လာမည့် ၀ါကျွတ်ကာလတွင် အငှားနှုန်းထားများတက်လာဖွယ်မရှိကြောင်း အကျိုးဆောင်များသုံးသပ် - Property News in Myanmar | iMyanmarHouse.com
လာမည့် ၀ါကျွတ်ကာလတွင် အငှားနှုန်းထားများတက်လာဖွယ်မရှိကြောင်း အကျိုးဆောင်များသုံးသပ် - Property News in Myanmar from iMyanmarHouse.com
500 ကြိမ် ကြည့်ရှု့ ပြီး

လာမည့် ၀ါကျွတ်ကာလတွင် အငှားနှုန်းထားများတက်လာဖွယ်မရှိကြောင်း အကျိုးဆောင်များသုံးသပ်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း (iMyanmarHouse.com)

လာမည့် ၀ါကျွတ်ကာလတွင် အိမ် ခြံ မြေ အငှားဈေးကွက်အတွင်း ငှားရမ်းခနှုန်းထားများ သိသိသာသာတက်လာဖွယ်မရှိကြောင်း ဒဂုံလေးမြို့နယ် အခြေစိုက် အိမ်ခြံ မြေ အကျိုးဆောင်လုပ်ငန်းမှ အကျိုးတော်ဆောင်များကတစ်ညီတည်းသုံးသပ် ပြောဆိုသည်။

“ အငှားကတော့ လက်ရှိမှာလည်း လာငှားတဲ့သူတွေရှိတယ်။ဒါပေမယ့် ငှားစရာ နေရာကမရှိဘူး။ရာသီကကို အငှားရာသီမဟုတ်ဘူးလေ။ ဈေးနှုန်းကတော့ ဒီဝါကျွတ်မှာတော့ တက်လာစရာမရှိဘူး။စီးပွားရေးအနေအထားတွေကလည်း သိတဲ့အတိုင်းပဲလေ။ဈေးတက်ဖို့ကတော့ အခက်အခဲရှိတဲ့အတွက် ဈေးထပ်မတက်နိုင်ဘူးလို့ပဲ သုံးသပ်ရမှာပဲ။ ” ဟု ဒဂုံလေးမြို့နယ် အခြေစိုက်အကျိုးဆောင်တစ်ဦးမှ ပြောဆိုသည်။

လက်ရှိဈေးကွက်အတွင်းအငှါးဈေးကွက်မှာ စပေါ်ပေးအငှါးများထက်နှစ်ချုပ်အငှါးကို ပိုမိုငှါးရမ်းမှုများပြားလျက်ရှိပြီးဈေးနှုန်းများမှာ ကျပ်တစ်သိန်းဝန်းကျင် မှ ကျပ်သုံးသိန်းဝန်ကျင်အထိဈေးကွက်ရှိခဲ့ကြောင်း သိရသည်။

တိုက်ခန်းဈေးနှုန်းများမှာ ကျပ်တစ်သိန်းနှစ်သောင်းဝန်းကျင် မှ ကျပ်နှစ်သိန်းခွဲ့ခန့်ဖြစ်ပြီး အများစုမှာစပေါ်ငွေအိမ်ခန်းများ ဖြစ်သည်။ဆိုင်ခန်းဖွင့်လှစ်မည့်လမ်းမတန်းမြေနေရာများမှာမူ တစ်လ၁၀သိန်းဝန်းကျင်မှသိန်း၁၀၀၀န်းကျင်အထိပေါက်ဈေးရှိခဲ့သည်။

 

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လာမည့်နှစ် (၂၀) အတွင်း ဒေါ်လာဘီလျံနှစ်ရာကျော် ရရှိစေမည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း စာအုပ်ထွက်ရှိ...
(၂၀၁၈) ခုနှစ်အတွင်း ဒူဘိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ် ကန်ဒေါ်လာ (၄၄) ဘီလီယံဖိုးအထိ စံချိန်တင် အရောင်းအဝယ်ဖြစ်...
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်ထိန်းရန်အစိုးရက တင်းကြပ်မှုများပြုလုပ်နေစေကာမူ ဈေးနှုန်းများ ဆက်လက်မြင့်တက်ဦးမည်ဟု မော်ဂန်စတန်လေဘဏ်ကြီးက ခန့်မှန်း...
ကမ္ဘာကျော်စာရေးဆရာကြီး မာ့ခ်တွိန်း သရဲဖြစ်ကာ ခြောက်လှန့်လျက်ရှိသည့် သေမင်းစံအိမ်ကြီး
ပြည်တွင်းရွှေဈေး ထပ်မံကျဆင်း
ကမ္ဘာ့ပထမဆုံး မြေအောက်ဟိုတယ်ကို လာမည့်လတွင် ဖွင့်လှစ်မည်
တန်ဖိုးနည်း တန်ဖိုးသင့် တိုက်ခန်း ပထမအသုတ် ဝယ်ယူခွင့်ရရှိသူ (၇ဝဝ) ကျော်တွင် (၁ဝဝ) ကျော် သတ်မှတ်ကာလအတွင်း ငွေလာမသွင်းသဖြင့် မူလ တန်းစီဇယားအတိုင်း ဆက်ပေးမည်...
ဘဏ်ချေးငွေလား၊ ပွဲစားကို အားမကိုးပါနဲ့ ကိုယ်တိုင်သာလာပါ
ဆိုးလ်က မြောက်ကိုရီးယားတွင် စမတ်စီးတီးများ ဖန်တီးမည်
တူရကီဘီလျံနာကြီးက ဥရောပရှိ ဇိမ်ခံဟိုတယ်ကြီးများကို ရောင်းထုတ်ရန် စီစဉ်နေပြီး ဝယ်လက်ရှာဖွေလျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine