အိမ်ရှင်မတစ်ဦးကြောင့် သူတောင်းစားဘဝမှ ကုမ္ပဏီ တစ်ခုရဲ့ ဥက္ကဋ္ဌ ဖြစ်လာသူ

အိမ်ရှင်မတစ်ဦးကြောင့် သူတောင်းစားဘဝမှ ကုမ္ပဏီ တစ်ခုရဲ့ ဥက္ကဋ္ဌ ဖြစ်လာသူ - Property Knowledge in Myanmar from iMyanmarHouse.com
15 Oct 2018 11:21 am တွင် တင်ခဲ့သည်
21036 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

#Zawgyi#

လူ နှင့် တန်ဖိုး








ကိုယ်ကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်တယ် ငွေကြေးရရှိမှုက တခြားသူတွေလောက်မများပေမဲ့ပိုက်ဆံချမ်းသာပြီး ၀ိဥာဉ်ကင်းမဲ့နေတဲ့သူတွေထက်စာရင် ဘဝတစ်ခုကို ရှင်သန်ရတာဟာ ပေါ့ပေါ့ပါးပါးလေး အသက်ရှု ပြီး ပို၍ တန်ဖိုးရှိပါလိမ့်မယ်”

Credit: origin

#Unicode#

လူ နှင့် တန်ဖိုး

တစ်ခါက သူတောင်းစားတစ်ယောက်ရှိတယ် သူ့ရဲ့ ဘယ်ဖက်လက် တစ်ဖက်လုံး ပြတ်ထားရှာတယ်ကြည့်လိုက်ရင် တော်တော်လေးကို သနားဖို့ကောင်းပြီး လူတော်တော်များများကလဲ သူ့ကိုဆိုရင် စွန့်ကြဲပေးကမ်းလေ့ရှိတယ်တစ်နေ့မှာ သူဟာ အိမ်လေးတစ်အိမ်ဆီကိုရောက်လာပြီး တောင်းရမ်းတယ်။

အိမ်ရှင်မက ငွေလိုချင်ရင် အိမ်ရှေ့က အုတ်ခဲတွေကို အိမ်နောက်ဖေးကို အရင်ပြောင်းပေးဖို့ သူ့ကို ပြောလိုက်တယ်သူတောင်းစားဟာ စိတ်တိုပြီး အိမ်ရှင်မကို “ကျနော် လက်တစ်ဖက်ပြတ်နေတာကို ခင်ဗျားမြင်ရက်သားနဲ့ ကျနော့ကို ဒီလို လုပ်ခိုင်းနေတာ ခင်ဗျားနောက်နေတာလား?” လို့ ပြန်ပြောလိုက်တယ်။မထင်မှတ်ထားတာက အိမ်ရှင်မဟာ အုတ်ပုံရှေ့မှာ ထိုင်ချလိုက်ပြီး လက်တစ်ဖက်တည်းနဲ့ အုတ်တုံးတစ်တုံးကို မ,ယူကာ အိမ်နောက်ဖေးကို သွားပို့ပြီး အိမ်ရှေ့ပြန်လာခဲ့တယ်။

ပြီးတော့ အိမ်ရှင်မက သူတောင်းစားကို “ငါတောင် လက်တစ်ဖက်တည်းနဲ့ ဒီအုတ်ခဲကို မ, နိုင်တာ နင်လက်တစ်ဖက်တည်းနဲ့ မ, မ နိုင်ဘူးလား?” လို့ ပြန်ပြောလိုက်တယ်သူတောင်းစားကလဲ ဘာမှပြန်ပြောစရာမရှိတော့ဘဲ ခေါင်းကို ငုံ့ပြီး အုတ်ခဲတွေကို လက်တစ်ဖက်တည်းနဲ့ဖြည်းဖြည်းချင်း သယ်ရွှေ့ပေးလိုက်တယ်။ နှစ်နာရီ လုံးလုံး လုပ်ပြီး မှ အုတ်ခဲတွေ သယ်လို့ပြီး သွားတယ်သူတောင်းစားခမျာမှာ ချွေးတွေရွှဲလို့ပေါ့အိမ်ရှင်မဟာ ချွေးတွေသုတ်ဖို့ သူ့ကို ပုဝါ အဖြူတစ်ထည်ကမ်းပေးလိုက်တယ်သူ့ရဲ့ မျက်နှာနဲ့ လည်ပင်းတွေကို သုတ်လိုက်တော့ ပုဝါအဖြူဟာ အမည်းရောင်ပြောင်းသွားတယ်လေ နောက်ထက် အိမ်ရှင်မဟာ သူ့ကို ငွေ (၂၀၀၀) ကျပ်ပေးလိုက်တယ်။

သူတောင်းစားက အိမ်ရှင်မကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် ပြန်ပြောလိုက်တယ်အိမ်ရှင်မက “ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး ဒါဟာ မင်းရဲ့ချွေးနဲ့ သွေးနဲ့ကြို းစားပြီးမှ ရလာခဲ့တဲ့ လုပ်အားခပါ” လို့ ပြောတယ်။

သူတောင်းစားကလည်း အခိုက်အတန့်လေး အတွေးတစ်ခုဝင်လာပြီးနောက် “ကျနော် ခင်ဗျားကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးဗျာဒါပေမယ့် ကျနော် တစ်ခုလောက် တောင်းဆိုပါရစေ ဒီ ပုဝါလေးကို ကျနော့်အတွက် အမှတ်တရလေးဖြစ်အောင် ပေးနိုင်မလားခင်ဗျာ? ”အိမ်ရှင်မက ” ရပါတယ် ယူသွားပါ ” လို့ ပြောလိုက်တော့ သူတောင်းစားခမျာ ပုဝါလေးကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်နေရှာတယ်။

နှစ်ပေါင်းများစွာ ကြာပြီး နောက်ပိုင်းမှာအဲဒီ သူတောင်းစားဟာ အဝတ်အစား သပ်သပ်ရပ်ရပ် နဲ့ တစ်ချိန်က သူအုတ်ခဲသယ်ရွေ့ပေးခဲ့ရတဲ့ အဲဒီအိမ်ရှေ့ကို ပြန်ရောက်လာခဲ့တယ်အသက်ကြီးနေပြီဖြစ်တဲ့ အိမ်ရှင်မကြီးကိုမြင်တော့ သူက“ကျနော် အရင်တုန်းက သူတောင်းစားပါအခုတော့ ကုမ္ပ္ပဏီ တစ်ခုရဲ့ ဥက္ကဌ ဖြစ်နေပါပြီ။ ခင်ဗျားဟာ ကျနော့်ရဲ့ ပျောက်ဆုံးနေတဲ့ ဂုဏ်သိက္ခာကို ပြန်ရှာပေးခဲ့သူပါကျနော့်ရဲ့ ယုံကြည်စိတ်ကို ပြန်လည် တည်ဆောက်ပေးခဲ့သူပါ။ ခင်ဗျားသာ မရှိရင် ကျနော်ဟာ လေလွင့်နေဦးမှာ အမှန်ပါဘဲ” လို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲအသံလေးနဲ့ ပြောလိုက်မိတယ်အိမ်ရှင်မက “ဒါတွေ အားလုံးဟာ မင်းကိုယ်တိုင် တည်ဆောက်ခဲ့တာတွေပါဘဲ…မင်းဘဝကို မင်းကိုယ်တိုင် တန်ဖိုးရှိရှိရပ်တည်နိုင်ခဲ့လို့ အခုလို အခြေအနေဖြစ်လာတာပါ” လို့ ပြောတယ်။အဲ့ဒီနောက်လက်တစ်ဖက် ကုမ္ပ္ပဏီ ဥက္ကဌ ဟာ အိမ်ရှင်မကြီးကို အိမ်တစ်လုံး လက်ဆောင်ပေးဖို့ပြောတယ်။ အိမ်ရှင်မကြီးက လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။

ဥက္ကဌကြီးက ဘာကြောင့်ငြင်းပယ်လိုက်တယ်ဆိုတာကို နားမလည်နိုင်ဘူးအိမ်ရှင်မက ရယ်ပြီး ပြောလိုက်တယ်“ငါတို့ မိသားစု အားလုံးဟာ လက်တစ်စုံဆီ ရှိကြတယ်လေကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည်ပြီး ဘဝတစ်ခုကို အဓိပ္ပာယ်ရှိရှိ တည်ဆောက်လို့ ရပါတယ်လူဆိုတာဟာ တန်ဖိုးရှိရှိ ရှင်သန်ဖို့ အရေးကြီးတယ်ကိုယ့်ကိုယ်ကို လေးစားသလို ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ကိုယ်နဲ့သိတဲ့ လူတွေကိုလဲ ဂုဏ်သိက္ခာတက်လာအောင် လုပ်ပေးဖို့လိုတယ် မသိတဲ့ လူတွေကိုလဲ လေးစားဖို့လိုတယ်။ ကိုယ်ကိုယ်တိုင်ကလည်း တပါးသူကို လေးစားတန်ဖိုးထားမှ တစ်ပါးသူကလည်း ကိုယ့်ကိုယ် ပြန်၍ လေးစားတန်ဖိုးထားလာမယ်။ ကိုယ့်ဘက်က မပေးဆပ်ဘဲ တစ်ပါးသူဆီက အရင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ကိုယ့်ရဲ့ အလုပ်ကနေ ပျော်ရွှင်ခြင်းဆိုတာကို ဖော်ထုတ်နိုင်မှလဲ ကိုယ့်ရဲ့ ဘဝဟာ တန်ဖိုးရှိလာမှာ ဖြစ်ပါတယ်။

ကိုယ်ကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်တယ် ငွေကြေးရရှိမှုက တခြားသူတွေလောက်မများပေမဲ့ပိုက်ဆံချမ်းသာပြီး ဝိဉာဉ်ကင်းမဲ့နေတဲ့သူတွေထက်စာရင် ဘဝတစ်ခုကို ရှင်သန်ရတာဟာ ပေါ့ပေါ့ပါးပါးလေး အသက်ရှုူ ပြီး ပို၍ တန်ဖိုးရှိပါလိမ့်မယ်”

Credit: origin

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
area-one-business-complex
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service