တရုတ်ပြည်၏ ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီကြီး China Poly Group Corporation က ဆစ်ဒနီတွင် ဒေါ်လာ သန်း ၃၀၀ တန် ရုံးခန်းတာဝါကြီး စတင်ဆောက်လုပ်ရန်အတွက် သြစတေးလျဆောက်လုပ်ရေးကုမ္ပဏီကိုငှားရမ်း

တရုတ်ပြည်၏ ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီကြီး China Poly Group Corporation က ဆစ်ဒနီတွင် ဒေါ်လာ သန်း ၃၀၀ တန် ရုံးခန်းတာဝါကြီး စတင်ဆောက်လုပ်ရန်အတွက် သြစတေးလျဆောက်လုပ်ရေးကုမ္ပဏီကိုငှားရမ်း - Property News in Myanmar from iMyanmarHouse.com
18 Sep 2018 12:09 pm တွင် တင်ခဲ့သည်
583 ကြိမ် ကြည့်ရှု့ပြီး

တရုတ်ပြည်မကြီးအခြေစိုက် ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီနှင့် လုပ်ငန်းစုံကုမ္ပဏီကြီး China Poly Group Corporation သည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ဒေါ်လာ သန်း ၃၀၀ တန် ရုံးခန်းတာဝါကြီး စတင်ဆောက်လုပ်ရန်အတွက် သြစတေးလျ ဆောက်လုပ်ရေး ကုမ္ပဏီကိုငှားရမ်းလိုက်ပြီ ဖြစ်သည်။

စီမံကိန်းတည်နေရာမှာ ဆစ်ဒနီမြို့၏ အထင်ကရဖြစ်သော Circular Quay အရပ်၊ ဂျော့ခ်ျလမ်း၊ အမှတ် ၂၁၀-၂၂၀ တွင် တည်ရှိပြီး သြစတေးလျဆောက်လုပ်ရေးကုမ္ပဏီ Watpac က တာဝန်ယူဆောက်လုပ်တော့မည် ဖြစ်သည်။

ယင်းစီမံကိန်းသည် Poly Group အတွက် သြစတေးလျတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပထမဆုံးအဆောက်အအုံလည်း ဖြစ်သည်။

စီမံကိန်းနေရာရှိ သက်တမ်းရင့်ရုံးခန်းအဆောက်အအုံ ၂ လုံးကို သြစတေးလျဒေါ်လာ သန်း ၁၆၀ ဖြင့် ဝယ်ယူခဲ့ပြီး ၂ နှစ်ကျော် အကြာ တွင် ဆောက်လုပ်ရေးစီမံကိန်းများ စတင်ရန်ပြင်ဆင်လာခြင်း ဖြစ်သည်။

လန်ဒန်အခြေစိုက်ဗိသုကာအဖွဲ့ Grimshaw က ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး A-grade စီမံကိန်းတစ်ခုဖြစ်သည်။အနီးတွင် Quay Quarter တာဝါနှင့် Lendlease’s Circular Quay တာဝါတို့ တည်ရှိနေသည်။

ပြည်မကြီးထိပ်တန်း developer ဖြစ်သော Dalian Wanda Group က Yuhu Group သို့ ရောင်းချခဲ့သည့် စီမံကိန်းတစ်ခုဖြစ်သော One Circular Quay နှင့်လည်း ခြေလျင် ၂ မိနစ်ခရီးသာ ဝေးကွာသည်။

Poly Group က ဆောက်လုပ်မည့် ရုံခန်းအဆောက်အအုံကြီးတွင် ရုံးခန်းနေရာ ၁၆၀၀၀ စတုရန်းမီတာ၊ ဂျော့ခ်ျလမ်းသို့ မျက်နှာမူသည့် လက်လီအရောင်းဆိုင်နေရာများအတွက် စတုရန်းမီတာ ၁၀၀၀ တို့ ပါဝင်မည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
area-one-business-complex
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service