လမ်းဘေးလူသွားလမ်းများပေါ်တွင် အိပ်စက်ခြင်းကို လော့စ်အိန်ဂျလိ မြို့ တော်ဝန် ပိတ်ပင်သွားဖွယ်ရှိ - Property News in Myanmar | iMyanmarHouse.com
လမ်းဘေးလူသွားလမ်းများပေါ်တွင် အိပ်စက်ခြင်းကို လော့စ်အိန်ဂျလိ မြို့ တော်ဝန် ပိတ်ပင်သွားဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
949 ကြိမ် ကြည့်ရှု့ ပြီး

လမ်းဘေးလူသွားလမ်းများပေါ်တွင် အိပ်စက်ခြင်းကို လော့စ်အိန်ဂျလိ မြို့ တော်ဝန် ပိတ်ပင်သွားဖွယ်ရှိ

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော် (iMyanmarHouse.com)

လော့စ်အိန်ဂျလိမြို့ တော်ဝန် အဲရစ်ခ် ဂါဆက်တီက လူသွားလမ်းများပေါ်တွင် အိပ်စက်မှု အရေးယူရန်အကြောင်းနှင့် စပ်လျဉ်း၍ ၎င်း၏ သဘောထားကို ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားလိုက်သည်။

“ကျွန်တော်က ဒါကို အလျင်အမြန်အကောင်အထည်ဖော်ဖို့တော့ အစီအစဉ်မရှိပါဘူး” ဟု သတင်းထောက်များကို ပြောကြားလိုက်ရာ လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာသို့ ပြောကြားခဲ့ဖူးသည်နှင့် အနည်းငယ်သွေဖည်နေသည်။
ပြီးခဲ့သော လအတွင်း လော့စ်အိန်ဂျလိတိုင်းမ်သို့ ပြောကြားခဲ့ရာတွင် ဥပဒေသည် မိမိတို့ရှေ့ မှောက်တွင်ရှိသည့် လက်နက်ကိရိယာ တစ်မျိုးဖြစ်ပြီး အသုံးပြုသွားဖွယ်လည်းရှိကြောင်း ပြောကြားထားသည်။

အဆိုပါတားမြစ်ချက်မျိုးသည် ရက်စက်သည့်လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြည်ထောင်စုအယူခံခုံရုံးက သုံးသပ်ခဲ့ဖူးပြီး American Civil Liberties Union နှင့် ညှိနှိုင်းခဲ့မှုအရ ၂၀၀၇ ခုနှစ်ကတည်းကပင် အသက်ဝင်အသုံးပြုခဲ့ခြင်း မရှိချေ။

ထိုနှစ်အတွင်း လော့စ်အိန်ဂျလိမြို့ တော်ကောင်စီက သဘောတူခဲ့သည်မှာ လူသွားလမ်းများပေါ်တွင် ည ၉ နာရီမှ နံနက် ၆ နာရီအထိ အိပ်စက်ခွင့်ပေးခဲ့သည်။

ထိုသို့ခွင့်ပြုခဲ့ခြင်းမှာ တန်ဖိုးနည်းအိမ်ရာခန်းပေါင်း ၁၂၅၀ ဆောက်လုပ်ပြီးစီးချိန်အထိ နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အခြေချနေထိုင်မှုဆိုင်ရာ လိုအပ်ချက်များပြည့်မီအောင် ဖြည့်တင်းပေးခဲ့ပြီးဖြစ်သောကြောင့် ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ခွင့် အခွင့်အာဏာ မြို့ တော်အုပ်ချုပ်ရေးအဖွဲ့ထံတွင်ရှိကြောင်းလည်း မြို့ တော်ဝန်က ပြောကြားသည်။
အကယ်၍ ယခုတားမြစ်ချက်ကို အကောင်အထည်ဖော်ဖြစ်မည်ဆိုပါက မြို့တော်အုပ်ချုပ်ရေးမှ အိမ်ရာမဲ့စခန်းများ ဆောက်လုပ်ပေးထားသည့် နေရာဝန်းကျင်အတွက်သာ သတ်မှတ်ခြင်းမျိုးဖြစ်လိမ့်မဘည်ဖြစ်ကြောင်းလည်း မြို့တော်ဝန်က ဆက်လက်ပြောကြားသည်။

လက်ရှိအားဖြင့် လော့စ်အိန်ဂျလိတွင် အိမ်ရာမဲ့ပေါငြ်း ၃၁၀၀၀ ကျော်ရှိနေပြီး ၆၄၇၃ ဦးမှာ ယာယီတဲများ၊ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်လျက်ရှိကြောင်း လော့စ်အိန်ဂျလိ အိမ်ယာမဲ့ရေးရာ အာဏာပိုင်အဖွဲ့က ပြောကြားသည်။
အခြား ၈၉၈၀ ဦးရေမှာ ကားများ၊ စခန်းချယာယီတဲများပေါ်တွင် နေထိုင်လျက်ရှိရာ မြို့တော်က ချမှတ်ထားသည့် စည်းမျဉ်းများနှင့် သွေဖည်နေသည်။

မကြာတော့သည့်ကာလများအတွင်း လော့စ်အိန်ဂျလိတွင် Super Bowl၊ အိုလံပစ်ပွဲတော်နှင့် ကမ္ဘာ့ဖလားဘောလုံးပွဲတို့ ကျင်းပဖွယ်ရာရှိရာ လမ်းများပေါ်မှ အိမ်ယာမဲ့များအား အင်အားသုံးဖယ်ရှားလာမည်ကို အိမ်ယာမဲ့များအတွက် ရပ်တည်လှုပ်ရှားပေးနေသူများက ရတက်မအေးဖြစ်နေကြသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လမ်းဘေးလူသွားလမ်းများပေါ်တွင် အိပ်စက်ခြင်းကို လော့စ်အိန်ဂျလိ မြို့ တော်ဝန် ပိတ်ပင်သွားဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
လမ်းဘေးလူသွားလမ်းများပေါ်တွင် အိပ်စက်ခြင်းကို လော့စ်အိန်ဂျလိ မြို့ တော်ဝန် ပိတ်ပင်သွားဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ယုံကြည်မှုနှင့် စံချိန်မီတည်ဆောက်ရေး
ရန်ကုန်လေဆိပ်တွင် ပြည်ပလေကြောင်းလိုင်း (၄)ခုခန့်တိုးချဲ့ပြေးဆွဲလာနိုင်
မျှော်လင့်ချက်များစွာကို ထမ်းပိုးပြီးအမေ့အိမ်ကို ကျောခိုင်းခဲ့ကြသူတွေ
တန်ဖိုးကြီးဇိမ်ခံလူနေအိမ်ဈေးနှုန်းများ မြင့်တက်မှုတွင် စင်္ကာပူကဟောင်ကောင်ကို ဖြတ်ကျော်သွား...
ကမ္ဘာကျော် ရုပ်သံဇာတ်လမ်းတွဲ Game of Thrones ရိုက်ကူးခဲ့ရာ အိုင်ယာလန်မြောက်ပိုင်းရှိ ရဲတိုက်ကြီးကို တိုက်ခန်းတစ်ခန်း ဈေးနှုန်းပင်မရှိသော ခေါ်ဈေးဖြင့် ဈေးကွက်တင်လာ...
ကမ္ဘောဇဘဏ် (၇) နှစ်ဆက်တိုက် ဝင်ငွေခွန်အများဆုံးထမ်းဆောင်
အမေရိကန်တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရသည့် စုန်းတစ်ဦး၏ နေအိမ် အရောင်းဈေးကွက်ဝင်လာ
ရန်ကုန်မိုးပျံအမြန်လမ်း ဆန်ခါတင်အရည်အသွေးမီသော လျှောက်လွှာ (၁၂) စောင်ရှိ
နိုင်ငံခြားဘဏ်များ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေ နှစ်မျိုးစလုံး ထုတ်ချေးနိုင်
စီမံကိန်းများနှင့် ရန်ကုန်မြို့ပြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine