နိုင်ငံခြားသားများ မိုးကုတ်ဒေသသို့ လည်ပတ်ခွင့်ရပြီ - Property News in Myanmar from iMyanmarHouse.com
1482 Views

နိုင်ငံခြားသားများ မိုးကုတ်ဒေသသို့ လည်ပတ်ခွင့်ရပြီ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်ဒေသသို့ နိုင်ငံခြားသားခရီးသွားများလည်ပတ်ခွင့်ကို လုံခြုံရေးအရ တားမြစ်ထားရာမှ စက်တင်ဘာ ၁၀ ရက်မှ စတင်ပြီး ခွင့်ပြုချက်ရယူကာ လည်ပတ်သွားလာနိုင်ရန် ညွှန်ကြားစာထွက်လာပြီဖြစ်ကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

မိုးကုတ်ဒေသလည်ပတ်ခွင့်အတွက် တင်ပြခဲ့ခြင်းကြောင့် သြဂုတ်လနောက်ဆုံးအပတ်က ပြည်ထောင်စုမှ သဘောတူခွင့်ပြုခဲ့၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်သက်ဆိုင်ရာဌာနများသို့ စက်တင်ဘာ ၁၀ ရက်က ညွှန်ကြားချက်ထုတ်ပြန်ပေးခဲ့သည်။

''ညွှန်ကြားချက်ထွက်လာပြီ။ လည်ပတ်ခွင့်ပဲရမယ်။Conference တွေ လုပ်ခွင့်မရှိ။ဖြေလျှော့ပေးတာက ပထမဆုံး Pilot Project ဖြစ်တယ်။ခရီးသွားတွေမှာ Tour Guide ပါရမယ်။လမ်းကြောင်းက မန္တလး-သပိတ်ကျင်း -မိုးကုတ် လမ်းပိုင်းပဲခွင့်ပြုပြီး စက်ဘီး၊ဆိုင်ကယ်၊သုံးဘီး၊ခြေလျင် သွားခွင့်မပြုဘူး။ကားနဲ့ ဒါမှမဟုတ် အငှားကားနဲ့ပေါ့။ ခရီးသွားကုမ္ပဏီဘက်က လိုင်စင်သက်တမ်းရှိရမယ်။ခရီးသွားဧည့်သည်ကို အာမခံပေးရမယ်”ဟု ဟိုတယ်နှင့် ခရီးသွား(မန္တလေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

ယင်းသို့ခွင့်ပြုရာတွင် မန္တလေး-ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းမှ သွားလာခွင့်ပြုမည်မဟုတ်ဘဲ မိုးကုတ်မြို့သည် ရတနာထွက်ရှိရာဖြစ်၍ ဒေသခံများ၏ မိုးကုတ် ကျောက်အရောင်းအဝယ်တိုးတက်လာရန်နှင့် လေ့လာနိုင်ရန် ဖြစ်ရာ လုံခြုံရေးလက်လှမ်းမီသည့် နေရာထိ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

“ဟိုတယ်ခရီးနဲ့ ညှိနှိုင်းပြီး လာခွင့်ပြုတဲ့သဘောပါ။ စက်တင်ဘာ ၁၀ရက်နေ့ စာနဲ့ဝင်တယ်။ နိုင်ငံခြားသားဝင် ထွက်မှုက တရုတ်လူမျိုးတွေက ဝင်ရောက်မှုများလာတယ်။ ပိတ်ထားတာကတော့ တစ်နှစ်ခွဲလောက် ရှိပြီလို့ခန့်မှန်းရတယ်။ အခုအစိုးရလက်ထက်မှာမှ ပိတ်တာပါ”ဟု မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးကံထူးက ပြောသည်။

မိုးကုတ်ကျောက်မျက်များရောင်းဝယ်သည့် ထာပွဲတွင် နိုင်ငံခြားသားများဝင်ရောက်လာမှုကြောင့် အရောင်း အဝယ်ပိုကောင်းလာနိုင်ရန်၊ဗဟုသုတလေ့လာနိုင်ရန် အတွက် ခွင့်ပြုလိုက်ခြင်းဖြစ်နိုင်ကြောင်း၊ခွင့်ပြုရာတွင်လည်း မြို့တွင်းနေရာများတွင် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ယင်းသို့ဝင်ရောက်ခွင့်အတွက် ဟိုတယ်ခရီးတွင် လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးဌာနက ခွင့်ပြုချက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“ဒီဘက်ခေတ်မှာ ပိတ်လိုက်ပြီး လုံခြုံရေးအရ ဘာမှကိုပေးမလာဘူး။ သူငယ်ချင်းတစ်ယောက်ဆီမှာ မိုးကုတ် လာချင်တဲ့ နိုင်ငံခြားဧည့်သည် ၄၀ လောက် ရှိနေတယ်။လာချင်တဲ့သူက အများကြီးပါ။ ထာပွဲတွေမှာ သူတို့လာ တော့ အောက်ကျောက်တွေနဲ့ အမှတ်တရပစ္စည်းတွေ ရောင်းရတယ်။အထက်ကျောက်ကတော့ သူ့ဈေးနဲ့သူ အရောင်းအဝယ်ရှိပြီးသားပါ”ဟု မိုးကုတ်ကျောက်မျက်ပွဲစား(ထာပွဲ)ဘဏ္ဍာရေးမှူး ကိုမင်းသူက ပြောသည်။

 

Credit:  The Myanmar Times

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 19 Jul To 20 Jul

Emerald Bay Luxury Condo

From 19 Jul To 20 Jul

ERC Luxury Condo

From 19 Jul To 20 Jul

Magical World Apartment

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service