ဝါကျွတ်ကာလတွင် ရန်ကုန်မြို့၏ အိမ်ခြံမြေ အငှားဈေးကွက်ပြန်သွက်လာ

ဝါကျွတ်ကာလတွင် ရန်ကုန်မြို့၏ အိမ်ခြံမြေ အငှားဈေးကွက်ပြန်သွက်လာ - Property News in Myanmar from iMyanmarHouse.com
12 Nov 2018 11:27 am တွင် တင်ခဲ့သည်
911 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အနေနဲ့ ဆင်ခြေဖုံးမြို့နယ်ရပ်ကွက်များတွင် ပိုမိုသွက်လာလျက်ရှိသည်။ ဆင်ခြေဖုံးရပ်ကွက်ဒေသများတွင် ပျဉ်ထောင်အိမ်အခန်း ငှားရမ်းခဈေးနှုန်းများမှာ နေအိမ်နှင့် ရပ်ကွက်ကောင်းမွန်မှုနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများအရ အိမ်ခန်းတစ်ခန်းလျှင် ငွေကျပ် ငါးသောင်း၊ ခြောက်သောင်းဝန်းကျင်ရှိနေပြီး တိုက်ခန်းဈေးနှုန်းများမှာ တစ်ခန်းလျှင် ငွေကျပ် တစ်သိန်းမှ တစ်သိန်းခွဲ အထိရှိနေကြောင်း သိရသည်။

အငှားဈေးကွက်သွက်လက်နေသကဲ့သို့ အရောင်းအဝယ်ဈေးကွက်လည်းနေရာအချို့၌ အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ အရောင်းအဝယ်ဈေးကွက်များတွင် ကိုယ်တိုင်နေထိုင်သူများမှာ ငွေကျပ် သိန်းငါးဆယ်မှ သိန်းနှစ်ရာအတွင်း မြေကွက်များနှင့် နေအိမ်များကို ဝယ်ယူမှုများ ရှိနေသည်။

အဆိုပါ ငွေကျပ် သိန်းငါးဆယ်မှ ငွေကျပ် သိန်းနှစ်ရာ တန်မြေကွက်နှင့် နေအိမ်များမှာ (၂၀၁၄)ခုနှစ် အိမ်ခြံမြေ ဈေးကွက် ခေတ်ကောင်းစဉ်က ငွေကျပ် သိန်းသုံးရာမှ ငါးရာအထိ ဈေးခေါ်ရောင်းချနေသည့် မြေကွက်နှင့် နေအိမ်များဖြစ်သည်။ လက်ရှိ အငှားဈေးကွက်တွင် ဆင်ခြေဖုံးရပ်ကွက်တော်တော်များများတွင် အခန်းလွတ်မကျန်အောင် ငှားရမ်းနေရသည်ဟု ဆိုသည်။ ရန်ကုန် အိမ်ခြံမြေ ဈေးကွက်သည် (၂၀၁၄)ခုနှစ်အတွင်း ဈေးကွက်အကောင်းမွန်ဆုံး အခြေအနေကို ရောက်ရှိခဲ့ပြီး နောက်ပိုင်းကာလများတွင် ဈေးကွက်ပြန်လည်အေးစက်သွားခဲ့သည်။

ယခု (၂၀၁၈)ခုနှစ် ဝါကျွတ်ကာလအပြီး အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာပြီး (၂၀၁၇)ခုနှစ်နှင့် (၂၀၁၈)ခုနှစ် ဈေးကွက်နှိုင်းယှဉ်ချက်အရ အရောင်းရော အငှားပါ (၁၀)ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်သည်။ အိမ်ခြံမြေဈေးကွက်အတွင်း (၂၀၁၄)ခုနှစ်မှ (၂၀၁၈)ခုနှစ် မတိုင်မီ ကြားကာလအတွင်း အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းခံရပြီး အိမ်ခြံမြေနှင့် ပက်သက်သည့် အခွန်နှုန်းထားများမြင့်တက်လာခြင်းစသည့် အခြေအနေများကြောင့် ဈေးကွက်စောင့်ကြည့်နေသဖြင့် ဈေးကွက်အေးစက်သွားခဲ့ခြင်းဖြစ်သည်ဟု ဆို၏။

လက်ရှိတွင် နိုင်ငံခြားသားအများစုဝယ်ယူနိုင်မည့် ကွန်ဒိုမီနီယံနည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည့်အပြင် ကွန်ဒိုမီနီယံများလည်း ဖွဲ့စည်းပြီးဖြစ်သည်။ လက်ရှိတွင် ဒေါ်လာဈေးမတည်ငြိမ်သည့်အပြင် ရွှေဈေးလည်းမြင့်တက်နေသဖြင့် အိမ်ခြံမြေဈေးကွက်သို့ ရင်းနှီးမြှုပ်နှံမှုအချို့ရှိလာကြောင်း သိရသည်။

Credit: Zaygwet Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
pan-swal-taw
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service