ဘဏ္ေခ်းေငြျဖင့္ အိမ္ဝယ္ယူျခင္းအတြက္ ေဆာင္ရန္ေရွာင္ရန္မ်ား

ဘဏ္ေခ်းေငြျဖင့္ အိမ္ဝယ္ယူျခင္းအတြက္ ေဆာင္ရန္ေရွာင္ရန္မ်ား - Property Knowledge in Myanmar from iMyanmarHouse.com
13 Aug 2018 1:01 pm တွင် တင်ခဲ့သည်
24074 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

#Zawgyi#

 

ကၽြန္ေတာ္ကိုယ့္စိတ္ႀကိဳက္ေနဖို႔အိမ္နဲ႔ျခံဝယ္ခ်င္ေပမယ့္တစ္ခါတည္းအၿပီးျပတ္ဝယ္ယူဖို႔မျပည့္စံုတဲ့အခ်ိန္မွာ Home loan နဲ႔အိမ္ဝယ္ယူလို႔ရတယ္ဆိုတာသိလိုက္ရေတာ့ အရမ္းဝမ္းသာသြားပါတယ္။

ဒါနဲ႔ပဲတက္တက္ႂကြႂကြအိမ္ဝယ္ဖို႔လုပ္ပါေတာ့တယ္အဲဒီမွာတိုက္တိုက္ဆိုင္ဆိုင္ပဲကိုယ္လိုခ်င္တဲ့အေနအထားနဲ႔ကိုက္ညီတဲ့အိမ္ေတြ႕ေတာ့အိမ္ရွင္နဲ႔ညႇိႏွိုင္းၿပီးဘဏ္ေခ်းေငြနဲ႔ဝယ္ယူဖို႔ေစ်းညႇိႏိုင္းၿပီးဘဏ္ေခ်းေငြအတြက္လုပ္ေဆာင္ရပါတယ္ကံေကာင္းတာလားကံဆိုးတာလားေတာ့မသိ...

ကၽြန္ေတာ္သည္ပထမဆံုးအိမ္ဝယ္ယူမႈ့အတြက္ေခ်းေငြရယူမယ့္သူျဖစ္ေနပါတယ္..အဲ့ဒီေတာ့အေတြ႕အၾကံဳနည္းတဲ့ဝန္ထမ္းေတြရဲ႕ရွင္းျပမႈေအာက္မွာကၽြန္ေတာ္စၿပီးလံုးခ်ာလည္လိုက္ပါေတာ့တယ္ ။ကံေကာင္းတာေလးတခုကသူတို႔သေဘာေကာင္းၾကပါတယ္..ကၽြန္ေတာ္ေမးသမၽွကိုမသိရင္ မသိေၾကာင္း၊လူႀကီးေမးၿပီးျပန္ေျဖေပးမည့္ အေၾကာင္း၊တခ်ိဳ႕ကိစၥဆိုရင္လဲ အဆင္ေျပေအာင္လုပ္ေပးလိုက္မည္ဆိုသည့္အေၾကာင္း စသည္ျဖင့္ကူညီေပးၾက ပါတယ္။ လူႀကီးေတြလဲဝိုင္းကူညီတာပါတာေပါ့၊ၾကံဳတံုးေက်းဇူးတင္ေၾကာင္းေျပာခ်င္ပါတယ္။ စကားနည္းနည္းရွည္သြားတာခြင့္လႊတ္ပါ လိုရင္းကအခုမွာလာပါမယ္။ အိမ္ဝယ္ဖို႔အတြက္ေခ်းေငြရယူရာမွာလက္ရွိဘဏ္ ၃ ခု ကေပးေနပါတယ္။

KBZ ၊ AYA ႏွင့္ YOMA တို႔ျဖစ္ပါတယ္။ ဘဏ္(၃)ခုအနက္မွ က်ြန္ေတာ္သိတဲ့ AYA နဲ႔ YOMA အေၾကာင္းကိုေျပာျပခ်င္ပါတယ္။ KBZ ကေတာ့က်ြန္ေတာ္ေသခ်ာမသိတဲ့အတြက္ထည့္မေရးေတာ့ပါဘူး။ ဒီ ၂ ခုလံုးမွာအားသာခ်က္ အားနဲခ်က္ရွိပါတယ္..

ကၽြန္ေတာ္ႏွိုင္းယွဥ္ၿပီးေရးေပးပါ့မယ္...ကၽြန္ေတာ္ယူျဖစ္တာကေတာ့ AYA ပါ။ Home loan နဲ႔ပတ္သက္ရင္ YOMA ကပိုအေတြ႕အၾကံဳမ်ားပါတယ္..AYA ကအခုမွစတာပါ။ဒါေပမယ့္ တကယ္စေၾကာ္ျငာတာ က AYA ပါအဲ့ဒီေတာ့ YOMA ကလဲ AYA ထက္ပိုေကာင္းေအာင္တခ်ိဳ႕အခ်က္ေတြနဲ႔ဆြဲေဆာင္ပါတယ္။ဒါကေတာ့ကိုယ္တိုင္ေသခ်ာတြက္ၾကည့္ဖို႔လိုပါတယ္။

အိုေကပါ ေခ်းေငြနဲ႔အိမ္ဝယ္မယ္ဆိုလုပ္ရမယ့္အခ်က္ေတြ ကၽြန္ေတာ္စေျပာပါေတာ့မယ္...

၁။ ကိုယ့္ရဲ႕ဝင္ေငြလစာနဲ႔ကိုက္ညီတဲ့တန္ဖိုးရယ္၊ကိုယ္ေပးႏိုင္တဲ့ ကနဦးတန္ဖိုးရယ္ကိုခ်ိန္ရပါတယ္။ YOMA က ကနဦး ေပးေခ်းေငြ ၂၀% ကိုဝယ္သူကေပးၿပီး က်န္ ၈၀%ကိုဘဏ္ေခ်းေငြရယူႏိုင္တယ္ဆိုေပမယ့္သူ႔ရဲ႕အားနည္းခ်က္က ကိုယ့္ဝင္ေငြရဲ႕ ၄၀ %ကိုသာလစဥ္ေပးသြင္းႏိုင္ေသာေငြလို႔သက္မွတ္ထားတဲ့အတြက္ကိုယ္လိုခ်င္တဲ့ေခ်းေငြအျပည့္မရႏိုင္သလို၊ရလာခဲ့ရင္လဲႏွစ္ပိုၾကာပါတယ္။

၂၅ ႏွစ္အထိေခ်းေပးပါတယ္။AYA ကေတာ့ဝင္ေငြရဲ႕ ၆၀%ေပၚမွာတြက္တဲ့အတြက္ ေခ်းေငြပိုရႏိုင္ပါတယ္၊ျပန္ေပးရတဲ့ႏွစ္လဲတိုသြားပါတယ္၊ သူကေတာ့ကနဦးစရံေပးေငြကို ၃၀%ေပးရမယ္လို႔သတ္မွတ္ထားပါတယ္။ ၁၅ ႏွစ္အထိပဲေခ်းေပးပါတယ္။ အဲ့ဒီေတာ့ဥပမာေလးျပေပးပါ့မယ္ကိုယ္ကတစ္လ ၁၀ သိန္းဝင္တယ္ဆိုၿပီးေခ်းေငြ သိန္း ၄၀၀ ရယူလိုတယ္ဆိုရင္ဒီလိုကြာသြားပါမယ္..

+++ AYA +++

အတိုးအရင္း တလကို ၆ သိန္းျပန္သြင္းႏိုင္တဲ့အတြက္ ၁၀ ႏွစ္ေခ်းေငြယူရင္ရပါၿပီ။ ေခ်းေငြ သိန္း ၄၀၀ ကို ၁၀ ႏွစ္ အတိုး ၃၁,၆၆၉,၁၅၅ က်ပ္က်ပါတယ္။အတိုးအရင္းေပါင္းျပန္ဆပ္ရမယ့္ေငြပမာဏဟာ ၇၁,၆၆၀,၁၁၅ သိန္းျဖစ္ပါတယ္။ လစဥ္ျပန္ဆပ္ေငြ က ၅၉၇,၂၄၃ ပါ။

+++ YOMA +++

အတိုိးအရင္းတလကို ၄ သိန္းပဲျပန္သြင္းႏိုင္တယ္သတ္မွတ္ထားတဲ့အတြက္ ၂၅ ႏွစ္ေတာင္မေသခ်ာပါဘူး။ ေခ်းေငြ သိန္း ၄၀၀ ကို ၂၅ ႏွစ္အတိုးက ၉၅,၃၄၀,၂၃၆ က်ပါတယ္။ အတိုးအရင္းေပါင္းျပန္ဆပ္ရမယ့္ေငြပမာဏဟာ ၁၃၅,၃၄၀,၂၃၆ သိန္းျဖစ္ပါတယ္။ လစဥ္ျပန္ဆပ္ေငြက ၄၅၁,၁၃၄ ပါ။ သူရဲ႕ေပၚလစီအရ အတိုးအရင္းျပန္ဆပ္ေငြကိုလစဥ္ဝင္ေငြရဲ႕ ၄၀%သာခြင့္ျပဳထားတဲ့အတြက္ တကယ္ေျပာရရင္ သိန္း ၄၀၀ ေခ်းေငြမရႏိုင္ပါဘူး။ ၃၅၀ အထိသာရယူႏိုင္မွာပါ။ အဲ့ဒီေတာ့ကိုယ္မွန္းထားတဲ့ ၂၀%ပဲကနဦးေပးေခ်ၿပီးက်န္တာယူမယ္ဆိုတာမျဖစ္ႏိုင္ေတာ့ပါဘူး။

- အပိုင္း ၂ ပါ ကိုယ္လိုခ်င္တဲ့ေခ်းေငြရယ္၊ျပန္ဆပ္ရမယ့္ႏွစ္ရယ္၊ေပးရမယ့္အတုိးေပါင္းရယ္..အားလံုးနားလည္လက္ခံအဆင္ေျပၿပီဆိုတာနဲ႔ဝမ္းသာအားရစရံေငြမခ်ဖို႔ သတိေပးပါရေစဘာေတြထပ္စဥ္းစားရဦးမလဲဆိုတာကေတာ့ ေအာက္ပါအတိုင္းပါပဲ..။

၁။ကိုယ္ဝယ္မယ့္ႀကိဳက္တဲအိမ္ေတြ႕ၿပီဆိုအိမ္ရွင္နဲ႔ေစ်းမေပးခင္ဘဏ္ေခ်းေငြနဲ႔ဝယ္ယူမည့္အေၾကာင္း..

အၿပီးသတ္ေငြေခ်မႈအတြက္ ၃၊ ၄ လခန္႔ၾကာႏိုင္သည့္အေၾကာင္းစသည္ျဖင့္ႀကိဳ အသိေပးၿပီးလက္ခံမခံေမးပါ။ အိမ္ရွင္လက္ခံတိုင္းေပ်ာ္ၿပီးစရံမေပးလိုက္ပါနဲ႔ဦး... ကိုယ္တန္တယ္ထင္ၿပီးဝယ္တဲ့တဲ့ေစ်းကိုဘဏ္ရာျဖတ္ကလက္ခံမခံမေသခ်ာေသးလို႔ပါ။ လက္ခံခဲ့ရင္အေၾကာင္းမဟုတ္ေပမယ့္လက္မခံခဲ့ရင္သူတို႔ေပးမဲ့ေခ်းေငြဆိုတာ သူတို႔ရာျဖတ္တဲ့တန္ဖိုးရဲ႕ ၇၀% သို႔ ၈၀% ပဲဆိုတာသတိျပဳေစလိုပါတယ္။ ပံုမွန္အားျဖင့္ ဘဏ္ကရာျဖတ္ကိုအိမ္ဝယ္မယ္၊စရံေပးၿပီးၿပီဆိုမွလႊတိတာပါ၊အဲ့တာကလဲ ၂ ပတ္ေလာက္အထိၾကာႏိုင္ပါတယ္။ ရာျဖတ္လႊတ္ခ ေပးရပါတယ္။ဒါေၾကာင့္စရံမခ်ခင္ျဖစ္ႏိုင္ရင္ဘဏ္ကိုကိုယ္စိတ္ဝင္စားတဲ့အိမ္ကိုရာျဖတ္ လႊတ္ခေပးၿပီးအရင္ စစ္ခိုင္းပါ။ ေနာက္မို႔ဆို ရာျဖတ္ကေစ်းေလ်ာ့ျဖတ္လို႔ေခ်းေငြရတာမလံုေလာက္၊ကိုယ္မွာလဲကနဦးေပးေငြကိုထပ္မတိုးေပးႏိုင္ဆိုရင္အေရာင္းအဝယ္ပ်က္ၿပီးစရံဆံုးႏိုင္ပါတယ္။

၂။ ကဲအခုရာျဖတ္ကလဲကိုယ္ဝယ္မယ့္အိမ္တန္ဖိုးျဖတ္တာ ကုိယ္တကယ္ေပးရမယ့္တန္ဖိုးနဲ႔ကိုက္ၿပီဆိုလို႔အားရဝမ္းသာ စရံမခ်ပါနဲ႔ဦး.. ေနာက္ထပ္ကုန္က်မယ့္စရိတ္ေတြအရင္ေျပာျပပါ့မယ္... အဲ့ဒါေတြအကုန္ေပးဖို႔ကိုယ့္လက္ထဲေငြရွိမရွိအရင္ ခ်င့္ခ်ိန္ႏိုင္ေအာင္ပါ။ ကၽြန္ေတာ္တို႔ေတာ္ေတာ္မ်ားမ်ားထင္ထားတာက ဝယ္မယ့္အိမ္တန္ဖိုးရဲ႕ ကန ဦးေပးေခ်ရမယ့္ ၂၀% သို႔ ၃၀% လက္ထဲရွိရင္အိမ္ဝယ္လို႔ရၿပီဆိုတာပါပဲ..... လံုးဝ....လံုးဝ ကိုမဟုတ္ပါဘူး..... အထူးသျဖင့္ အိမ္နဲ႔ျခံဝယ္ယူမႈအတြက္ပါ။ ဒါေတြကေတာ့ကိုယ္ႀကိဳျပင္ဆင္ထားရမယ့္ကုန္က်ေငြေတြပါ။

၁။ ဘဏ္ရဲ႕ဝန္ေဆာင္ခနဲ႔ရာျဖတ္လႊတ္ခ (ေခ်းေငြရဲ႕ ၁% မွ ၃% အထိ.. ဘဏ္ေပၚမူတည္ပါတယ္)

၂။စရံေငြ ...ပံုမွန္ကစရံေငြ ကိုယ္ဘယ္ေလာက္ခ်ခ်..ဘဏ္က သူတို႔ေခ်းေငြနဲ႔ကနဦးခ် ေငြ ၂၀% သို႔ ၃၀% ကိုေရာင္းသူထံတေပါင္းထဲေပးေခ်ဖို႔ ကနဦးကိုယ္ေခ်းရမဲ့ေငြကို သူတို႔ဘဏ္အေကာင့္ထဲထည့္ခိုင္းပါတယ္..အဲဒီေတာ့ကိုယ္ေပးဖို႔စရံအတြက္ထပ္ရွာရပါတယ္၊ဒါကေတာ့ဘဏ္နဲ႔ညႇိႏိႈင္း ႏိုင္ပါတယ္။

၃။ အိမ္တန္ဖိုးရဲ႕ ၄% တံဆိပ္ေခါင္းခြန္ဖိုးပါ။ အိမ္ျခံကိုဘဏ္နဲ႔ဝယ္ရင္မျဖစ္မေနနံမည္ေျပာင္းရပါတယ္။ အဲ့ဒီအတြက္အိမ္ျခံေျမအရာင္းအဝယ္မွာဝင္ေငြခြန္မပါေသးပဲတံဆိပ္ေခါင္းခြန္ဖိုးက ၄% ပါ။

၄။ ကိုယ္ဝယ္မဲ့အိမ္တန္ဖိုးအျပည့္အတြက္ ဝင္ေငြခြန္ျပႏိုင္မျပႏိုင္ျပန္စမိးစစ္ပါ။ အၾကမ္းအားျဖင့္ကိုယ့္ဝင္ေငြအားလံုးေပၚမွာကိုယ္ေပးဆာင္ခဲ့တဲ့အခြန္ႏႈတ္ရင္က်န္တာေငြျဖဴျပလုို႔ရပါတယ္။ ဝင္ေငြေပါင္းဆိုလို႔ သိန္း ၁၀၀၀ ဝင္ထားခဲ့တာကို သိန္း ၁၀၀ အေပၚမွာပဲဝင္ေငြခြန္ေဆာင္ခဲ့ရင္ေတာ့ သိန္း ၈၀ ေလာက္ပဲေငြျဖဴျဖစ္မွာပါ။ က်န္တဲ့ဝင္ေငြခြန္မေဆာင္ထားတဲ့မျပထားတဲ့ေငြကိုေငြျဖဴလို႔မသတ္မွတ္ပါဘူး။ ကၽြန္ေတာ္ႏိုင္ငံျခားမွာဘဏ္ေခ်းေငြနဲ႔အိမ္ဝယ္ဘူးပါတယ္..သတ္မွတ္တံဆိပ္ေခါင္းခြန္ကလြဲလို႔ေငြျဖဴအတြက္မေပးေဆာင္ရပါဘူး။ ဘာလို႔လဲဆိုေတာ့အဲ့ႏိုင္ငံမွာဝင္ေငြကိုၾကည့္ၿပီးေငြေခ်းသလို၊ဝင္ေငြတိုင္းနီးပါးကလဲအစိုးရကိုဝင္ေငြခြန္ဆာင္ၿပီးျဖစ္လို႔ပါ။ ဒီႏိုင္ငံမွာက ဝန္ထမ္းကအခြန္ဆာင္ထားတဲ့လခနဲ႔ေခ်းေငြယူၿပီးဝယ္တယ္ဆိုေပမယ့္ျပည္တြင္းအခြန္က လဲေနာက္ပိုင္းဒီလူဟာဒီအလုပ္မွာဆက္ရွိမရွိမေသခ်ာတဲ့အျပင္ တဦးတေယာက္ခ်င္းဝင္ေငြကိုမစဥ္းၾကပ္ႏုိင္တဲ့အတြက္ႀကိဳ တင္ေကာက္ခံပါတယ္။

**ပိုက္ဆံမရွိလို႔ေခ်းေငြယူပါတယ္၊ေငြျဖဴအကုန္မျပႏိုင္လို႔ဆိုၿပီး အခြန္ကို ၁၅%ကစၿပီးေဆာင္ခိုင္းပါတယ္။ ဒီလုိေပၚလစီနဲ႔ဆို ဘဏ္ကေခ်းေငြေပးေပမယ့္ လူတိုင္းအိမ္ဝယ္ႏိုင္ဖို႔မလြယ္ပါဘူး။ ဘူးေလးရာဖရံုဆင့္ေပါဗ်ာ တိုက္ခန္း၊ကြန္ဒိုက နာမည္ေျပာင္းကိုေျပာင္းရမယ္၊ တံဆိပ္ေခါင္းခြန္ေဆာင္ရမယ္ လို႔ သက္ဝင္ဥပေဒမလုပ္ထားတဲ့အတြက္ အိမ္ျခံဝယ္တဲ့သူလို ဒီအခြန္ေငြေတြအေပၚႀကိဳစဥ္းစားစရာမလိုပါဘူး။

၅။ ေရွ႕ေနခ၊ေၾကာ္ျငာထည့္ခ..ဒါကလဲသိန္းဂဏန္းရွိပါတယ္။ ၆။မီးအာမခံ ထားခ(ေခ်းေငြယူထားတဲ့အတြက္မထားမေနရျဖစ္ပါတယ္) ကိုယ္ဝယ္ယူမယ့္အိမ္တန္ဖိုးေပၚမွာတြက္ပါတယ္၊ေျမတန္ဖိုးကိုမစဥ္းစားပါဘူး။ အၾကမ္းအားျဖင့္ သိန္း ၅၀၀ တန္အိမ္နဲ႔ျခံကိုဝယ္မယ္ဆို ဒီေလာက္ေငြႀကိဳရွာထားရပါမယ္... ၁။ ကနဦးေပးေခ်ေငြ ၃၀%= ၁၅၀ သိန္း ၂။ ဘဏ္ဝန္ေဆာင္ခ(၃၅၀×၂% ပဲထားပါ) = ၇ သိန္း ၃။ တံဆိပ္ေခါင္းခြန္( ၅၀၀×၄%)= ၂၀ သိန္း

၄။ ဝင္ေငြခြန္၂၅၀ ျပႏိုင္တယ္ထား က်န္ ၂၅၀ အတြက္က (၂၅၀×၁၅%)= ၃၇.၅ သိန္း ၅။ ေရွ႕ေနခဘာညာ = ၅ သိန္း ၆။ မီးအာမခံ အမ်ားဆံုး= ၂ သိန္း ကဲ ဒါေတာင္ ဝင္ေငြခြန္ကို သိန္း ၁၀၀၀ေအာက္မွာမို႔လို႔ ၁၅% နဲ႔တြက္ထားတာေနာ္..၁၀၀၀ အထက္ဆိုပိုမ်ားဦးမွာ။ ၿပီးေတာ့ေငြျဖဴကိုလဲဝယ္တဲ့တန္ဖိုးရဲ႕တစ္ဝက္ျပႏိုင္တယ္ တြက္ထားေပးတာ၊ အဲ့ဒါေတာင္ဘယ္ေလာက္လိုမလဲဆိုေတာ့...... ၅၀၀ တန္အိမ္ျခံေျမ ဝယ္ဖို႔လက္ထဲမွာ သိန္း ၂၀၀ ေက်ာ္ႀကိဳရွိထားဖို႔လိုပါတယ္။ ေျပာၿပီးၿပီေန္ာ ဝင္ေငြခြန္ေဆာင္ထားတာျပႏိုင္မျပႏိုင္ေပၚမူတည္ၿပီးအတိုးအေလ်ာ့ရွိတယ္ဆိုတာ။ ဒါေတြႀကိဳတြက္ၿပီးမွ ဘဏ္ေခ်းေငြေလ်ာက္ၿပီး အိမ္ဝယ္ဖို႔စရံခ် ေစခ်င္ပါတယ္။ဒါေတာင္ မတူတဲ့ဘဏ္ေပၚလစီေၾကာင့္ ကနဦးခ်ေငြအျပင္ အိမ္ရွင္ကိုေပးရမယ့္စရံ ၅% ကိုထည့္မစဥ္းထားေပးေသးဘူး။ ဒါကဘဏ္နဲ႔ညႇိႏိႈင္းလို႔ရမယ္ထင္လို႔ပါ၊ အဲ့ဒါသာထည့္တြက္ရရင္..

- အပိုင္း ၃ ကဲစရံေငြခ်၊ ေခ်းေငြလဲရမွာေသခ်ာၿပီဆိုေတာ့ေပ်ာ္တျပံဳးျပံဳးေပါ့...လႊတ္မေပ်ာ္ပါနဲ႔ဦး...အခက္အခဲဆိုတာေနရာတိုင္းမွာရွိပါတယ္ ကၽြန္ေတာ္ၾကံဳရတာကေတာ့ ျပည္တြင္းအခြန္ရာျဖတ္ကိစၥပါ။တကယ္ကို ကိုယ္ဝယ္တဲ့တန္ဖိုးအမွန္ကိုမလိမ္မလည္ပဲ ျပေပးမယ့္ သူတို႔မွာ ထုတ္ျပန္ထားတဲ့စာအုပ္ထဲက ေစ်းေတြရွိၿပီးသားပါ။အဲ့ဒီတန္ဖိုးကလက္ရွိေပါက္ေစ်းထက္မ်ားေနပါတယ္။ အဲဒါကေတာ့ဘဏ္ကေန ေခ်းေငြယူထားတဲ့စာရြက္စာတန္း၊တကယ့္ စာခ်ဳပ္အမွန္အကုန္လံုးနဲ႔တြဲၿပီး အသနားခံစာတင္ရင္ ရႏိုင္ပါတယ္။ အဲ့အတြက္ေနာက္ထပ္ အခ်ိန္ ၂ ပတ္ ေစာင့္ရပါတယ္။ စရံေပးစာခ်ဳပ္မွာအၾကာဆံုးျဖစ္ႏိုင္မဲ့အခ်ိန္ကိုပိုပိုသာသာတြက္ၿပီးခ်ဳပ္ထားပါ၊ ေနာက္မို႔ဆို သေဘာမေကာင္းတဲ့ေရာင္းသူနဲ႔ေတြ႕ရင္ စရံဆံုးႏိုင္ပါတယ္။ ကိုယ္ဘယ္ေလာက္နဲ႔ပဲဝယ္ဝယ္ကိုယ္ဝယ္မဲ့ ရပ္ကြက္လမ္းနာမည္နဲ႔ၿမိဳ႕နယ္အခြန္ဦးစီးရံုးမွာအရင္သြားၾကည့္ထားပါ၊ အဲ့ဒီမွာေရးထားတဲ့ေစ်းနဲ႔ပဲျဖတ္မွာပါ။ အဲ့ဒီမွာကိုယ္မွန္းထားတာထက္ပိုၿပီး အခြန္ေပးရတတ္ပါတယ္။ မေပးခ်င္ရင္ေတာ့ အစကထဲကလိုင္းဝင္လို႔ရတယ္ေျပာပါတယ္၊လိုင္းဝင္ေၾကးက ေလ်ာ့သြားမဲ့တန္ဖိုးအတြက္ေပးရသက္သာမဲ့အခြန္ရဲ႕တစ္ဝက္ေပးရမယ္လို႔သိရပါတယ္။ကၽြန္ေတာ္ကေတာ့လံုးဝအားမေပးပါဘူး၊အဲ့လိုမေပးပါနဲ႔၊ကိုယ္ဝယ္ထားတဲ့တန္ဖိုးအစစ္အမွန္ကကိုယ့္ရဲ႕တကယ့္ေငြျဖဴရပါတယ္၊ျပန္ေရာင္းလို႔ျမတ္ခဲ့ရင္လဲ ကိုယ္ေလ်ာ့ျပထားရင္အခြန္ပိုေဆာင္ရမွာပါ။ ဦးစီးမႉးသာဝင္ေတြ႕ၿပီးအေသအခ်ာရွင္းျပေပးပါ၊ ခိုင္လံုတဲ့စာရြက္စာတန္းနဲ႔ဆိုသူတို႔ ကူညီပါတယ္။

ဘဏ္ေခ်းေငြနဲ႔ဝယ္ရင္မျဖစ္မေန နာမည္ေျပာင္းရမွာပါ၊ အဲ့ဒီအတြက္အခ်ိန္တစ္ခုရွိပါတယ္၊ ဒါေၾကာင့္ေနာက္ဆံုးေငြေပးေခ်မယ့္ရက္ကိုပိုပိုသာသာလုပ္ထားပါ။ ဘဏ္ကလဲေခ်းေငြကိုစာခ်ဳပ္တံဆိပ္ေခါင္းကပ္ၿပီး မွေခ်ေပးမွာျဖစ္သလို အခြန္ရံုးကလဲတံဆိပ္ေခါင္း ကပ္ၿပီဆိုတာအေရာင္းအဝယ္အကုန္ၿပီးမွလို႔သတ္မွတ္တဲ့အတြက္အေက်ေခ်ၿပီးေၾကာင္းစာခ်ဳပ္တခုအပိုလုပ္ရပါတယ္။

ဘဏ္ေခ်းေငြကိုအလုပ္မွရတဲ့အခြန္ေဆာင္ၿပီးဝင္ေငြနဲ႔ ဆပ္ပါေသာ္လဲ ဝယ္ယူခ်ိန္မွာအိမ္တန္ဖိုးတစ္ခု လံုးအတြက္ေငြျဖဴအျပည့္မျပႏိုင္ပါကအခြန္ေဆာင္ခိုင္းသျဖင့္ဝယ္ယူသူမွာအခြန္ ၂ ဆေပးေနရသည္ကိုအခြန္ရံုးကမေျဖရွင္းေပးႏိုင္ပါ။ အခုဘဏ္နဲ႔အရစ္က်ေရာင္းေနေသာအိမ္မ်ားအတြက္ညႊန္ၾကားခ်က္မထြက္ေသးဟုသိရပါတယ္။ေငြျဖဴျပႏိုင္ဖို႔အတြက္ အခြန္ေဆာင္ေသာစာအုပ္တင္မက ေငြသြင္းခ်လံေတြပါေတာင္းတတ္ပါတယ္၊ႀကိဳတင္စုထားပါ။ ႏိုင္ငံျခားမွာအလုပ္လုပ္ခဲ့တဲ့သူေတြ အဲ့ဒီဝင္ေငြရဲ႕ ၇၅%အထိေငြျဖဴျပခြင့္ရွိပါတယ္၊ကိုယ္ေပးခဲ့တဲ့အခြန္စာရြက္ေတြသိမ္းထားၾကပါ။

တစ္ခုေတာ့ရွိပါတယ္ ၂၀၁၁ အေနာက္ပိုင္းမွသာေဒၚလာကို ၁၀၀၀ ေက်ာ္ႏွင့္တြက္၍သူ႔ေရွ႕ကဆိုရင္ ၆ က်ပ္နဲ႔သာတြက္ပါတယ္။ ကဲ...အဲ့ဒါေတြရွင္းရွင္းလင္းလင္းသိၿပီး ေပးရမွာေတြကိုႀကိဳျပင္ဆင္ထားၿပီးမွပဲဘဏ္နဲ႔အရစ္က်အိမ္ဝယ္ၾကဖို႔မွ်ေဝေပးလိုက္ပါတယ္ခင္ဗ်ား။ လူတိုင္းစိတ္ကူးယဥ္အိမ္ကေလးပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Credit : ZarNi Win Htet

 

#Unicode#

 

ကျွန်တော်ကိုယ့်စိတ်ကြိုက်နေဖို့အိမ်နဲ့ခြံဝယ်ချင်ပေမယ့်တစ်ခါတည်းအပြီးပြတ်ဝယ်ယူဖို့မပြည့်စုံတဲ့အချိန်မှာ Home loan နဲ့အိမ်ဝယ်ယူလို့ရတယ်ဆိုတာသိလိုက်ရတော့ အရမ်းဝမ်းသာသွားပါတယ်။

ဒါနဲ့ပဲတက်တက်ကြွကြွအိမ်ဝယ်ဖို့လုပ်ပါတော့တယ်အဲဒီမှာတိုက်တိုက်ဆိုင်ဆိုင်ပဲကိုယ်လိုချင်တဲ့အနေအထားနဲ့ကိုက်ညီတဲ့အိမ်တွေ့တော့အိမ်ရှင်နဲ့ညှိနှိုင်းပြီးဘဏ်ချေးငွေနဲ့ဝယ်ယူဖို့ဈေးညှိနိုင်းပြီးဘဏ်ချေးငွေအတွက်လုပ်ဆောင်ရပါတယ်ကံကောင်းတာလားကံဆိုးတာလားတော့မသိ...

ကျွန်တော်သည်ပထမဆုံးအိမ်ဝယ်ယူမှု့အတွက်ချေးငွေရယူမယ့်သူဖြစ်နေပါတယ်..အဲ့ဒီတော့အတွေ့အကြုံနည်းတဲ့ဝန်ထမ်းတွေရဲ့ရှင်းပြမှုအောက်မှာကျွန်တော်စပြီးလုံးချာလည်လိုက်ပါတော့တယ် ။ကံကောင်းတာလေးတခုကသူတို့သဘောကောင်းကြပါတယ်..ကျွန်တော်မေးသမျှကိုမသိရင် မသိကြောင်း၊လူကြီးမေးပြီးပြန်ဖြေပေးမည့် အကြောင်း၊တချို့ကိစ္စဆိုရင်လဲ အဆင်ပြေအောင်လုပ်ပေးလိုက်မည်ဆိုသည့်အကြောင်း စသည်ဖြင့်ကူညီပေးကြ ပါတယ်။ လူကြီးတွေလဲဝိုင်းကူညီတာပါတာပေါ့၊ကြုံတုံးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ စကားနည်းနည်းရှည်သွားတာခွင့်လွှတ်ပါ လိုရင်းကအခုမှာလာပါမယ်။ အိမ်ဝယ်ဖို့အတွက်ချေးငွေရယူရာမှာလက်ရှိဘဏ် ၃ ခု ကပေးနေပါတယ်။

KBZ ၊ AYA နှင့် YOMA တို့ဖြစ်ပါတယ်။ ဘဏ်(၃)ခုအနက်မှ ကျွန်တော်သိတဲ့ AYA နဲ့ YOMA အကြောင်းကိုပြောပြချင်ပါတယ်။ KBZ ကတော့ကျွန်တော်သေချာမသိတဲ့အတွက်ထည့်မရေးတော့ပါဘူး။ ဒီ ၂ ခုလုံးမှာအားသာချက် အားနဲချက်ရှိပါတယ်..

ကျွန်တော်နှိုင်းယှဉ်ပြီးရေးပေးပါ့မယ်...ကျွန်တော်ယူဖြစ်တာကတော့ AYA ပါ။ Home loan နဲ့ပတ်သက်ရင် YOMA ကပိုအတွေ့အကြုံများပါတယ်..AYA ကအခုမှစတာပါ။ဒါပေမယ့် တကယ်စကြော်ငြာတာ က AYA ပါအဲ့ဒီတော့ YOMA ကလဲ AYA ထက်ပိုကောင်းအောင်တချို့အချက်တွေနဲ့ဆွဲဆောင်ပါတယ်။ဒါကတော့ကိုယ်တိုင်သေချာတွက်ကြည့်ဖို့လိုပါတယ်။

အိုကေပါ ချေးငွေနဲ့အိမ်ဝယ်မယ်ဆိုလုပ်ရမယ့်အချက်တွေ ကျွန်တော်စပြောပါတော့မယ်...

၁။ ကိုယ့်ရဲ့ဝင်ငွေလစာနဲ့ကိုက်ညီတဲ့တန်ဖိုးရယ်၊ကိုယ်ပေးနိုင်တဲ့ ကနဦးတန်ဖိုးရယ်ကိုချိန်ရပါတယ်။ YOMA က ကနဦး ပေးချေးငွေ ၂၀% ကိုဝယ်သူကပေးပြီး ကျန် ၈၀%ကိုဘဏ်ချေးငွေရယူနိုင်တယ်ဆိုပေမယ့်သူ့ရဲ့အားနည်းချက်က ကိုယ့်ဝင်ငွေရဲ့ ၄၀ %ကိုသာလစဉ်ပေးသွင်းနိုင်သောငွေလို့သက်မှတ်ထားတဲ့အတွက်ကိုယ်လိုချင်တဲ့ချေးငွေအပြည့်မရနိုင်သလို၊ရလာခဲ့ရင်လဲနှစ်ပိုကြာပါတယ်။

၂၅ နှစ်အထိချေးပေးပါတယ်။AYA ကတော့ဝင်ငွေရဲ့ ၆၀%ပေါ်မှာတွက်တဲ့အတွက် ချေးငွေပိုရနိုင်ပါတယ်၊ပြန်ပေးရတဲ့နှစ်လဲတိုသွားပါတယ်၊ သူကတော့ကနဦးစရံပေးငွေကို ၃၀%ပေးရမယ်လို့သတ်မှတ်ထားပါတယ်။ ၁၅ နှစ်အထိပဲချေးပေးပါတယ်။ အဲ့ဒီတော့ဥပမာလေးပြပေးပါ့မယ်ကိုယ်ကတစ်လ ၁၀ သိန်းဝင်တယ်ဆိုပြီးချေးငွေ သိန်း ၄၀၀ ရယူလိုတယ်ဆိုရင်ဒီလိုကွာသွားပါမယ်..

+++ AYA +++

အတိုးအရင်း တလကို ၆ သိန်းပြန်သွင်းနိုင်တဲ့အတွက် ၁၀ နှစ်ချေးငွေယူရင်ရပါပြီ။ ချေးငွေ သိန်း ၄၀၀ ကို ၁၀ နှစ် အတိုး ၃၁,၆၆၉,၁၅၅ ကျပ်ကျပါတယ်။အတိုးအရင်းပေါင်းပြန်ဆပ်ရမယ့်ငွေပမာဏဟာ ၇၁,၆၆၀,၁၁၅ သိန်းဖြစ်ပါတယ်။ လစဉ်ပြန်ဆပ်ငွေ က ၅၉၇,၂၄၃ ပါ။

+++ YOMA +++

အတိုးအရင်းတလကို ၄ သိန်းပဲပြန်သွင်းနိုင်တယ်သတ်မှတ်ထားတဲ့အတွက် ၂၅ နှစ်တောင်မသေချာပါဘူး။ ချေးငွေ သိန်း ၄၀၀ ကို ၂၅ နှစ်အတိုးက ၉၅,၃၄၀,၂၃၆ ကျပါတယ်။ အတိုးအရင်းပေါင်းပြန်ဆပ်ရမယ့်ငွေပမာဏဟာ ၁၃၅,၃၄၀,၂၃၆ သိန်းဖြစ်ပါတယ်။ လစဉ်ပြန်ဆပ်ငွေက ၄၅၁,၁၃၄ ပါ။ သူရဲ့ပေါ်လစီအရ အတိုးအရင်းပြန်ဆပ်ငွေကိုလစဉ်ဝင်ငွေရဲ့ ၄၀%သာခွင့်ပြုထားတဲ့အတွက် တကယ်ပြောရရင် သိန်း ၄၀၀ ချေးငွေမရနိုင်ပါဘူး။ ၃၅၀ အထိသာရယူနိုင်မှာပါ။ အဲ့ဒီတော့ကိုယ်မှန်းထားတဲ့ ၂၀%ပဲကနဦးပေးချေပြီးကျန်တာယူမယ်ဆိုတာမဖြစ်နိုင်တော့ပါဘူး။

- အပိုင်း ၂ ပါ ကိုယ်လိုချင်တဲ့ချေးငွေရယ်၊ပြန်ဆပ်ရမယ့်နှစ်ရယ်၊ပေးရမယ့်အတိုးပေါင်းရယ်..အားလုံးနားလည်လက်ခံအဆင်ပြေပြီဆိုတာနဲ့ဝမ်းသာအားရစရံငွေမချဖို့ သတိပေးပါရစေဘာတွေထပ်စဉ်းစားရဦးမလဲဆိုတာကတော့ အောက်ပါအတိုင်းပါပဲ..။

၁။ကိုယ်ဝယ်မယ့်ကြိုက်တဲအိမ်တွေ့ပြီဆိုအိမ်ရှင်နဲ့ဈေးမပေးခင်ဘဏ်ချေးငွေနဲ့ဝယ်ယူမည့်အကြောင်း..

အပြီးသတ်ငွေချေမှုအတွက် ၃၊ ၄ လခန့်ကြာနိုင်သည့်အကြောင်းစသည်ဖြင့်ကြို အသိပေးပြီးလက်ခံမခံမေးပါ။ အိမ်ရှင်လက်ခံတိုင်းပျော်ပြီးစရံမပေးလိုက်ပါနဲ့ဦး... ကိုယ်တန်တယ်ထင်ပြီးဝယ်တဲ့တဲ့ဈေးကိုဘဏ်ရာဖြတ်ကလက်ခံမခံမသေချာသေးလို့ပါ။ လက်ခံခဲ့ရင်အကြောင်းမဟုတ်ပေမယ့်လက်မခံခဲ့ရင်သူတို့ပေးမဲ့ချေးငွေဆိုတာ သူတို့ရာဖြတ်တဲ့တန်ဖိုးရဲ့ ၇၀% သို့ ၈၀% ပဲဆိုတာသတိပြုစေလိုပါတယ်။ ပုံမှန်အားဖြင့် ဘဏ်ကရာဖြတ်ကိုအိမ်ဝယ်မယ်၊စရံပေးပြီးပြီဆိုမှလွှတိတာပါ၊အဲ့တာကလဲ ၂ ပတ်လောက်အထိကြာနိုင်ပါတယ်။ ရာဖြတ်လွှတ်ခ ပေးရပါတယ်။ဒါကြောင့်စရံမချခင်ဖြစ်နိုင်ရင်ဘဏ်ကိုကိုယ်စိတ်ဝင်စားတဲ့အိမ်ကိုရာဖြတ် လွှတ်ခပေးပြီးအရင် စစ်ခိုင်းပါ။ နောက်မို့ဆို ရာဖြတ်ကဈေးလျော့ဖြတ်လို့ချေးငွေရတာမလုံလောက်၊ကိုယ်မှာလဲကနဦးပေးငွေကိုထပ်မတိုးပေးနိုင်ဆိုရင်အရောင်းအဝယ်ပျက်ပြီးစရံဆုံးနိုင်ပါတယ်။

၂။ ကဲအခုရာဖြတ်ကလဲကိုယ်ဝယ်မယ့်အိမ်တန်ဖိုးဖြတ်တာ ကိုယ်တကယ်ပေးရမယ့်တန်ဖိုးနဲ့ကိုက်ပြီဆိုလို့အားရဝမ်းသာ စရံမချပါနဲ့ဦး.. နောက်ထပ်ကုန်ကျမယ့်စရိတ်တွေအရင်ပြောပြပါ့မယ်... အဲ့ဒါတွေအကုန်ပေးဖို့ကိုယ့်လက်ထဲငွေရှိမရှိအရင် ချင့်ချိန်နိုင်အောင်ပါ။ ကျွန်တော်တို့တော်တော်များများထင်ထားတာက ဝယ်မယ့်အိမ်တန်ဖိုးရဲ့ ကန ဦးပေးချေရမယ့် ၂၀% သို့ ၃၀% လက်ထဲရှိရင်အိမ်ဝယ်လို့ရပြီဆိုတာပါပဲ..... လုံးဝ....လုံးဝ ကိုမဟုတ်ပါဘူး..... အထူးသဖြင့် အိမ်နဲ့ခြံဝယ်ယူမှုအတွက်ပါ။ ဒါတွေကတော့ကိုယ်ကြိုပြင်ဆင်ထားရမယ့်ကုန်ကျငွေတွေပါ။

၁။ ဘဏ်ရဲ့ဝန်ဆောင်ခနဲ့ရာဖြတ်လွှတ်ခ (ချေးငွေရဲ့ ၁% မှ ၃% အထိ.. ဘဏ်ပေါ်မူတည်ပါတယ်)

၂။စရံငွေ ...ပုံမှန်ကစရံငွေ ကိုယ်ဘယ်လောက်ချချ..ဘဏ်က သူတို့ချေးငွေနဲ့ကနဦးချ ငွေ ၂၀% သို့ ၃၀% ကိုရောင်းသူထံတပေါင်းထဲပေးချေဖို့ ကနဦးကိုယ်ချေးရမဲ့ငွေကို သူတို့ဘဏ်အကောင့်ထဲထည့်ခိုင်းပါတယ်..အဲဒီတော့ကိုယ်ပေးဖို့စရံအတွက်ထပ်ရှာရပါတယ်၊ဒါကတော့ဘဏ်နဲ့ညှိနှိုင်း နိုင်ပါတယ်။

၃။ အိမ်တန်ဖိုးရဲ့ ၄% တံဆိပ်ခေါင်းခွန်ဖိုးပါ။ အိမ်ခြံကိုဘဏ်နဲ့ဝယ်ရင်မဖြစ်မနေနံမည်ပြောင်းရပါတယ်။ အဲ့ဒီအတွက်အိမ်ခြံမြေအရာင်းအဝယ်မှာဝင်ငွေခွန်မပါသေးပဲတံဆိပ်ခေါင်းခွန်ဖိုးက ၄% ပါ။

၄။ ကိုယ်ဝယ်မဲ့အိမ်တန်ဖိုးအပြည့်အတွက် ဝင်ငွေခွန်ပြနိုင်မပြနိုင်ပြန်စမိးစစ်ပါ။ အကြမ်းအားဖြင့်ကိုယ့်ဝင်ငွေအားလုံးပေါ်မှာကိုယ်ပေးဆာင်ခဲ့တဲ့အခွန်နှုတ်ရင်ကျန်တာငွေဖြူပြလို့ရပါတယ်။ ဝင်ငွေပေါင်းဆိုလို့ သိန်း ၁၀၀၀ ဝင်ထားခဲ့တာကို သိန်း ၁၀၀ အပေါ်မှာပဲဝင်ငွေခွန်ဆောင်ခဲ့ရင်တော့ သိန်း ၈၀ လောက်ပဲငွေဖြူဖြစ်မှာပါ။ ကျန်တဲ့ဝင်ငွေခွန်မဆောင်ထားတဲ့မပြထားတဲ့ငွေကိုငွေဖြူလို့မသတ်မှတ်ပါဘူး။ ကျွန်တော်နိုင်ငံခြားမှာဘဏ်ချေးငွေနဲ့အိမ်ဝယ်ဘူးပါတယ်..သတ်မှတ်တံဆိပ်ခေါင်းခွန်ကလွဲလို့ငွေဖြူအတွက်မပေးဆောင်ရပါဘူး။ ဘာလို့လဲဆိုတော့အဲ့နိုင်ငံမှာဝင်ငွေကိုကြည့်ပြီးငွေချေးသလို၊ဝင်ငွေတိုင်းနီးပါးကလဲအစိုးရကိုဝင်ငွေခွန်ဆာင်ပြီးဖြစ်လို့ပါ။ ဒီနိုင်ငံမှာက ဝန်ထမ်းကအခွန်ဆာင်ထားတဲ့လခနဲ့ချေးငွေယူပြီးဝယ်တယ်ဆိုပေမယ့်ပြည်တွင်းအခွန်က လဲနောက်ပိုင်းဒီလူဟာဒီအလုပ်မှာဆက်ရှိမရှိမသေချာတဲ့အပြင် တဦးတယောက်ချင်းဝင်ငွေကိုမစဉ်းကြပ်နိုင်တဲ့အတွက်ကြို တင်ကောက်ခံပါတယ်။

**ပိုက်ဆံမရှိလို့ချေးငွေယူပါတယ်၊ငွေဖြူအကုန်မပြနိုင်လို့ဆိုပြီး အခွန်ကို ၁၅%ကစပြီးဆောင်ခိုင်းပါတယ်။ ဒီလိုပေါ်လစီနဲ့ဆို ဘဏ်ကချေးငွေပေးပေမယ့် လူတိုင်းအိမ်ဝယ်နိုင်ဖို့မလွယ်ပါဘူး။ ဘူးလေးရာဖရုံဆင့်ပေါဗျာ တိုက်ခန်း၊ကွန်ဒိုက နာမည်ပြောင်းကိုပြောင်းရမယ်၊ တံဆိပ်ခေါင်းခွန်ဆောင်ရမယ် လို့ သက်ဝင်ဥပဒေမလုပ်ထားတဲ့အတွက် အိမ်ခြံဝယ်တဲ့သူလို ဒီအခွန်ငွေတွေအပေါ်ကြိုစဉ်းစားစရာမလိုပါဘူး။

၅။ ရှေ့နေခ၊ကြော်ငြာထည့်ခ..ဒါကလဲသိန်းဂဏန်းရှိပါတယ်။ ၆။မီးအာမခံ ထားခ(ချေးငွေယူထားတဲ့အတွက်မထားမနေရဖြစ်ပါတယ်) ကိုယ်ဝယ်ယူမယ့်အိမ်တန်ဖိုးပေါ်မှာတွက်ပါတယ်၊မြေတန်ဖိုးကိုမစဉ်းစားပါဘူး။ အကြမ်းအားဖြင့် သိန်း ၅၀၀ တန်အိမ်နဲ့ခြံကိုဝယ်မယ်ဆို ဒီလောက်ငွေကြိုရှာထားရပါမယ်... ၁။ ကနဦးပေးချေငွေ ၃၀%= ၁၅၀ သိန်း ၂။ ဘဏ်ဝန်ဆောင်ခ(၃၅၀×၂% ပဲထားပါ) = ၇ သိန်း ၃။ တံဆိပ်ခေါင်းခွန်( ၅၀၀×၄%)= ၂၀ သိန်း

၄။ ဝင်ငွေခွန်၂၅၀ ပြနိုင်တယ်ထား ကျန် ၂၅၀ အတွက်က (၂၅၀×၁၅%)= ၃၇.၅ သိန်း ၅။ ရှေ့နေခဘာညာ = ၅ သိန်း ၆။ မီးအာမခံ အများဆုံး= ၂ သိန်း ကဲ ဒါတောင် ဝင်ငွေခွန်ကို သိန်း ၁၀၀၀အောက်မှာမို့လို့ ၁၅% နဲ့တွက်ထားတာနော်..၁၀၀၀ အထက်ဆိုပိုများဦးမှာ။ ပြီးတော့ငွေဖြူကိုလဲဝယ်တဲ့တန်ဖိုးရဲ့တစ်ဝက်ပြနိုင်တယ် တွက်ထားပေးတာ၊ အဲ့ဒါတောင်ဘယ်လောက်လိုမလဲဆိုတော့...... ၅၀၀ တန်အိမ်ခြံမြေ ဝယ်ဖို့လက်ထဲမှာ သိန်း ၂၀၀ ကျော်ကြိုရှိထားဖို့လိုပါတယ်။ ပြောပြီးပြီနေ်ာ ဝင်ငွေခွန်ဆောင်ထားတာပြနိုင်မပြနိုင်ပေါ်မူတည်ပြီးအတိုးအလျော့ရှိတယ်ဆိုတာ။ ဒါတွေကြိုတွက်ပြီးမှ ဘဏ်ချေးငွေလျောက်ပြီး အိမ်ဝယ်ဖို့စရံချ စေချင်ပါတယ်။ဒါတောင် မတူတဲ့ဘဏ်ပေါ်လစီကြောင့် ကနဦးချငွေအပြင် အိမ်ရှင်ကိုပေးရမယ့်စရံ ၅% ကိုထည့်မစဉ်းထားပေးသေးဘူး။ ဒါကဘဏ်နဲ့ညှိနှိုင်းလို့ရမယ်ထင်လို့ပါ၊ အဲ့ဒါသာထည့်တွက်ရရင်..

- အပိုင်း ၃ ကဲစရံငွေချ၊ ချေးငွေလဲရမှာသေချာပြီဆိုတော့ပျော်တပြုံးပြုံးပေါ့...လွှတ်မပျော်ပါနဲ့ဦး...အခက်အခဲဆိုတာနေရာတိုင်းမှာရှိပါတယ် ကျွန်တော်ကြုံရတာကတော့ ပြည်တွင်းအခွန်ရာဖြတ်ကိစ္စပါ။တကယ်ကို ကိုယ်ဝယ်တဲ့တန်ဖိုးအမှန်ကိုမလိမ်မလည်ပဲ ပြပေးမယ့် သူတို့မှာ ထုတ်ပြန်ထားတဲ့စာအုပ်ထဲက ဈေးတွေရှိပြီးသားပါ။အဲ့ဒီတန်ဖိုးကလက်ရှိပေါက်ဈေးထက်များနေပါတယ်။ အဲဒါကတော့ဘဏ်ကနေ ချေးငွေယူထားတဲ့စာရွက်စာတန်း၊တကယ့် စာချုပ်အမှန်အကုန်လုံးနဲ့တွဲပြီး အသနားခံစာတင်ရင် ရနိုင်ပါတယ်။ အဲ့အတွက်နောက်ထပ် အချိန် ၂ ပတ် စောင့်ရပါတယ်။ စရံပေးစာချုပ်မှာအကြာဆုံးဖြစ်နိုင်မဲ့အချိန်ကိုပိုပိုသာသာတွက်ပြီးချုပ်ထားပါ၊ နောက်မို့ဆို သဘောမကောင်းတဲ့ရောင်းသူနဲ့တွေ့ရင် စရံဆုံးနိုင်ပါတယ်။ ကိုယ်ဘယ်လောက်နဲ့ပဲဝယ်ဝယ်ကိုယ်ဝယ်မဲ့ ရပ်ကွက်လမ်းနာမည်နဲ့မြို့နယ်အခွန်ဦးစီးရုံးမှာအရင်သွားကြည့်ထားပါ၊ အဲ့ဒီမှာရေးထားတဲ့ဈေးနဲ့ပဲဖြတ်မှာပါ။ အဲ့ဒီမှာကိုယ်မှန်းထားတာထက်ပိုပြီး အခွန်ပေးရတတ်ပါတယ်။ မပေးချင်ရင်တော့ အစကထဲကလိုင်းဝင်လို့ရတယ်ပြောပါတယ်၊လိုင်းဝင်ကြေးက လျော့သွားမဲ့တန်ဖိုးအတွက်ပေးရသက်သာမဲ့အခွန်ရဲ့တစ်ဝက်ပေးရမယ်လို့သိရပါတယ်။ကျွန်တော်ကတော့လုံးဝအားမပေးပါဘူး၊အဲ့လိုမပေးပါနဲ့၊ကိုယ်ဝယ်ထားတဲ့တန်ဖိုးအစစ်အမှန်ကကိုယ့်ရဲ့တကယ့်ငွေဖြူရပါတယ်၊ပြန်ရောင်းလို့မြတ်ခဲ့ရင်လဲ ကိုယ်လျော့ပြထားရင်အခွန်ပိုဆောင်ရမှာပါ။ ဦးစီးမှူးသာဝင်တွေ့ပြီးအသေအချာရှင်းပြပေးပါ၊ ခိုင်လုံတဲ့စာရွက်စာတန်းနဲ့ဆိုသူတို့ ကူညီပါတယ်။

ဘဏ်ချေးငွေနဲ့ဝယ်ရင်မဖြစ်မနေ နာမည်ပြောင်းရမှာပါ၊ အဲ့ဒီအတွက်အချိန်တစ်ခုရှိပါတယ်၊ ဒါကြောင့်နောက်ဆုံးငွေပေးချေမယ့်ရက်ကိုပိုပိုသာသာလုပ်ထားပါ။ ဘဏ်ကလဲချေးငွေကိုစာချုပ်တံဆိပ်ခေါင်းကပ်ပြီး မှချေပေးမှာဖြစ်သလို အခွန်ရုံးကလဲတံဆိပ်ခေါင်း ကပ်ပြီဆိုတာအရောင်းအဝယ်အကုန်ပြီးမှလို့သတ်မှတ်တဲ့အတွက်အကျေချေပြီးကြောင်းစာချုပ်တခုအပိုလုပ်ရပါတယ်။

ဘဏ်ချေးငွေကိုအလုပ်မှရတဲ့အခွန်ဆောင်ပြီးဝင်ငွေနဲ့ ဆပ်ပါသော်လဲ ဝယ်ယူချိန်မှာအိမ်တန်ဖိုးတစ်ခု လုံးအတွက်ငွေဖြူအပြည့်မပြနိုင်ပါကအခွန်ဆောင်ခိုင်းသဖြင့်ဝယ်ယူသူမှာအခွန် ၂ ဆပေးနေရသည်ကိုအခွန်ရုံးကမဖြေရှင်းပေးနိုင်ပါ။ အခုဘဏ်နဲ့အရစ်ကျရောင်းနေသောအိမ်များအတွက်ညွှန်ကြားချက်မထွက်သေးဟုသိရပါတယ်။ငွေဖြူပြနိုင်ဖို့အတွက် အခွန်ဆောင်သောစာအုပ်တင်မက ငွေသွင်းချလံတွေပါတောင်းတတ်ပါတယ်၊ကြိုတင်စုထားပါ။ နိုင်ငံခြားမှာအလုပ်လုပ်ခဲ့တဲ့သူတွေ အဲ့ဒီဝင်ငွေရဲ့ ၇၅%အထိငွေဖြူပြခွင့်ရှိပါတယ်၊ကိုယ်ပေးခဲ့တဲ့အခွန်စာရွက်တွေသိမ်းထားကြပါ။

တစ်ခုတော့ရှိပါတယ် ၂၀၁၁ အနောက်ပိုင်းမှသာဒေါ်လာကို ၁၀၀၀ ကျော်နှင့်တွက်၍သူ့ရှေ့ကဆိုရင် ၆ ကျပ်နဲ့သာတွက်ပါတယ်။ ကဲ...အဲ့ဒါတွေရှင်းရှင်းလင်းလင်းသိပြီး ပေးရမှာတွေကိုကြိုပြင်ဆင်ထားပြီးမှပဲဘဏ်နဲ့အရစ်ကျအိမ်ဝယ်ကြဖို့မျှဝေပေးလိုက်ပါတယ်ခင်ဗျား။ လူတိုင်းစိတ်ကူးယဉ်အိမ်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Credit : ZarNi Win Htet

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
bkk-projects
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service