မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ

မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
11 Jul 2018 12:16 pm တွင် တင်ခဲ့သည်
2714 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

နွေဦးမိုးတွေအတွက်ကတော့ အိမ်တွင်းကို သိပ်ပြီးထိန်းသိမ်းပေးစရာ မလိုအပ်ပေမယ့် မိုးတွင်းမှာရွာတဲ့မိုးကတော့ အိမ်တွင်းအိမ်ပြင် ၂ခုစလုံးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ပြီး ထိန်းသိမ်းပေးရန် လိုအပ်ပါတယ်။ နွေရာသီကုန်ခါနီးရောက်တာနဲ့ မိုးတွင်းအတွက်ကြိုပြီး စတင်ပြင်ဆင်သင့်ပါတယ်။ ဒါမှသာ မိုးတွင်းမိုးရွာသွန်းမှုပြင်းထန်ခြင်းကြောင့် အိမ်အတွင်းအပြင်ပျက်စီးမှုကို နည်းနိုင်သမျှနည်းအောင် ကြိုတင်ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

+++ အိမ်အပြင်ပိုင်းအတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း +++

တစ်နှစ်တာလုံးအတွက် မေလနဲ့ဇွန်လကတော့ မိုးရေချိန်အမြင့်ဆုံးလတွေ ဖြစ်ပါတယ်။ မိုးရွာသွန်းမှုများတဲ့လတွေ မရောက်ခင် ဧပြီလကတည်းကစပြီး မေလမှာမိုးရွာလာတာနဲ့ အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ရန် လိုအပ်ပါတယ်။

(၁) မြက်ခင်းပြင်ပျက်စီးမှုကို သတိပြုပါ။ အိမ်ဘေးနားက နေရာလပ်တွေမှာ မိုးရေတွေမ၀ပ်အောင် ပြင်ဆင်ပါ။ ရေနှုတ်မြောင်းတွေ ရေစီးရေလာကောင်းအောင် ပြုလုပ်ပါ။ ဒါမှမြက်ခင်းပြင်တွေက လိုအပ်တဲ့မိုးရေပမာဏကို ကောင်းစွာရရှိနိုင်မှာ ဖြစ်ပါတယ်။ ရေ၀ပ်များပါက မြက်တွေ၊ အပင်တွေ ကြီးထွားမှုနှုန်းကို ထိခိုက်စေနိုင်ပါတယ်။

(၂) ရေတံလျောက်တွေကိုစစ်ဆေးပါ။ တကယ်လို့ ရေတံလျောက်က ရေကောင်းစွာ နည်းမှန်လမ်းမှန် မစီးဆင်းဘူးဆိုရင် အဆင်မပြေမှုများစွာကို ဖြစ်ပေါ်စေမှာပါ။ ရေယိုခြင်း၊ ရေတိုက်စားခြင်းကြောင့် အောက်ကအုတ်မြစ်တွေ ပျက်စီးနိုင်ပါတယ်။ မိုးမရွာခင် ရေတံလျောက်အတွင်း သစ်ရွက်များ၊ အမှိုက်များပိတ်မနေအောင် လှေကားနဲ့တက်ကြည့်ပြီး သေချာစစ်ဆေးထားသင့်ပါတယ်။

(၃) ပက်လက်ကုလားထိုင်များ၊ ထိုင်ခုံများကိုဆေးကြောပေးပါ။ ဆောင်းတွင်းတတွင်းလုံး အသုံးပြုထားတဲ့အတွက် ခုံတွေမှာကပ်ညှိနေတဲ့ အညစ်အကြေးတွေအတွက် နွေရာသီမကုန်ခင်မှာ သန့်ရှင်းရေးပြန်လုပ်ပေးပါ။ နေသာတဲ့နေ့တနေ့ကိုရွေးပြီး မိုးတွင်းမိုးမရွာခင် ဆေးကြောသန့်စင်ပေးပါ။

(၄) ခေါင်မိုးလုံ မလုံ စစ်ဆေးပါ။ ခေါင်မိုးမှာမိုးယိုနိုင်မယ့် အပေါက်ငယ်တွေ ရှိမရှိ စစ်ဆေးပါ။ မိုးရွာမှဆိုရင် မိုးရေတွေယိုပြီး ပျက်စီးမှုဖြစ်နိုင်ပါတယ်။ လိုအပ်ပါက အိမ်ပြင်သူများကိုခေါ်ပြီး လိုအပ်တဲ့နေရာအကုန် ပြင်ဆင်ပေးပါ။

(၅) လူသွားစကြøလမ်းတွေကို စစ်ဆေးပေးပါ။ ကွန်ကရစ်ခင်းထားတဲ့လမ်းတွေမှာ အက်ရာတွေရှိမရှိ ကြည့်ပြီး အက်ရာပဲ့ရာများနေပါကဖာထေးပေးပါ။လမ်းပေါ်ရေမ၀ပ်နိုင်အောင်သေချာပြင်ဆင်ပေးပါ။အပေါက်များဖြစ်နေပါက မိုးမရွာခင် ကြိုတင်ဖာထေးပြုပြင်ပေးပါ။

+++ အိမ်အတွင်းပိုင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းများ။+++

တကယ်လို့ အပြင်ဘက်မှာမိုးရွာနေလို့ အိမ်အပြင်မထွက်နိုင်လို့ ပျင်းနေမှာစိုးရိမ်စရာ မရှိပါဘူး။ မိုးရွာနေတဲ့အချိန်အိမ်တွင်းမှာနေရင်း ပြုလုပ်နေလို့ရမယ့် အလုပ်လေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။

(၁) အိမ်တွင်းသုံးလေစစ်ဇကာများကို သန့်စင်ဆေးကြောပေးပါ။ ဇကာတွေမှာ ဖုန်တွေအမှိုက်တွေက အသုံးပြုတာကြာတဲ့အချိန် ဂျီးတွေနဲ့ထူနေတတ်ပါတယ်။ သန့်စင်သွားအောက၏င်ဆေးကြောပေးပါ။ ဒါမှ အိမ်အပြင်ဘက်က ၀င်ရောက်လာမယ့် လေတွေကို အိမ်အတွင်းဝင်ရောက်တဲ့အချိန် သန့်စင်နေစေမှာပါ။

(၂) ကော်ဇောကို သေသေချာချာဖုန်ခါပါ။ လိုအပ်ပါကလျှော်ပါ။ ကော်ဇောဆိုတာက အိမ်ကြမ်းခင်းမှာထားတဲ့ အရာမို့ တခါတလေညစ်ပတ်နေတာကိုပြန်သန့်ရှင်းရေးလုပ်ပေးဖို့ မေ့လျော့နေတတ်ပါတယ်။ ဒါပေမယ့် သန့်ရှင်းရေးလုပ်ပြီးတဲ့အချိန်မှာတော့ ကော်ဇောရဲ့ထူးထူးခြားခြား ပြောင်းလဲသွာပုံကိုတွေ့ရမှာ သေချာပါတယ်။

(၃) မီးဘေးအချက်ပြခေါင်းလောင်းကို စစ်ဆေးပါ။ ခေါင်းလောင်းတွင်းက ဘက်ထရီကောင်းမကောင်း၊ အသံမြည်မမြည်ကို ပြန်စစ်ဆေးပေးပါ။

(၄) အဲကွန်းပန်ကာများကို ဆေးကြောပေးပါ။ ယခုအချိန်က မိုးတွင်းအစ ဖြစ်သောကြောင့် ကုန်လွန်ခဲ့တဲ့ နွေရာသီတစ်ခုလုံး အသုံးပြုထားတဲ့ အဲကွန်းပန်ကာတွေမှာ ဖုန်တွေနဲ့ ကပ်နေတတ်ပါတယ်။ ပန်ကာမှာ အမှုန်တွေပိတ်နေခြင်းက အဲကွန်းကို လိုအပ်တဲ့ လေသန့်စင်မှုကို မပြုလုပ်ပေးနိုင်တဲ့အတွက် အိမ်မှာ ကလေးတွေရှိပါက ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အကောင်းဆုံးနည်းအနေနဲ့ အဲကွန်းပြင်သူများကို ခေါ်ပြီးဆေးကြောပေးပါ။

(၅) ရေခဲသေတÅာမှာကပ်နေတဲ့ ရေခဲတုံးတွေကို ဖယ်ရှင်းပေးပါ။ ရေခဲတွေပိတ်နေခြင်းကြောင့် အအေးဓါတ် ပိတ်ဆို့ခြင်းများကို ဖြစ်ပေါ်စေပြီး အေးသင့်သလောက် မအေးတာမျိုး ဖြစ်ပေါ်စေပါတယ်။

(၆) မျက်နှာကျက်မှာထားတဲ့ပန်ကာက ဆောင်းတွင်းမှာ သိပ်အသုံးမပြုရတဲ့အရာပါ။ ပန်ကာရဲ့ဒလတ်တွေမှာ ဖုန်တွေထူနေတတ်ပါတယ်။ ဖုန်တွေကိုဆေးကြောပေးပြီး ပန်ကာကို နာရီလက်တံလှည့်တဲ့အတိုင်း လှည့်မလှည့် ပြန်စစ်ပေးပါ။ နာရီလက်တံလှည့်တဲ့အတိုင်း လှည့်ထားပါက လေအေးကို ပိုမိုရရှိနိုင်စေပါတယ်။

Credit: Myanmar Home & Decor Magazine
မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
မိုးရာသီ အိမ်တွင်းအိမ်ပြင် ထိန်းသိမ်းခြင်းအတွက် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...

နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
မြေယာစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကန့်ကွက်စာတင်ပြလိုပါက လိုက်နာရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။...
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service