေျမျဖဴနဲ႔ ေရးထားလိုက္ပါ။ မိတ္ေဆြေတြအတြက္ အျမင္ဆန္းသြားေစသလို၊ ကေလးေတြ အတြက္လည္း အစားအစာ ေတြရဲ႕ အမည္ေတြ၊ စာလံုးေပါင္းေတြ မွတ္သားႏိုင္ဖို႔ေကာင္းစြာအေထာက္အကူျဖစ္ေစႏိုင္ပါတယ္။

ဥာဏ္ႀကီးရွင္မ်ားအတြက္အိပ္ခန္းအလွဆင္ျခင္း

ဒီအျပင္အဆင္ေလးကေတာ႕ လူငယ္ဆန္ပါတယ္။ ကေလးေတြ သခ်ၤာမွာ ထူးခၽြန္ေစဖို႔ပဲျဖစ္ျဖစ္၊ ပထ၀ီ၀င္သင္ၾကားတဲ့အခါ ေျမပံုေရးဆြဲေလ့က်င့္မႈေတြအတြက္ပဲျဖစ္ျဖစ္ ဒီအျပင္အဆင္ေလးက အရမ္းရမ္းကို လန္းပါတယ္။ ကိုယ့္ကေလးေတြ အိုင္းစတိုင္းလိုမ်ိဳး ဥာဏ္ႀကီးရွင္ေတြ ျဖစ္လာေစဖို႔နဲ႔စိတ္ကူးစိတ္သန္းေတြ လြတ္လပ္စြာကြန္႔ျမဴႏိုင္ဖို႔ပဲျဖစ္ျဖစ္ ေျမျဖဴနဲ႔ သခ်ၤာပံုေသနည္းေတြ၊ ေျမပံုေတြ ေရးျခစ္ႏိုင္တဲ့ ေက်ာက္သင္ပုန္း ခ်ပ္ႀကီး တစ္ခုကို အိပ္ရာေခါင္းရင္းကနံရံမွာ ဖန္တီးေပးထားလိုက္ပါ။

ကမာၻေျမပံုႏွင့္အလွဆင္ျခင္း

ႀကီးမားက်ယ္ျပန္႔တဲ့နံရံလြတ္ႀကီးတစ္ခု သင့္အလုပ္ခန္းထဲမွာ ရွိေနလို႔လစ္ဟာေနသလိုခံစားေနရရင္ ငယ္ငယ္က စာသင္ခန္းထဲကလို ေက်ာက္သင္ပုန္းခ်ပ္ေပၚ ကမာၻ႔ေျမပံုကားခ်ပ္ႀကီးတစ္ခု ေျမျဖဴနဲ႔ ေရးဆြဲထားသလို အျပင္အဆင္ေလးကို ဖန္တီးၾကည့္ပါ။ ေက်ာက္သင္ပုန္းအမည္းေပၚ ေျမျဖဴနဲ႔ ကမၻာ႕ေျမပံုအျပင္အဆင္က အလုပ္ခန္းေလးထဲ ေမာ္ဒန္ပန္းခ်ီကားတစ္ခ်ပ္လို အလွဆင္ေပးေနမွာျဖစ္ပါတယ္။ ေျမျဖဴနဲ႔ပဲေရးဆြဲရင္လည္းျဖစ္သလို ေျမျဖဴနဲ႔ကမၻာ႕ေျမပံုေရးဆြဲရတာ အခက္အခဲျဖစ္ေနတယ္ဆိုရင္ ေဆးအျဖဴ ကိုမွ ေျမျဖဴစတိုင္လ္မ်ိဳးလုပ္ၿပီး ဒီဇိုင္နာနဲ႔အပ္ႏွံေရးဆြဲအလွဆင္လို႔လည္း ရပါတယ္။

နံရံကပ္စကၠဴျဖင့္ဖန္တီးအသံုးျပဳျခင္း

နံရံကပ္စကၠဴသံုးခ်င္ေပမယ့္အပြင့္အခက္ဒီဇိုင္းေတြ၊ အကြက္ ဒီဇိုင္းေတြက ရိုးအီေနတယ္လို႔ခံစားေနရရင္ ေက်ာက္သင္ပုန္းေပၚ ေျမျဖဴနဲ႔ စာေရးထားတဲ့ ဒီဇိုင္းေလးဆိုရင္လည္း အေျပာင္း အလဲေလးျဖစ္ၿပီး ဆန္းသစ္သြားမွာပါ။ အမည္းေရာင္ေပၚ အျဖဴ နဲ႔စာသားေရးထားတဲ့နံရံကပ္စကၠဴဒီဇိုင္းမ်ိဳး ေစ်းကြက္ထဲအဆင္သင့္မရွိရင္ ဒီဇိုင္းေအာ္ဒါမွာလို႔ရတဲ့ေနရာမွာ စံုစမ္းမွာယူၾကည့္ပါ။ ေအာ္ ဒါအပ္တာလည္း ရွာမရဘူးဆိုရင္ေတာ့နံရံကိုအမည္းသုတ္ၿပီး ေဆးျဖဴနဲ႔ ကိုယ္တိုင္ေရးတာပဲျဖစ္ျဖစ္၊ စာလံုးေပါက္ကြက္သံုးၿပီး ေဆးမႈတ္တာပဲျဖစ္ျဖစ္ လုပ္လို႔ရပါေသးတယ္။ နံရံတစ္ခုလံုးအျပည့္ေရးစရာမလိုပါဘူး။ နံရံတစ္၀က္ကို ေဒါင္လိုက္တစ္၀က္အထိပဲ ေရးတာေလးကလည္း ဒီဇိုင္းတစ္မ်ိဳးဆန္းေနမွာပါ။

တံဆိပ္တပ္ျခင္း

ထမင္းစားခန္းေလးမွာ ၀ိုင္ပုလင္းေလးေတြနဲ႔အစီအရီအလွဆင္ခ်င္တဲ့အခါ ေက်ာက္သင္ပုန္းနဲ႔ တံဆိပ္တပ္ေရးတဲ့စတိုင္လ္ေလးစဥ္းစားၾကည့္ပါ။ ေက်ာက္သင္ပုန္းနံရံမွာ ၀ိုင္ပုလင္းေတြကို သံကြင္းခ်ိတ္နဲ႔ ခ်ိတ္ထားၿပီး ေဘးကေန ၀ိုင္ပုလင္းေတြရဲ႕အမည္ေတြ၊ ထုတ္လုပ္တဲ့ခုႏွစ္သကၠရာဇ္ေတြကို ေျမျဖဴနဲ႔ေရးၿပီး တံဆိပ္တပ္တဲ့အျပင္အဆင္ေလးကလည္း စိတ္၀င္စားစရာေလးပါပဲ။

ေတးသီခ်င္းေရးဖြဲ႕စပ္ဆိုျခင္း

ဂီတကိုခံုမင္ရူးသြပ္သူမ်ားအတြက္ သံစဥ္ေတြေရးမွတ္ထားတဲ့ အျပင္အဆင္ေလးနဲ႔ ေက်ာက္သင္ပုန္း စတိုင္လ္ေလးကလည္း ႏွစ္လိုဖြယ္ေကာင္းလွပါတယ္။ ေတးဂီတသေကၤတေလးေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ဧည့္ခန္းေလးက ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ေကာင္းေနမွာပါ။

ေက်ာက္သင္ပုန္းခ်ပ္ကို အမည္းေရာင္ထင္းထင္းႀကီးမဟုတ္ဘဲ မီးခိုးေရာင္မ်ိဳး ခပ္ေဖ်ာ့ေဖ်ာ့ေလးနဲ႔လည္း ဒီဇိုင္းဆင္လို႔ရပါေသးတယ္။

ေန႔စဥ္စားဖြယ္အမယ္ ေရးမွတ္ျခင္း

ကိုယ့္ရဲ႕မီးဖိုေခ်ာင္ေလးမွာ အိမ္သူအိမ္သားေတြနဲ႔ ရင္းႏွီးေႏြးေထြးမႈရေစဖို႔ အေကာင္းဆံုး ေက်ာက္သင္ပုန္း စတိုင္လ္ေလးပဲျဖစ္ပါတယ္။ မီးဖိုေခ်ာင္ရဲ႕နံရံလြတ္ေလးတစ္ေနရာမွာ ေက်ာက္သင္ပုန္းခ်ပ္ ျပင္ဆင္ထားရွိၿပီး တကယ့္ကၽြမ္းက်င္စားဖိုမႈးႀကီးစတိုင္လ္နဲ႔ ယေန႔စားဖြယ္ရာ ဟင္းအမယ္မ်ားဆိုၿပီး စတိုင္လ္က်က်ေရးေပးထားလိုက္ပါ။ ကိုယ္တတ္ကၽြမ္းတဲ့ခ်က္နည္းနဲ႔ ဟိုတယ္ဟင္းအမယ္က အစ ၾကက္ဥခ်ဥ္ရည္ဟင္းလို အိမ္ဟင္းအိမ္ထမင္းအဆံုး ဘာဟင္းပဲျဖစ္ျဖစ္ ေရးထားလို႔ရပါတယ္။ အိမ္သားေတြအေနနဲ႔လည္း ယေန႔ ဟင္းအမယ္နဲ႔ပတ္သက္ၿပီး အႀကံျပဳခ်က္ေလးေတြ ေက်ာက္သင္ပုန္းမွာ ျပန္ေရးခဲ့ လို႔ရပါတယ္။ ေႏြးေထြးေပ်ာ္ရႊင္တဲ့မိသားစုထမင္း၀ိုင္း ေလးျဖစ္ေစဖို႔ဒီအျပင္အဆင္ေလးက မ်ားစြာ အေထာက္အကူျဖစ္ေစမွာပါ။

စိတ္အာဟာရျဖည့္တင္းျခင္း

လူသားေတြက ခံစားခ်က္မပါတဲ႔စက္ရုပ္ေတြမဟုတ္ပါဘူး။ ေသြးနဲ႔သားနဲ႔ဖြဲ႕စည္းတည္ေဆာက္ထားတဲ့ လူသားေတြမွာ အထူးျခားဆံုးစြမ္းေဆာင္ခ်က္က စိတ္ကူးစိတ္သန္းေတြ၊ စိတ္ခံစားခ်က္ေတြနဲ႔ ရွင္သန္ လႈပ္ရွားေနၾကတာပါပဲ။ ရႈပ္ေထြးေပြလီလွတဲ့လူေနမႈစနစ္ထဲ ေန႔စဥ္ရွင္သန္ရတဲ့လူသားေတြမွာ စိတ္စြမ္းအင္ေတြ ျမင့္မားေနဖို႔အေရးႀကီးပါတယ္။ စိတ္ေဆာင္မွ လူေအာင္ဆိုသလိုမ်ိဳး ေအာင္ျမင္မႈေတြအားလံုးအတြက္ စိတ္စြမ္းအင္ေတြက အေရးႀကီးပါတယ္။ စိတ္စြမ္းအင္ေတြျမႇင့္တင္ေပးႏိုင္မယ့္စာသားမ်ိဳးေတြကို အိမ္ရဲ႕ဧည့္ခန္းနဲ႔ အိပ္ခန္းေတြရဲ႕ ျမင္သာထင္သာရွိတဲ့ေနရာမ်ိဳးေတြမွာ ေက်ာက္သင္ပုန္းနဲ႔ေျမျဖဴအေရးအသားအျပင္အဆင္ေလး ဖန္တီးအလွဆင္လိုက္ပါ။ စိတ္ခ်မ္းသာဖို႔၊ တက္ႂကြႏိုးၾကားဖို႔ အၿမဲလႈံ႕ေဆာ္ေပးေနတဲ့ဒီစာသားေလးေတြက အဖိုးျဖတ္မရႏိုင္ေအာင္ တန္ဖိုးရွိလွပါတယ္။

 

Credit: mm- Home& Decor

 

[Unicode]

ကျောက်သင်ပုန်းချပ်များနှင့်အိမ်အလှဆင်ခြင်း

ငယ်ငယ်က ဝလုံးလေးတွေ အရေးသင်ခဲ့ရတဲ့ ကျောက်သင်ပုန်းချပ်လေးတွေ၊ ခုတော့ အိမ်အလှဆင်ဒီဇိုင်းတစ်ခု ဖြစ်လာနေခဲ့ပါပြီ။ အရိုးရှင်းဆုံးနဲ့အသစ်ဆန်းဆုံးအပြင်အဆင်လေးဖြစ်ပြီး စိတ်ကူးဉာဏ်ကွန့်မြူးမှုကို အကန့်အသတ်မရှိ ပုံဖော်ခွင့်ရစေမယ့် ကျောက်သင်ပုန်းချပ် နံရံအပြင်အဆင်လေးတွေက အိမ်ခန်းထဲက ဘယ်လိုပရိဘောဂမျိုးနဲ့မဆို လိုက်ဖက်နေတတ်ပြန်ပါသေးတယ်။ ကျောက်သင်ပုန်းချပ်နံရံအပြင်အဆင်လေးတွေကို ဘယ်လိုမျိုး အကောင်းဆုံး ဖန်တီးကြနိုင်ဦးမလဲ ဆိုတဲ့အချက်လေးတွေ ဒီဆောင်းပါးထဲ မှာ ရှာဖွေတင်ဆက်လိုက်ပါတယ်။

ခမ်းနားသည့်ဗိသုကာလက်ရာအသွင်တုပခြင်း

ဧည့်ခန်းလေးကို ရုတ်တရက်ကြည့်လိုက်ရင် ဗိသုကာလက်ရာတွေပေါင်းစပ်ပြီး တခမ်းတနား ထည်ဝါလှပနေသလို ခံစားရမှာအသေအချာပါပဲ။ နောက်တစ်ကြိမ် အသေအချာပြန်ကြည့်လိုက်ပါ။ နံရံမှာချိတ်ဆွဲထားတဲ့ပန်းချီကားဘေးပတ်လည်က အဖြူရောင် အကွက်ဖော်မျဉ်းတွေ၊ မျက်နှာကျက် ထောင့်ချိုးနေရာတွေမှာ အဖြူနဲ့အသေးစိတ်ရေးဆွဲထားတဲ့ အဝိုက်အကွေးလေးတွေ၊ ဧည့်ခန်းမျက်နှာကျက်ဗဟိုက ဗိသုကာဟန်အပွင့်အခက်တွေနဲ့အဝိုင်းပုံ၊ လေးထောင့်ပုံ မျဉ်းဖြူကွက်ကြီးတွေ၊ ကျောက်သင်ပုန်းမည်းမည်းပေါ် မြေဖြူရေးပြီး ပြန်ဖျက်ထားသလို အမည်းပေါ် အဖြူရိပ်ပါးပါးတွေစတဲ့အသေးစိတ်ပြင်ဆင်ခြယ်သမှုတွေက ကြွယ်ဝတဲ့ဗိသုကာ ဟန်နဲ့ခမ်းနားလှပနေတဲ့ဧည့်ခန်းကြီးအဖြစ် ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

အစားအစာများကိုနာမည်တပ်ပေးခြင်း

ကိုယ့်အိမ်မှာ မိတ်ဆွေတွေနဲ့ ပါတီလေးလုပ်တာပဲဖြစ်ဖြစ်၊ ကလေးတွေကို အစာစားချင်စိတ် နှိုးဆွပေးလိုရင်ပဲဖြစ်ဖြစ်၊ ကျောက်သင်ပုန်းလိုအမည်းပြောင်သုတ်ထားတဲ့ စားပွဲဝိုင်းလေးမှာ အစားအစာတွေကို တင်ပြီး တင်ထားတဲ့အစားအစာတွေရဲ့နာမည်လေးတွေကို ပန်းကန်အောက်နားက စားပွဲမျက်နှာပြင်ပေါ် မြေဖြူနဲ့ ရေးထားလိုက်ပါ။ မိတ်ဆွေတွေအတွက် အမြင်ဆန်းသွားစေသလို၊ ကလေးတွေ အတွက်လည်း အစားအစာ တွေရဲ့ အမည်တွေ၊ စာလုံးပေါင်းတွေ မှတ်သားနိုင်ဖို့ကောင်းစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။

ဉာဏ်ကြီးရှင်များအတွက်အိပ်ခန်းအလှဆင်ခြင်း

ဒီအပြင်အဆင်လေးကတော့ လူငယ်ဆန်ပါတယ်။ ကလေးတွေ သင်္ချာမှာ ထူးချွန်စေဖို့ပဲဖြစ်ဖြစ်၊ ပထဝီဝင်သင်ကြားတဲ့အခါ မြေပုံရေးဆွဲလေ့ကျင့်မှုတွေအတွက်ပဲဖြစ်ဖြစ် ဒီအပြင်အဆင်လေးက အရမ်းရမ်းကို လန်းပါတယ်။ ကိုယ့်ကလေးတွေ အိုင်းစတိုင်းလိုမျိုး ဉာဏ်ကြီးရှင်တွေ ဖြစ်လာစေဖို့နဲ့စိတ်ကူးစိတ်သန်းတွေ လွတ်လပ်စွာကွန့်မြူနိုင်ဖို့ပဲဖြစ်ဖြစ် မြေဖြူနဲ့ သင်္ချာပုံသေနည်းတွေ၊ မြေပုံတွေ ရေးခြစ်နိုင်တဲ့ ကျောက်သင်ပုန်း ချပ်ကြီး တစ်ခုကို အိပ်ရာခေါင်းရင်းကနံရံမှာ ဖန်တီးပေးထားလိုက်ပါ။

ကမာ္ဘမြေပုံနှင့်အလှဆင်ခြင်း

ကြီးမားကျယ်ပြန့်တဲ့နံရံလွတ်ကြီးတစ်ခု သင့်အလုပ်ခန်းထဲမှာ ရှိနေလို့လစ်ဟာနေသလိုခံစားနေရရင် ငယ်ငယ်က စာသင်ခန်းထဲကလို ကျောက်သင်ပုန်းချပ်ပေါ် ကမာ္ဘ့မြေပုံကားချပ်ကြီးတစ်ခု မြေဖြူနဲ့ ရေးဆွဲထားသလို အပြင်အဆင်လေးကို ဖန်တီးကြည့်ပါ။ ကျောက်သင်ပုန်းအမည်းပေါ် မြေဖြူနဲ့ ကမ္ဘာ့မြေပုံအပြင်အဆင်က အလုပ်ခန်းလေးထဲ မော်ဒန်ပန်းချီကားတစ်ချပ်လို အလှဆင်ပေးနေမှာဖြစ်ပါတယ်။ မြေဖြူနဲ့ပဲရေးဆွဲရင်လည်းဖြစ်သလို မြေဖြူနဲ့ကမ္ဘာ့မြေပုံရေးဆွဲရတာ အခက်အခဲဖြစ်နေတယ်ဆိုရင် ဆေးအဖြူ ကိုမှ မြေဖြူစတိုင်လ်မျိုးလုပ်ပြီး ဒီဇိုင်နာနဲ့အပ်နှံရေးဆွဲအလှဆင်လို့လည်း ရပါတယ်။

နံရံကပ်စက္ကူဖြင့်ဖန်တီးအသုံးပြုခြင်း

နံရံကပ်စက္ကူသုံးချင်ပေမယ့်အပွင့်အခက်ဒီဇိုင်းတွေ၊ အကွက် ဒီဇိုင်းတွေက ရိုးအီနေတယ်လို့ခံစားနေရရင် ကျောက်သင်ပုန်းပေါ် မြေဖြူနဲ့ စာရေးထားတဲ့ ဒီဇိုင်းလေးဆိုရင်လည်း အပြောင်း အလဲလေးဖြစ်ပြီး ဆန်းသစ်သွားမှာပါ။ အမည်းရောင်ပေါ် အဖြူ နဲ့စာသားရေးထားတဲ့နံရံကပ်စက္ကူဒီဇိုင်းမျိုး ဈေးကွက်ထဲအဆင်သင့်မရှိရင် ဒီဇိုင်းအော်ဒါမှာလို့ရတဲ့နေရာမှာ စုံစမ်းမှာယူကြည့်ပါ။ အော် ဒါအပ်တာလည်း ရှာမရဘူးဆိုရင်တော့နံရံကိုအမည်းသုတ်ပြီး ဆေးဖြူနဲ့ ကိုယ်တိုင်ရေးတာပဲဖြစ်ဖြစ်၊ စာလုံးပေါက်ကွက်သုံးပြီး ဆေးမှုတ်တာပဲဖြစ်ဖြစ် လုပ်လို့ရပါသေးတယ်။ နံရံတစ်ခုလုံးအပြည့်ရေးစရာမလိုပါဘူး။ နံရံတစ်ဝက်ကို ဒေါင်လိုက်တစ်ဝက်အထိပဲ ရေးတာလေးကလည်း ဒီဇိုင်းတစ်မျိုးဆန်းနေမှာပါ။

တံဆိပ်တပ်ခြင်း

ထမင်းစားခန်းလေးမှာ ဝိုင်ပုလင်းလေးတွေနဲ့အစီအရီအလှဆင်ချင်တဲ့အခါ ကျောက်သင်ပုန်းနဲ့ တံဆိပ်တပ်ရေးတဲ့စတိုင်လ်လေးစဉ်းစားကြည့်ပါ။ ကျောက်သင်ပုန်းနံရံမှာ ဝိုင်ပုလင်းတွေကို သံကွင်းချိတ်နဲ့ ချိတ်ထားပြီး ဘေးကနေ ဝိုင်ပုလင်းတွေရဲ့အမည်တွေ၊ ထုတ်လုပ်တဲ့ခုနှစ်သက္ကရာဇ်တွေကို မြေဖြူနဲ့ရေးပြီး တံဆိပ်တပ်တဲ့အပြင်အဆင်လေးကလည်း စိတ်ဝင်စားစရာလေးပါပဲ။

တေးသီချင်းရေးဖွဲ့စပ်ဆိုခြင်း

ဂီတကိုခုံမင်ရူးသွပ်သူများအတွက် သံစဉ်တွေရေးမှတ်ထားတဲ့ အပြင်အဆင်လေးနဲ့ ကျောက်သင်ပုန်း စတိုင်လ်လေးကလည်း နှစ်လိုဖွယ်ကောင်းလှပါတယ်။ တေးဂီတသင်္ကေတလေးတွေနဲ့ ပြည့်နှက်နေတဲ့ ဧည့်ခန်းလေးက ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းနေမှာပါ။

ကျောက်သင်ပုန်းချပ်ကို အမည်းရောင်ထင်းထင်းကြီးမဟုတ်ဘဲ မီးခိုးရောင်မျိုး ခပ်ဖျော့ဖျော့လေးနဲ့လည်း ဒီဇိုင်းဆင်လို့ရပါသေးတယ်။

နေ့စဉ်စားဖွယ်အမယ် ရေးမှတ်ခြင်း

ကိုယ့်ရဲ့မီးဖိုချောင်လေးမှာ အိမ်သူအိမ်သားတွေနဲ့ ရင်းနှီးနွေးထွေးမှုရစေဖို့ အကောင်းဆုံး ကျောက်သင်ပုန်း စတိုင်လ်လေးပဲဖြစ်ပါတယ်။ မီးဖိုချောင်ရဲ့နံရံလွတ်လေးတစ်နေရာမှာ ကျောက်သင်ပုန်းချပ် ပြင်ဆင်ထားရှိပြီး တကယ့်ကျွမ်းကျင်စားဖိုမှုးကြီးစတိုင်လ်နဲ့ ယနေ့စားဖွယ်ရာ ဟင်းအမယ်များဆိုပြီး စတိုင်လ်ကျကျရေးပေးထားလိုက်ပါ။ ကိုယ်တတ်ကျွမ်းတဲ့ချက်နည်းနဲ့ ဟိုတယ်ဟင်းအမယ်က အစ ကြက်ဥချဉ်ရည်ဟင်းလို အိမ်ဟင်းအိမ်ထမင်းအဆုံး ဘာဟင်းပဲဖြစ်ဖြစ် ရေးထားလို့ရပါတယ်။ အိမ်သားတွေအနေနဲ့လည်း ယနေ့ ဟင်းအမယ်နဲ့ပတ်သက်ပြီး အကြံပြုချက်လေးတွေ ကျောက်သင်ပုန်းမှာ ပြန်ရေးခဲ့ လို့ရပါတယ်။ နွေးထွေးပျော်ရွှင်တဲ့မိသားစုထမင်းဝိုင်း လေးဖြစ်စေဖို့ဒီအပြင်အဆင်လေးက များစွာ အထောက်အကူဖြစ်စေမှာပါ။

စိတ်အာဟာရဖြည့်တင်းခြင်း

လူသားတွေက ခံစားချက်မပါတဲ့စက်ရုပ်တွေမဟုတ်ပါဘူး။ သွေးနဲ့သားနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူသားတွေမှာ အထူးခြားဆုံးစွမ်းဆောင်ချက်က စိတ်ကူးစိတ်သန်းတွေ၊ စိတ်ခံစားချက်တွေနဲ့ ရှင်သန် လှုပ်ရှားနေကြတာပါပဲ။ ရှုပ်ထွေးပွေလီလှတဲ့လူနေမှုစနစ်ထဲ နေ့စဉ်ရှင်သန်ရတဲ့လူသားတွေမှာ စိတ်စွမ်းအင်တွေ မြင့်မားနေဖို့အရေးကြီးပါတယ်။ စိတ်ဆောင်မှ လူအောင်ဆိုသလိုမျိုး အောင်မြင်မှုတွေအားလုံးအတွက် စိတ်စွမ်းအင်တွေက အရေးကြီးပါတယ်။ စိတ်စွမ်းအင်တွေမြှင့်တင်ပေးနိုင်မယ့်စာသားမျိုးတွေကို အိမ်ရဲ့ဧည့်ခန်းနဲ့ အိပ်ခန်းတွေရဲ့ မြင်သာထင်သာရှိတဲ့နေရာမျိုးတွေမှာ ကျောက်သင်ပုန်းနဲ့မြေဖြူအရေးအသားအပြင်အဆင်လေး ဖန်တီးအလှဆင်လိုက်ပါ။ စိတ်ချမ်းသာဖို့၊ တက်ကြွနိုးကြားဖို့ အမြဲလှုံ့ဆော်ပေးနေတဲ့ဒီစာသားလေးတွေက အဖိုးဖြတ်မရနိုင်အောင် တန်ဖိုးရှိလှပါတယ်။

Credit: mm- Home& Decor

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service