Knight Frank ၏ ကမ္ဘာ့အိမ်ဈေးညွှန်းကိန်းစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် မော်လ်တာ ဦးဆောင် - Property News in Myanmar from iMyanmarHouse.com
595 ကြိမ် ကြည့်ရှု့ ပြီး

Knight Frank ၏ ကမ္ဘာ့အိမ်ဈေးညွှန်းကိန်းစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် မော်လ်တာ ဦးဆောင်

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

ပြီးခဲ့သည့် ဒုတိယသုံးလပတ်တွင် မော်လ်တာနိုင်ငံက ကမ္ဘာတစ်ဝန်းရှိ ရေပန်းစားသော လူနေအိမ်ခြံမြေဈေးကွက် ၅၆ ခုထက် သာလွန်ခဲ့ကြောင်း Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ၏ ယခုနောက်ဆုံးထွက်ရှိလာသော ကမ္ဘာ့အိမ်ဈေးနှုန်းညွှန်းကိန်းအရ သိရသည်။

၎င်းညွှန်းကိန်းစာရင်းများတွင် ထိပ်ဆုံးမှ ကာလကြာရှည်ဦးဆောင်လာခဲ့သော ဟောင်ကောင်ရှိ ပျမ်းမျှအိမ်ဈေးသည် ၂၀၁၈ ဇွန်လအထိ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) အတွင်း ၁၅ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့စဉ် မော်လ်တာရှိ ပျမ်းမျှအိမ်ဈေးက ၁၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းက ဥရောပကျွန်းစုနိုင်ငံငယ်လေးအား ၎င်းသုံးလပတ်အလိုက် ညွှန်းကိန်းစာရင်း၏ ထိပ်ဆုံးသို့ ပထမဆုံးအကြိမ်ရောက်ရှိစေလိုက်ခြင်းဖြစ်သည်။

ဥရောပတိုက်တွင် ဗဟိုနှင့် အရှေ့ဥရောပက ထိုကာလအတွင်း မြင့်တက်နှုန်း ၈ ရာခိုင်နှုန်းဖြင့် အိမ်ဈေးမြင့်တက်နှုန်းမြင့်သည့် ဒေသတစ်ခုအဖြစ် ပေါ်ထွက်လာပြီး ဥရောပတိုက်၏ ကျန်ဒေသတစ်ခုလုံး၏ ပျမ်းမျှအိမ်ဈေးမြင့်တက်နှုန်းမှာ တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ခဲ့သည်။ လက်ဗီးယား၊ ဆလိုဗေးနီးယားနှင့် ဟန်ဂေရီတို့ရှိ အိမ်ဈေးများမှာမူ ၁၂ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်းအကြား မြင့်တက်ခဲ့သည်။

ခိုင်မာတောင့်တင်းလာသည့် စီးပွားရေးများ၊ တိုးတက်လာသည့် အလုပ်အကိုင်ခန့်အပ်မှုနှင့် အတိုးနှုန်းနည်းနည်းဖြင့် ပိုမိုကျယ်ပြန့်စွာရရှိလာသော ချေးငွေများက ၎င်းဥရောပအိမ်ဈေးမြင့်တက်မှုများ၏ အကြောင်းခံများပင်ဖြစ်သည် ။

ထိုကာလအတွင်း ဟောင်ကောင်တွင်မူ အိမ်ခန်းများအား ၆လနှင့်အထက်ကြာ မရောင်းဘဲ ထားသော developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များအား အခွန်ကောက်ခံမှု အပါအဝင် အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုသစ်များ တိုး၍ ပြုလုပ်ခဲ့သည် ။

ပြီးခဲ့သည့် သုံးလပတ်အတွင်း အိမ်ခြံမြေစည်းမျဉ်းသစ်များ ချမှတ်ခဲ့သည့် စင်္ကာပူနှင့် နယူးဇီလန်တို့ကလည်း ၎င်းညွှန်းကိန်းစာရင်းတွင် မြင့်တက်နှုန်း ၉ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၆ ရာခိုင်နှုန်းတို့ဖြင့် အဆင့် ၉ နှင့် ၁၆ တို့၌ အသီးသီးဖော်ပြခံခဲ့ရသည် ။

"စင်္ကာပူနဲ့ နယူးဇီလန်တို့မှာ အိမ်ဈေးဆက်လက်မြင့်တက်ဖို့ရာ စိုးရိမ်မှုတွေ၊ စည်းမျဉ်းတင်းကျပ်မှုတွေနဲ့ မြင့်တက်လာတဲ့ အတိုးနှုန်းတွေက ဈေးကွက်နှစ်ခုစလုံးရဲ့ အခြေအနေကို စတင်ထိုင်းမှိုင်းလာစေနေပါပြီ" ဟု Knight Frank ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ သုတေသနအကြီးအကဲ နီကိုးလက်စ်ဟော့လ်ထ်က ပြောကြားခဲ့သည်။

စာရင်းပါ ဈေးကွက်အားလုံး၏ ယေဘုယျမြင့်တက်နှုန်းညွှန်းကိန်းမှာ ၄ ဒသမ ၇ ရာခိုင်နှုန်းဖြစ်သည်။ ယင်းသည် ၂၀၁၆ ခုနှစ် တတိယသုံးလပတ်ကတည်းက အနှေးကွေးဆုံးနှုန်းဖြစ်ကြောင်း သိရသည်။

 

ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအတွက် အမေရိကန် စိတ်ဝင်စား
ကမ္ဘာ့ရွှေဈေး ၁၃၄၂ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀၈၉၀၀၀ ဝန်းကျင်အထိ စံချိန်တင်ဆက်တက်...
ရထားဘူတာသစ် တည်ဆောက်ရန် သန်လျင်တံတား (တံတားဟောင်း) အနီး စီစဉ်နေ
လူထုဗဟိုပြု အခြေခံ အဆောက်အဦး ၁၈၄ ခုကို မင်းတုန်းမြို့မှာ ဆောင်ရွက်လျက်ရှိ
မြေလွတ် မြေလပ် မြေရိုင်းများကို နိုင်ငံသားတိုင်းတရားဝင်လျှောက်ထားနိုင်
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ၂၀၁၉ နှစ်စတွင် ၇ ရာခိုင်နှုန်းခန့်ဖြင့် စတင်
ဟံသာဝတီအ၀ိုင်းအပါအ၀င် ဧရိယာငါးခုတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေလျှော့ရန် JICA ချေးငွေဖြင့် အဆင့်မြှင့်မည်...
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေက မြေဈေးနှုန်း ကစားခြင်းများကို ကာကွယ်သွားနိုင်ရန် မျှော်မှန်း
စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် ( ၆ ) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး...
မန်းတိုင်းကို ကောင်းကင်ပုံရိုက်ကူးပြီးလို့ အဆောက်အအုံပိုင်သူတွေကို ဂရန်ထုတ်ပေးမည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine