ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကြုံတွေ့ရသည့်မူဝါဒဆိုင်ရာကိစ္စများကို MCEA ကြားခံဖြေရှင်းမည် - Property News in Myanmar | iMyanmarHouse.com
ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကြုံတွေ့ရသည့်မူဝါဒဆိုင်ရာကိစ္စများကို MCEA ကြားခံဖြေရှင်းမည် - Property News in Myanmar from iMyanmarHouse.com
2263 ကြိမ် ကြည့်ရှု့ ပြီး

ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကြုံတွေ့ရသည့်မူဝါဒဆိုင်ရာကိစ္စများကို MCEA ကြားခံဖြေရှင်းမည်

ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ (iMyanmarHouse.com)

နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အခက်အခဲကြုံ တွေ့ရသည့် ဆောက်လုပ်ရေးကဏ္ဍမှ လုပ်ငန်းရှင်များအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များအသင်း (MCEA)က အစိုးရနှင့်ဆက်သွယ်ကာ ကြားခံအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း MCEA ၏ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဇူလိုင် ၁၀ ရက်က ပြောသည်။

ထို့ပြင် ဈေးကွက်ကျဆင်းနေသည့် ဆောက်လုပ်ရေးလောကအတွင်း အလုပ်အကိုင်ရရှိရေးအတွက် လည်း MCEA အနေဖြင့် အသင်းဝင်များအားလုံးကို လစဉ်ပုံမှန်တွေ့ဆုံကာ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“စည်ပင်ဥပဒေနဲ့ပတ်သက်လို့သော်လည်းကောင်း၊ တခြားဖြစ်ပြီး သား
အမိန့်ကြော်ငြာစာနဲ့ပတ်သက်ပြီးတော့လည်းကောင်း၊ အခက်အခဲရှိတဲ့ကန်ထရိုက်တာတွေ၊ လုပ်ငန်းရှင် တွေ အားလုံးကို ဒီနေ့ကစပြီး ဖိတ်ခေါ်ထားပါတယ်။ MCEA ကိုလာပြီးတော့ ခက်ခဲတဲ့ကိစ္စ၊ အားလုံးကို စာတင် ပြီး အကူအညီတောင်းခံနိုင်ပါတယ်။ တင်ပြလာတဲ့စာတွေပေါ်မူတည်ပြီး EC ထိုင်ပြီး မှန်ကန်ပြီး ခွင့်ပြုသင့်တယ်၊ တကယ်နစ်နာတယ်ဆိုတဲ့ကိစ္စရပ်တွေအားလုံးကို စုပေါင်းပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်မှာ လစဉ်အစည်းအဝေးလုပ်ဖို့ ရှိပါတယ်။ လတိုင်း တစ်ဦးတစ်ယောက်ချင်းမဖြေရှင်းဘဲနဲ့ အသင်းက ကြားခံအနေ နဲ့ တစ်ဦးတစ်ယောက်ချင်းကိစ္စရပ်တွေအဆင်ပြေသွားဖို့ အစိုးရနဲ့လုပ်ငန်းရှင် ကြားထဲမှာ ရင်ကြားစေ့လုပ် ဆောင်သွားဖို့ ရှိပါတယ်” ဟု ဦးရှိန်ဝင်းကပြောသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ခုမှ အသင်း ၀င်များအပါအ၀င် အသင်းဝင်ပေါင်း ၂၇၇၇ ဦးရှိပြီး အင်ဂျင်နီယာများ၊ ကန်ထရိုက်တာများ၊ လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးပစ္စည်းရောင်းချသူများ၊ ထုတ်လုပ်သူများနှင့် လက်သမား၊ ပန်းရန်၊ သံချည်သံကွေးအစရှိသည့် အခြေခံလုပ်သားများအထိပါ ပါဝင်ကြောင်း ၊ ထို အသင်းဝင်အားလုံး၏ အလုပ်အကိုင်များအဆင်ပြေချောမွေ့ေ၇းအတွက် MCEA က တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Credit: Pyi Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စက်ဝိုင်းမြို့တော် ရန်ကုန်ကို ဘယ်လိုတည်ဆောက်မလဲ
မင်္ဂလာဈေးသစ်ဒီဇိုင်း ဈေးသူဈေးသားများကို ပထမဆုံးချပြ
ကန်ထရိုက်တိုက်ခန်းတွေသဘာဝဘေးဖြစ်ရင် ပိုင်ဆိုင်မှုမခိုင်မာနိုင်
ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းတည်ဆောက်မှု အစိတ်အပိုင်းအချို့အတွက် ဂျပန်ဖွံ့ဖြိုးမှု ရန်ပုံငွေမှ ချေးငွေယူမည်ဟုဆို...
ထိုင်းနိုင်ငံတွင် နိုင်ငံရေး မငြိမ်သက်မှုများ ဖြစ်ပေါ်နေသော်လည်း တရုတ်ရင်းနှီးမြှုပ်နှံသူတို့က ကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိ...
အတိုးနှုန်းသက်သာသည့် ဂျပန် ODA ချေးငွေဖြင့် တန်ဖိုးနည်းအိမ်ရာများ ဝယ်နိုင်မည်
တရုတ်ပြည်၏ ထိပ်တန်း e-commerce ကုမ္ပဏီကြီး JD Group က ပေကျင်းမြို့တော်ရှိ သက်တမ်းရင့်နေပြီဖြစ်သော အထင်ကရ ဟိုတယ်ကြီးတစ်လုံးကို ယွမ်ငွေ ၂ ဒသမ ၇ ဘီလီယံဖြင့် ဝယ်ယူ...
မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများ မူလအမည်ဖြင့် မှတ်ပုံတင်ခွင့်မပြု
McLaren ပြိုင်ကား ကုမ္ပဏီတွင် ရှယ်ယာအများစုပိုင်ဆိုင်ထားသူ ဆော်ဒီဘီလျံနာ မန်ဆော် အိုဂျေးက ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဧကပေါင်း ၃၅၀၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးကို ရောင်းချရန်စီစဉ်...
ကွန်ဒိုစီမံခန့် ခွဲရေးကော်မတီက ကွန်ဒိုတွေရဲ့အရည်အသွေးကိုစစ်ဆေးမယ်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)
iMyanmarHouse.com - Monthly Property Magazine