မြန်မာလိုင်စင်ရ ကန်ထရိုက်တာများ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ရုံးခန်းသစ်ဖွင့်လှစ်၊ အများပိုင်ကုမ္ပဏီ အစစ်ဖြစ်ပြီး နောင်တွင် အများပြည်သူသို့ ရှယ်ယာများ ကမ်းလှမ်းရောင်းချနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဥက္ကဋ္ဌ ဦးကျော်ဝင်းပြော

မြန်မာလိုင်စင်ရ ကန်ထရိုက်တာများ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ရုံးခန်းသစ်ဖွင့်လှစ်၊ အများပိုင်ကုမ္ပဏီ အစစ်ဖြစ်ပြီး နောင်တွင် အများပြည်သူသို့ ရှယ်ယာများ ကမ်းလှမ်းရောင်းချနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဥက္ကဋ္ဌ ဦးကျော်ဝင်းပြော - Property News in Myanmar from iMyanmarHouse.com
13 Jul 2018 11:17 am တွင် တင်ခဲ့သည်
2382 ကြိမ် ကြည့်ရှု့ပြီး
မြန်မာလိုင်စင်ရ ကန်ထရိုက်တာများ၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် အများပိုင်ကုမ္ပဏီအစစ်ဖြစ်ပြီး နောင်တွင် အများပြည်သူသို့ ရှယ်ယာများကမ်းလှမ်းရောင်းချသည့်စနစ်စတင်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရုံးခန်းသစ်ဖွင့်ပွဲအခမ်းအနားတွင် ဥက္ကဋ္ဌ ဦး ကျော်ဝင်းက ရှယ်ယာရှင်များနှင့် ဆွေးနွေးပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

''ကျွန်တော်တို့ကုမ္ပဏီက အများပိုင်အစစ်ပါ။ ကျွန်တော်တစ် ယောက်တည်း ရှယ်ယာ ၅၁ ရာခိုင် နှုန်း ပိုင်ဆိုင်တာမျိုးမရှိသလို ကျန်တဲ့သူတွေလည်း ၅၁ ရာနှုန်းပိုင်တာမရှိဘူး။ အဖွဲ့ဝင်တွေအားလုံးရဲ့ ဆန္ဒတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီးတော့မှ ဆောင်ရွက်သွားပါမယ်''ဟု ၎င်းကပြောသည်။ အဆိုပါကုမ္ပဏီအနေဖြင့် နိုင်ငံတော်မှဆောင်ရွက်မည့် လမ်းတံတားအစရှိသော ဆောက်လုပ်ရေးလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ တည်ထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ Share Holder ဦးသက်ကိုကိုက ပြောသည်။

''ဒီကုမ္ပဏီမှာကန်ထရိုက်တာ လုပ်ငန်းရှင်တွေက အဓိကအနေနဲ့ ပါဝင်တယ်။ ကျွန်တော်တို့နဲ့ ဆက်စပ်တဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေလည်း ရှယ်ယာရှင်အနေနဲ့ ပါဝင်ကြပါတယ်။ ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းအခြေခံဖြစ်တဲ့ အတွက် ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာလုပ်ငန်းတွေကို ဦးစားပေးပြီးလုပ်မှာပါ။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်း တွေနဲ့ ကျန်တဲ့အခြားလုပ်ငန်းတွေမှာလည်း အားပြုဆောင်ရွက်ပေးသွားမှာပါ''ဟု ၎င်းကပြောသည်။ ယင်းအများပိုင်ကုမ္ပဏီတွင် ရှယ်ယာတစ်စောင်လျှင် ကျပ်တစ် သောင်းနှုန်းဖြင့် ရှယ်ယာရှင်တစ်ဦးလျှင် ကျပ်သိန်းနှစ်သောင်းအထိ ရှယ်ယာဝယ်ယူခွင့်ပြုထားကြောင်း သိရသည်။

မြန်မာလိုင်စင်ရကန်ထရိုက်တာများ၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ရုံးခန်းသစ်ဖွင့်ပွဲကို ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ ဗိုလ်တ ထောင်မြို့နယ်ရှိ ကုန်သည်လမ်း (၄၅ လမ်းထိပ်)၊ အမှတ် (၄၂ဝ) တွင်ပြုလုပ်ခဲ့သည်။ ယင်းကုမ္ပဏီရုံးခန်းသစ်ကို မြန်မာလိုင်စင်ရကန်ထရိုက်တာများ၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ကုမ္ပဏီရှယ်ယာရှင်များက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြသည်။

မြန်မာလိုင်စင်ရကန်ထရိုက်တာများ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရှယ်ယာရှင်တစ်ရာ ကျော်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ် ကြောင်းသိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
taunggyi-garden-city
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service