ရန်ကုန်တိရစ္တာန်ဥယျာဉ်အတွင်းမှ နှစ် ၁၀၀ သက်တမ်းရှိ ကျားရုံဟောင်းကို အပြာရောင် ကမ္ဗည်းပြားတပ် - Property News in Myanmar from iMyanmarHouse.com
706 ကြိမ် ကြည့်ရှု့ ပြီး

ရန်ကုန်တိရစ္တာန်ဥယျာဉ်အတွင်းမှ နှစ် ၁၀၀ သက်တမ်းရှိ ကျားရုံဟောင်းကို အပြာရောင် ကမ္ဗည်းပြားတပ်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

ရန်ကုန်တိရစ္တာန်ဥယျာဉ်အတွင်းက နှစ်၁၀၀ သက်တမ်းရှိတဲ့ကျားရုံဟောင်းကို ဒီနေ့အောက်တိုဘာ ၁၄ ရက်မှာ အပြာရောင်ကမ္ဗည်းပြားတပ်ဆင်လိုက်ပြီ ဖြစ်ပါတယ်။

၁၉၁၀ခုနှစ်တုန်းက သတ္တမမြောက် အက်ဒဝပ်ဘုရင် ကွယ်လွန်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့သူဌေးသူကြွယ်တွေက ရုပ်တုတည်ဆောက်ခဲ့ပြီး လက်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကျားရုံတစ်ခု ဆောက်လုပ်ပြီး နဖူးစီးမှာ King Edward VII 1915 Carnivora House ဆိုပြီး ရေးထိုးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကျားရုံမှာ ကျားတွေကို ခေတ်အဆက်ဆက်ပြသခဲ့ပြီးနောက် အခုတော့ ကျားဖြူကြီးတွေကို ထည့်သွင်းပြသထားထားလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မူလလက်ရာအတိုင်း ကျန်ရှိသည့်ကျားရုံဟောင်း (Carnivora House) ကို အပြာရောင် ကမ္ဗည်းပြားတပ်ဆင်ခဲ့တာပါ။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ကွယ်လွန်သူဝိတိုရိယဘုရင်မကြီးအား ရည်စူးပြီး ဝေလမင်းသားနှင့်ကြင်ယာတော် တို့က ဝိတိုရိယပန်းခြံနှင့် တိရစ္ဆာန်ဥယျာဉ်အ ဖြစ် ၁၉၀၆ ခုနှစ်မှာ တရားဝင် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး အရှေ့တောင်အာရှမှာ သက်တမ်းရင့်ဆုံး တိရစ္ဆာန်ရုံတစ်ခုလည်းဖြစ်ပါတယ်။ ကျားရုံဟောင်းတွင် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင် ဝန်ကြီးဦးဟန်ထွန်းနဲပ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တတ်ရောက်ခဲ့ပါတယ်။

Credit: Duwun

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မြဝတီတံတား အမှတ် (၂ ) ဖွင့်လှစ်အပြီး အိမ်ခြံမြေဈေးကွက်ကောင်းမွန်လာ
ဘီအိုတီစီမံကိန်းတွေအတွက် ပြည်သူတွေ မနစ်နာစေဖို့ 
ဂရမ်မီဆုရှင် ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်က အငှားချထားလျက်ရှိသည့် နေအိမ် မူရင်းခေါ်ဈေးမှ ၁၃ သန်းလျှော့ချပေးလိုက်ပြီးနောက် ဝယ်လက်ရှာတွေ့...
တက္ကသိုလ်ဆရာ၊ ဆရာမများ နေထိုင်ရန် ချထားပေးသည့် အခန်းများကို ပြန်လည် ငှားစားထားပါက အရေးယူသွားမည်...
ဂျနီဖာလိုပက်ဇ်နှင့် စေ့စပ်လိုက်ပြီဖြစ်သောကြောင့် အဲလက်စ်ရိုဒရီဂွက်ဇ်က သူ၏လူပျိုဘဝနေအိမ် အမြန်ရောင်းထွက်ရန် ဈေးလျှော့ပေးလာ...
အလုံမြို့နယ် Urban-Redevelopment စီမံကိန်းအတွက် ကုမ္ပဏီ(၃)ခုကို ပဏာမရွေးချယ်
ဆလီနာဂိုမက်ဇ်နှင့် လမ်းခွဲခဲ့သော ပေါ့ပ်ကြယ်ပွင့် ဂျပ်စတင်ဘီဘာသည် ချစ်သူသစ်ဟိုင်လေ ဘော်လ်ဒွင်နှင့်အတူ နယူးယောက် မြို့လယ်တွင် တိုက်ခန်းလိုက်လံငှားရမ်းလျက်ရှိ...
မန္တလေးကို စမတ်စီးတီးအလားအလာကောင်းသော မြို့အဖြစ် အသိအမှတ်ပြုခံရပြီးနောက် နည်းပညာအသုံးပြု၍ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေ...
ODA ချေးငွေဖြင့် အိမ်ရာဝယ်ယူခွင့်ရသူများ ဧပြီလကုန်မတိုင်ခင် CHID ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်မည်...
မကွေးတိုင်းအတွင်း သိမ်းဆည်းမြေများကို ပြန်ပေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine