တိုက်တန်းနစ်သင်္ဘောကြီး၏ လက်မှတ်များ ရောင်းချပေးခဲ့ဖူးသည့် အဆောက်အအုံကြီးရှိ လူနေခန်းတစ်ခန်း ပေါင် ၁၀ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ

တိုက်တန်းနစ်သင်္ဘောကြီး၏ လက်မှတ်များ ရောင်းချပေးခဲ့ဖူးသည့် အဆောက်အအုံကြီးရှိ လူနေခန်းတစ်ခန်း ပေါင် ၁၀ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
22 Oct 2018 12:45 pm တွင် တင်ခဲ့သည်
1092 ကြိမ် ကြည့်ရှု့ပြီး

တိုက်တန်းနစ်သင်္ဘောကြီး၏ လက်မှတ်များ ရောင်းချပေးခဲ့ဖူးသည့် အဆောက်အအုံကြီးရှိ လူနေခန်းတစ်ခန်း ပေါင် ၁၀ သန်းကျော်ဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

အဆောက်အအုံတည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင်ဖြစ်ပြီး ယခုရောင်းချမည့်အခန်းတွင် အိပ်ခန်း ၃ ခန်းပါဝင်ကာ အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၃၅၀၀ ကျော် ကျယ်ဝန်းသည်။

Oceanic House ဟုအမည်ရှိသော အဆောက်အအုံကြီးသည် RMS Titanic သင်္ဘောကြီး၏ ပထမဆုံးခရီးစဉ်အတွက် လက်မှတ်များ ရောင်းချပေးခဲ့သည့်ရုံးစိုက်ခဲ့ရာ ဖြစ်သည်။

ကွပ်ခ်စပါးလမ်းပေါ်တွင် တည်ရှိပြီး ၁၉၀၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဗြိတိသျှသင်္ဘောကုမ္ပဏီ White Star Line ၏ ရုံးချုပ်စိုက်ရာဖြစ်ခဲ့သည်။

ယင်းကုမ္ပဏီမှ ပြေးဆွဲသော တိုက်တန်းနစ်သင်္ဘောကြီးသည် ၁၉၁၂ ခုနှစ်တွင် ပထမဆုံးခရီးစဉ်ထွက်ခဲ့စဉ်တွင်ပင် နစ်မြုပ်သွားခဲ့သည်။

Oceanic House အဆောက်အအုံကြီးကို အင်္ဂလန် developer များဖြစ်သော Oceanic Property Holdings Ltd နှင့် Misland Capital Ltd တို့က မွမ်းမံထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အဆောက်အအုံကြီး၏ မြင့်မိုရ်ပိတ်အမိုးခုံးနှင့် ပင်မဝင်ပေါက်ရှိ လက်ရန်းပွတ်လုံးများကို ပြန်လည်မွမ်းမံခဲ့ခြင်း ဖြစ်သည်။

အတွင်းပိုင်းကိုမူ ရာနှုန်းပြည့်မွမ်းမံမှုများပြုလုပ်ခဲ့ပြီး လူနေခန်း ၆ ခန်းနှင့် duplex penthouse ခန်းတစ်ခန်းအဖြစ် ပြန်လည်ဖွဲ့စည်း ခဲ့သည်။

အိပ်ခန်း ၃ ခန်းပါ ယခုအခန်းကို ပြီးခဲ့သောစက်တင်ဘာလအတွင်းက စတင်ဈေးကွက်တင်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်အိမ်ခြံမြေ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Rightmove တွင် ဖော်ပြသည်။

အကျယ်အဝန်း ၃၅၈၈ စတုရန်းပေရှိပြီး ကြမ်းပြင်အောက်အပူပေးစနစ်၊ ငါးရိုးသဏ္ဍာန်ပုံဖော်ကြမ်းခင်း၊ နံနက်စာစားခန်း၊ ညစာစားခန်းတို့ ပါဝင်သည်။

Master Bedroom တွင် ရေချိုးခန်း ၂ ခန်း၊ နံရံမြှုပ်ဗီရိုများ ပါဝင်သည့် အဝတ်အစားထားသိုခန်း ၂ ခန်းတို့ ပါဝင်ကြောင်း Strutt & Parker အိမ်ခြံမြေကုမ္ပဏီ၏ ကြော်ငြာတွင် ဖော်ပြသည်။

တိုက်တန်းနစ်သင်္ဘောကြီးသည် အင်္ဂလန်နိုင်ငံ၊ ဆောက်သမ်တန်မှ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ ဦးတည်ကာ ၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး ခရီးသည်နှင့် သင်္ဘောဝန်ထမ်းပေါင်း ၁၅၀၀ ကျော်သေဆုံးခဲ့ရသည်။

White Star Line သည် ၁၉၂၉ ခုနှစ်အထိ ရုံးဖွင့်ခဲ့ပြီးနောက်ပိုင်းတွင် ဘာကလေဘဏ်၏ လန်ဒန်ရုံးဖြစ်လာကာ တဖန် ကာကွယ်ရေးဝန်ကြီးဌာနရုံးဖြစ်လာခဲ့ပြန်သည်။

၁၉၉၀ ပြည့်လွန်ကာလများတွင်ကား Texas Embassy အမည်ဖြင့် စားသောက်ဆိုင်ဖွင့်လှစ်ခဲ့ရာ ၂၀၁၂ ခုနှစ်အထိ ဖြစ်သည်။

ခေါ်ဈေး- ပေါင် ၁၀ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၁၃ ဒသမ ၈၄ သန်း)

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
thukha-garden-residence
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service