လီယိုနာဒို ဒီကာပရီယိုနှင့် ဆက်နွှယ်မှုများရှိနေသော စံအိမ်ကြီး ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

လီယိုနာဒို ဒီကာပရီယိုနှင့် ဆက်နွှယ်မှုများရှိနေသော စံအိမ်ကြီး ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
18 Oct 2018 11:38 am တွင် တင်ခဲ့သည်
1657 ကြိမ် ကြည့်ရှု့ပြီး

လီယိုနာဒို ဒီကာပရီယိုနှင့် ဆက်နွှယ်မှုများရှိနေသော စံအိမ်ကြီး ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

လော့စ်အိန်ဂျလိမြို့လယ်၏ မြောက်ဘက် Silver Lake အရပ်တွင် တည်ရှိပြီး စပိန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော အဆိုပါစံအိမ်ကြီးသည် မျက်မှောက်ခေတ် ဟောလိဝုဒ်၏ အကြီးကျယ်ဆုံး ကြယ်ပွင့်တစ်ဦးနှင့် ဆက်နွှယ်မှုများ ရှိနေသည်။ ၁၉၃၁ ခုနှစ်က ဆောက်လုပ်ခဲ့သော စံအိမ်ကြီးဖြစ်ပြီး မူရင်းလက်ရာများစွာ ထိန်းသိမ်းထားဆဲဖြစ်သည်။

သစ်မာသားနှင့် ပါကေးကြမ်းခင်းများ၊ ယက်မတန်းများ ထင်ရှားတွေ့နေရသည့် မျက်နှာကျက်များ၊ အမိုးခုံးအဝင်လမ်းများ၊ ပြင်သစ်တံခါးများ၊ ခမ်းနားလှသည့် ဧည့်ခန်းဆောင်မီးလင်းဖိုကြီး အစရှိသည်တို့ကို ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၃၅၆၀ ရှိပြီး အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းမှာ အထပ်အသီးသီးတွင် ဖြန့်ကျက်တည်ရှိကာ ဓာတ်လှေကားတစ်ခုလည်း ထည့်သွင်းထားသည်။

ခြံအကျယ်အဝန်း စတုရန်းပေ ၆၄၈၄ ရှိပြီး ခြံဝန်းအတွင်း ရေကူးကန်တစ်ခု၊ ရေတံခွန်တစ်ခုပါသည့် အိမ်နောက်ဘက်ခြံဝန်းတို့လည်း တွေ့ရသည်။

အိမ်ခြံမြေမှတ်တမ်းများအရ ယင်းစံအိမ်သည် လီယိုနာဒို ဒီကာပရီယို၏ ညီအစ်ကိုဝမ်းကွဲ ၊ စီးပွားဖက်တစ်ဦးဖြစ်သူ ရောဘတ် ဟာတီကာ ပိုင်ဆိုင်သည့် ကုမ္ပဏီပိုင်ဖြစ်သည်ဟု ဆိုသည်။

လော့စ်အိန်ဂျလိရှိ လီယိုနာဒို ပိုင်ဆိုင်ထားသော အခြားအိမ်ခြံမြေ အနည်းဆုံး ၃ ခုကို ဟာတီကာပိုင်ဆိုင်သည့် ကုမ္ပဏီများမှတစ်ဆင့် ဝယ်ယူခြင်း ၊ ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။

မကြာသေးမီကပင် ဟာတီကာ၏ ကုမ္ပဏီတစ်ခုသည် Los Feliz Oaks အရပ်တွင် တူးဒေါ်ရီဗိုက်ဗယ်လ် ဗိသုကာဟန် စံအိမ်ကြီးတစ်လုံးကို ဝယ်ယူထားခဲ့ပြီး အဆိုပါစံအိမ်သို့ လီယိုနာဒို၏ မိသားစုဝင်များ ပြောင်းရွှေ့လာဖွယ်ရာရှိသည်။

Hilton & Hyland ကုမ္ပဏီက ဈေးကွက်တင်ပေးခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၄၉ သန်းဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service