ကမ္ဘာ့နေထိုင်ရန် ကုန်ကျစရိတ်အများဆုံးမြို့အဖြစ် စင်္ကာပူ ရပ်တည်ဆဲ

ကမ္ဘာ့နေထိုင်ရန် ကုန်ကျစရိတ်အများဆုံးမြို့အဖြစ် စင်္ကာပူ ရပ်တည်ဆဲ - Property News in Myanmar from iMyanmarHouse.com
17 Oct 2018 12:18 pm တွင် တင်ခဲ့သည်
1507 ကြိမ် ကြည့်ရှု့ပြီး

စင်္ကာပူသည် ဗြိတိန်အခြေစိုက် သုတေသနနှင့်အကြံပေးလုပ်ငန်း Economist Intelligence Unit (EIU) မှ ပြုလုပ်သည့် ကမ္ဘာ့နေထိုင်မှုကုန်ကျစရိတ်စစ်တမ်း၏ ထိပ်ဆုံးနေရာတွင် ငါးနှစ်ဆက်တိုက်ရပ်တည်လိုက်ပြန်ကာ ကမ္ဘာ့ဈေးအကြီးဆုံးမြို့ (သို့) ကမ္ဘာ့နေထိုင်ရန် ကုန်ကျစရိတ်အများဆုံးမြို့အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်အထိ ကမ္ဘာပေါ်ရှိ ၁၃၃ မြို့တို့မှ ထုတ်ကုန်နှင့် ဝန်ဆောင်မှု စုစုပေါင်း ၁၅၀ ကျော်၏ ဈေးနှုန်းများကို လေ့လာထားသည့် ၎င်းယခုနှစ်စစ်တမ်းတွင် ဟောင်ကောင်၊ ဆိုးလ်နှင့် ဆစ်ဒနီတို့က စတုတ္ထ၊ ဆဋ္ဌမနှင့် ဒသမနေရာတို့ကို အသီးသီးရရှိခဲ့ကြသည်။

စင်္ကာပူက နံပါတ် ၁၃ နေရာတွင် ဖော်ပြခံရသည့်၊ ကုန်ကျစရိတ်စံအမှတ်ဖြစ်သော နယူးယောက်စီးတီးထက် ၁၆ ရာခိုင်နှုန်း ပိုမိုဈေးကြိးကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်စာရင်းတွင် ဒုတိယနေရာဖော်ပြခံရသော ဟောင်ကောင်၏ နေရာကို ပဲရစ်က ယခုနှစ်စာရင်း၌ သိမ်းပိုက်ခဲ့သည်။ စာရင်း၏ ထိပ်တန်း ၁၀ နေရာတွင် တစ်ခုတည်းသော ဥရောပဧရိယာမြို့ဖြစ်သည့် ပဲရစ်တွင် အခြားဥရောပဈေးကွက်များထက် အရက်၊ ပို့ဆောင်ရေးနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးတို့၏ဈေးနှုန်းများ ပိုမို သက်သာသော်လည်း နေထိုင်ရန် အလွန်အမင်းဈေးကြီးဆဲဖြစ်ကြောင်း EIU ဆန်းစစ်လေ့လာသူများက ထုတ် ပြန်ခဲ့သည်။ ပဲရစ်တွင် ဝိုင်တစ်လုံး၏ ပျမ်းမျှဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၀ ဒေါ်လာဖြစ်ပြီး စင်္ကာပူတွင် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆၈ ဒေါ်လာဖြစ်သည်။

စင်္ကာပူတွင် အဆင့်မြင့်အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၂၅ ခုနှစ်မကုန်မီ နှစ်ဆမြင့်တက်နိုင်ကြောင်း Panache Management ၏ အမှုဆောင်အရာရှိချုပ် အဲလက်စ်ရှလင်းက ပြောကြားခဲ့သည်။

ဈေးအပေါဆုံးမြို့အဖြစ် စာရင်း၏ နံပါတ် ၁၃၃ ၌ ဒမတ်စကပ်က ရပ်တည်ဆဲဖြစ်ကာ ဘန်ဂလိုးနှင့် ကရာချိ တို့ကလည်း အဆင့် ၁၂၉ နှင့် ၁၂၇ တို့တွင် ဈေးအပေါဆုံးအာရှမြို့များအဖြစ် ရပ်တည်ဆဲဖြစ်ကြောင်း သိရသည်။

EIU ၏ ကမ္ဘာ့နေထိုင်မှုကုန်ကျစရိတ်စစ်တမ်းအရ ကမ္ဘာ့ဈေးအကြီးဆုံး ၁၀ မြို့မှာ -

၁။ စင်္ကာပူ၊ စင်္ကာပူ

၂။ ပဲရစ်၊ ပြင်သစ်

၃။ ဇူးရစ်ခ်ျ၊ ဆွစ်ဇာလန်

၎။ ဟောင်ကောင်၊ ဟောင်ကောင်

၅။ အော်စလို၊ နော်ဝေ

၆။ ဂျီနီဗာ၊ ဆွစ်ဇာလန်

၇။ ဆိုးလ်၊ တောင်ကိုရီးယား

၈။ ကိုပင်ဟေဂင်၊ ဒိန်းမတ်

၉။ တယ်လ်အဗစ်၊ အစ္စရေး

၁၀။ ဆစ်ဒနီ၊ သြစတြေးလျ တို့ဖြစ်ကြပါသည်။

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ

kalaw-garden-valley
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service