ဖိလစ်ပိုင်နိုင်ငံတွင် အသုံးမပြုသော အစိုးရအဆောက်အအုံများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော အိမ်ယာမဲ့ပေါင်း သန်းနှင့်ချီ၍ ရှိနေ

ဖိလစ်ပိုင်နိုင်ငံတွင် အသုံးမပြုသော အစိုးရအဆောက်အအုံများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော အိမ်ယာမဲ့ပေါင်း သန်းနှင့်ချီ၍ ရှိနေ - Property News in Myanmar from iMyanmarHouse.com
20 Jul 2018 11:22 am တွင် တင်ခဲ့သည်
2045 ကြိမ် ကြည့်ရှု့ပြီး
ဖိလစ်ပိုင်နိုင်ငံတွင် အသုံးမပြုသော အစိုးရအဆောက်အအုံများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော အိမ်ယာမဲ့ပေါင်း သန်းနှင့်ချီ၍ ရှိနေသည်။
လူဦးရေ ၁၀၆ သန်းရှိသည့် ဖိလစ်ပိုင်တွင် အိမ်ယာမဲ့ပေါင်း ၄ ဒသမ ၅ သန်းခန့်ရှိနေသည်။

ယင်းအနက် ၃ သန်းခန့်မှာ မနီလာမြို့တော်တွင် နေထိုင်ကြရလျက်ရှိရာ ကမ္ဘာပေါ်တွင် အိမ်ယာမဲ့အများဆုံးမြို့တော်အဖြစ် ပရဟိတ အဖွဲ့များက ခန့်မှန်းထားသည်။

တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းတွင် လူနေအိမ်ခန်းပေါင်း ၁၁၅၀၀၀ ခန့်မှာ လူသူကင်းမဲ့လျက်ရှိကြောင်း လူ့အခွင့်အရေး အုပ်စုတစ်ခုဖြစ်သော Kadamay ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဝေးပြေးလမ်းမကြီးတွေနဲ့ စက်မှုဇုန်တွေ ဖော်ဆောင်တဲ့အတွက် အိမ်တွေယာတွေ ဆုံးရှုံးရတာကြောင့် မြို့ပြကို ပြောင်းရွှေ့လာသူတွေ ပိုများလာတယ်” ဟု profit Urban Poor Resource Centre of the Philippines အဖွဲ့မှ ဂျွန်ပေါလ် လာပစ်ဒ်က ပြောကြားသည်။

ယင်းအဖွဲ့သည် မြို့ပြဒေသများတွင် ဆင်းရဲမွဲတေမှုမြင့်တက်နေခြင်းကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်ကာ ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ခု ဖြစ်သည်။

“သူတို့ဟာ ယာယီတဲစုပ်တွေ၊ တံတားအောက်တွေမှာ နေထိုင်ကြရပြီး ကျန်းမာရေးနဲ့ လုံခြုံရေးအန္တရာယ်တွေ ရှိနေပါတယ်။ ဒါ့အပြင် နှင်ထုတ်ခံရတာမျိုးတွေ အမြဲကြုံတွေ့နေကြရတယ်။ ဒီအတွက် တစ်ခုတည်းသော နည်းလမ်းကတော့ အသုံးမပြုတဲ့ အစိုးရအဆောက်အအုံဟောင်းတွေကို အိမ်ယာမဲ့တွေနေထိုင်ခွင့်ပြုတဲ့နည်းလမ်းပဲ ဖြစ်ပါတယ်” ဟုလည်း ဂျွန်ပေါလ် လာပစ်က ပြောကြားသည်။

Kadamay သည် မနီလာမြို့တော်မှ အိမ်ယာမဲ့ပေါင်း ၁၂၀၀၀ ခန့်ကို ဦးဆောင်ကာ ၂၅ မိုင်ခန့် ဝေးကွာသော ဘာလူကန်ရှိ အသုံးပြုသော အစိုးရအဆောက်အအုံဝန်းကြီး၏ လူနေခန်းပေါင်း ၆၀၀၀ ခန့်တွင် ဝင်ရောက်နေထိုင်ကြရန် ညတွင်းချင်း ချီတက်သွားခဲ့ကြဖူးသည်။

ယခုအခါတွင် ယင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် အိမ်ယာမဲ့ပေါင်း ၂၀၀၀၀ ခန့်ရှိနေပြီး ဒူတာတေးအစိုးရအဖွဲ့က တရားဝင် အတည်ပြုခွင့်ပြုချက်ထုတ်ပြန်ထားခြင်း မရှိသေးချေ။

အကယ်၍ ခွင့်ပြုချက် နှောင့်နှေးနေပါက ယခုကဲ့သို့ တရားမဝင် ဝင်ရောက်နေထိုင်မှုများ ပိုမိုများပြားလာဦးမည်သာဖြစ်ကြောင်း Kadamay မှ မိုက်ကယ် ဘဲလ်ထရန်းက ပြောကြားသည်။

ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့များအတွက် ရည်ရွယ်ထားသော လူနေအိမ်ယာခန်းများ၏ ၉၀ ရာခိုင်နှုန်းမှာ လူသူကင်းမဲ့လျက်ရှိနေပြီး အဓိကအားဖြင့် မြို့ပြနှင့်အလှမ်းကွာဝေးခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဖိလစ်ပိုင်နိုင်ငံတွင် အသုံးမပြုသော အစိုးရအဆောက်အအုံများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော အိမ်ယာမဲ့ပေါင်း သန်းနှင့်ချီ၍ ရှိနေ - Property News in Myanmar from iMyanmarHouse.com
ဖိလစ်ပိုင်နိုင်ငံတွင် အသုံးမပြုသော အစိုးရအဆောက်အအုံများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော အိမ်ယာမဲ့ပေါင်း သန်းနှင့်ချီ၍ ရှိနေ - Property News in Myanmar from iMyanmarHouse.com
ဖိလစ်ပိုင်နိုင်ငံတွင် အသုံးမပြုသော အစိုးရအဆောက်အအုံများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော အိမ်ယာမဲ့ပေါင်း သန်းနှင့်ချီ၍ ရှိနေ - Property News in Myanmar from iMyanmarHouse.com
ဖိလစ်ပိုင်နိုင်ငံတွင် အသုံးမပြုသော အစိုးရအဆောက်အအုံများ၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသော အိမ်ယာမဲ့ပေါင်း သန်းနှင့်ချီ၍ ရှိနေ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

ဒလမြစ်ကူးတံတား နှင့်အပြိုင် ဒလဘက်ကမ်းအိမ်ခြံမြေလုပ်ငန်းသစ်များ စတင်တည်ဆောက်လာ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ

kalaw-garden-valley
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service