၂၀၂၂ မကုန်မီ မြောက်အမေရိကထက် အာရှတွင် တစ်ပိုင်းတစ်စဘီလျံနာဦးရေ ပိုမိုများပြားလာမည် - Property News in Myanmar from iMyanmarHouse.com
603 ကြိမ် ကြည့်ရှု့ ပြီး

၂၀၂၂ မကုန်မီ မြောက်အမေရိကထက် အာရှတွင် တစ်ပိုင်းတစ်စဘီလျံနာဦးရေ ပိုမိုများပြားလာမည်

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင် (iMyanmarHouse.com)

အာရှရှိ တစ်ပိုင်းတစ်စဘီလျံနာဦးရေ သို့မဟုတ် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထက်မနည်း ချမ်းသာကြွယ်ဝသူဦးရေသည် ၂၀၂၂ ခုနှစ်မကုန်မီ ၂,၉၄၀ ဦး ဖြစ်လာမည် ဖြစ်ကြောင်း Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက ခန့်မှန်းလိုက်သည်။

ယင်းက တစ်ပိုင်းတစ်စဘီလျံနာဦးရေ ၂,၈၃၀ ဖြစ်လာမည့် မြောက်အမေရိကထက် အာရှအား သာလွန်စေမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်ကုန်အထိ စာရင်းများအရ လက်ရှိတွင် အာရှ၌ တစ်ပိုင်းတစ်စဘီလျံနာဦးရေ ၁,၈၉၀ ဦး ရှိပြီး မြောက်အမေရိကတွင် ၂,၁၀၀ ဦး ရှိပါသည်။

အရှေ့အလယ်ပိုင်းဒေသရှိ တစ်ပိုင်းတစ်စဘီလျံနာဦးရေသည်လည်း တိုးပွားလာလျက်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၂၈ ရာခိုင်နှုန်းဖြင့် ၂၀၂၂ ခုနှစ်မကုန်မီ ၅၀၀ ဦးသို့ တိုးတက်မည်ဟု ဒူဘိုင်းအခြေစိုက် အပတ်စဉ်ထုတ်စီးပွားရေးမဂ္ဂဇင်း Arabian Business က ခန့်မှန်းထားသည်။

၎င်းတို့ ၅၀၀ ဦးအနက် ၁၄၀ ဝန်းကျင်က ဆော်ဒီအာရေဗျနိုင်ငံမှ ဖြစ်မည်ဖြစ်သည်။ ဆော်ဒီတွင် တစ်ပိုင်းတစ်စဘီလျံနာလူဦးရေသည် ၁၇ ရာခိုင်နှုန်း တိုးပွားသွားမည်ဖြစ်သည်။

ကမ္ဘာ့တစ်ပိုင်းတစ်စဘီလျံနာလူဦးရေသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြား မြင့်တက်နှုန်း ၁၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မကုန်မီစပ်ကြား ၃၉ ရာခိုင်နှုန်းသို့ မြင့်တက်တော့မည်ဖြစ်သည်။

အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးပဋိပက္ခများ၊ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်မှုနှင့် အတိုးနှုန်းမြင့်တက်မှုတို့ရှိသော်လည်း ကမ္ဘာပေါ်ရှိအလွန့်အလွန်ချမ်းသာသူဦးရေမှာမူ တိုးတက်ဆဲဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ပိုင်ဆိုင်မှုရှိသူဦးရေမှာ ၂၀၁၇ ခုနှစ်တွင် မြောက်အမေရိက၌ ၄၄,၀၀၀ ဦး ရှိခဲ့ပြီး ယင်းဒေသက နှုန်းအမြင့်ဆုံးဖြစ်ခဲ့သည်။ အာရှတွင်မူ ၃၅,၈၈၀ ဦး ရှိခဲ့ပြီး ဥရောပ၌ ၃၅,၁၈၀ ရှိခဲ့ကြောင်း သိရသည်။

 

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအတွက် အမေရိကန် စိတ်ဝင်စား
ကမ္ဘာ့ရွှေဈေး ၁၃၄၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၈၉၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်တက်...
ရထားဘူတာသစ် တည်ဆောက်ရန် သန်လျင်တံတား (တံတားဟောင်း) အနီး စီစဉ်နေ
လူထုဗဟိုပြု အခြေခံ အဆောက်အဦး ၁၈၄ ခုကို မင်းတုန်းမြို့မှာ ဆောင်ရွက်လျက်ရှိ
မြေလွတ် မြေလပ် မြေရိုင်းများကို နိုင်ငံသားတိုင်းတရားဝင်လျှောက်ထားနိုင်
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၂၀၁၉ နှစ်စတွင် ၇ ရာခိုင်နှုန်းခန့်ဖြင့် စတင်
ဟံသာဝတီအ၀ိုင်းအပါအ၀င် ဧရိယာငါးခုတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့ရန် JICA ချေးငွေဖြင့် အဆင့်မြှင့်မည်...
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေက မြေဈေးနှုန်း ကစားခြင်းများကို ကာကွယ်သွားနိုင်ရန် မျှော်မှန်း
စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် ( ၆ ) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး...
မန်းတိုင်းကို ကောင်းကင်ပုံရိုက်ကူးပြီးလို့ အဆောက်အအုံပိုင်သူတွေကို ဂရန်ထုတ်ပေးမည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine