ဘဏ်နှင့်ငွေလဲကောင်တာများတွင် ဒေါ်လာဈေးနှုန်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြု - Property News in Myanmar | iMyanmarHouse.com
ဘဏ်နှင့်ငွေလဲကောင်တာများတွင် ဒေါ်လာဈေးနှုန်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
13789 ကြိမ် ကြည့်ရှု့ ပြီး

ဘဏ်နှင့်ငွေလဲကောင်တာများတွင် ဒေါ်လာဈေးနှုန်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြု

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

ပုဂ္ဂလိကဘဏ်နှင့် ငွေ လဲကောင်တာများက အမေရိကန် ဒေါ်လာ ရောင်းဝယ်ရာတွင် ဗဟိုဘဏ်သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းဘောင်အတွင်းမှသာ ရောင်းဝယ်ခွင့်ပြုထားရာမှ အဆိုပါသတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပြီး လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုလိုက်သည်။

နိုင်ငံခြားငွေရောင်း၊ ၀ယ်ရာ တွင် ဗဟိုဘဏ်က သတ်မှတ် သော ရည်ညွှန်းငွေလဲနှုန်းထက် ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုး၊ အ လျှော့ပြုလုပ်၍ ရောင်းဝယ်ရန် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက် ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဩဂုတ် ၁၃ ရက် စွဲဖြင့် နိုင်ငံခြားငွေရောင်းဝယ်ခွင့် လိုင်စင်ရ ဘဏ်များနှင့် နိုင်ငံခြား ငွေလဲလှယ်ခွင့်လိုင်စင်ရ ငွေလဲ ကောင်တာ (Money Changer)များထံသို့ ဖြန့်ဝေခဲ့သည့်စာတွင် ဖော်ပြထားသည်။

‘‘ဘဏ်တွေနဲ့ငွေလဲကောင် တာတွေကို ဈေးနှုန်းလွတ်လွတ် လပ်လပ်ဖြစ်သွားအောင် ဖွင့်ပေး လိုက်တဲ့သဘောပါ။ ဒေါ်လာဈေး ဖြစ်သင့်တာထက် ပိုမဖြစ်စေဖို့ ဗဟိုဘဏ်က ဆက်လက်ဆောင် ရွက်မယ့်အစီအစဉ်တချို့ရှိနေပုံ ရတယ်။ အဲဒီအစီအမံနဲ့ ကိုက် မယ့်ဟာကို ကြိုတင်လုပ်တာဖြစ် ပါလိမ့်မယ်’’ ဟု ဘဏ်အကြံပေး ဦးရဲမင်းဦးက ပြောသည်။

အမေရိကန်ဒေါ်လာသည် နိုင်ငံတကာငွေကြေးဈေးကွက်တွင် တန်ဖိုးတက်လာခြင်း၊ ပြည်တွင်း၌ ဈေးကစားခြင်း၊ ကုန်သွယ်ရေးလိုငွေပြကာ ဒေါ်လာ ၀ယ်လိုအားမြင့်တက်နေခြင်းတို့ ကြောင့် ဇွန်လလယ်မှစ၍ ယနေ့အချိန်ထိ ဒေါ်လာတန်ဖိုးပြည်တွင်း၌ ဆက်တိုက်မြင့်တက်နေသည်။

ထို့ကြောင့် ငွေကြေးဈေးကွက်တည်ငြိမ်စေရန် ဗဟိုဘဏ်ကပုဂ္ဂလိကဘဏ်များကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ ကြားထုတ်ချေး ရန် စီစဉ်နေသလို ဘဏ်နှင့်ငွေလဲကောင်တာများတွင် ဒေါ်လာရောင်း ၀ယ်ခြင်းအပေါ် ကန့်သတ်ချက်များဖယ်ရှားခြင်းဖြစ်သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စက်ဝိုင်းမြို့တော် ရန်ကုန်ကို ဘယ်လိုတည်ဆောက်မလဲ
မင်္ဂလာဈေးသစ်ဒီဇိုင်း ဈေးသူဈေးသားများကို ပထမဆုံးချပြ
ကန်ထရိုက်တိုက်ခန်းတွေသဘာဝဘေးဖြစ်ရင် ပိုင်ဆိုင်မှုမခိုင်မာနိုင်
ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းတည်ဆောက်မှု အစိတ်အပိုင်းအချို့အတွက် ဂျပန်ဖွံ့ဖြိုးမှု ရန်ပုံငွေမှ ချေးငွေယူမည်ဟုဆို...
ထိုင်းနိုင်ငံတွင် နိုင်ငံရေး မငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူတို့က ကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိ...
အတိုးနှုန်းသက်သာသည့် ဂျပန် ODA ချေးငွေဖြင့် တန်ဖိုးနည်းအိမ်ရာများ ဝယ်နိုင်မည်
တရုတ်ပြည်၏ ထိပ်တန်း e-commerce ကုမ္ပဏီကြီး JD Group က ပေကျင်းမြို့တော်ရှိ သက်တမ်းရင့်နေပြီဖြစ်သော အထင်ကရ ဟိုတယ်ကြီးတစ်လုံးကို ယွမ်ငွေ ၂ ဒသမ ၇ ဘီလီယံဖြင့် ဝယ်ယူ...
မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများ မူလအမည်ဖြင့် မှတ်ပုံတင်ခွင့်မပြု
McLaren ပြိုင်ကား ကုမ္ပဏီတွင် ရှယ်ယာအများစုပိုင်ဆိုင်ထားသူ ဆော်ဒီဘီလျံနာ မန်ဆော် အိုဂျေးက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဧကပေါင်း ၃၅၀၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးကို ရောင်းချရန်စီစဉ်...
ကွန်ဒိုစီမံခန့် ခွဲရေးကော်မတီက ကွန်ဒိုတွေရဲ့အရည်အသွေးကိုစစ်ဆေးမယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine