တရုတ်အခြေစိုက် အလီဘာဘာကုမ္ပဏီ မြန်မာနိုင်ငံ၌ ပထမဆုံးဈေးရောင်းပွဲကျင်းပမည်

တရုတ်အခြေစိုက် အလီဘာဘာကုမ္ပဏီ မြန်မာနိုင်ငံ၌ ပထမဆုံးဈေးရောင်းပွဲကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
16 Oct 2018 12:57 pm တွင် တင်ခဲ့သည်
3048 ကြိမ် ကြည့်ရှု့ပြီး

တရုတ်အခြေစိုက် e-Commerce ကုမ္ပဏီ အလီဘာ ဘာက နိုဝင်ဘာ ၁၁ ရက်တွင် တစ်ကမ္ဘာလုံး၌ တစ်နေ့တည်း ပြိုင်တူကျင်းပမည့် ဈေးရောင်းပွဲ ကို မြန်မာနိုင်ငံတွင်လည်း ပြုလုပ် မည်ဟု သတင်းထုတ်ပြန်သည်။

e-Commerce ကုမ္ပဏီ Daraz ပိုင်ဆိုင်သည့် Shop.com.mm ကို အလီဘာဘာက ၂၀၁၈ မေလအတွင်း ဝယ်ယူပြီးနောက် 11.11 အမည်ရှိ ဈေးရောင်းပွဲကိုကမ္ဘာနှင့်ယှဉ်ကာ မြန်မာနိုင်ငံ တွင် ပထမဆုံးပြုလုပ်ရန် စီစဉ် ခြင်းဖြစ်သည်။

‘‘ အက်ပလီကေးရှင်း (သို့ မဟုတ်) ဝက်ဘ်ဆိုက်ကနေ ဝယ် ရမှာပါ။ ရှိသမျှပစ္စည်းအားလုံး လျှော့ဈေးများများနဲ့ ရောင်းပေး မှာပါ။ တစ်ရက်တည်းလုပ်မယ်။ တစ်ကမ္ဘာလုံး တစ်ချိန်တည်း ရောင်းပေးမယ်’’ဟု Shop.com. mm ပြန်ကြားရေးတာဝန်ခံ မခင် သက်က ပြောသည်။

အလီဘာဘာအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း သည် ဈေးကွက်အတွင်း ပြည့်စုံမှု မရှိသော ငွေပေးချေမှုစနစ်နှင့် သယ်ယူထောက်ပံ့ရေးစနစ်ကို လမ်းဖောက်ပေးမည်ဖြစ်သဖြင့် အပေါင်းလက္ခဏာရှိကြောင်း ဇော်ဂျီ Mart ဈေးဝယ်ဝက်ဘ်ဆိုက်တည်ထောင်သူ ဦးဇော်မင်း အောင်က ပြောသည်။

‘‘တစ်ဦးတစ်ယောက်အနေ နဲ့ လုပ်ကိုင်နေသူတွေအတွက်က တော့ အထိနာနိုင်တယ်။ သူတို့က အလီဘာဘာကနေ ယူရောင်းနေ ကြတာလေ။ အလီဘာဘာက သာ သူတို့ထုတ်ကုန်တွေကို ဒီမှာ ပုံစံတစ်မျိုးနဲ့ ရောင်းမယ်ဆိုရင် ထုတ်ကုန်မထုတ်နိုင်တဲ့ ပြည်တွင်းလူတွေ အထိနာမှာပဲ’’ဟု ၎င်းက ပြောသည်။

ဂျာမနီနိုင်ငံအခြေစိုက် Rocket Internet Group သည် Daraz ကုမ္ပဏီကို ၂၀၁၂ က စတင်တည်ထောင်ခဲ့ပြီး မြန်မာ အပါအဝင် ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ စသည့် နိုင်ငံတို့၌ e-Commerce ဈေးကွက် လုပ်ကိုင်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဝန်ဆောင်မှု ပေးအပ်နေသည့် Shop.com.mm ကိုမူ တည်ထောင်ပြီး ငါးနှစ် ကျော်အကြာတွင် အလီဘာဘာ ထံ ပြန်လည်ရောင်းချခဲ့သည်။ ယင်းကုမ္ပဏီနှစ်ခုသည် e- Commerce ဝက်ဘ်ဆိုက်တစ်ခု အရောင်းအဝယ်ပြုလုပ်ခဲ့သော်လည်း ငွေကြေးကိစ္စရပ်ကို ထုတ်ပြန်ခြင်းမရှိပေ။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ

thukha-garden-residence
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service