ေငြေၾကးအနည္းငယ္မွ်ျဖင့္ စီးပြားေရးစတင္လုပ္ကိုင္ခဲ့ၾကေသာ အိမ္ျခံေျမႏွင့္ အျခားနယ္ပယ္မ်ားမွ သူေဌးၾကီးမ်ား

ေငြေၾကးအနည္းငယ္မွ်ျဖင့္ စီးပြားေရးစတင္လုပ္ကိုင္ခဲ့ၾကေသာ အိမ္ျခံေျမႏွင့္ အျခားနယ္ပယ္မ်ားမွ သူေဌးၾကီးမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
9 Aug 2018 11:55 am တွင် တင်ခဲ့သည်
10989 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

#Zawgyi#

ဆာဖိလစ္ဂရင္း ၊ မိုက္ခ္ အက္ရွ္ေလႏွင့္ ဆာ ရစ္ခ်တ္ ဘရန္ဆန္တို႔သည္ ေငြအနည္းငယ္မွ်ျဖင့္ စီးပြားေရးဘဝကို စတင္ခဲ့ျပီး ကမၻာေက်ာ္ စီးပြားေရးအင္ပါယာၾကီးမ်ား တည္ေထာင္ႏိုင္ခဲ့ၾကသည္။

လူတိုင္းသည္ စီးပြားေရးလုပ္ငန္းကို ေငြအနည္းငယ္မွ်ျဖင့္ စတင္ကာ သန္းေပါင္းမ်ားစြာ တန္ေၾကးရွိသည့္ လုပ္ငန္းၾကီးမ်ားအျဖစ္ ေျပာင္းလဲလိုၾကသူမ်ားသာ ျဖစ္ၾကသည္။

ျဗိတိန္ရွိနာမည္ေက်ာ္ အမ်ဳိးသမီး အဝတ္အစားမ်ား ေရာင္းခ်သည့္ Topshop ကို တည္ေထာင္ခဲ့သူ ဆာ ဖိလစ္ ဂရင္းသည္ ေပါင္ ၂၀၀၀၀ မွ်ျဖင့္ လုပ္ငန္းစတင္ခဲ့ျပီး ယေန႔ကာလတြင္ သူ၏ လုပ္ငန္းမွာ ေပါင္ ၃ ဒသမ ၈ ဘီလီယံခန္႔ တန္ေၾကးရွိေနျပီ ျဖစ္သည္။

ျဗိတိန္တြင္ အားကစားပစၥည္းမ်ားေရာင္းခ်သည့္ ထိပ္တန္းကုမၸဏီၾကီးတစ္ခုျဖစ္ေသာ Sports Direct ကို တည္ေထာင္သူ မိုက္ခ္ အက္ရွ္ေလသည္ ေပါင္ ၁၀၀၀၀ မွ်ျဖင့္ လုပ္ငန္းစတင္ခဲ့သည္။

ကုမၸဏီခြဲေပါင္း ၄၀၀ ေက်ာ္ရွိသည့္ Virgin ကုမၸဏီအုပ္စုၾကီးကို တည္ေထာင္ခဲ့သူ ဆာ ရစ္ခ်တ္ ဘရန္ဆန္းသည္ ေပါင္ ၃၀၀ မွ်ျဖင့္ လုပ္ငန္းစတင္ခဲ့သည္ဟုဆိုလွ်င္ ယံုႏိုင္ဖြယ္ရာ မရွိေခ်။ ယေန႔တြင္ သူ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၅ ဒသမ ၁ ဘီလီယံ ရွိေနျပီ ျဖစ္သည္။

Foxtons အိမ္ျခံေျမအက်ဳိးေဆာင္ကုမၸဏီ ( https://www.foxtons.co.uk/ ) ကို တည္ေထာင္သူ ဂၽြန္ ဟန္႔ထ္ သည္ ေခ်းေငြ ေပါင္ ၁၀၀ မွ်ျဖင့္ လုပ္ငန္းစတင္ခဲ့ျခင္းျဖစ္ျပီး ယေန႔တြင္ ေပါင္ ၁ ဘီလီယံေက်ာ္ ၾကြယ္ဝခ်မ္းသာေနျပီ ျဖစ္သည္။

၎တို႔အားလံုးသည္ စီးပြားေရးလုပ္ငန္းသစ္မ်ားအတြက္ ေထာက္ပံ့ေပးသည့္ ေခ်းေငြကို ရယူကာ သက္ဆိုင္ရာ နယ္ပယ္အသီးသီးတြင္ ေအာင္ျမင္ခဲ့ၾကျခင္းျဖစ္ရာ လုပ္ငန္းသစ္မ်ားအတြက္ ေခ်းေငြေထာက္ပံ့ေပးေရးက႑မွာ မည္မွ်အေရးပါသည္ကို ျပသလိုက္ျခင္းလည္း ျဖစ္သည္။

ဆင္းရဲႏံုခ်ာေသာ ဘဝမွ ကိုယ့္ထူးကိုယ္ခၽြန္ ခ်မ္းသာလာၾကသည့္ သူေဌးၾကီးမ်ား-

၁။ ဆာ ဖိလစ္ ဂရင္း Sir Philip Green

ၾကြယ္ဝမႈ- ေပါင္ ၃ ဒသမ ၈၈ ဘီလီယံ နယ္ပယ္- ဖက္ရွင္/ လက္လီ လုပ္ငန္းစတင္ခဲ့သည့္ေငြပမာဏ- ေပါင္ ၂၀၀၀၀ ဖိလစ္ ဂရင္းသည္ ေပါင္ ၂၀၀၀၀ ေခ်းေငြရယူကာ အေရွ႕ဖ်ားေဒသမွ ဂ်င္းထည္မ်ားတင္သြင္းျပီး လန္ဒန္တြင္ ျပန္လည္ေရာင္းခ်ျခင္း စတင္လုပ္ကိုင္ခဲ့သည္။ Burton, Dorothy Perkins, Evans, Miss Selfridge, Topman, Topshop, Wallis အစရွိသည့္ လက္လီအေရာင္းကုမၸဏီခြဲမ်ားစြာရွိေသာ Arcadia Group Ltd ၏ ပိုင္ရွင္ျဖစ္လာခဲ့သည္။ ယေန႔တြင္ ဆာဖိလစ္ဂရင္းသည္ ေပါင္ ၃ ဒသမ ၈ ဘီလီယံခန္႔ ၾကြယ္ဝေနျပီျဖစ္သည္။

၂။ မိုက္ခ္ အက္ရွ္ေလ Mike Ashley

ၾကြယ္ဝမႈ- ေပါင္ ၃ ဒသမ ၇၅ ဘီလီယံ နယ္ပယ္- လက္လီ၊ အားကစား အသံုးအေဆာင္၊ ဖက္ရွင္ လုပ္ငန္းစတင္ခဲ့သည့္ေငြပမာဏ- ေပါင္ ၁၀၀၀၀ အသက္ ၁၆ ႏွစ္အရြယ္တြင္ ေက်ာင္းထြက္ခဲ့ျပီးေနာက္ squash ေဘာလံုးကစားနည္း နည္းျပတစ္ဦး ျဖစ္လာခဲ့သည္။ အဂၤလန္ အေရွ႕ေတာင္ပိုင္း၊ လန္ဒန္ျမိဳ႕အေနာက္ဘက္၊ ဘာ့ခ္ရႈိင္းယားခရိုင္၊ ေမဒင္ဟက္ဒ္ျမိဳ႕တြင္ Sport & Ski အမည္ျဖင့္ ၁၉၈၀ ျပည့္လြန္ကာလမ်ားအတြင္း သူ၏ပထမဆံုး အားကစားပစၥည္းဆိုင္ကို စတင္ဖြင့္လွစ္ခဲ့သည္။ ယင္းေနာက္ပိုင္း ေပါင္ ၁၀၀၀၀ ေငြေခ်းကာ Sports Direct ကို တည္ေထာင္လိုက္ျပီးေနာက္ပိုင္းတြင္ကား ေအာင္ျမင္မႈ အထြတ္အထိပ္သို႔ ေရာက္ရွိသြားခဲ့ေတာ့သည္။ ယခုအခ်ိန္တြင္ကား ျဗိတိန္ရွိ လမ္းေပါင္းမ်ားစြာတြင္ Sports Direct ဆိုင္မ်ားကို ေတြ႔ျမင္ေနရျပီ ျဖစ္ေေလသည္။

၃။ ဆာ ရစ္ခ်တ္ ဘရန္ဆန္း (Sir Richard Branson)

ၾကြယ္ဝမႈ- ေပါင္ ၃ ဒသမ ၆ ဘီလီယံ နယ္ပယ္- ကမၻာလွုည့္ခရီးသြား၊ ဘ႑ာေရး၊ မီဒီယာ လုပ္ငန္းစတင္ခဲ့သည့္ေငြပမာဏ- ေပါင္ ၃၀၀ ကိုယ့္ထူးကိုယ္ခၽြန္ စြန္႔ဦးလုပ္ငန္းရွင္မ်ားအတြက္ ဘရန္ဆန္းမွာ စံယူထိုက္သူတစ္ဦး ျဖစ္သည္။ အသက္ ၁၆ ႏွစ္အရြယ္သာရွိေသးခ်ိန္တြင္ ေက်ာင္းသားမဂၢဇင္းတစ္ခုကို စတင္တည္ေထာင္ခဲ့ျပီး ၁၉၇၀ ျပည့္ႏွစ္တြင္ အသံဖမ္းကုမၸဏီတစ္ခုကို စတင္တည္ေထာင္ခဲ့ျပီး တစ္ႏွစ္အတြင္း လန္ဒန္ရွိ ေအာက္စ္ဖို႔ဒ္လမ္းတြင္ ပထမဆံုး Virgin Records ဆိုင္ကို ဖြင့္လွစ္ခဲ့သည္။ Virgin သည္ ယခုအခါ ကမၻာေက်ာ္အမွတ္တံဆိပ္တစ္ခု ျဖစ္ေနျပီျဖစ္ျပီး တယ္လီဖုန္းဆက္သြယ္ေရးမွသည္ အာကာသခရီးသြား နယ္ပယ္အထိ လုပ္ငန္းက႑မ်ဳိးစံုတြင္ လုပ္ကိုင္လ်က္ရွိသည္။

၄။ ပီတာ ဟားဂရိဗ္စ္ CBE (Peter Hargreaves CBE)

ၾကြယ္ဝမႈ- ေပါင္ ၂ ဒသမ ၃၉ ဘီလီယံ နယ္ပယ္- ဘ႑ာေရး လုပ္ငန္းစတင္ခဲ့သည့္ေငြပမာဏ- ေပါင္ ၅၀၀ ဟားဂရိဗ္စ္ႏွင့္ သူ၏ စီးပြားဖက္ စတီဖင္ လန္းစ္ေဒါင္းတို႔က အက်ဳိးေဆာင္လုပ္ငန္းကို အတူလက္တြဲအေကာင္အထည္ေဖာ္ခဲ့ၾကျခင္း ျဖစ္သည္။ လုပ္ငန္းစတင္ခ်ိန္က ကုမၸဏီ၏ ပိုင္ဆိုင္မႈအေနျဖင့္ ေပါင္ ၅၀၀ ႏွင့္ သူတို႔စီးေသာ ကားမ်ားသာရွိခဲ့ျပီး အိပ္ခန္းပိုတစ္ခုကို ရံုးခန္းအျဖစ္ အသံုးျပဳကာ စတင္ခဲ့ျခင္း ျဖစ္သည္။ ၂၀၀၇ ခုႏွစ္တြင္ လန္ဒန္စေတာ့ေစ်းကြက္တြင္ ေပါင္သန္း ၈၀၀ ျဖင့္ စတင္စာရင္းဝင္ခဲ့ျပီး လက္ရွိတြင္ ေပါင္ ၄ ဒသမ ၅ ဘီလီယံ တန္ေၾကးရွိေနျပီ ျဖစ္သည္။

၅။ ဂၽြန္ ေကာ့ဒ္ဝဲလ္ John Caudwell

ၾကြယ္ဝမႈ- ေပါင္ ၁ ဒသမ ၅ ဘီလီယံ

နယ္ပယ္- Telecoms လုပ္ငန္းစတင္ခဲ့သည့္ေငြပမာဏ- ေပါင္ ၂၅၀၀၀ ၁၉၈၇ ခုႏွစ္တြင္ ေကာ့ဒ္ဝဲလ္သည္ နည္းပညာတစ္ခုျဖစ္ေသာ မိုဘုန္းဖုန္းမ်ားကို စတင္အာရံုစိုက္လာခဲ့သည္။ အဂၤလန္ႏိုင္ငံ၊ စတုတ္ခ္ျမိဳ႕ရွိ စက္ရံုတစ္ရံုမွတစ္ဆင့္ ခက္ခဲစြာ စတင္ရုန္းကန္ခဲ့ျခင္းျဖစ္သည္။ ယင္းေနာက္ပိုင္း Caudwell Group ကို တည္ေထာင္ခဲ့ရာ ၂၀၀၆ ခုႏွစ္ေရာင္းအားမွာ ေပါင္ ၁ ဘီလီယံေက်ာ္ဖိုးရွိသည္။

၆။ ဆာ ခ်ားလ္စ္ ဒန္းစတုန္း (Sir Charles Dunstone)

ၾကြယ္ဝမႈ- ေပါင္ ၁ ဒသမ ၄၉ ဘီလီယံ နယ္ပယ္- Telecoms လုပ္ငန္းစတင္ခဲ့သည့္ေငြပမာဏ- ေပါင္ ၆၀၀၀ ခ်ားလ္စ္သည္ မိုဘိုင္းဖုန္းမ်ားကို သူ၏ေနအိမ္ခန္းမွ စတင္ေရာင္းခ်ခဲ့ရသည့္ အေျခအေနမွ ဥေရာပ၏ အၾကီးမားဆံုး ဖုန္းလက္လီအေရာင္းဆိုင္ျဖစ္လာျခင္းျဖစ္ျပီး ေပါင္ ၆၀၀၀ မွ်ျဖင့္ လုပ္ငန္းစတင္ခဲ့ျခင္းျဖစ္သည္။ လက္ရွိတြင္ ကုမၸဏီတန္ေၾကးမွာ ေပါင္ ၁ ဒသမ ၇ ဘီလီယံရွိေနျပီ ျဖစ္သည္။

၇။ ဆာ အန္ဝါ ပါဗက္ဇ္ႏွင့္ မိသားစု (Sir Anwar Pervez)

ၾကြယ္ဝမႈ- ေပါင္ ၁ ဒသမ ၃၁ ဘီလီယံ နယ္ပယ္- လက္ကား အေရာင္း လုပ္ငန္းစတင္ခဲ့သည့္ေငြပမာဏ- ေပါင္ ၂၂၀၀ ပါကစၥတန္ႏိုင္ငံတြင္ ေမြးဖြားခဲ့ျပီး ဆင္းရဲေသာ လယ္သမားတစ္ဦး၏ သားျဖစ္သည္။ ပန္ဂ်ပ္ျပည္နယ္ရွိ ေက်းရြာတစ္ရြာတြင္ ၾကီးျပင္းခဲ့ျပီး ေက်ာင္းတက္ရန္ ေန႔စဥ္ ၈ မိုင္ လမ္းေလွ်ာက္သြားရကာ အျပန္တြင္လည္း လမ္းေလွ်ာက္ျပန္ခဲ့ရ၏။ ျဗိတိန္၏ ဒုတိယေျမာက္အၾကီးမားဆံုး လက္ကားအေရာင္းကုမၸဏီၾကီးျဖစ္ေသာ Bestway Cash and Carry ကို တည္ေထာင္ခဲ့ျပီး ယခုအခါ ေပါင္ ၁ ဘီလီယံေက်ာ္ ခ်မ္းသာေနျပီ ျဖစ္သည္။

မွတ္ခ်က္။ ။ မိတ္ေဆြသည္အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၀၀၀ ) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ လူဦးေရ ( ၁ ) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ သင္၏ အက်ိဳးေဆာင္လုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

#Unicode#

ဆာဖိလစ်ဂရင်း ၊ မိုက်ခ် အက်ရှ်လေနှင့် ဆာ ရစ်ချတ် ဘရန်ဆန်တို့သည် ငွေအနည်းငယ်မျှဖြင့် စီးပွားရေးဘဝကို စတင်ခဲ့ပြီး ကမ္ဘာကျော် စီးပွားရေးအင်ပါယာကြီးများ တည်ထောင်နိုင်ခဲ့ကြသည်။

လူတိုင်းသည် စီးပွားရေးလုပ်ငန်းကို ငွေအနည်းငယ်မျှဖြင့် စတင်ကာ သန်းပေါင်းများစွာ တန်ကြေးရှိသည့် လုပ်ငန်းကြီးများအဖြစ် ပြောင်းလဲလိုကြသူများသာ ဖြစ်ကြသည်။

ဗြိတိန်ရှိနာမည်ကျော် အမျိုးသမီး အဝတ်အစားများ ရောင်းချသည့် Topshop ကို တည်ထောင်ခဲ့သူ ဆာ ဖိလစ် ဂရင်းသည် ပေါင် ၂၀၀၀၀ မျှဖြင့် လုပ်ငန်းစတင်ခဲ့ပြီး ယနေ့ကာလတွင် သူ၏ လုပ်ငန်းမှာ ပေါင် ၃ ဒသမ ၈ ဘီလီယံခန့် တန်ကြေးရှိနေပြီ ဖြစ်သည်။

ဗြိတိန်တွင် အားကစားပစ္စည်းများရောင်းချသည့် ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်သော Sports Direct ကို တည်ထောင်သူ မိုက်ခ် အက်ရှ်လေသည် ပေါင် ၁၀၀၀၀ မျှဖြင့် လုပ်ငန်းစတင်ခဲ့သည်။

ကုမ္ပဏီခွဲပေါင်း ၄၀၀ ကျော်ရှိသည့် Virgin ကုမ္ပဏီအုပ်စုကြီးကို တည်ထောင်ခဲ့သူ ဆာ ရစ်ချတ် ဘရန်ဆန်းသည် ပေါင် ၃၀၀ မျှဖြင့် လုပ်ငန်းစတင်ခဲ့သည်ဟုဆိုလျှင် ယုံနိုင်ဖွယ်ရာ မရှိချေ။ ယနေ့တွင် သူ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ ရှိနေပြီ ဖြစ်သည်။

Foxtons အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ ( https://www.foxtons.co.uk/ ) ကို တည်ထောင်သူ ဂျွန် ဟန့်ထ် သည် ချေးငွေ ပေါင် ၁၀၀ မျှဖြင့် လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ပေါင် ၁ ဘီလီယံကျော် ကြွယ်ဝချမ်းသာနေပြီ ဖြစ်သည်။

၎င်းတို့အားလုံးသည် စီးပွားရေးလုပ်ငန်းသစ်များအတွက် ထောက်ပံ့ပေးသည့် ချေးငွေကို ရယူကာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် အောင်မြင်ခဲ့ကြခြင်းဖြစ်ရာ လုပ်ငန်းသစ်များအတွက် ချေးငွေထောက်ပံ့ပေးရေးကဏ္ဍမှာ မည်မျှအရေးပါသည်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။

ဆင်းရဲနုံချာသော ဘဝမှ ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာကြသည့် သူဌေးကြီးများ-

၁။ ဆာ ဖိလစ် ဂရင်း Sir Philip Green

ကြွယ်ဝမှု- ပေါင် ၃ ဒသမ ၈၈ ဘီလီယံ နယ်ပယ်- ဖက်ရှင်/ လက်လီ လုပ်ငန်းစတင်ခဲ့သည့်ငွေပမာဏ- ပေါင် ၂၀၀၀၀ ဖိလစ် ဂရင်းသည် ပေါင် ၂၀၀၀၀ ချေးငွေရယူကာ အရှေ့ဖျားဒေသမှ ဂျင်းထည်များတင်သွင်းပြီး လန်ဒန်တွင် ပြန်လည်ရောင်းချခြင်း စတင်လုပ်ကိုင်ခဲ့သည်။ Burton, Dorothy Perkins, Evans, Miss Selfridge, Topman, Topshop, Wallis အစရှိသည့် လက်လီအရောင်းကုမ္ပဏီခွဲများစွာရှိသော Arcadia Group Ltd ၏ ပိုင်ရှင်ဖြစ်လာခဲ့သည်။ ယနေ့တွင် ဆာဖိလစ်ဂရင်းသည် ပေါင် ၃ ဒသမ ၈ ဘီလီယံခန့် ကြွယ်ဝနေပြီဖြစ်သည်။

၂။ မိုက်ခ် အက်ရှ်လေ Mike Ashley

ကြွယ်ဝမှု- ပေါင် ၃ ဒသမ ၇၅ ဘီလီယံ နယ်ပယ်- လက်လီ၊ အားကစား အသုံးအဆောင်၊ ဖက်ရှင် လုပ်ငန်းစတင်ခဲ့သည့်ငွေပမာဏ- ပေါင် ၁၀၀၀၀ အသက် ၁၆ နှစ်အရွယ်တွင် ကျောင်းထွက်ခဲ့ပြီးနောက် squash ဘောလုံးကစားနည်း နည်းပြတစ်ဦး ဖြစ်လာခဲ့သည်။ အင်္ဂလန် အရှေ့တောင်ပိုင်း၊ လန်ဒန်မြို့အနောက်ဘက်၊ ဘာ့ခ်ရှိုင်းယားခရိုင်၊ မေဒင်ဟက်ဒ်မြို့တွင် Sport & Ski အမည်ဖြင့် ၁၉၈၀ ပြည့်လွန်ကာလများအတွင်း သူ၏ပထမဆုံး အားကစားပစ္စည်းဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်ပိုင်း ပေါင် ၁၀၀၀၀ ငွေချေးကာ Sports Direct ကို တည်ထောင်လိုက်ပြီးနောက်ပိုင်းတွင်ကား အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့သည်။ ယခုအချိန်တွင်ကား ဗြိတိန်ရှိ လမ်းပေါင်းများစွာတွင် Sports Direct ဆိုင်များကို တွေ့မြင်နေရပြီ ဖြစ်ေလေသည်။

၃။ ဆာ ရစ်ချတ် ဘရန်ဆန်း (Sir Richard Branson)

ကြွယ်ဝမှု- ပေါင် ၃ ဒသမ ၆ ဘီလီယံ နယ်ပယ်- ကမ္ဘာလှုည့်ခရီးသွား၊ ဘဏ္ဍာရေး၊ မီဒီယာ လုပ်ငန်းစတင်ခဲ့သည့်ငွေပမာဏ- ပေါင် ၃၀၀ ကိုယ့်ထူးကိုယ်ချွန် စွန့်ဦးလုပ်ငန်းရှင်များအတွက် ဘရန်ဆန်းမှာ စံယူထိုက်သူတစ်ဦး ဖြစ်သည်။ အသက် ၁၆ နှစ်အရွယ်သာရှိသေးချိန်တွင် ကျောင်းသားမဂ္ဂဇင်းတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် အသံဖမ်းကုမ္ပဏီတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး တစ်နှစ်အတွင်း လန်ဒန်ရှိ အောက်စ်ဖို့ဒ်လမ်းတွင် ပထမဆုံး Virgin Records ဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ Virgin သည် ယခုအခါ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခု ဖြစ်နေပြီဖြစ်ပြီး တယ်လီဖုန်းဆက်သွယ်ရေးမှသည် အာကာသခရီးသွား နယ်ပယ်အထိ လုပ်ငန်းကဏ္ဍမျိုးစုံတွင် လုပ်ကိုင်လျက်ရှိသည်။

၄။ ပီတာ ဟားဂရိဗ်စ် CBE (Peter Hargreaves CBE)

ကြွယ်ဝမှု- ပေါင် ၂ ဒသမ ၃၉ ဘီလီယံ နယ်ပယ်- ဘဏ္ဍာရေး လုပ်ငန်းစတင်ခဲ့သည့်ငွေပမာဏ- ပေါင် ၅၀၀ ဟားဂရိဗ်စ်နှင့် သူ၏ စီးပွားဖက် စတီဖင် လန်းစ်ဒေါင်းတို့က အကျိုးဆောင်လုပ်ငန်းကို အတူလက်တွဲအကောင်အထည်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ လုပ်ငန်းစတင်ချိန်က ကုမ္ပဏီ၏ ပိုင်ဆိုင်မှုအနေဖြင့် ပေါင် ၅၀၀ နှင့် သူတို့စီးသော ကားများသာရှိခဲ့ပြီး အိပ်ခန်းပိုတစ်ခုကို ရုံးခန်းအဖြစ် အသုံးပြုကာ စတင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် လန်ဒန်စတော့ဈေးကွက်တွင် ပေါင်သန်း ၈၀၀ ဖြင့် စတင်စာရင်းဝင်ခဲ့ပြီး လက်ရှိတွင် ပေါင် ၄ ဒသမ ၅ ဘီလီယံ တန်ကြေးရှိနေပြီ ဖြစ်သည်။

၅။ ဂျွန် ကော့ဒ်ဝဲလ် John Caudwell

ကြွယ်ဝမှု- ပေါင် ၁ ဒသမ ၅ ဘီလီယံ နယ်ပယ်- Telecoms လုပ်ငန်းစတင်ခဲ့သည့်ငွေပမာဏ- ပေါင် ၂၅၀၀၀ ၁၉၈၇ ခုနှစ်တွင် ကော့ဒ်ဝဲလ်သည် နည်းပညာတစ်ခုဖြစ်သော မိုဘုန်းဖုန်းများကို စတင်အာရုံစိုက်လာခဲ့သည်။ အင်္ဂလန်နိုင်ငံ၊ စတုတ်ခ်မြို့ရှိ စက်ရုံတစ်ရုံမှတစ်ဆင့် ခက်ခဲစွာ စတင်ရုန်းကန်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း Caudwell Group ကို တည်ထောင်ခဲ့ရာ ၂၀၀၆ ခုနှစ်ရောင်းအားမှာ ပေါင် ၁ ဘီလီယံကျော်ဖိုးရှိသည်။

၆။ ဆာ ချားလ်စ် ဒန်းစတုန်း (Sir Charles Dunstone)

ကြွယ်ဝမှု- ပေါင် ၁ ဒသမ ၄၉ ဘီလီယံ နယ်ပယ်- Telecoms လုပ်ငန်းစတင်ခဲ့သည့်ငွေပမာဏ- ပေါင် ၆၀၀၀ ချားလ်စ်သည် မိုဘိုင်းဖုန်းများကို သူ၏နေအိမ်ခန်းမှ စတင်ရောင်းချခဲ့ရသည့် အခြေအနေမှ ဥရောပ၏ အကြီးမားဆုံး ဖုန်းလက်လီအရောင်းဆိုင်ဖြစ်လာခြင်းဖြစ်ပြီး ပေါင် ၆၀၀၀ မျှဖြင့် လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကုမ္ပဏီတန်ကြေးမှာ ပေါင် ၁ ဒသမ ၇ ဘီလီယံရှိနေပြီ ဖြစ်သည်။

၇။ ဆာ အန်ဝါ ပါဗက်ဇ်နှင့် မိသားစု (Sir Anwar Pervez)

ကြွယ်ဝမှု- ပေါင် ၁ ဒသမ ၃၁ ဘီလီယံ နယ်ပယ်- လက်ကား အရောင်း လုပ်ငန်းစတင်ခဲ့သည့်ငွေပမာဏ- ပေါင် ၂၂၀၀ ပါကစ္စတန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ဆင်းရဲသော လယ်သမားတစ်ဦး၏ သားဖြစ်သည်။ ပန်ဂျပ်ပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် ကြီးပြင်းခဲ့ပြီး ကျောင်းတက်ရန် နေ့စဉ် ၈ မိုင် လမ်းလျှောက်သွားရကာ အပြန်တွင်လည်း လမ်းလျှောက်ပြန်ခဲ့ရ၏။ ဗြိတိန်၏ ဒုတိယမြောက်အကြီးမားဆုံး လက်ကားအရောင်းကုမ္ပဏီကြီးဖြစ်သော Bestway Cash and Carry ကို တည်ထောင်ခဲ့ပြီး ယခုအခါ ပေါင် ၁ ဘီလီယံကျော် ချမ်းသာနေပြီ ဖြစ်သည်။

မှတ်ချက်။ ။ မိတ်ဆွေသည်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၀၀၀ ) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် လူဦးရေ ( ၁ ) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ သင်၏ အကျိုးဆောင်လုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

ေငြေၾကးအနည္းငယ္မွ်ျဖင့္ စီးပြားေရးစတင္လုပ္ကိုင္ခဲ့ၾကေသာ အိမ္ျခံေျမႏွင့္ အျခားနယ္ပယ္မ်ားမွ သူေဌးၾကီးမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
ေငြေၾကးအနည္းငယ္မွ်ျဖင့္ စီးပြားေရးစတင္လုပ္ကိုင္ခဲ့ၾကေသာ အိမ္ျခံေျမႏွင့္ အျခားနယ္ပယ္မ်ားမွ သူေဌးၾကီးမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
ေငြေၾကးအနည္းငယ္မွ်ျဖင့္ စီးပြားေရးစတင္လုပ္ကိုင္ခဲ့ၾကေသာ အိမ္ျခံေျမႏွင့္ အျခားနယ္ပယ္မ်ားမွ သူေဌးၾကီးမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
ေငြေၾကးအနည္းငယ္မွ်ျဖင့္ စီးပြားေရးစတင္လုပ္ကိုင္ခဲ့ၾကေသာ အိမ္ျခံေျမႏွင့္ အျခားနယ္ပယ္မ်ားမွ သူေဌးၾကီးမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
ေငြေၾကးအနည္းငယ္မွ်ျဖင့္ စီးပြားေရးစတင္လုပ္ကိုင္ခဲ့ၾကေသာ အိမ္ျခံေျမႏွင့္ အျခားနယ္ပယ္မ်ားမွ သူေဌးၾကီးမ်ား - Property Knowledge in Myanmar from iMyanmarHouse.com
ေငြေၾကးအနည္းငယ္မွ်ျဖင့္ စီးပြားေရးစတင္လုပ္ကိုင္ခဲ့ၾကေသာ အိမ္ျခံေျမႏွင့္ အျခားနယ္ပယ္မ်ားမွ သူေဌးၾကီးမ်ား - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
taunggyi-garden-city
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service