အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ဂျက်ကလင်းကနေဒီတို့ ပျားရည်ဆမ်းထွက်ခဲ့သည့် စံအိမ်ကြီး (နေအိမ် အချက်အလက်များ)

အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ဂျက်ကလင်းကနေဒီတို့ ပျားရည်ဆမ်းထွက်ခဲ့သည့် စံအိမ်ကြီး (နေအိမ် အချက်အလက်များ) - Property News in Myanmar from iMyanmarHouse.com
17 Oct 2018 11:31 am တွင် တင်ခဲ့သည်
747 ကြိမ် ကြည့်ရှု့ပြီး

ခေါ်ဈေး- ကန်ဒေါ်လာ ၁၃၅ ၀၀၀ ၀၀၀

ဈေးကွက်သို့ စတင်ရောက်ရှိသည့်နေ့- လွန်ခဲ့သော ၁၉ ရက်က

အခန်းများ- ညစာစားခန်း၊ Master Bedroom ၊ မိသားစုနားနေခန်း၊ ဧည့်သည် (သို့) ဝန်ထမ်းအခန်းများ၊ ဧည့်ခန်း၊ တေးဂီတခန်း၊ ရုံးခန်း၊ အပန်းဖြေခန်း၊ အဝတ်အစားထားသိုခန်း၊ အရက်ဘား

မီးလင်းဖို- ၆ ခု

အသုံးအဆောင်- ပန်းကန်ဆေးစက်၊Freezer ၊ ရေခဲသေတ္တာအစရှိသည်တို့အပြင် အခြားအသုံးအဆောင်များစွာ

ကြမ်းခင်း- ကော်ဇော

စုစုပေါင်းအိပ်ခန်း- ၁၉ ခန်း

စုစုပေါင်း ရေချိုးခန်း- ၂၉ ခန်း

တည်နေရာ- လော့စ်အိန်ဂျလိမြို့

အအေးပေးစနစ်- ဗဟိုလေအေးပေးစနစ်

အပူပေးစနစ်- ဗဟိုအပူပေးစနစ်

ဗိသုကာဟန်- မြေထဲပင်လယ်

ဆောက်လုပ်ခဲ့သည့်ခုနှစ်-၁၉၂၆

အခြားအဆောက်အအုံ- ဧည့်ဂေဟာအိမ်

မြေအကျယ်အဝန်း- ၁၅၃၆၉၂ စတုရန်းပေ

အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ဂျက်ကလင်းကနေဒီတို့ ပျားရည်ဆမ်းထွက်ခဲ့သည့် စံအိမ်ကြီး အရောင်းဈေးကွက် ဝင်လာသည်။

အဆိုပါစံအိမ်ကြီးသည် နာမည်ကျော် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်၊ မီဒီယာသူဌေးကြီး ဝီလျံ ရန်းဒေါ့ဖ် ဟာ့စ်ထ်၏ စံအိမ်ဖြစ်ခဲ့ပြီး The Bodyguard and The Godfather ရုပ်ရှင်ဇာတ်ကားတွင်လည်း ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။

အမေရိက၏ နာမည်အကျော်ဆုံးစံအိမ်များတွင် တစ်လုံးအပါအဝင်ဖြစ်ပြီး The Beverly House ဟု အမည်ပေးထားပြီး လက်ရှိခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၃၅ သန်း ဖြစ်သည်။

နေအိမ်အကျယ်အဝန်း စတုရန်းပေ ၅၀၀၀ ရှိပြီး ခြံဝန်းအကျယ်မှာ ၃ ဒသမ ၅ ဧကရှိကာ နေအိမ်အတွင်း အိပ်ခန်း ၁၉ ခန်းနှင့် ရေချိုးခန်း ၂၉ ခန်းအထိ ပါဝင်သည်။

၁၉၂၇ ခုနှစ်တွင် ဂေါ်ဒွန် ကပ်ဖ်မန်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလကမူ သတင်းစာသူဌေးကြီး ဝီလျံ ရန်းဒေါ့ဖ် ဟာ့စ်ထ်နှင့် ဇနီးဖြစ်သူ ရုပ်ရှင်မင်းသမီး မာရီယွန် ဒါဗီးစ်တို့၏ အလေးအထားဆုံး စံအိမ်အဖြစ် အသုံးပြုခဲ့ပြီး ယခုအခါတွင် ဟောလိဝုဒ်ရွှေခေတ်၏ ပြယုဂ်တစ်ခုအဖြစ် အများက အသိအမှတ်ပြုထားသည်။

အိတ်ခ်ျ-ဖောင်းမ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ရှည်လျားသော ကော်လံတိုင်များ၊ ကျယ်ပြန့်သော လသာဆောင်များ၊ ကြမ်းပြင်မှ မျက်နှာကျက်ထိမြင့်မားသည့် အမိုးခုံးပြတင်းများ ထည့်သွင်းဆောက်လုပ်ထားသည်။

လက်မှုအနုပညာ မှန်ကူကွက်များဖြင့် မွမ်းမံထားသည့် နှစ်ထပ်စာကြည့်တိုက်၊ အဆင့်မြင့်နည်းပညာသုံး Spa၊ ငါးရိုးဟန် ခင်းကျင်းထားသော ပါကေးကြမ်းခင်းများဖြင့် ဘိလက်ယက်ခန်းမတစ်ခု၊ မီးလင်းဖိုတစ်ခု၊ ဆန်းကြယ်ရှုပ်ထွေးစွာ ဒီဇိုင်းဆင်ထားပြီး နာမည်ကျော် ဟာ့စ်ထ်ရဲတိုက်ကြီးရှိ မျက်နှာကြက်တစ်ခုနှင့် ထပ်တူဆောက်လုပ်ထားသည့် မျက်နှာကြက်တို့ ပါဝင်သည်။

ယခုစံအိမ်ကြီးသည် ဂျွန်အက်ဖ်ကနေဒီနှင့် ဂျက်ကလင်းတို့ ပျားရည်ဆမ်းခရီးထွက်ခဲ့သည့် နေရာများအနက် တစ်ခု အပါအဝင်ဖြစ်ပြီး နောက်ပိုင်းတွင် ဂျွန်အက်ဖ်ကနေဒီ၏ အနောက်ဘက်ကမ်းရိုးတန်းဒေသ ရွေးကောက်ပွဲရုံးချုပ်ဖြစ်လာသည်။

မာလွန် ဘရန်ဒို ပါဝင်သရုပ်ဆောင်ခဲ့သည့် The Godfather ရုပ်ရှင်ဇာတ်ကားကြီးနှင့် ဝှစ်တ်နေး ဟတ်စ်တန်၊ ကီဗင် ကော့စ်နာတို့ ပါဝင်သရုပ်ဆောင်သည့် The Bodyguard ဇာတ်ကားတို့တွင် ယင်းစံအိမ်ကြီးကို ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။နာမည်ကျော် ဘီဗာလီဟေးစ် ဟိုတယ်နှင့် ၃ ဘလောက်အကွာတွင် တည်ရှိပြီး ဧည့်သည်ပေါင်း ၄၀၀ အတွက် ညစာစားနိုင်သည့်နေရာ ပါဝင်သည်။

Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်တစ်ဦးဖြစ်သူ ဂျိတ်ဒ် မေးလ်စ်က ဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service