လော့စ်အိန်ဂျလိတွင် ဘတ်စ်ကက်ဘောကွင်းသစ်ကြီး ဆောက်လုပ်ရန် စီစဉ်နေခြင်းအတွက် ဒေသခံတို့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို တရားစွဲထားပြီး တန်ဖိုးသင့်လူနေခန်းများသာ ဆောက်လုပ်ရန် တောင်းဆိုလျက်ရှိ

လော့စ်အိန်ဂျလိတွင် ဘတ်စ်ကက်ဘောကွင်းသစ်ကြီး ဆောက်လုပ်ရန် စီစဉ်နေခြင်းအတွက် ဒေသခံတို့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို တရားစွဲထားပြီး တန်ဖိုးသင့်လူနေခန်းများသာ ဆောက်လုပ်ရန် တောင်းဆိုလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
22 Jun 2018 11:22 am တွင် တင်ခဲ့သည်
2038 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် Clippers ဘတ်စ်ကက်ဘော ကလပ်အသင်းအတွက် ဘတ်စ်ကက် ဘောကွင်းသစ်ကြီး ဆောက်လုပ်
ရန် စီစဉ်နေခြင်းကို ဒေသခံတို့က ကန့်ကွက်လျက်ရှိပြီး တန်ဖိုးသင့်လူနေ
ခန်းများသာ ဆောက်လုပ်ရန် တောင်းဆိုလျက်ရှိကြောင်း လော့စ်အိန်ဂျလိ
အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တည်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိခရိုင်၏
အနောက်မြောက်ဘက်ရှိ အင်ဂဲလ်ဝုဒ်အမည်ရှိ မြို့နယ်တွင် ဖြစ်သည်။

အများပြည်သူပိုင် မြေနေရာတွင် Clippers အတွက် ဘတ်စ်ကက်ဘောကွင်း
သစ်ဆောက်လုပ်မည့် စီမံကိန်းများ ရပ်တန့်ရန် တောင်းဆိုကြပြီး အင်ဂဲလ်ဝုဒ်အုပ်ချုပ်ရေးအဖွဲ့ကို ပြီးခဲ့သည့်အင်္ဂါနေ့က တရားစွဲဆိုလိုက်ကြသည်။

အဆိုပါမြေနေရာတွင် NBA ဘတ်စ်ကက်ဘော အသင်းကို နေရာပေးသည်
ထက် တန်ဖိုးသင့်အိမ်ယာများ ဆောက်လုပ်သည့် နေရာဖြစ်လာစေရန်
ရည်ရွယ်ကာ တရားစွဲဆိုခြင်း ဖြစ်သည်။

အင်ဂဲလ်ဝုဒ်မြို့က ပိုင်ဆိုင်သည့် အဆိုပါမြေနေရာတွင် The Clippers
အသင်းက အိမ်ကွင်းဆောက်လုပ်လိုလျက်ရှိခြင်းဖြစ်သည်။

အမေရိကန်အမျိုးသားဘောလုံးအဖွဲ့ချုပ် NFL ၏ ဘောလုံးကွင်းကြီး
တည်ဆောက်နေသည့် နေရာနှင့်လည်း နီးကပ်စွာ တည်ရှိသည်။

အင်ဂဲဝုဒ်မြို့နယ်ဖွံ့ဖြိုးစေရန် ရည်ရွယ်ကာ ဖွဲ့စည်းထားသည့် Uplift Inglewood အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝုဒရိုး ကာရီက ပြောကြားရာတွင်
“ကျွန်တော်တို့မြို့က လမ်းကြောင်းအမှားကို ဦးတည်နေတယ်။မြို့ကလူကြီးတွေဟာ အိမ်ခြံမြေဈေးနှုန်း အလျင်အမြန် မြင့်တက်လာတာ ကို ရင်ဆိုင်နေရာတဲ့ ဒေသခံအလုပ်သမားလူတန်းစားတွေကို လစ်လျူရှုထားပြီး အားကစားအသင်းပိုင်ရှင် ဘီလျံနာတွေကို မျက်နှာသာ ပေးနေပါတယ်” ဟု သုံးသပ်ပြောကြားသည်။

လက်ရှိအားဖြင့် အင်ဂဲလ်ဝုဒ်အရပ်တွင် လူနေခန်းတစ်ခန်း၏ ပျှမ်းမျှငှားရမ်း
ခမှာ တစ်လလျှင် ကန်ဒေါ်လာ ၁၂၅၀ ခန့်ရှိပြီး ပြီးခဲ့သည့်နှစ်ကထက် ၆ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။

ကယ်လီဖိုးနီးယား မြေယာအက်ဥပဒေအရ အများပိုင်မြေများကို ရောင်းချရန် (သို့မဟုတ်) ပေးကမ်းရန် စီစဉ်မည့် မြို့များသည် ဦးစွာအားဖြင့် အဆိုပါမြေနေရာပေါ်တွင် တန်ဖိုးသင့်လူနေအိမ်ရာများ ဆောက်လုပ်ရန် ကမ်းလှမ်းမှုများကို ရှာဖွေရမည်ဟု ပြဌာန်းထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လော့စ်အိန်ဂျလိတွင် ဘတ်စ်ကက်ဘောကွင်းသစ်ကြီး ဆောက်လုပ်ရန် စီစဉ်နေခြင်းအတွက် ဒေသခံတို့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို တရားစွဲထားပြီး တန်ဖိုးသင့်လူနေခန်းများသာ ဆောက်လုပ်ရန် တောင်းဆိုလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ

mya-villa
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service