သဲကျောက်ရောင်းချသူဘဝမှ ဖိလစ်ပိုင်၏ အချမ်းသာဆုံး သူဌေးကြီးဖြစ်လာသူ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး မန်နီဗီလာ

သဲကျောက်ရောင်းချသူဘဝမှ ဖိလစ်ပိုင်၏ အချမ်းသာဆုံး သူဌေးကြီးဖြစ်လာသူ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး မန်နီဗီလာ - Property Knowledge in Myanmar from iMyanmarHouse.com
18 Sep 2018 12:00 pm တွင် တင်ခဲ့သည်
14603 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

မန်နီဗီလာ၏ အမည်ရင်းမှာ မန်နီ ဘန်ဘာ ဗီလာ ဂျူနီယာဖြစ်သည်။မန်နီဗီလာကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ဆင်းရဲသားဆင်ခြေဖုံးဖြစ်သည့် တွန်ဂိုအရပ်၊ မိုရီယိုနက်စ်တွင် ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်တွင် မွေးဖွားသည်။မန်ညူရယ်ဗီလာကို မန်နီဗီလာဟုလည်း လူသိများကြသည်။

ဗီလာ၏ ငယ်စဉ်ဘဝမှာ ဆင်းရဲကြမ်းတမ်းလှသည်။“နာကာတူလူ ကန ဘာဆ ဒါကတ်နန့် ဘတ်ဆူဒါး” ဟု မန်ညူရယ် ဗီလာ မကြာခဏပြောလေ့ရှိသည်။ ဖိလစ်ဖိုင်ဘာသာစကားအရ “ခင်ဗျားတို့ အမှိုက်ပုံကြီးထဲမှာ အိပ်ဖူးကြလား” ဟု အဓိပ္ပာယ်ရသည်။

သူ၏ ဘဝမှာ စင်ဒရဲလားပုံပြင်အလားဖြစ်၏။ ကလေး ၉ ဦးအနက် ဒုတိယမြောက်သားဖြစ်ပြီး ငယ်စဉ်ကတည်းကပင် မိခင်ဖြစ်သူနှင့်အတူ သားငါးဈေးတွင် ဈေးကူရောင်းရသည်။ ငယ်စဉ်ကတည်းကပင် ဉာဏ်ရည်ထက်မြက်သူတစ်ဦး ဖြစ်ခဲ့သော်လည်း ငယ်စဉ်ကပင် စီးပွားရေးနားလည်ခဲ့မှုနှင့် စပ်လျဉ်း၍ မန်နီဗီလာက မိခင်ကြီးကို ကျေးဇူးအထူးတင်၏။ ဖခင်ဖြစ်သူ မန်ညူရယ် မန်းနင်း မွန်တာလ်ဘန် ဗီလာ စီနီယာသည် အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ အီလွိုင်လိုပြည်နယ်၊ ကာဘာကျူအန်အရပ်ရှိ ငါးဖမ်းဗျူရိုတွင် တာဝန်ထမ်းဆောင်ခဲ့သည်။မိခင်ဖြစ်သူ ကျူရီတာ ကူရင်း ဘန်ဘာသည် ဘာတန်းပြည်နယ်၊ အိုရာနီအရပ်ရှိ ဆင်းရဲသော မိသားစုမှဖြစ်ပြီး ငါးရောင်းသူတစ်ဦး ဖြစ်သည်။

 

မန်နီဗီလာတို့ မိသားစုသည် မနီလာမြို့ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် လူနေခန်းကျဉ်းကလေးတစ်ခု ငှားရမ်းနေထိုင်ခဲ့ကြ၏။ဗီလာ၏ ဖခင်သည် နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၌ တစ်နှစ်ကြာပညာတော်သင်ဆုရရှိခဲ့သည်။ပညာတော်သင်ခရီးမှ ပြန်လာချိန်တွင် စိုက်ပျိုးရေးနှင့် သဘာဝရင်းမြစ်များဦးစီးဌာန၏ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။

ယင်းနောက် ဗီလာ၏ ဖခင်က တွန်ဒိုအရပ်တွင် နေထိုင်ရသည်မှာ ကျပ်တည်းကျဉ်းမြောင်းလှသောကြောင့် အစိုးရအာမခံဌာနမှ ပီဆို ၁၆၀၀၀ ကို ၂၅ နှစ်အရစ်ကျပေးဆပ်သည့်စနစ်ဖြင့် ချေးငွေရယူခဲ့ပြီး နာဗိုတာ့စ်ပြည်နယ်၊ ဆန်ရာဖဲလ်ကျေးရွာတွင် နေအိမ်တစ်လုံး ဆောက်လုပ်ခဲ့သည်။

ငယ်စဉ်ဘဝက အလွန်ဆင်းရဲလှသော မန်နီဗီလာ မကြာခဏတွေးမိဖူးသည့်အတွေးမှာ “တစ်နေ့ကျရင် အရမ်းချမ်းသာတဲ့သူတစ်ဦး ဖြစ်ချင်တယ်” ဟူသည့်အတွေးဖြစ်သည်။ ဒီဗီဆိုရီယာပြည်သူ့ဈေးကြီးတွင် ငါးရောင်းနေသည့်မိခင်ကို ဈေးကူရောင်းရင်း တွန်ဒိုအရပ်ရှိ မူလတန်းကျောင်းကလေးတွင် ကျောင်းတက်၏။ ထိုစဉ်က မန်နီဗီလာမှာ ၆ နှစ်သားအရွယ်သာ ရှိသေးသည်။

သို့ရာတွင် ကျောင်းတစ်ဖက်နှင့် မိခင်ကြီးကို ဈေးကူရောင်းပေးရခြင်းဖြစ်သောကြောင့် ကျောင်းစာတွင် ထိခိုက်စေကာ ပထမတန်း တွင်ပင် ကျောင်းမှအထုတ်ခံလိုက်ရသည်။ ယင်းနောက် မန်နီဗီလာက တွန်ဒိုအရပ်တွင် ဘုန်းတော်ကြီးများသင်ကြားပေးသည့် စာသင်ကျောင်းတွင် ဆက်လက်တက်ရောက်ခဲ့ ပြန်သည်။

မန်နီဗီလာထုတ်ဖော်ပြောကြားခဲ့ဖူးသည်မှာ “ကျွန်တော် တော်တော်ကို စိတ်မရှည်နိုင်အောင်ဖြစ်ရတယ်။ ဒီလို စာတွေသင်၊ ကျောင်းတွေ တက်နေရတာဟာ အချိန်ဖြုန်းတာသက်သက်ပဲလို့ တွေးမိတယ်။ ကျွန်တော်က အလုပ်လုပ်ပြီး စီးပွားရေးပဲ တန်းလုပ်ချင်တယ်” ဟု ဆိုသည်။

မန်နီဗီလာ၏ ဘဝတွင် ပျော်ရွှင်ဖွယ်များမရှိခဲ့၊ လူကုံထံတို့၏ သားသမီးများ တက်ရောက်ခဲ့သည့် ပုဂ္ဂလိကစာသင်ကျောင်းများ မတက်ခဲ့ရ။ ခမ်းနားထည်ဝါလှသည့် စံအိမ်ကြီးများတွင် မနေခဲ့ရ၊ မှီခိုအားထားရာ မိဘအမွေအနှစ်လည်းမရှိ။ ကိုယ့်ထူးကိုယ်ချွန် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။

မန်နီဗီလာသည် ဆင်းရဲနွမ်းပါးသည့် မိဘများမှ မွေးဖွားလာသူဖြစ်သော်လည်း တွန်ဒိုမြို့နယ်၊ ဒီဗီဆိုရီယာစီးပွားရေးစင်တာတွင် အလုပ်အပြင်းအထန်ကြိုးစားကာ ပါးနပ်လှသော ဖိလစ်ပိုင်နိုင်ငံသား တရုတ်လူမျိုးများကို စံနမူနာယူကာ ချမ်းသာအောင်မြင်မည့် လမ်းပေါ်သို့ လျှောက်လှမ်းရန် ကြိုးပမ်းခဲ့သည်။လက်တွေ့ကမ္ဘာတွင် ငွေရှာလိုစိတ်သာ အမြဲကြီးစိုးနေသည့် မန်နီဗီလာအတွက် အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားဘဝတို့၌ ကျောင်းစာတွင် စိတ်မဝင်စားခြင်း၊ ပျင်းရိခြင်းများသာ ပေါ်ပေါက်နေစေခဲ့သည်။တက္ကသိုလ်တက်ရောက်နေစဉ်အတွင်း ဇနီးဖြစ်လာမည့် စင်သီယာနှင့် အတန်းဖော်အဖြစ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

 

တက္ကသိုလ်တက်ရောက်နေစဉ်ကာလတစ်လျှောက်တွင်လည်း ကျောင်းစရိတ်ရရန်အတွက် အလုပ်မျိုးစုံလုပ်ခဲ့ကာ ကျောင်းတက်ခဲ့ရပြီး စားသောက်ဆိုင်များသို့ ငါးများပေးသွင်းသည့်အလုပ်လည်း အပါအဝင်ဖြစ်သည်။တက္ကသိုလ်တက်နိုင်ရန် ဆင်းရဲပင်ပန်းစွာ ရုန်းကန်ခဲ့ရပြီး ဖိလစ်ပိုင်တက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှု Business Administration ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ဖိလစ်ပိုင်တက္ကသိုလ်သည် ဆင်းရဲနွမ်းပါးသူများအတွက် အကောင်းဆုံးပညာရေးထောက်ပံ့ပေးနေသည့် တက္ကသိုလ်အဖြစ် နာမည်ကျော် သည်။ထို့နောက် ဖိလစ်ပိုင် တက္ကသိုလ်မှပင် စီးပွားရေးမဟာဘွဲ့ ဆက်လက်ရရှိခဲ့သည်။

(အပေါ်ပုံတွင် တွေ့ရသည်မှာ မန်နီဗီလာ၏ သားကြီး မာ့ခ်ဗီလာကို ဇနီးဖြစ်သူ အီမယ်လင်း၊ ရင်သွေးငယ် အင်မာသိရီစ်တို့နှင့် တွေ့ရပုံ)

MBA အောင်မြင်ပြီးနောက် ထိပ်တန်းစာရင်းကိုင်ကုမ္ပဏီတစ်ခုဖြစ်သော SGV၊ ယင်းနောက် ရင်းနှီးမြှုပ်နှံမှုဘဏ် PDCP တို့တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ရန်အတွက် အလုပ်ထွက်ခဲ့သည်။သူ၏ ပထမဆုံးကိုယ်ပိုင်လုပ်ငန်းမှာ မနီလာမြို့တော်၊ မာကာတီရှိ စားသောက်ဆိုင်များအတွက် ပင်လယ်စာများ ပေးသွင်းသည့် လုပ်ငန်း ဖြစ်၏။ထူးခြားသည့်ဖြစ်ရပ်မှာ စားသောက်ဆိုင်ပိုင်ရှင်များက မန်နီဗီလာထံမှ ဝယ်ယူထားသည့် ပင်လယ်စာဖိုးများ မပေးချေနိုင်သောကြောင့် လျှော့ဈေးဖြင့် အစားအစာ စားသောက်ခွင့်လက်မှတ်များ ထုတ်ပေးခဲ့ရခြင်းဖြစ်သည်။မန်နီဗီလာက အဆိုပါလက်မှတ်များကို ရုံးဝန်ထမ်းများသို့ ရောင်းချကာ ငွေပြန်ရှာခဲ့ရသည်။

ဆောက်လုပ်ရေးဆိုက်များသို့ သဲကျောက်များ ပို့ဆောင်ပေးနေစဉ်ကာလအတွင်း မန်နီဗီလာတွေးမိခဲ့သည်မှာ နေအိမ်များ ဆောက်လုပ် ခြင်းဖြင့် အမြတ်ရအောင် လုပ်နိုင်မည်လားဟု တွေးမိခဲ့သည်။

ထိုအချိန်တွင် ဗီလာ၏အသက်မှာ ၂၆ နှစ်ရှိပြီဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းများမှာ နေအိမ်တစ်လုံးပိုင်ဆိုင်ရန် စတင်အိပ်မက်မက်နေကြ ချိန်လည်း ဖြစ်သည်။ဗီလာက ထိုကာလတွင် ငွေချေးယူကာ နေအိမ်တစ်လုံးဆောက်လုပ်ခဲ့၏။ ယင်းနောက် ဆောက်လုပ်ပြီးစီးပြီး မကြာမီတွင် ပြန်လည် ရောင်းထုတ်ခဲ့ရာ ကန်ဒေါ်လာ ၇၀၀ ခန့် အမြတ်ရခဲ့သည်။

(အပေါ်ပုံတွင် တွေ့ရသည်မှာ သားကြီး မာ့ခ်ဗီလာနှင့် အီမယ်လင်းတို့၏ ထိမ်းမြားမင်္ဂလာတွင် မန်နီဗီလာတို့ မိသားစု တစုတစည်းတည်း တွေ့ခဲ့ရပုံ ဖြစ်သည်။ ဝဲမှယာ- သမီးဖြစ်သူ ကင်မလီ၊ မန်နီဗီလာ၏ ဇနီး စင်သီယာ၊ အီမယ်လင်း၊ မာ့ခ်ဗီလာ၊ သားငယ် ပေါလိုဗီလာ)

ထိုအချိန်တွင် မန်နီဗီလာက ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးအား ထုတ်ဖော်ပြောကြားခဲ့သည်မှာ “တစ်နေ့ကျရင် ငါဟာ ဖိလစ်ပိုင်မှာ အကြီးမားဆုံးဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဖြစ်လာရမယ်” ဟု အခိုင်အမာပြောကြားခဲ့သည်။

အိမ်ခြံမြေဆောက်လုပ်ရေးနယ်သို့ စတင်ခြေချခဲ့သည်မှာ ၁၉၇၅ ခုနှစ်တွင်ဖြစ်ပြီး ပီဆိုငွေ ၁၀၀၀၀ ချေးယူကာ ကုန်တင်ကားဟောင်း ၂ စီး ဝယ်ယူခဲ့သည်။ အဆိုပါ ကား ၂ စီးဖြင့် မနီလာမြို့တော်၊ ပရာနက်ခ်မြို့နယ်ရှိ BF Homes အိမ်ရာဆောက်လုပ်ရေးစီမံကိန်းကြီးအတွက် သဲများ၊ ကျောက်များ ပို့ဆောင်ခဲ့၏။

ထိုသို့ သဲ၊ ကျောက်များ ပို့နေရင်းမှ ကျေးလက်ဘဏ်တစ်ခုမှ အတိုးနှုန်းနည်းပါးစွာဖြင့် ၇ နှစ်ချေးငွေတစ်ခု ရယူခဲ့သည်။အဆိုပါချေးငွေဖြင့် လာ့စ် ပီနာ့စ်အရပ်တွင် သူ၏ပထမဆုံး ဆောက်လုပ်ရေးစီမံကိန်းဖြစ်သော Camella Homes အဆင့် ၁ နှင့် ၂ ကို ဆောက်လုပ်ခဲ့သည်။

(အပေါ်ပုံတွင် တွေ့ရသည်မှာ သူဌေးကြီး မန်နီဗီလာကို မိသားစုပိုင် လက်လီဈေးဝယ်စင်တာတစ်ခု ဖွင့်ပွဲတွင် တွေ့ရပုံ။ အဆိုပါဈေးဝယ်စင်တာ Allhome သည် မန်နီဗီလာ၏ Vista Land က အကောင်အထည်ဖော် ဆောက်လုပ်ခဲ့သော ဟက်တာ ၁၅၀၀ အကျယ်အဝန်းရှိ Vista City မြို့တော်သစ်စီမံကိန်းကြီးအတွင်း ပါဝင်ခဲ့သည့် ဈေးဝယ်စင်တာတစ်ခုဖြစ်သည်။)

နေအိမ်ပေါင်း အလုံး ၁၆၀ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ပီဆိုသန်းပေါင်းများစွာ မြတ်စွန်းခဲ့ရာမှ နောင်အခါတွင် တန်ဖိုးနည်းအိမ်ရာများ အဓိက ဆောက်လုပ်ပေးနေသည့် ဖိလစ်ပိုင်၏အကြီးမားဆုံး ဆောက်လုပ်ရေးကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့သည်။

မန်နီဗီလာသည် တန်ဖိုးအိမ်ရာဆောက်လုပ်ရေးကဏ္ဍအပေါ် အဓိက အာရုံစိုက်ခဲ့ပြီး C&P Homes ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် Camella Homes ဟု အမည်ပြောင်းလဲသွားသည်။

မန်နီဗီလာသည် အထက်လွှတ်တော်အမတ်လည်းဖြစ်ခဲ့ပြီး ဥပဒေများရေးဆွဲရာတွင် ပါဝင်ခဲ့ရာ အချို့မှာ ဖိလစ်ပိုင်အတွက် အရေးပါသည့် ဥပဒေများဖြစ်လာသည်။

- မိုက္ကရိုစီးပွားရေးလုပ်ငန်းများ အက်ဥပဒေ

- ပြည်ပသို့ရောက်ရှိနေသူများ မဲပေးမှုဆိုင်ရာ အက်ဥပဒေ - လူကုန်ကူးမှု တိုက်ဖျက်ရေး အက်ဥပဒေ - သက်ကြီးရွယ်အိုများ အထောက်အပံ့ပေးရေး အက်ဥပဒေ - အမျိုးသမီးများနှင့် ကလေးငယ်များ အကြမ်းဖက်မှုမှ ကာကွယ်ရေး အက်ဥပဒေ တို့ပါဝင်သည်။ မန်နီဗီလာသည် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်အမတ်များအဖြစ် နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။ဥပဒေပြုနယ်ပယ်တွင် အောင်မြင်မှုများရခဲ့သော်လည်း ၂၀၁၀ သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံရေးလောကမှ ထွက်ခွာခဲ့သည်။

Philippine Daily Inquirer နှင့် တွေ့ဆုံမေးမြန်းခန်းတွင် မန်နီဗီလာက ပြောကြားခဲ့ရာတွင် “ကျွန်တော်ဟာ နိုင်ငံရေးလောကထဲကို မဝင်ခင် ကတည်းက ချမ်းသာခဲ့ပြီးဖြစ်ပါတယ်။ .ဒါက ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ် တာယန်ထမ်းဆောင်ခဲ့ပြီး ချမ်းသာလာတာ မဟုတ်ဘူး ဆိုတာ အကောင်းဆုံးသက်သေပါပဲ” ဟု မန်နီဗီလာက ဆိုသည်။

ဗီလာ၏ မိသားစုပိုင်ဆိုင်သော Vista Land & Lifescapes သည် ၂၀၁၉ ခုနှစ်မတိုင်မီက ဈေးဝယ်စင်တာ ၁၀ ခုကို ကန်ဒေါ်လာ ၃၅ သန်း အကုန်အကျခံဆောက်လုပ်ကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ ယခုအခါ သားဖြစ်သူ ပါအိုလိုက Vista ကို ဦးဆောင်လည်ပတ်လျက်ရှိသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် လူနေအိမ်နှင့် ကွန်ဒိုမီနီယံ စီမံကိန်းများ လုပ်ဆောင်လျက်ရှိသော Bria Homes ကုမ္ပဏီကို ဝယ်ယူခဲ့ပြီး Golden Bria ဟု အမည်ပြောင်းခဲ့သည်။ ဈေးထဲတွင် ငါးရောင်းရသော ဆင်းရဲသားကလေးငယ်တစ်ဦးသည် ကမ္ဘာကျော်သူဌေးကြီးတစ်ဦးဖြစ်လာခဲ့ပြီဖြစ်သည်။

မန်နီဗီလာ၏ ဘဝဇာတ်ကြောင်းကို Asiaweek နှင့် Asian Business Review တို့ကဲ့သို့သော နာမည်ကျော် မဂ္ဂဇင်းကြီးများတွင် ရေးသားဖော်ပြခဲ့ကြသည်။

မန်နီဗီလာသည် ဆုတံဆိပ်များစွာ ရရှိခဲ့ရာ ၁၉၈၆ ခုနှစ်တွင် အထင်ရှားဆုံး လူငယ် ၁၀ ဦးစာရင်းတွင် ရွေးချယ်ခံခဲ့ရခြင်းလည်း ပါဝင်သည်။

ထို့အပြင် စီးပွားရေးလောကတွင် သူ၏ စွမ်းဆောင်ပေးခဲ့မှုများကို အသိအမှတ်ပြုခြင်းအားဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များလည်း များစွာရရှိခဲ့သည်။

(အပေါ်ပုံတွင် တွေ့ရသည်မှာ သူဌေးကြီး မန်နီဗီလာကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့်အတူ မန်နီဗီလာတို့ မိသားစုပိုင် Vista Mall ဈေးဝယ်စင်တာ ဖွင့်ပွဲတွင် တွေ့ရပုံ။ ရှေ့တန်းဝဲမှယာ- All Value Holdings Corp. ၏ ဥက္ကဌ ကင်မလီ (မန်နီဗီလာ၏ သမီး)၊ Vista Land ဥက္ကဌ သူဌေးကြီး မန်နီဗီလာ၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေး၊ အထက်လွှတ်တော်အမတ် စင်သီယာဗီလာ (မန်နီဗီလာ၏ ဇနီး)။နောက်တန်းဝဲစွန်မှ ပုဂ္ဂိုလ်မှာ Vista Land ၏ အမှုဆောင်အရာရှိချုပ် ေျပါလို ဗီလာ (မန်နီမီလာ၏ သား)တို့ ဖြစ်ကြသည်)

.........

(မန်နီဗီလာ၏ ကိုယ်ရေးအချက်အလက်များ)

မန်ညူရယ်ဗီလာ (သို့မဟုတ်) မန်နီဗီလာသည် ဖိလစ်ပိုင်တွင် အကြီးမားဆုံး ဈေးဝယ်စင်တာအုပ်စုတစ်ခုဖြစ်သော Starmalls ၏ ဥက္ကဌဖြစ်သည်။

ဖိလစ်ပိုင်တွင် အကြီးမားဆုံး အိမ်ခြံမြေဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်သည့် Vista & Landscapes ၏ ဥက္ကဌလည်း ဖြစ်၏။

- ဖော့ဘ်မဂ္ဂဇင်းကြီးက ဖော်ပြခဲ့သော ၂၀၁၈ ခုနှစ် အချမ်းသာဆုံး ဖိလစ်ပိုင် ၅၀ ဦးတွင် နံပါတ် ၂ နေရာ၌ ရပ်တည်ခဲ့သည်။ - ၂၀၁၈ ခုနှစ် ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာကြီးများစာရင်းတွင် ပါဝင်ခဲ့သည်။ - အသက် - ၆၈ နှစ် - ကြွယ်ဝမှုရင်းမြစ်- အိမ်ခြံမြေ (ကိုယ့်ထူးကိုယ်ချွန်) - နေအိမ်- ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ - အိမ်ထောင်ရေး- အိမ်ထောင်ရှိ - သားသမီး - ၃ ဦး - ကြွယ်ဝမှု- ကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံ ယနေ့ကာလတွင် ဘီလျံနာသူဌေးကြီးဖြစ်နေပြီဖြစ်သော်လည်း မန်နီဗီလာတို့ မိသားစုသည် ဆယ်စုနှစ် ၂ ခု သက်တမ်းရှိပြီဖြစ်သော နေအိမ်ဟောင်းတွင် နေထိုင်လျက်ရှိဆဲဖြစ်သည်။

မန်နီဗီလာတို့ မိသားစု၏နေအိမ်မှာ ဘန်ဂလိုတစ်ထပ်အိမ်ဖြစ်ပြီး လှပသည့် ပန်းဥယျာဉ်များ ပါဝင်ကာ ခြံစည်းရိုးမြင့်မားစွာ ကာရံထားသည်။

မန်နီဗီလာက သား ၂ ဦးကို ပြည်ပနိုင်ငံများသို့ စေလွှတ်ကာ ပညာသင်ကြားစေခဲ့သည်။သားတစ်ဦးဖြစ်သူ ပေါလိုသည် မိသားစု၏ အဓိကလုပ်ငန်းဖြစ်သော အိမ်ခြံမြေကုမ္ပဏီ Vista Land & Lifescapes Inc., ၏ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူထားသည်။သမီးဖြစ်သူ ကင်မလီကမူ လက်လီအရောင်းဆိုင်အုပ်စုများကို တာဝန်ယူရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။အခြားသားတစ်ဦး မာ့ခ်ဗီလာမှာ ဖခင်၏ ခြေရာကို နင်းကာ နိုင်ငံရေးနယ်သို့လည်း ဝင်ရောက်ခဲ့ပြီး လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မန်နီဗီလာ၏ ယောက္ခမဖြစ်သူမှာ မြို့တော်ဝန်ဟောင်းတစ်ဦးဖြစ်ပြီး မန်နီဗီလာကို သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အမြဲတိုက်တွန်းလေ့ရှိသည်။မန်နီဗီလာက ပြန်လည်ပြောပြသည်မှာ “သူ (ယောက္ခမ) ကျွန်တော့်ကို တိုက်တွန်းတိုင်း အမြဲငြင်းဆန်ခဲ့ပါတယ်။ နောက်ကျတော့ သမ္မတဝင်အရွေးခံဖို့ မကြာခဏပြောလာတာကြောင့် ဇနီးခေါ်ကိုပြီး ဟောင်ကောင်ကို သွားရှောင်နေခဲ့ဖူးတယ်။ ဟောင်ကောင်မှာနေရင် သမ္မတဝင်ပြိုင်ဖို့ နားချခံရတဲ့ရန်က လွတ်မယ်လို့ ထင်ခဲ့ပေမယ့် ကျွန်တော့်အထင်လွဲသွားတယ်။ ညအိပ်ယာဝင်ချိန်ရောက်တော့ ဇနီးက တိုးတိုးလေး ကပ်ပြောတယ်။ အဲဒီအကြံမဆိုးဘူး…တဲ့” ဟု ပြောပြခဲ့ဖူးသည်။

မန်နီဗီလာ၏ ခြုံကြားမှ ဘုံဖျားအထိ ကိုယ့်ထူးကိုယ်ချွန်ရောက်ရှိခဲ့သည့် အောင်မြင်မှုကို ဖတ်ရှုပြီး မလျှော့သောဇွဲလုံ့လများဖြင့် မိမိတို့ ရည်မှန်းရာ ဘဝပန်းတိုင်အသီးသီးသို့ ရောက်ရှိရန် ကြိုးစားနိုင်ကြပါစေကြောင်း iMyanmarHouse.com မှ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများအပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား အစရှိသော ပြည်ပနိုင်ငံများမှ အိမ်ခြံမြေစီမံကိန်းများကိုလည်း ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

သဲေက်ာက္ေရာင္းခ်သူဘဝမွ ဖိလစ္ပိုင္၏ အခ်မ္းသာဆံုး သူေဌးၾကီးျဖစ္လာသူ အိမ္ျခံေျမလုပ္ငန္းရွင္ၾကီး မန္နီဗီလာ

မန္နီဗီလာ၏ အမည္ရင္းမွာ မန္နီ ဘန္ဘာ ဗီလာ ဂ်ဴနီယာျဖစ္သည္။မန္နီဗီလာကို ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာျမိဳ႕၏ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားေသာ ဆင္းရဲသားဆင္ေျခဖံုးျဖစ္သည့္ တြန္ဂိုအရပ္၊ မိုရီယိုနက္စ္တြင္ ၁၉၄၉ ခုႏွစ္၊ ဒီဇင္ဘာလ ၁၃ ရက္တြင္ ေမြးဖြားသည္။မန္ညဴရယ္ဗီလာကို မန္နီဗီလာဟုလည္း လူသိမ်ားၾကသည္။

ဗီလာ၏ ငယ္စဥ္ဘဝမွာ ဆင္းရဲၾကမ္းတမ္းလွသည္။“နာကာတူလူ ကန ဘာဆ ဒါကတ္နန္႔ ဘတ္ဆူဒါး” ဟု မန္ညဴရယ္ ဗီလာ မၾကာခဏေျပာေလ့ရွိသည္။ ဖိလစ္ဖိုင္ဘာသာစကားအရ “ခင္ဗ်ားတို႔ အမႈိက္ပံုၾကီးထဲမွာ အိပ္ဖူးၾကလား” ဟု အဓိပၸာယ္ရသည္။

သူ၏ ဘဝမွာ စင္ဒရဲလားပံုျပင္အလားျဖစ္၏။ ကေလး ၉ ဦးအနက္ ဒုတိယေျမာက္သားျဖစ္ျပီး ငယ္စဥ္ကတည္းကပင္ မိခင္ျဖစ္သူႏွင့္အတူ သားငါးေစ်းတြင္ ေစ်းကူေရာင္းရသည္။ ငယ္စဥ္ကတည္းကပင္ ဥာဏ္ရည္ထက္ျမက္သူတစ္ဦး ျဖစ္ခဲ့ေသာ္လည္း ငယ္စဥ္ကပင္ စီးပြားေရးနားလည္ခဲ့မႈႏွင့္ စပ္လ်ဥ္း၍ မန္နီဗီလာက မိခင္ၾကီးကို ေက်းဇူးအထူးတင္၏။ ဖခင္ျဖစ္သူ မန္ညဴရယ္ မန္းနင္း မြန္တာလ္ဘန္ ဗီလာ စီနီယာသည္ အစိုးရဝန္ထမ္းတစ္ဦးျဖစ္ျပီး ဖိလစ္ပိုင္ႏိုင္ငံ၊ အီလြိဳင္လိုျပည္နယ္၊ ကာဘာက်ဴအန္အရပ္ရွိ ငါးဖမ္းဗ်ဴရိုတြင္ တာဝန္ထမ္းေဆာင္ခဲ့သည္။မိခင္ျဖစ္သူ က်ဴရီတာ ကူရင္း ဘန္ဘာသည္ ဘာတန္းျပည္နယ္၊ အိုရာနီအရပ္ရွိ ဆင္းရဲေသာ မိသားစုမွျဖစ္ျပီး ငါးေရာင္းသူတစ္ဦး ျဖစ္သည္။

မန္နီဗီလာတို႔ မိသားစုသည္ မနီလာျမိဳ႕ရွိ ဆင္းရဲသားရပ္ကြက္တစ္ခုတြင္ လူေနခန္းက်ဥ္းကေလးတစ္ခု ငွားရမ္းေနထိုင္ခဲ့ၾက၏။ဗီလာ၏ ဖခင္သည္ ေနာက္ပိုင္းတြင္ အေမရိကန္ျပည္ေထာင္စု၌ တစ္ႏွစ္ၾကာပညာေတာ္သင္ဆုရရွိခဲ့သည္။ပညာေတာ္သင္ခရီးမွ ျပန္လာခ်ိန္တြင္ စိုက္ပ်ဳိးေရးႏွင့္ သဘာဝရင္းျမစ္မ်ားဦးစီးဌာန၏ ညႊန္ၾကားေရးမွွဴးအျဖစ္ ရာထူးတိုးျမွင့္ျခင္း ခံခဲ့ရသည္။

ယင္းေနာက္ ဗီလာ၏ ဖခင္က တြန္ဒိုအရပ္တြင္ ေနထိုင္ရသည္မွာ က်ပ္တည္းက်ဥ္းေျမာင္းလွေသာေၾကာင့္ အစိုးရအာမခံဌာနမွ ပီဆို ၁၆၀၀၀ ကို ၂၅ ႏွစ္အရစ္က်ေပးဆပ္သည့္စနစ္ျဖင့္ ေခ်းေငြရယူခဲ့ျပီး နာဗိုတာ့စ္ျပည္နယ္၊ ဆန္ရာဖဲလ္ေက်းရြာတြင္ ေနအိမ္တစ္လံုး ေဆာက္လုပ္ခဲ့သည္။

ငယ္စဥ္ဘဝက အလြန္ဆင္းရဲလွေသာ မန္နီဗီလာ မၾကာခဏေတြးမိဖူးသည့္အေတြးမွာ “တစ္ေန႔က်ရင္ အရမ္းခ်မ္းသာတဲ့သူတစ္ဦး ျဖစ္ခ်င္တယ္” ဟူသည့္အေတြးျဖစ္သည္။ ဒီဗီဆိုရီယာျပည္သူ႔ေစ်းၾကီးတြင္ ငါးေရာင္းေနသည့္မိခင္ကို ေစ်းကူေရာင္းရင္း တြန္ဒိုအရပ္ရွိ မူလတန္းေက်ာင္းကေလးတြင္ ေက်ာင္းတက္၏။ ထိုစဥ္က မန္နီဗီလာမွာ ၆ ႏွစ္သားအရြယ္သာ ရွိေသးသည္။

သို႔ရာတြင္ ေက်ာင္းတစ္ဖက္ႏွင့္ မိခင္ၾကီးကို ေစ်းကူေရာင္းေပးရျခင္းျဖစ္ေသာေၾကာင့္ ေက်ာင္းစာတြင္ ထိခိုက္ေစကာ ပထမတန္း တြင္ပင္ ေက်ာင္းမွအထုတ္ခံလိုက္ရသည္။ ယင္းေနာက္ မန္နီဗီလာက တြန္ဒိုအရပ္တြင္ ဘုန္းေတာ္ၾကီးမ်ားသင္ၾကားေပးသည့္ စာသင္ေက်ာင္းတြင္ ဆက္လက္တက္ေရာက္ခဲ့ ျပန္သည္။

မန္နီဗီလာထုတ္ေဖာ္ေျပာၾကားခဲ့ဖူးသည္မွာ “ကၽြန္ေတာ္ ေတာ္ေတာ္ကို စိတ္မရွည္ႏိုင္ေအာင္ျဖစ္ရတယ္။ ဒီလို စာေတြသင္၊ ေက်ာင္းေတြ တက္ေနရတာဟာ အခ်ိန္ျဖဳန္းတာသက္သက္ပဲလို႔ ေတြးမိတယ္။ ကၽြန္ေတာ္က အလုပ္လုပ္ျပီး စီးပြားေရးပဲ တန္းလုပ္ခ်င္တယ္” ဟု ဆိုသည္။

မန္နီဗီလာ၏ ဘဝတြင္ ေပ်ာ္ရႊင္ဖြယ္မ်ားမရွိခဲ့၊ လူကံုထံတို႔၏ သားသမီးမ်ား တက္ေရာက္ခဲ့သည့္ ပုဂၢလိကစာသင္ေက်ာင္းမ်ား မတက္ခဲ့ရ။ ခမ္းနားထည္ဝါလွသည့္ စံအိမ္ၾကီးမ်ားတြင္ မေနခဲ့ရ၊ မွီခိုအားထားရာ မိဘအေမြအႏွစ္လည္းမရွိ။ ကိုယ့္ထူးကိုယ္ခၽြန္ ၾကိဳးစားခဲ့ရျခင္း ျဖစ္သည္။

မန္နီဗီလာသည္ ဆင္းရဲႏြမ္းပါးသည့္ မိဘမ်ားမွ ေမြးဖြားလာသူျဖစ္ေသာ္လည္း တြန္ဒိုျမိဳ႕နယ္၊ ဒီဗီဆိုရီယာစီးပြားေရးစင္တာတြင္ အလုပ္အျပင္းအထန္ၾကိဳးစားကာ ပါးနပ္လွေသာ ဖိလစ္ပိုင္ႏိုင္ငံသား တရုတ္လူမ်ဳိးမ်ားကို စံနမူနာယူကာ ခ်မ္းသာေအာင္ျမင္မည့္ လမ္းေပၚသို႔ ေလွ်ာက္လွမ္းရန္ ၾကိဳးပမ္းခဲ့သည္။လက္ေတြ႔ကမၻာတြင္ ေငြရွာလိုစိတ္သာ အျမဲၾကီးစိုးေနသည့္ မန္နီဗီလာအတြက္ အထက္တန္းႏွင့္ တကၠသိုလ္ေက်ာင္းသားဘဝတို႔၌ ေက်ာင္းစာတြင္ စိတ္မဝင္စားျခင္း၊ ပ်င္းရိျခင္းမ်ားသာ ေပၚေပါက္ေနေစခဲ့သည္။တကၠသိုလ္တက္ေရာက္ေနစဥ္အတြင္း ဇနီးျဖစ္လာမည့္ စင္သီယာႏွင့္ အတန္းေဖာ္အျဖစ္ ေတြ႔ဆံုခဲ့ျခင္းျဖစ္သည္။

တကၠသိုလ္တက္ေရာက္ေနစဥ္ကာလတစ္ေလွ်ာက္တြင္လည္း ေက်ာင္းစရိတ္ရရန္အတြက္ အလုပ္မ်ဳိးစံုလုပ္ခဲ့ကာ ေက်ာင္းတက္ခဲ့ရျပီး စားေသာက္ဆိုင္မ်ားသို႔ ငါးမ်ားေပးသြင္းသည့္အလုပ္လည္း အပါအဝင္ျဖစ္သည္။တကၠသိုလ္တက္ႏိုင္ရန္ ဆင္းရဲပင္ပန္းစြာ ရုန္းကန္ခဲ့ရျပီး ဖိလစ္ပိုင္တကၠသိုလ္မွ စီးပြားေရးစီမံခန္႔ခြဲမႈ Business Administration ဘာသာရပ္ျဖင့္ ဘြဲ႔ရခဲ့သည္။ဖိလစ္ပိုင္တကၠသိုလ္သည္ ဆင္းရဲႏြမ္းပါးသူမ်ားအတြက္ အေကာင္းဆံုးပညာေရးေထာက္ပံ့ေပးေနသည့္ တကၠသိုလ္အျဖစ္ နာမည္ေက်ာ္ သည္။ထို႔ေနာက္ ဖိလစ္ပိုင္ တကၠသိုလ္မွပင္ စီးပြားေရးမဟာဘြဲ႔ ဆက္လက္ရရွိခဲ့သည္။

(အေပၚပံုတြင္ ေတြ႔ရသည္မွာ မန္နီဗီလာ၏ သားၾကီး မာ့ခ္ဗီလာကို ဇနီးျဖစ္သူ အီမယ္လင္း၊ ရင္ေသြးငယ္ အင္မာသိရီစ္တို႔ႏွင့္ ေတြ႔ရပံု)

MBA ေအာင္ျမင္ျပီးေနာက္ ထိပ္တန္းစာရင္းကိုင္ကုမၸဏီတစ္ခုျဖစ္ေသာ SGV၊ ယင္းေနာက္ ရင္းႏွီးျမွဳပ္ႏွံမႈဘဏ္ PDCP တို႔တြင္ ဝင္ေရာက္လုပ္ကိုင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ကိုယ္ပိုင္လုပ္ငန္းလုပ္ကိုင္ရန္အတြက္ အလုပ္ထြက္ခဲ့သည္။သူ၏ ပထမဆံုးကိုယ္ပိုင္လုပ္ငန္းမွာ မနီလာျမိဳ႕ေတာ္၊ မာကာတီရွိ စားေသာက္ဆိုင္မ်ားအတြက္ ပင္လယ္စာမ်ား ေပးသြင္းသည့္ လုပ္ငန္း ျဖစ္၏။ထူးျခားသည့္ျဖစ္ရပ္မွာ စားေသာက္ဆိုင္ပိုင္ရွင္မ်ားက မန္နီဗီလာထံမွ ဝယ္ယူထားသည့္ ပင္လယ္စာဖိုးမ်ား မေပးေခ်ႏိုင္ေသာေၾကာင့္ ေလွ်ာ့ေစ်းျဖင့္ အစားအစာ စားေသာက္ခြင့္လက္မွတ္မ်ား ထုတ္ေပးခဲ့ရျခင္းျဖစ္သည္။မန္နီဗီလာက အဆိုပါလက္မွတ္မ်ားကို ရံုးဝန္ထမ္းမ်ားသို႔ ေရာင္းခ်ကာ ေငြျပန္ရွာခဲ့ရသည္။

ေဆာက္လုပ္ေရးဆိုက္မ်ားသို႔ သဲေက်ာက္မ်ား ပို႔ေဆာင္ေပးေနစဥ္ကာလအတြင္း မန္နီဗီလာေတြးမိခဲ့သည္မွာ ေနအိမ္မ်ား ေဆာက္လုပ္ ျခင္းျဖင့္ အျမတ္ရေအာင္ လုပ္ႏိုင္မည္လားဟု ေတြးမိခဲ့သည္။

ထိုအခ်ိန္တြင္ ဗီလာ၏အသက္မွာ ၂၆ ႏွစ္ရွိျပီျဖစ္ျပီး မိတ္ေဆြသူငယ္ခ်င္းမ်ားမွာ ေနအိမ္တစ္လံုးပိုင္ဆိုင္ရန္ စတင္အိပ္မက္မက္ေနၾက ခ်ိန္လည္း ျဖစ္သည္။ဗီလာက ထိုုကာလတြင္ ေငြေခ်းယူကာ ေနအိမ္တစ္လံုးေဆာက္လုပ္ခဲ့၏။ ယင္းေနာက္ ေဆာက္လုပ္ျပီးစီးျပီး မၾကာမီတြင္ ျပန္လည္ ေရာင္းထုတ္ခဲ့ရာ ကန္ေဒၚလာ ၇၀၀ ခန္႔ အျမတ္ရခဲ့သည္။

(အေပၚပံုတြင္ ေတြ႔ရသည္မွာ သားၾကီး မာ့ခ္ဗီလာႏွင့္ အီမယ္လင္းတို႔၏ ထိမ္းျမားမဂၤလာတြင္ မန္နီဗီလာတို႔ မိသားစု တစုတစည္းတည္း ေတြ႔ခဲ့ရပံု ျဖစ္သည္။ ဝဲမွယာ- သမီးျဖစ္သူ ကင္မလီ၊ မန္နီဗီလာ၏ ဇနီး စင္သီယာ၊ အီမယ္လင္း၊ မာ့ခ္ဗီလာ၊ သားငယ္ ေပါလိုဗီလာ)

ထိုအခ်ိန္တြင္ မန္နီဗီလာက ေဆာက္လုပ္ေရးဝန္ထမ္းတစ္ဦးအား ထုတ္ေဖာ္ေျပာၾကားခဲ့သည္မွာ “တစ္ေန႔က်ရင္ ငါဟာ ဖိလစ္ပိုင္မွာ အၾကီးမားဆံုးေဆာက္လုပ္ေရးလုပ္ငန္းပိုင္ရွင္ျဖစ္လာရမယ္” ဟု အခိုင္အမာေျပာၾကားခဲ့သည္။

အိမ္ျခံေျမေဆာက္လုပ္ေရးနယ္သို႔ စတင္ေျခခ်ခဲ့သည္မွာ ၁၉၇၅ ခုႏွစ္တြင္ျဖစ္ျပီး ပီဆိုေငြ ၁၀၀၀၀ ေခ်းယူကာ ကုန္တင္ကားေဟာင္း ၂ စီး ဝယ္ယူခဲ့သည္။ အဆိုပါ ကား ၂ စီးျဖင့္ မနီလာျမိဳ႕ေတာ္၊ ပရာနက္ခ္ျမိဳ႕နယ္ရွိ BF Homes အိမ္ရာေဆာက္လုပ္ေရးစီမံကိန္းၾကီးအတြက္ သဲမ်ား၊ ေက်ာက္မ်ား ပို႔ေဆာင္ခဲ့၏။

ထိုသို႔ သဲ၊ ေက်ာက္မ်ား ပို႔ေနရင္းမွ ေက်းလက္ဘဏ္တစ္ခုမွ အတိုးႏႈန္းနည္းပါးစြာျဖင့္ ၇ ႏွစ္ေခ်းေငြတစ္ခု ရယူခဲ့သည္။အဆိုပါေခ်းေငြျဖင့္ လာ့စ္ ပီနာ့စ္အရပ္တြင္ သူ၏ပထမဆံုး ေဆာက္လုပ္ေရးစီမံကိန္းျဖစ္ေသာ Camella Homes အဆင့္ ၁ ႏွင့္ ၂ ကို ေဆာက္လုပ္ခဲ့သည္။

(အေပၚပံုတြင္ ေတြ႔ရသည္မွာ သူေဌးၾကီး မန္နီဗီလာကို မိသားစုပိုင္ လက္လီေစ်းဝယ္စင္တာတစ္ခု ဖြင့္ပြဲတြင္ ေတြ႔ရပံု။ အဆိုပါေစ်းဝယ္စင္တာ Allhome သည္ မန္နီဗီလာ၏ Vista Land က အေကာင္အထည္ေဖာ္ ေဆာက္လုပ္ခဲ့ေသာ ဟက္တာ ၁၅၀၀ အက်ယ္အဝန္းရွိ Vista City ျမိဳ႕ေတာ္သစ္စီမံကိန္းၾကီးအတြင္း ပါဝင္ခဲ့သည့္ ေစ်းဝယ္စင္တာတစ္ခုျဖစ္သည္။)

ေနအိမ္ေပါင္း အလံုး ၁၆၀ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ပီဆိုသန္းေပါင္းမ်ားစြာ ျမတ္စြန္းခဲ့ရာမွ ေနာင္အခါတြင္ တန္ဖိုးနည္းအိမ္ရာမ်ား အဓိက ေဆာက္လုပ္ေပးေနသည့္ ဖိလစ္ပိုင္၏အၾကီးမားဆံုး ေဆာက္လုပ္ေရးကုမၸဏီၾကီးကို ထူေထာင္ႏိုင္ခဲ့သည္။

မန္နီဗီလာသည္ တန္ဖိုးအိမ္ရာေဆာက္လုပ္ေရးက႑အေပၚ အဓိက အာရံုစိုက္ခဲ့ျပီး C&P Homes ကုမၸဏီကို တည္ေထာင္ခဲ့ျပီး ေနာက္ပိုင္းတြင္ Camella Homes ဟု အမည္ေျပာင္းလဲသြားသည္။

မန္နီဗီလာသည္ အထက္လႊတ္ေတာ္အမတ္လည္းျဖစ္ခဲ့ျပီး ဥပေဒမ်ားေရးဆြဲရာတြင္ ပါဝင္ခဲ့ရာ အခ်ဳိ႕မွာ ဖိလစ္ပိုင္အတြက္ အေရးပါသည့္ ဥပေဒမ်ားျဖစ္လာသည္။

- မိုကၠရိုစီးပြားေရးလုပ္ငန္းမ်ား အက္ဥပေဒ - ျပည္ပသို႔ေရာက္ရွိေနသူမ်ား မဲေပးမႈဆိုင္ရာ အက္ဥပေဒ - လူကုန္ကူးမႈ တိုက္ဖ်က္ေရး အက္ဥပေဒ - သက္ၾကီးရြယ္အိုမ်ား အေထာက္အပံ့ေပးေရး အက္ဥပေဒ - အမ်ဳိးသမီးမ်ားႏွင့္ ကေလးငယ္မ်ား အၾကမ္းဖက္မႈမွ ကာကြယ္ေရး အက္ဥပေဒ တို႔ပါဝင္သည္။

မန္နီဗီလာသည္ ေအာက္လႊတ္ေတာ္ႏွင့္ အထက္လႊတ္ေတာ္အမတ္မ်ားအျဖစ္ ႏွစ္ေပါင္း ၂၀ ေက်ာ္ တာဝန္ထမ္းေဆာင္ခဲ့သည္။ဥပေဒျပဳနယ္ပယ္တြင္ ေအာင္ျမင္မႈမ်ားရခဲ့ေသာ္လည္း ၂၀၁၀ သမၼတေရြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ျပိဳင္ခဲ့ရာတြင္ ရံႈးနိမ့္ခဲ့ျပီးေနာက္ ႏိုင္ငံေရးေလာကမွ ထြက္ခြာခဲ့သည္။

Philippine Daily Inquirer ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ မန္နီဗီလာက ေျပာၾကားခဲ့ရာတြင္ “ကၽြန္ေတာ္ဟာ ႏိုင္ငံေရးေလာကထဲကို မဝင္ခင္ ကတည္းက ခ်မ္းသာခဲ့ျပီးျဖစ္ပါတယ္။ .ဒါက ျပည္သူ႔ဝန္ထမ္းတစ္ဦးအျဖစ္ တာယန္ထမ္းေဆာင္ခဲ့ျပီး ခ်မ္းသာလာတာ မဟုတ္ဘူး ဆိုတာ အေကာင္းဆံုးသက္ေသပါပဲ” ဟု မန္နီဗီလာက ဆိုသည္။

ဗီလာ၏ မိသားစုပိုင္ဆိုင္ေသာ Vista Land & Lifescapes သည္ ၂၀၁၉ ခုႏွစ္မတိုင္မီက ေစ်းဝယ္စင္တာ ၁၀ ခုကို ကန္ေဒၚလာ ၃၅ သန္း အကုန္အက်ခံေဆာက္လုပ္ကာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့သည္။ ယခုအခါ သားျဖစ္သူ ပါအိုလိုက Vista ကို ဦးေဆာင္လည္ပတ္လ်က္ရွိသည္။

၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလတြင္ လူေနအိမ္ႏွင့္ ကြန္ဒိုမီနီယံ စီမံကိန္းမ်ား လုပ္ေဆာင္လ်က္ရွိေသာ Bria Homes ကုမၸဏီကို ဝယ္ယူခဲ့ျပီး Golden Bria ဟု အမည္ေျပာင္းခဲ့သည္။ ေစ်းထဲတြင္ ငါးေရာင္းရေသာ ဆင္းရဲသားကေလးငယ္တစ္ဦးသည္ ကမၻာေက်ာ္သူေဌးၾကီးတစ္ဦးျဖစ္လာခဲ့ျပီျဖစ္သည္။

မန္နီဗီလာ၏ ဘဝဇာတ္ေၾကာင္းကို Asiaweek ႏွင့္ Asian Business Review တို႔ကဲ့သို႔ေသာ နာမည္ေက်ာ္ မဂၢဇင္းၾကီးမ်ားတြင္ ေရးသားေဖာ္ျပခဲ့ၾကသည္။

မန္နီဗီလာသည္ ဆုတံဆိပ္မ်ားစြာ ရရွိခဲ့ရာ ၁၉၈၆ ခုႏွစ္တြင္ အထင္ရွားဆံုး လူငယ္ ၁၀ ဦးစာရင္းတြင္ ေရြးခ်ယ္ခံခဲ့ရျခင္းလည္း ပါဝင္သည္။

ထို႔အျပင္ စီးပြားေရးေလာကတြင္ သူ၏ စြမ္းေဆာင္ေပးခဲ့မႈမ်ားကို အသိအမွတ္ျပဳျခင္းအားျဖင့္ ဂုဏ္ထူးေဆာင္ဘြဲ႔မ်ားလည္း မ်ားစြာရရွိခဲ့သည္။

(အေပၚပံုတြင္ ေတြ႔ရသည္မွာ သူေဌးၾကီး မန္နီဗီလာကို ဖိလစ္ပိုင္သမၼတ ဒူတာေတးႏွင့္အတူ မန္နီဗီလာတို႔ မိသားစုပိုင္ Vista Mall ေစ်းဝယ္စင္တာ ဖြင့္ပြဲတြင္ ေတြ႔ရပံု။ ေရွ႕တန္းဝဲမွယာ- All Value Holdings Corp. ၏ ဥကၠဌ ကင္မလီ (မန္နီဗီလာ၏ သမီး)၊ Vista Land ဥကၠဌ သူေဌးၾကီး မန္နီဗီလာ၊ ဖိလစ္ပိုင္သမၼတ ဒူတာေတး၊ အထက္လႊတ္္ေတာ္အမတ္ စင္သီယာဗီလာ (မန္နီဗီလာ၏ ဇနီး)။ေနာက္တန္းဝဲစြန္မွ ပုဂၢိဳလ္မွာ Vista Land ၏ အမႈေဆာင္အရာရွိခ်ဳပ္ ေ်ပါလို ဗီလာ (မန္နီမီလာ၏ သား)တို႔ ျဖစ္ၾကသည္)

.........

(မန္နီဗီလာ၏ ကိုယ္ေရးအခ်က္အလက္မ်ား)

မန္ညဴရယ္ဗီလာ (သို႔မဟုတ္) မန္နီဗီလာသည္ ဖိလစ္ပိုင္တြင္ အၾကီးမားဆံုး ေစ်းဝယ္စင္တာအုပ္စုတစ္ခုျဖစ္ေသာ Starmalls ၏ ဥကၠဌျဖစ္သည္။

ဖိလစ္ပိုင္တြင္ အၾကီးမားဆံုး အိမ္ျခံေျမေဆာက္လုပ္ေရးကုမၸဏီၾကီးျဖစ္သည့္ Vista & Landscapes ၏ ဥကၠဌလည္း ျဖစ္၏။

- ေဖာ့ဘ္မဂၢဇင္းၾကီးက ေဖာ္ျပခဲ့ေသာ ၂၀၁၈ ခုႏွစ္ အခ်မ္းသာဆံုး ဖိလစ္ပိုင္ ၅၀ ဦးတြင္ နံပါတ္ ၂ ေနရာ၌ ရပ္တည္ခဲ့သည္။ - ၂၀၁၈ ခုႏွစ္ ကမၻာ့အခ်မ္းသာဆံုးဘီလ်ံနာၾကီးမ်ားစာရင္းတြင္ ပါဝင္ခဲ့သည္။ - အသက္ - ၆၈ ႏွစ္ - ၾကြယ္ဝမႈရင္းျမစ္- အိမ္ျခံေျမ (ကိုယ့္ထူးကိုယ္ခၽြန္) - ေနအိမ္- ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာျမိဳ႕ - အိမ္ေထာင္ေရး- အိမ္ေထာင္ရွိ - သားသမီး - ၃ ဦး - ၾကြယ္ဝမႈ- ကန္ေဒၚလာ ၄ ဒသမ ၉ ဘီလီယံ ယေန႔ကာလတြင္ ဘီလ်ံနာသူေဌးၾကီးျဖစ္ေနျပီျဖစ္ေသာ္လည္း မန္နီဗီလာတို႔ မိသားစုသည္ ဆယ္စုႏွစ္ ၂ ခု သက္တမ္းရွိျပီျဖစ္ေသာ ေနအိမ္ေဟာင္းတြင္ ေနထိုင္လ်က္ရွိဆဲျဖစ္သည္။

မန္နီဗီလာတို႔ မိသားစု၏ေနအိမ္မွာ ဘန္ဂလိုတစ္ထပ္အိမ္ျဖစ္ျပီး လွပသည့္ ပန္းဥယ်ာဥ္မ်ား ပါဝင္ကာ ျခံစည္းရိုးျမင့္မားစြာ ကာရံထားသည္။

မန္နီဗီလာက သား ၂ ဦးကို ျပည္ပႏိုင္ငံမ်ားသို႔ ေစလႊတ္ကာ ပညာသင္ၾကားေစခဲ့သည္။သားတစ္ဦးျဖစ္သူ ေပါလိုသည္ မိသားစု၏ အဓိကလုပ္ငန္းျဖစ္ေသာ အိမ္ျခံေျမကုမၸဏီ Vista Land & Lifescapes Inc., ၏ ဥကၠဌ၊ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ တာဝန္ယူထားသည္။သမီးျဖစ္သူ ကင္မလီကမူ လက္လီအေရာင္းဆိုင္အုပ္စုမ်ားကို တာဝန္ယူရန္ ရည္ရြယ္ထားသည္ဟု ဆိုသည္။အျခားသားတစ္ဦး မာ့ခ္ဗီလာမွာ ဖခင္၏ ေျခရာကို နင္းကာ ႏိုင္ငံေရးနယ္သို႔လည္း ဝင္ေရာက္ခဲ့ျပီး လႊတ္ေတာ္အမတ္အျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိသည္။

မန္နီဗီလာ၏ ေယာကၡမျဖစ္သူမွာ ျမိဳ႕ေတာ္ဝန္ေဟာင္းတစ္ဦးျဖစ္ျပီး မန္နီဗီလာကို သမၼတေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ျပိဳင္ရန္ အျမဲတိုက္တြန္းေလ့ရွိသည္။မန္နီဗီလာက ျပန္လည္ေျပာျပသည္မွာ “သူ (ေယာကၡမ) ကၽြန္ေတာ့္ကို တိုက္တြန္းတိုင္း အျမဲျငင္းဆန္ခဲ့ပါတယ္။ ေနာက္က်ေတာ့ သမၼတဝင္အေရြးခံဖို႔ မၾကာခဏေျပာလာတာေၾကာင့္ ဇနီးေခၚကိုျပီး ေဟာင္ေကာင္ကို သြားေရွာင္ေနခဲ့ဖူးတယ္။ ေဟာင္ေကာင္မွာေနရင္ သမၼတဝင္ျပိဳင္ဖို႔ နားခ်ခံရတဲ့ရန္က လြတ္မယ္လို႔ ထင္ခဲ့ေပမယ့္ ကၽြန္ေတာ့္အထင္လြဲသြားတယ္။ ညအိပ္ယာဝင္ခ်ိန္ေရာက္ေတာ့ ဇနီးက တိုးတိုးေလး ကပ္ေျပာတယ္။ အဲဒီအၾကံမဆိုးဘူး…တဲ့” ဟု ေျပာျပခဲ့ဖူးသည္။

မန္နီဗီလာ၏ ျခံဳၾကားမွ ဘံုဖ်ားအထိ ကိုယ့္ထူးကိုယ္ခၽြန္ေရာက္ရွိခဲ့သည့္ ေအာင္ျမင္မႈကို ဖတ္ရႈျပီး မေလွ်ာ့ေသာဇြဲလံု႔လမ်ားျဖင့္ မိမိတို႔ ရည္မွန္းရာ ဘဝပန္းတိုင္အသီးသီးသို႔ ေရာက္ရွိရန္ ၾကိဳးစားႏိုင္ၾကပါေစေၾကာင္း iMyanmarHouse.com မွ ဆုမြန္ေကာင္းေတာင္း ေပးလိုက္ပါသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႕) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္နိုင္ငံလံုးတြင္ရွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား အစရွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
shwe-moe-kaung
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service