တရုတ်ပြည်မကြီး၏ အကြီးမားဆုံး developer ဖြစ်သော Evergrande က ပြည်ပရှိ တန်ဖိုးအကြီးဆုံး ပိုင်ဆိုင်မှုဖြစ်သော ဟောင်ကောင်ရုံးခန်းတာဝါကို အပေါင်ထားကာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံချေးယူ
တရုတ်ပြည်မကြီး၏ အကြီးမားဆုံး developer ဖြစ်သော Evergrande က ပြည်ပရှိ တန်ဖိုးအကြီးဆုံး ပိုင်ဆိုင်မှုဖြစ်သော ဟောင်ကောင်ရုံးခန်းတာဝါကို အပေါင်ထားကာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံချေးယူ - Property News in Myanmar from iMyanmarHouse.com
26 Oct 2018 11:51 am တွင် တင်ခဲ့သည်
864 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်မကြီး၏ အကြီးမားဆုံး developer ဖြစ်သော Evergrande သည် ကြွေးမြီများ ပြန်လည်ပေးဆပ်ရန်နှင့် ရှယ်ယာအမြတ်ငွေများ ခွဲဝေပေးရေးအတွက် ပြည်ပရှိ တန်ဖိုးအကြီးဆုံး ပိုင်ဆိုင်မှုဖြစ်သော ဟောင်ကောင်ရုံးခန်းတာဝါကို အပေါင်ထားကာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံချေးယူလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ကုမ္ပဏီဥက္ကဌဖြစ်သူ နာမည်ကျော်သူဌေးကြီး ရှုကျားယင်သည် တရုတ်ပြည်အိမ်ခြံမြေလောကတွင် အချမ်းသာဆုံးသူဌေးကြီးအဖြစ် နှစ်နှစ်ဆက်တိုက်ရပ်တည်ခဲ့ပြီး ကြွယ်ဝမှုမှာ ယွမ်ငွေ ၂၁၅ ဘီလီယံ (ကန်ဒေါ်လာ ၃၁ ဘီလီယံ) ရှိသည်ဟု ခန့်မှန်းထားကြသည်။
သို့တိုင်အောင် ၎င်း၏ ကုမ္ပဏီမှာ ဟောင်ကောင်ရှိ China Evergrande Centre ကြီး၏ ရှယ်ယာများကို အပေါင်ထားကာ ငွေချေးယူနေရလျက်ရှိခြင်းဖြစ်သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ တရုတ်အာဏာပိုင်တို့က အိမ်ခြံမြေလောကအပေါ် စည်းမျဉ်းတင်းကြပ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အရောင်းအဝယ်နှေးကွေးသွားရသည့်အတွက်လည်း ဖြစ်သည်။
Evergrande သည် ဝမ်ချိုင်းအရပ်တွင်ပင် တည်ရှိသော ဂလော့ဆက်စ်တာလမ်းပေါ်ရှိ Mass Mutual တာဝါအရောင်းအဝယ် အပြီးမသတ်သေးမီတွင်ပင် ယခုကဲ့သို့ ပေါင်နှံလိုက်ခြင်းလည်း ဖြစ်သည်။
Mass Mutual တာဝါကို ဝယ်ယူမှုအဆင့်ပေါင်းများစွာဖြင့် တဆင့်ချင်းဝယ်ယူသွားရန် ၂၀၁၅ ခုနှစ်အတွင်း သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး ဟောင်ကောင်ဒေါ်လာ ၁၂ ဒသမ ၅ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ရိုက်တာသတင်းတွင် ဖော်ပြချက်အရ ကြွေးမြီများစွာတင်ရှိနေသော ရှန်းဇန်အခြေစိုက် Evergrande သည် ၂၆ ထပ် ရုံးခန်းအဆောက်အအုံကြီးကို အပေါင်ထားကာ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံချေးငွေရယူရန်အတွက် ဘဏ္ဍာရေးလုပ်ငန်းများစွာနှင့် ညှိနှိုင်းလျက်ရှိနေကြောင်း ဖော်ပြထားသည်။
ဟောင်ကောင်ရှိ အဆောက်အအုံကို အပေါင်ထားရခြင်း၏ အကြောင်းရင်းတစ်ရပ်မှာ Evergrande ၏ ပြည်ပကြွေးမြီများကြောင့်ဖြစ်သည်ဟု ဆိုသည်။
Evergrande သည် ဇွန်လကုန်ပိုင်းအချက်အလက်များအရ ပြည်ပတွင် ကြွေးမြီစုစုပေါင်း ကန်ဒေါ်လာ ၁၆ ဒသမ ၄ ဘီလီယံခန့်အထိ တင်ရှိနေသည်။
တရုတ်အာဏာပိုင်တို့က ပြည်မကြီးရှိ အရင်းအနှီးများကို ပြည်ပသို့ စီးထွက်ခြင်း တင်းကျပ်စွာ တားမြစ်ကိုင်တွယ်လျက်ရှိခြင်းကြောင့် ပြည်ပကြွေးမြီများ ပေးဆပ်ရေး အခက်ကြုံရခြင်းလည်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
အပေါင်ထားခဲ့သော Evergrande Centre မှာ ဟောင်ကောင်ရှိ ဝမ်ချိုင်းအရပ်တွင် တည်ရှိသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
thukha-garden-residence
kalaw-garden-valley
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service