ရန်ကုန်မြို့သစ် စတင်နိုင်ရေး ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန် စီမံကိန်းခြောက်ခု၏ ကနဦးဒီဇိုင်းအတွက် တရုတ်ကုမ္ပဏီနှင့် လက်မှတ်ထိုးမည်ဟုဆို

ရန်ကုန်မြို့သစ် စတင်နိုင်ရေး ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန် စီမံကိန်းခြောက်ခု၏ ကနဦးဒီဇိုင်းအတွက် တရုတ်ကုမ္ပဏီနှင့် လက်မှတ်ထိုးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
24 Sep 2018 10:49 am တွင် တင်ခဲ့သည်
2056 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ သစ်စီမံကိန်း စတင်နိုင်ရန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ စီမံကိန်းခြောက် ခု၏ ကနဦး ဒီဇိုင်းအတွက် တရုတ် CCCC ကုမ္ပဏီနှင့် အောက်တို ဘာအတွင်း လက်မှတ်ရေးထိုး မည်ဟု ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ (NYDC) အမှု ဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။

ထိုစီမံကိန်းခြောက်ခုသည် မြို့သစ်အကောင်အထည်ဖော်ရေး အခြေခံအကျဆုံး လိုအပ် ချက်ဖြစ်ပြီး ၂၀၂၀ ဒီဇင်ဘာနှင့် ၂၀၂၁ ဇန်နဝါရီတွင် စီမံကိန်းများ ပြီးစီးနိုင်ရန် စတင်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

‘‘ဒီခြောက်ခုက အခြေခံ၊အဲဒါမရှိလို့ မရဘူး။ မရှိရင် ဘာမှစလို့ မရဘူး’’ဟု ဦးသိမ်းဝေက ပြောသည်။

အဆိုပါ စီမံကိန်းများတွင် ကြည့်မြင်တိုင်မှ ရန်ကုန်မြို့သစ် သို့ ဆက်သွယ်မည့် ခြောက်လမ်း သွားတံတား၊ လှိုင်သာယာမှ ဆက်သွယ်ထားသည့် နှစ်လမ်းသွား တံတားကို လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်ခြင်း၊ ၂၆ ကီလိုမီ တာ (၁၆ မိုင်)ရှိသည့် မြို့သစ်လမ်းမကြီးများ၊ ရွာများ စုစည်း ပေးမည့် ဧက ၄,၂၀၀ ကျော်ရှိ မည့် ရွာမြို့ငါးခု၊ ဧက ၃,၂၀၀ ရှိ စက်မှုဇုန်မြေနေရာ၊ ရေသန့်နှင့် ရေဆိုးစနစ်များ ပါဝင်မည်ဖြစ် သည်။

လက်မှတ်ရေးထိုးပြီးပါက တရုတ် CCCC ကုမ္ပဏီက ကနဦး စီမံကိန်း ဒီဇိုင်းများရေးဆွဲပေးရ မည်ဖြစ်သည်။ ဒီဇိုင်းရရှိပါက NYDC Challenge စနစ်အရ ယှဉ်ပြိုင်နိုင်မည့် ကုမ္ပဏီများကို နိုဝင်ဘာတွင် ဖိတ်ခေါ်မည်ဖြစ်ပြီး ဒီဇင်ဘာတွင် ထိုစီမံကိန်းများ စတင် တည်ဆောက်နိုင်ရန်ဖြစ်သည်ဟု ဦးသိမ်းဝေက ပြောသည်။

NYDC Challenge ဆိုသည်မှာ စီမံကိန်းများကို ကုမ္ပဏီတစ်ခုက ကုန်ကျစရိတ်နှင့် ဒီဇိုင်းများ စတင်ရေးဆွဲတွက်ချက်ပေးရသည်။ ဒီဇိုင်းနှင့် ကုန်ကျစရိတ်ထွက်လာ ပါက ဈေးနှုန်းကို အခြားကုမ္ပဏီ များနှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ယင်းတို့အနက်မှ ဈေးနှုန်းအနည်း ဆုံးကုမ္ပဏီက ထိုဒီဇိုင်းအတိုင်း ဆောက်လုပ်ပေးရသည်။ မူလ ဒီဇိုင်းရေးဆွဲသည့် ကုမ္ပဏီက ဆောက်လုပ်ခွင့်အောင်မြင်ခြင်း မရှိပါကဆောက်လုပ်ခွင့်အောင်မြင်သည့် ကုမ္ပဏီက ဒီဇိုင်းခကို မူလကုမ္ပဏီသို့ ပေးရမည်ဖြစ် သည်။

မြို့သစ်စီမံကိန်းတွင် အလုပ်အကိုင်အသစ်နှစ်သန်းဖန်တီးရန် အလုပ်သမား ၂,၀၀၀ စီခန့်ထား နိုင်မည့် စက်ရုံ ၁,၀၀၀ လိုအပ်သည်ဟု ဆိုသည်။

ထို့အပြင် မြို့သစ်တွင် လျှပ် စစ်ဓာတ်အားကို နိုင်ငံတော်မဟာဓာတ်အားလိုင်းမှ အသုံးပြုမည် မဟုတ်ဘဲ ကိုယ်ပိုင်ဓာတ်အားပေး စက်ရုံများဖြင့် အသုံးပြုမည်ဟု ဦးသိမ်းဝေက ပြောသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တစ်ခုလုံးကို လေ့လာဆန်းစစ် ရန် တရုတ် CCCC ကုမ္ပဏီနှင့် ရန်ကုန်တိုင်းအစိုးရတို့ ပဏာမမူဘောင်သဘောတူညီမှုစာချုပ် (Framework Agreement) ကို ဧပြီ ၃၀ ရက်က လက်မှတ်ရေး ထိုးခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို မြေဧက ၂၀,၀၀၀ ကျော်တွင် ပထမအဆင့် စတင်အကောင်အ ထည်ဖော်မည်ဖြစ်ပြီး စင်ကာပူ နိုင်ငံထက်နှစ်ဆကျယ်ဝန်းမည် ဟု တိုင်းအစိုးရက ဆိုထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် တိုင်း အစိုးရက ကျပ် ၁၀ ဘီလီယံအသုံးပြုကာ NYDC ကုမ္ပဏီကို ထူထောင်ပြီး လုပ်ငန်းရှင်ဦးသိမ်းဝေ အား ကုမ္ပဏီဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
ကမ္ဘာ့အန္တရာယ်အရှိဆုံးနေရာအဖြစ်သတ်မှတ်ခံထားရတဲ့ Namibia နိုင်ငံက ဝေလငါးသင်္ချိုင်း
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
taunggyi-garden-city
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service