အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်သည့်ကုမ္ပဏီသစ် ခြောက်ထောင်ခန့်ရှိ - Property News in Myanmar | iMyanmarHouse.com
အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်သည့်ကုမ္ပဏီသစ် ခြောက်ထောင်ခန့်ရှိ - Property News in Myanmar from iMyanmarHouse.com
429 ကြိမ် ကြည့်ရှု့ ပြီး

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်သည့်ကုမ္ပဏီသစ် ခြောက်ထောင်ခန့်ရှိ

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

ဩဂုတ်လမှ နိုဝင်ဘာလအထိ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအသစ်ပေါင်း ခြောက်ထောင်ခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်များ စတင်ဆောင်ရွက်စဉ်က နည်းပညာပိုင်း အခက်အခဲများကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင် ကောင်းမွန်နေပြီဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ကုမ္ပဏီအသစ်ရော၊ အဟောင်းရော ပေါင်းရင် နှစ်သောင်းခုနစ်ထောင်နီးပါးလောက် အွန်လိုင်းကနေ မှတ်ပုံတင်ထားပါတယ်”ဟု ၎င်းကဆိုသည်။

ကုမ္ပဏီဟောင်းများ ပြန်လည်မှတ်ပုံတင်ရန် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ခြောက်လပြည့်သည်အထိ အချိန်ပေးထားပြီး လက်ရှိအချိန်တွင် ကုမ္ပဏီအဟောင်း သုံးသောင်းကျော်သာ မှတ်ပုံတင်ရန် ကျန်ရှိတော့ကြောင်း၊ သတ်မှတ်ထားသည့်ရက်အတွင်း မဆောင်ရွက်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မှတ်ပုံတင်အွန်လိုင်းစနစ် အောင်မြင်ပါက နောက်တစ်ဆင့်အနေနှင့် ရင်းနှီးမြှုပ်နှံမှုလျှောက်လွှာများကိုလည်း အွန်လိုင်းမှတစ်ဆင့် ပေးပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စီးပွားရေးလုပ်ငန်း အစဖြစ်သည့်မှတ်ပုံတင်ခြင်းကို လွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကမ္ဘာ့ဘဏ်၏ Starting Business အဆင့်တွင် မြန်မာက အဆင့်တက်လာမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းသည် အချိန်ကုန်သက်သာပြီး လွယ်ကူသည့်အပြင် မိတ်ဖက်လုပ်မည့်ကုမ္ပဏီများ၏ အချက်အလက်များကို သိရှိစေရန် ဝန်ဆောင်မှုပေးသောကြောင့် ယခင်စာရင်း စနစ်ထက် ပိုမိုအဆင်ပြေကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက မှတ်ချက်ပြုပြောကြားသည်။

 

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကွန်ဒိုဈေးကွက်ကို စီမံခန့်ခွဲရေးကော်မတီက အထောက်အကူ ပြုလာနိုင်မလား
မလေးရှားအစိုးရက လာမည့် (၁၀)နှစ်အတွင်း တန်ဖိုးသင့်လူနေခန်းပေါင်း တစ်သန်းခန့်အထိ ဆောက်လုပ်မည်...
စင်္ကာပူအိမ်ခြံမြေ developer ဖြစ်သော Oxley Holdings Ltd က စင်္ကာပူရှိ ဟိုတယ်များကို ဒေါ်လာ သန်း ၉၅၀ ဖြင့် ရောင်းချရန် စီစဉ်...
၂၀၁၉ ခုနှစ်အတွင်း သြစတေးလျသည် ကမ္ဘာကျော်တွင် အိမ်ခြံမြေဈေးနှုန်း အကျဆင်းဆုံးနိုင်ငံဖြစ်လာမည်ဟုဆို...
မြန်မာ့ပထမဆုံး ရေအောက်ငါးပြတိုက်ကို လာမည့် ဧပြီလတွင် ဖွင့်လှစ်နိုင်တော့မည်
မှတ်ပုံတင်ရန် နောက်ကျသည့် ကုမ္ပဏီများ ဒဏ်ကြေး ဆောင်ရမည်
ပြည်ပသို့ ရွှေတင်ပို့ခွင့်ပြုထားသော်လည်း လက်ရှိအချိန်အထိ မပို့နိုင်သေး
ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းပြန်လည်စတင်နိုင်ရန် အီတာလျံ−ထိုင်းကုမ္ပဏီကို မကြာမီ လုပ်ကိုင်ခွင့်ပေးမည်...
မဲပေါက်ထားသည့် တိုင်းအစိုးရအိမ်ရာ အခန်းပေါင်း ၇၀ဝ ကျော်နေထိုင်ခွင့်ကြန့်ကြာနေမှု ဂျပန်ချေးငွေ စောင့်ဆိုင်းနေရခြင်းကြောင့်ဟုဆို...
ပေါ့ပ်ကြယ်ပွင့် ရီဟားနား၏ နေအိမ်အတွင်း လူတစ်ဦးဝင်လာကာ တစ်ညလုံးနေထိုင်သွားခြင်းကြောင့် ပြန်လည်ရောင်းထုတ်ရန် စီစဉ်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine