ဆောက်လုပ်ရေးကုမ္ပဏီ သောင်းချီရှိသော်လည်း အရည်အချင်းရှိကုမ္ပဏီ အနည်းအကျဉ်းသာ ရှိဟုဆို

ဆောက်လုပ်ရေးကုမ္ပဏီ သောင်းချီရှိသော်လည်း အရည်အချင်းရှိကုမ္ပဏီ အနည်းအကျဉ်းသာ ရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
21 Aug 2018 11:15 am တွင် တင်ခဲ့သည်
1778 ကြိမ် ကြည့်ရှု့ပြီး

မြန်မာတစ်နိုင်ငံလုံးတွင် ဆောက်လုပ်ရေးကုမ္ပဏီ သောင်းဂဏန်းခန့်ရှိသော်လည်း လိုအပ် သည့်အရည်အချင်းနှင့် ပြည့်စုံသောဆောက်လုပ်ရေးကုမ္ပဏီ အနည်းအကျဉ်းသာရှိပြီး လက်ချိုးရေတွက်၍ ရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်လင်းက ပြောသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ဆောင် ရွက်သည့် တည်ဆောက်ရေးလုပ် ငန်းများနှင့်ပတ်သက်၍ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ပြ ဆွေးနွေးချက်များကို ဒုဝန်ကြီးက ယမန်နေ့တွင် ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော်၌ ပြန်လည်ရှင်းလင်းခဲ့သည်။

‘‘ယခုအချိန်မှာ တစ်နိုင်ငံလုံးတွင် ဆောက်လုပ်ရေးကုမ္ပဏီ အရေအတွက် သောင်းဂဏန်းခန့်ရှိနေပြီး လုပ်ငန်းအတွေ့အကြုံ၊ပိုင်ဆိုင်သည့် ဘဏ္ဍာရေးအခြေအနေ၊ ကျွမ်းကျင်အင်ဂျင်နီယာနှင့် စက်ယာဉ်ယန္တရား ပိုင်ဆိုင်မှုစသည်တို့နဲ့ ပြည့်စုံတဲ့ကုမ္ပဏီများရဲ့ အရေအတွက်ကို လက်ချိုးရေတွက်လို့ရမှာဖြစ်ပါတယ်’’ဟု ဒု ၀န်ကြီးကပြောသည်။

တည်ဆောက်ရေးလုပ်ငန်း များတွင် အားနည်းချက်များရှိနေခြင်းနှင့်ပတ်သက်၍ အဓိက အကြောင်းရင်းကို ရှာဖွေရာ၌ ပုဂ္ဂလိကကုမ္ပဏီများ၏ လုပ်ငန်း ကျွမ်းကျင်မှုကို မေးခွန်းထုတ်ရ မည်ဖြစ်ကြောင်း ဒုဝန်ကြီးကပြော သည်။

ထို့အပြင် ကုမ္ပဏီအများစု သည် တင်ဒါအောင်မြင်ချိန်၌ လုပ်ငန်းပြီးမြောက်မှု အာမခံငွေ သွင်းရန်နှင့် လုပ်ငန်းအတွက် ကြို တင်စိုက်ထုတ်နိုင်သည့် ဘဏ္ဍာ ရေးအခြေအနေမရှိဘဲ ဘဏ်များ နှင့် ပြင်ပမှ ချေးငွေများကို အတိုးနှုန်းဖြင့် ချေးယူကာလုပ်ငန်း ဆောင်ရွက်သည့် အခြေအနေ တွင်ရှိကြောင်း ဒုဝန်ကြီးကပြော ကြားသည်။

ထို့ကြောင့် ဆောက်လုပ်ရေး ကုမ္ပဏီများ၏ လုပ်ငန်းကျွမ်းကျင်မှု ပိုမိုကောင်းမွန်လာစေရန် ဆောက်လုပ်ရေးနှင့် သက်ဆိုင် သည့်လုပ်သား ၁၉ မျိုးကို အဆင့် ခွဲခြား၍ သင်ကြားပေးနိုင်ရန် သင် ရိုးဇယားများ ရေးဆွဲနေကြောင်း ဆိုသည်။

လက်ရှိလုပ်ငန်းဆောင်ရွက် နေသည့် ပုဂ္ဂလိကဆောက်လုပ် ရေးကုမ္ပဏီအများစုသည် ငွေ ကြေး၊ စက်ယန္တရားနှင့်ကျွမ်းကျင် ၀န်ထမ်းနည်းပါးသည်မှာ မှန် သော်လည်း လက်ချိုးရေတွက်၍ ရသည့် အရေအတွက်အထိ မဟုတ်ဟု မြန်မာနိုင်ငံ ဆောက် လုပ်ရေးလုပ်ငန်းရှင်များ အသင်း ချုပ် အထွေထွေအတွင်းရေးမှူး ချုပ် ဦးမျိုးမြင့်ကပြောသည်။

‘‘တကယ်လုပ်နိုင်ကိုင်နိုင်တဲ့ ကုမ္ပဏီက ရာဂဏန်းလောက်အ ထိတော့ရှိမှာပါ။ အဲဒီလောက်အ ထိတော့လည်းမနည်းပါဘူး။ အ ကြမ်းဖျင်းတော့မှန်တယ်။ သူ ပြောသလောက် လက်ချိုးရေလို့ ရလောက်တဲ့အထိတော့ မဟုတ် ပါဘူး’’ဟု ၎င်းကတုံ့ပြန်သည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွက် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုတည်ဆောက်ရေးလုပ်ငန်း ၂,၆၀၀ ကျော်ရှိရာတွင် ၆၀၀ ကျော်သာ သတ်မှတ်ကာလအ တွင်း ပြီးစီးပြီး ကျန် ၁,၉၀၀ ခန့် (၇၅ ရာခိုင်နှုန်းခန့်)သည် သတ်မှတ်ချိန်အတွင်း မပြီးကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အစီရင်ခံစာ ၌ ဖော်ပြထားသည်။

ယင်းတည်ဆောက်ရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း၂,၅၀၀ ကျော် ပါဝင်ပြီး ၀န်ကြီးဌာနက ကိုယ်တိုင်ဆောင်ရွက်သည့် လုပ်ငန်း ၁၆၀ ကျော်ရှိသည်။ ထို့ ကြောင့် လွှတ်တော်ကိုယ်စား လှယ်များက ဆောက်လုပ်ရေးဝန် ကြီးဌာန၏ ကြီးကြပ်မှုအားနည်း ခြင်း၊ တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှု အရည်အ သွေးမပြည့်မီခြင်းကို ထောက် ပြထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် တင်ဒါခေါ်ယူရမည့် လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကိုယ်တိုင် တာဝန်ယူတည် ဆောက်ခြင်း၊ တင်ဒါခေါ်ရာတွင် သတ်မှတ်ထားသည့် အမှတ်ပေး စနစ်များအတိုင်း မဆောင်ရွက် ခြင်း၊ တင်ဒါအောင်ကုမ္ပဏီများ အပေါ် ကြီးကြပ်အရေးယူမှုအား နည်းခြင်း၊ နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံး၊ လုပ်နည်းညွှန် ကြားချက်ကို မလိုက်နာခြင်း စ သည်တို့ ပြုပြင်ရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးက ဆွေးနွေးထားသည်။

‘‘စံချိန်စံညွှန်းမီစွာဆောက် လုပ်ခြင်းမရှိတဲ့ ကုမ္ပဏီများကို အ ရေးယူဆောင်ရွက်သွားဖို့ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ နှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပြီး အကြောင်းကြားစာများလည်း ပေးပို့သွားမှာ ဖြစ်ပါတယ်’’ဟု ဒု ၀န်ကြီးက ပြန်လည်ရှင်းလင်းသည်။

လက်ရှိတွင် စံချိန်စံညွှန်း မမီသည့် အဆောက်အအုံများကို ပြန်လည်ပြုပြင်စေခြင်း၊ အရည် အသွေးမမီသည့် အဆောက်အအုံအချို့ကို ဖျက်သိမ်း၍ အသစ်ပြန်လည် တည်ဆောက်စေခြင်းတို့ ဆောင်ရွက်နေပြီး ကုမ္ပဏီများနှင့် ပူးပေါင်း၍ အကျင့်ပျက်လာဘ် စားသည့် ၀န်ထမ်းများကို အရေးယူနိုင်ရန် ဆောင်ရွက်မည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

‘‘ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အကျင့်ပျက်ဝန်ထမ်းများ ရှိပါက ဆောက်လုပ်ရေးဝန်ကြီး ဌာနသို့လည်းကောင်း၊ အခြားဝန် ကြီးဌာနများမှ အကျင့်ပျက်ဝန် ထမ်းများရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများသို့လည်းကောင်း အကြောင်းကြားပေးဖို့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကို ညှိနှိုင်းမေတ္တာရပ်ခံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု ဒုဝန်ကြီးကပြောသည်။

Credit:  7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
area-one-business-complex
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service