ဇွန်တွင် စင်္ကာပူပုဂ္ဂလိကအိမ်ရောင်းအား ၄၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်း

ဇွန်တွင် စင်္ကာပူပုဂ္ဂလိကအိမ်ရောင်းအား ၄၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်း - Property News in Myanmar from iMyanmarHouse.com
18 Jul 2018 12:43 pm တွင် တင်ခဲ့သည်
2026 ကြိမ် ကြည့်ရှု့ပြီး
စင်္ကာပူတွင် developer (မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်
ရောင်းချရေးကုမ္ပဏီ) များ၏ ဇွန်၌ Executive Condominium (အများပြည်သူ
(အစိုးရ) နှင့် ပုဂ္ဂလိကဖက်စပ်အိမ်ရာ) များမှအပ ပုဂ္ဂလိကနေအိမ်ရောင်းချရမှု
သည် ၆၅၄ ခန်းသာ ရှိခဲ့ပြီး ၁,၁၂၂ ခန်း ရောင်းချခဲ့ရသည့် မေလအောက် ၄၁
ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ယမန်နှစ် ဇွန်လရောင်းအားအောက် ၂၀
ဒသမ ၂ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရသည်။

ယင်းသည် ၃၈၄ ခန်းသာ ရောင်းချခဲ့ရသည့် ယခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း
ရောင်းအားအနိမ့်ဆုံးလဖြစ်ကြောင်း ကနေဒါအခြေစိုက် ကမ္ဘာ့အိမ်ခြံမြေ
ဝန်ဆောင်မှုအဖွဲ့အစည်း Colliers International ၏ စင်္ကာပူနိုင်ငံဆိုင်ရာ
သုတေသနခေါင်းဆောင် ထရစ်ရှာဆုန်က ပြောကြားခဲ့သည်။

"အဝယ်နည်းတဲ့ ဇွန်လ ကျောင်းပိတ်ရက်ကာလဖြစ်တာကြောင့် ဇွန်လမှာ
အိမ်သစ်ရောင်းအား ကျဆင်းခဲ့တာပါ။ ရောင်းအားကျဆင်းသလိုပဲ developer
တွေဘက်ကလည်း အဲ့ဒီကာလမှာ ဈေးကွက်ထဲ အိမ်သစ်မိတ်ဆက်မှုကို
သိပ်မလုပ်ခဲ့ကြပါဘူး" ဟု အမေရိကန်အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Cushman & Wakefield ၏ အကြီးတန်းသုတေသနညွှန်ကြားရေးမှူး ခရစ္စတင်းလီကလည်း ပြောကြားခဲ့သည်။

ဇွန်တွင် ဈေးကွက်ထဲ မိတ်ဆက်ခဲ့သည့် ပုဂ္ဂလိကအိမ်ခန်းအရေအတွက်သည်
မေတွင် မိတ်ဆက်ခဲ့သည့်အရေအတွက် ၁,၀၆၀ အောက် ၃၁ ဒသမ ၅
ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၇၂၆ ခန်းသာ ရှိခဲ့သည်။

ဇွန်လ၏ ရောင်းအားအကောင်းဆုံးအိမ်ရာစီမံကိန်း ငါးခုမှာ Margaret Ville
(ရောင်းချရမှု ၁၂၁ ခန်း)၊ Affinity at Serangoon (၁၀၇ ခန်း)၊ The Garden
Residences (၆၄ ခန်း)၊ Twin View (၆၄ ခန်း) နှင့် 120 Grange (၄၂ ခန်း) တို့ ဖြစ်သည်။

ဇူလိုင်တွင်မူ အိမ်သစ်ရောင်းအားသည် ဇွန်ရောင်းအားကို ကျော်လွန်မည်ဟု
အိမ်ခြံမြေလေ့လာသူများက ခန့်မှန်းထားကြသည်။

ဇူလိုင် ၅ ရက်တွင် ဈေးကွက်ထဲ ရောက်ရှိလာခဲ့သည့် Park Colonial၊
Riverfront Residences နှင့် Stirling Residences တို့သည် ဇူလိုင်အတွင်း
အခန်းပေါင်း ၁ ထောင်ကျော် ရောင်းချရနိုင်သည်ဟု အမေရိကန်ရင်းနှီးမြှုပ်နှံမှု
ကုမ္ပဏီ JLL စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနညွှန်ကြားရေးမှူး အွန်တက်ခ်ဟွေက ပြောကြားခဲ့သည်။

ဇူလိုင်ပြီးနောက်တွင်မူ အိမ်သစ်ရောင်းအားသည် လာမည့်လများအတွင်း
ဈေးကွက်တည်ငြိမ်စေရေး အိမ်ခြံမြေစည်းမျဉ်းသစ်များ ချမှတ်မှုကြောင့်
သိသိသာသာကျဆင်းဖွယ်ရှိကြောင်းလည်း Colliers International ၏
စင်္ကာပူနိုင်ငံဆိုင်ရာ သုတေသနခေါင်းဆောင် ထရစ်ရှာဆုန်က
ခန့်မှန်းပြောကြားခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

kalaw-garden-valley
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service