အာရပ်စော်ဘွားများပြည်ထောင်စုတွင် အသက် ၅၅ နှစ်နှင့်အထက်ဖြစ်ပြီး နိုင်ငံအတွင်း ၅ နှစ်အလုပ်လုပ်ကိုင်ဖူးသူ နိုင်ငံခြားသားများကို အမြဲတမ်းနေထိုင်ခွင့်ပေးအပ်မည့်ဥပဒေ အတည်ပြုလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
732 ကြိမ် ကြည့်ရှု့ ပြီး

အာရပ်စော်ဘွားများပြည်ထောင်စုတွင် အသက် ၅၅ နှစ်နှင့်အထက်ဖြစ်ပြီး နိုင်ငံအတွင်း ၅ နှစ်အလုပ်လုပ်ကိုင်ဖူးသူ နိုင်ငံခြားသားများကို အမြဲတမ်းနေထိုင်ခွင့်ပေးအပ်မည့်ဥပဒေ အတည်ပြုလိုက်ပြီ

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

အာရပ်စော်ဘွားများပြည်ထောင်စုတွင် ၅ နှစ် အလုပ်လုပ်ကိုင်ခဲ့ပြီး အသက် ၅၅ နှစ်နှင့်အထက် ပြည်ပနိုင်ငံသားများကို နိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ပေးအပ်သွားမည့် ဥပဒေသစ်တစ်ခုကို အတည်ပြုလိုက်ပြီ ဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ပေးနိုင်ရေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စု အစိုးရက မူဝါဒပြောင်းလဲမှုများ ပြုလုပ်လာလျက်ရှိရာ ယခုဥပဒေသစ်လည်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခုနှစ်အစောပိုင်းကလည်း ပြည်ပနိုင်ငံသားများနှင့်စပ်လျဉ်း၍ မက်လုံးပေးဖြေလျှော့မှုများ ပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များနှင့် ဆရာဝန်၊ အင်ဂျီနီယာကဲ့သို့ ပညာရှင်များကို အာရပ်စော်ဘွားများပြည်ထောင်စုတွင် နှစ်ရှည် ဗီဇာပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။

(အဆိုပါသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/736622 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။)

ယခုဥပဒေသစ်ကို အာရပ်စော်ဘွားများပြည်ထောင်စု အကြီးအကဲ ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်ခ်တိုအမ်၊ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူဘိုင်းအကြီးအကဲတို့ ပါဝင်သော အစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါဥပဒေသစ်သည် လာမည့် ၂၀၁၉ ခုနှစ်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး အနည်းဆုံး ၅ နှစ်အလုပ်လုပ်ကိုင်ဖူးကာ အသက် ၅၅ နှစ်အထက် ပြည်ပနိုင်ငံသားများအားလုံး အာရပ်စော်ဘွားများပြည်ထောင်စုတွင် နေထိုင်ခွင့် ရရှိမည်ဟု ဆိုသည်။

သို့ရာတွင် အနည်းဆုံးအာရပ်ငွေ ၂ သန်း (ကန်ဒေါ်လာ ၅၄၄၄၅၀ ) တန်ကြေးရှိ နေအိမ်တစ်လုံး ပိုင်ဆိုင်သူဖြစ်ရမည်ဟု ဆိုသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအတွက် အမေရိကန် စိတ်ဝင်စား
ကမ္ဘာ့ရွှေဈေး ၁၃၄၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၈၉၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်တက်...
ရထားဘူတာသစ် တည်ဆောက်ရန် သန်လျင်တံတား (တံတားဟောင်း) အနီး စီစဉ်နေ
လူထုဗဟိုပြု အခြေခံ အဆောက်အဦး ၁၈၄ ခုကို မင်းတုန်းမြို့မှာ ဆောင်ရွက်လျက်ရှိ
မြေလွတ် မြေလပ် မြေရိုင်းများကို နိုင်ငံသားတိုင်းတရားဝင်လျှောက်ထားနိုင်
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၂၀၁၉ နှစ်စတွင် ၇ ရာခိုင်နှုန်းခန့်ဖြင့် စတင်
ဟံသာဝတီအ၀ိုင်းအပါအ၀င် ဧရိယာငါးခုတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့ရန် JICA ချေးငွေဖြင့် အဆင့်မြှင့်မည်...
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေက မြေဈေးနှုန်း ကစားခြင်းများကို ကာကွယ်သွားနိုင်ရန် မျှော်မှန်း
စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် ( ၆ ) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး...
မန်းတိုင်းကို ကောင်းကင်ပုံရိုက်ကူးပြီးလို့ အဆောက်အအုံပိုင်သူတွေကို ဂရန်ထုတ်ပေးမည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine