ကန်ဒေါ်လာတန်ဖိုး ၁,၄၇၃ ကျပ်သို့ ပြန်တက် - Property News in Myanmar | iMyanmarHouse.com
ကန်ဒေါ်လာတန်ဖိုး ၁,၄၇၃ ကျပ်သို့ ပြန်တက် - Property News in Myanmar from iMyanmarHouse.com
1489 ကြိမ် ကြည့်ရှု့ ပြီး

ကန်ဒေါ်လာတန်ဖိုး ၁,၄၇၃ ကျပ်သို့ ပြန်တက်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

ပြည်တွင်းငွေကြေး ဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး သည် သြဂုတ် ၁၃ ရက် ညနေက တစ်ဒေါ်လာ ၁,၄၇၃ ကျပ်သို့ ပြန် တက်လာသည်။

နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁,၄၇၀ ခန့်ဖြင့် ဈေးဖွင့်ခဲ့ သော်လည်း ဝယ်လိုအားအခြေ အနေကြောင့် ဈေးနှုန်းထပ်မံ မြင့် တက်ခြင်းဖြစ်သည်ဟု ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောသည်။

သြဂုတ် ၁၀ ရက်တွင် တစ် ဒေါ်လာ ကျပ် ၁,၄၆၀ သို့ ကျဆင်း ပြီးနောက် ရုံးဖွင့်ရက်တွင် တစ် ဒေါ်လာလျှင် ၁၃ ကျပ် မြင့်တက်ခဲ့ သည်။

ပြည်တွင်း ငွေကြေးဈေး ကွက်တွင် ကန်ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းကို အဖြေရှာနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များက ကုန် သည်စက်မှု အသင်းချုပ်တွင် ဆွေးနွေးပြီး အစိုးရထံ အကြံပြု စာတမ်းတစ်စောင် တင်ပြရန် စီစဉ်နေသည်။

ဒေါ်လာတန်ဖိုးမြင့်တက်ပြီး ကျပ်ငွေတန်ဖိုးကျဆင်းခြင်းက နိုင်ငံ့စီးပွားရေးအတွက်၊ လုပ်ငန်း များအတွက် ခက်ခဲသည်ဟု စီး ပွားရေးပညာရှင်များနှင့် လုပ်ငန်း ရှင်များက သုံးသပ်ကြောင်း မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ထို့ကြောင့် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒများနှင့် အစိုးရက ဆောင်ရွက်ရမည့် အစီအစဉ် များကို အစိုးရထံ တင်ပြသည့် အကြံပြုစာတမ်းတွင် ဖော်ပြထား သည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ကျပ်ငွေတန်ဖိုး မြင့်တက်ပြီး ဒေါ်လာတန်ဖိုး တည်ငြိမ်ရန် နိုင်ငံခြားငွေ ရောင်း ဝယ်ခွင့် လိုင်စင်ရထားသည့် ပုဂ္ဂလိကဘဏ်များအား ဗဟို ဘဏ်က ကန်ဒေါ်လာများ ထုတ် ချေးရန် စီစဉ်နေသည်။

နိုင်ငံခြားငွေလိုအပ်သည့် ပုဂ္ဂလိကဘဏ်များသို့ အချိန် သတ်မှတ်ပြီး အတိုးနှုန်းဖြင့် ကန် ဒေါ်လာသန်း ၃၀၀ မှ ၄၀၀ အထိ ငွေချေးပေးနိုင်ရန် စီစဉ်ထား ကြောင်း ဗဟိုဘဏ်အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။ ပုဂ္ဂလိကဘဏ်များ အနေဖြင့် ကန်ဒေါ်လာလိုအပ်ပါက ပြင်ပမှ ဝယ်ယူရသည့် အခြေ အနေမျိုးကို ထိန်းနိုင်မည်ဖြစ်ပြီး ဈေးကွက် အတွင်း ဈေးကစားမှုများ လျော့ နည်းမည်ဟု ၎င်းကဆိုသည်။

Credit : 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြည်သူ့အိမ်ရာနှင့် ၀န်ထမ်းအိမ်ရာများကို PPP စနစ်ဖြင့် အခန်း ၄၀၀၀ ကျော်၊ ကုမ္ပဏီများက အခန်း ၆၀၀၀ ကျော်ဖြင့် အခန်းပေါင်း တစ်သောင်းကျော် လာမည့် နှစ်နှစ်အတွင်း တည်ဆောက်မည်...
မန်းအိမ်ခြံမြေ အငှားဈေးကွက် ပိုမိုအလုပ်ဖြစ်နေ
၂၀၂၂ မကုန်မီ မြောက်အမေရိကထက် အာရှတွင် တစ်ပိုင်းတစ်စဘီလျံနာဦးရေ ပိုမိုများပြားလာမည်
ကွန်ဒိုဈေးကွက်မှာ အခန်းငယ်တွေကိုသာ လူကြိုက်များ
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက နယူးယောက်မြို့ ပန်းခြံရိပ်သာလမ်း လူနေခန်းကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင်...
ဂျပန်နိုင်ငံ၊ တိုကျိုရှိ ပျှမ်းမျှအိမ်ခြံမြေဈေးနှုန်းမှာ မကြာသေးမီကာလများ၏ သမိုင်းတစ်လျှောက် အမြင့်မားဆုံးသို့ စံချိန်တင် ထိုးတက်...
အာရပ်စော်ဘွားများပြည်ထောင်စုတွင် အသက် ၅၅ နှစ်နှင့်အထက်ဖြစ်ပြီး နိုင်ငံအတွင်း ၅ နှစ်အလုပ်လုပ်ကိုင်ဖူးသူ နိုင်ငံခြားသားများကို အမြဲတမ်းနေထိုင်ခွင့်ပေးအပ်မည့်ဥပဒေ အတည်ပြုလိုက်ပြီ...
တစ်ဒေါ်လာ ၁,၆၃၀ ကျပ်၊ ရွှေတစ်ကျပ်သား ဆယ်သိန်းသုံးသောင်းကျော်ဖြင့် စံချိန်တင်
Knight Frank ၏ ကမ္ဘာ့အိမ်ဈေးညွှန်းကိန်းစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် မော်လ်တာ ဦးဆောင်
လာမည့် ၀ါကျွတ်ကာလတွင် အငှားနှုန်းထားများတက်လာဖွယ်မရှိကြောင်း အကျိုးဆောင်များသုံးသပ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine