အစိုးရသစ်လက်ထက် စက်ရုံ ၆ဝဝ ခန့် ရင်းနှီးမြှုပ်နှံ၊ ရန်ကုန်တိုင်းအတွင်း စက်ရုံပိတ်သိမ်းမှုစိုးရိမ်ဖွယ်အခြေအနေမရှိဟု အလုပ်သမားဝန်ကြီးဆို

အစိုးရသစ်လက်ထက် စက်ရုံ ၆ဝဝ ခန့် ရင်းနှီးမြှုပ်နှံ၊ ရန်ကုန်တိုင်းအတွင်း စက်ရုံပိတ်သိမ်းမှုစိုးရိမ်ဖွယ်အခြေအနေမရှိဟု အလုပ်သမားဝန်ကြီးဆို - Property News in Myanmar from iMyanmarHouse.com
23 Jul 2018 11:24 am တွင် တင်ခဲ့သည်
2051 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက် ထက်အတွင်း စက်ရုံ ၆ဝဝ ခန့် ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ထားသည့်အတွက် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း စက်ရုံပိတ်သိမ်းမှုစိုးရိမ်ဖွယ် အခြေအနေမရှိသေးဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့အလုပ်သမားဝန်ကြီးကဆိုသည်။

လက်ရှိ စက်ရုံပိတ်သိမ်းမှုများသည် လည်း လုပ်ငန်းအော်ဒါမရရှိမှုနှင့် အလုပ် သမားဆန္ဒပြမှုများကြောင့်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အလုပ်သမား ဝန်ကြီး ဦးဇော်အေးမောင်က ဇူလိုင် ၂၁ တွင်ပြောသည်။

''စက်ရုံပိတ်တယ်ဆိုတာကတော့ အလုပ် မကောင်းလို့ ပိတ်တာတွေလည်းပါပါတယ်။ အခုက စီးပွားရေးက ကမ္ဘာမှာလည်း ဒီလို ဖြစ်နေတာပဲ။ အဲ့ဒီတော့ဒီလောက်အထိလည်း မစိုးရိမ်ကြပါနဲ့၊ အဓိက စက်ရုံပိတ်သိမ်းတဲ့ ကိစ္စတွေက သူတို့အော်ဒါမရတာကြောင့်ပါ။ ပြီးတော့ အလုပ်သမားဆန္ဒပြတာတွေနဲ့လည်း နည်းနည်းတော့ဆိုင်တယ်။ လုပ်ခလစာတိုး မြှင့်တာနဲ့တော့မဆိုင်ဘူးလို့ ကျွန်တော်ယူ ဆတယ်။ ၁၅ ရုံပိတ်တယ်ပြောပြော အလုပ် ရုံ ၂ဝ ပိတ်တယ်ပြောပြော အလုပ်ဆိုတာက ကိုက်ရင်လုပ်မယ် မကိုက်ရင်မလုပ်ဘူး။ ဒီသဘောပဲ။ ဒါတွေက အမြဲတမ်းဒီအဖြစ် အပျက်တွေဖြစ်နေတာပဲ အခုမှဖြစ်နေတာ မဟုတ်ဘူး''ဟု အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

လက်ရှိ ပိတ်သိမ်းကြသည့်စက်ရုံများသည် တိုက်ရိုက်အော်ဒါဖြင့် လုပ်ကိုင် နေကြသည့်စက်ရုံများမဟုတ်ဘဲ တစ်ဆင့်ခံအော်ဒါဖြင့် လုပ်ကိုင်ကြသည့် စက်ရုံ အများစုဖြစ်ကြောင်းနှင့် လက်ရှိအလုပ်ကောင်းသည့် စက်ရုံများသည်လည်း ကောင်း မွန်နေဆဲဖြစ်ပြီး ဂျပန်စက်ရုံများထပ်မံဖွင့်လှစ်ရန် မြေလိုက်လံငှားရမ်းမှုများလည်း ရှိနေကြောင်း ¤င်းကဆက်လက်ဆိုသည်။
''ရန်ကုန်တိုင်းမှာ စက်ရုံ ၆ဝဝ လောက် ရင်းနှီးမြှုပ်နှံမှုထပ်တိုးလာတာ အမှန်ပါ။ြှုဃ လာတင်တော့ ကျွန်တော်တို့ပဲ ခွင့်ပြုပေးနေတာပဲ။ အဲဒီတော့ အစိုးရသစ်လက်ထက် ထပ်တိုးဖွင့်တာက ၆ဝဝ၊ ပိတ်တာက ၁ဝ ကျော်၊ ဒီလိုပဲ အမြဲတမ်းရှိနေတာပဲ''ဟု ဝန်ကြီးက ဆိုထားသည်။

ရန်ကုန်တိုင်းအလုပ်သမားဆက်ဆံရေးဦးစီးဌာန၏ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိခြောက်လတာစာရင်းအရ စက်ရုံပိတ်သိမ်းမှုသည် လေးရုံရှိပြီး၊ ထပ် မံပိတ်သိမ်းမည့် စက်ရုံစာရင်းဟုဆိုကာ ဇူလိုင် ၂ဝ ရက်နေ့ ရက်စွဲဖြင့် ရန်ကုန် တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ¤င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည့်စာရင်းတွင် ၁၄ ရုံ ထပ် ရှိနေပြီး ယင်းစာရင်းအရ လုပ်သား ၃၇ဝဝ ကျော် အလုပ်လက်မဲ့ဖြစ်မည့်အခြေ အနေကိုတွေ့ရသည်။ ဒေါ်စန္ဒာမင်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ''ကျွန်မ ဆီကိုရောက်ရှိလာသော ထပ်မံပိတ်သိမ်းမည့် စက်ရုံစာရင်းတွေကို ကြည့်ပြီး ရန် ကုန်တိုင်းဒေသကြီးအစိုးရက စက်ရုံလုပ်ငန်းပေါင်း ၆ဝဝ ကျော်လောက်တိုးလာ တယ်လို့ ဘယ်ကိန်းဂဏန်းကို အခြေခံပြီးများ ပြောတာပါလိမ့်လို့ စဉ်းစားနေမိ တယ်''ဟု ရေးသားထားသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်ဦးမျိုးအောင်က''ရင်းနှီးမြှုပ်နှံတဲ့သူတွေ အများကြီးပဲဝင်နေ တာလေ အဲဒီတော့ ပိတ်တာလည်းရှိတယ်။ လာဖွင့်တဲ့သူလည်းအများကြီး အဲဒီ တော့စက်ရုံပိတ်တာတွေကြောင့် အလုပ်လက်မဲ့ဖြစ်မှာကို သက်ရောက်မှုရှိလား ဆိုရင် လက်ရှိတော့ သက်ရောက်မှုမရှိဘူး။ သို့သော်လည်း အပြုံလိုက်ကြီးပိတ် သွားရင်၊ အကုန်လုံးပိတ်သွားရင်တော့တစ်မျိုးပေါ့''ဟု ပြောသည်။

ယခုနှစ်ခြောက်လတာအတွင်း စက်မှုဇုန်လုပ်သားအလုပ်ထုတ်ခံရမှုမှာ ရန် ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ တောင်ဒဂုံ၊ သန်လျင်၊ အင်းစိန်၊ ဗိုလ်တထောင်နှင့် သာကေတမြို့နယ် ရှစ်မြို့နယ်တွင် အမြင့်ဆုံးဖြစ်နေ ပြီး တိုင်ကြားမှုသည် ၃၃၈ မှုအထိ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း အလုပ်သမား ဆက်ဆံရေးဦးစီးဌာနစာရင်းအရသိရသည်။

Credit: DemocracyToday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service