စုေဆာင္းထားသည့္ ေငြ ၅၀၀ ျဖင့္ အေမရိကန္ျပည္သို႔ ထြက္ခဲ့ျပီး တံခါးေစာင့္၊ ေဆးသုတ္အလုပ္မ်ားမွ တစ္ဆင့္ အိမ္ျခံေျမအက်ဳိးေဆာင္ လုပ္ကိုင္ကာ သန္းၾကြယ္သူေဌးၾကီး ျဖစ္လာသူတစ္ဦး

စုေဆာင္းထားသည့္ ေငြ ၅၀၀ ျဖင့္ အေမရိကန္ျပည္သို႔ ထြက္ခဲ့ျပီး တံခါးေစာင့္၊ ေဆးသုတ္အလုပ္မ်ားမွ တစ္ဆင့္ အိမ္ျခံေျမအက်ဳိးေဆာင္ လုပ္ကိုင္ကာ သန္းၾကြယ္သူေဌးၾကီး ျဖစ္လာသူတစ္ဦး - Property Knowledge in Myanmar from iMyanmarHouse.com
19 Jun 2018 11:39 am တွင် တင်ခဲ့သည်
35110 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

##Zawgyi##

ေရွာင္ကြန္လြန္သည္ အဂၤလန္ႏိုင္ငံ၊ ဘာမင္ဂမ္ျမိဳ႕တြင္ ေမြးဖြားကာ အိုင္ယာလန္ႏိုင္ငံ၊ ကီလ္ဒဲလ္ခရိုင္၊ ရာသန္ဂန္ျမိဳ႕ငယ္ကေလးတြင္ ၾကီးျပင္းခဲ့သူျဖစ္၏။

 

မိသားစုဝင္ ၇ ဦးရွိျပီး စတုရန္းေပ ၁၀၀၀ မျပည့္ေသာ ေနအိမ္တစ္လံုးတြင္ ေနထိုင္ခဲ့ၾကသည္။ မိဘမ်ားမွာ အဆင္ေျပလွသည္မဟုတ္ဘဲ ရုန္းကန္ေနရျပီး တစ္ခါတြင္မူ ၎တို႔၏ ေနအိမ္ကို ဘဏ္က ျပန္လည္သိမ္းယူရန္ စီစဥ္ခဲ့မႈ ၾကံဳခဲ့ရဖူးသည္။

 

အဆိုပါအေတြ႔အၾကံဳေၾကာင့္ ေနအိမ္တစ္လံုး ပိုင္ဆိုင္မႈကို တန္ဖိုးထားတတ္ရန္ ကြန္လြန္ကို သင္ၾကားေပးခဲ့သည္။ ေနာင္အခါ အိမ္ျခံေျမေလာကတြင္ ဝင္ေရာက္လုပ္ကိုင္ခဲ့ျခင္္းမွာလည္း ငယ္စဥ္ဘဝ ခါးသီးခဲ့မႈမ်ားေၾကာင့္လည္း ျဖစ္တန္ရာေခ် ရွိသည္။

 

၁၉၉၀ ျပည့္ႏွစ္တြင္ ေရွာင္ကြန္လြန္သည္ စုေဆာင္းထားသည့္ေငြ ေဒၚလာ ၅၀၀ ခန္႔ကို ယူေဆာင္ကာ အေမရိကန္ျပည္သုိ႔ ထြက္ခြာခဲ့ေတာ့သည္။ သို႔ျဖင့္ အေမရိကန္ျပည္၊ ခ်ီကာဂိုျမိဳ႕သို႔ ေရာက္ရွိေျခခ်ခဲ့ျပီး လက္ေထာက္တံခါးေစာင့္တစ္ဦးအျဖစ္ စတင္လုပ္ကိုင္ခဲ့သည္။ ထို႔အျပင္ ေရွာင္ကြန္လြန္သည္ ေန႔ဘက္တြင္ သန္႔ရွင္းေရးသမားလုပ္ျခင္း၊ ညဘက္တြင္ တိုက္ခန္းမ်ားကို ေဆးသုတ္ရသည့္အလုပ္ လုပ္ကိုင္ျခင္းမ်ားလည္း ျပဳလုပ္ကာ ရရွိလာသည့္ေငြမ်ားကို ဖိနပ္ဘူးကေလးတစ္ခုတြင္ ထည့္သြင္းစုေဆာင္းထားခဲ့၏။

 

ႏွစ္အတန္ၾကာေသာအခါ တိုက္ခန္းတစ္ခန္းဝယ္ရန္ လံုေလာက္သည့္ေငြ စုေဆာင္းမိေလသည္။ “အိမ္ျခံေျမေလာကဟာ ခ်မ္းသာၾကြယ္ဝမႈဆီကိုသြားဖို႔ ခိုင္မာတဲ့လမ္းေၾကာင္းတစ္ခုျဖစ္တယ္ဆိုတာ ကၽြန္ေတာ္အလ်င္အျမန္ သိနားလည္လာခဲ့ပါတယ္။ ကၽြန္ေတာ္ဟာ သာမန္လူတစ္ေယာက္ပါ။ ဒါေပမယ့္ သမားရိုးက်မဟုတ္တဲ့အရာေတြကို လုပ္တတ္တဲ့သူ တစ္ဦးပါ။ ဒါဟာ အေမရိကပါ။ ခင္ဗ်ားအေနနဲ႔လည္း ဒီလိုအရာေတြ လုပ္လို႔ရႏိုင္တုန္းပါပဲ” ဟု ေရွာင္ကြန္လြန္က ဆိုသည္။ ကြန္လြန္သည္ ယခုအခါ အသက္ ၄၇ ႏွစ္ရွိျပီျဖစ္သည္။

 

အိမ္ျခံေျမေလာကတြင္ ေျခခ်ကာစတင္လုပ္ကိုင္ခဲ့စဥ္က တန္ဖိုးနည္းပါးေသာ အိမ္ျခံေျမမ်ားသာျဖစ္ခဲ့ျပီး ေရွာင္ကြန္လြန္ ေရာင္းခ်ေပးခဲ့ ေသာ ေနအိမ္မ်ား၏ ပွ်မ္းမွ်တန္ဖိုးမွာ ကန္ေဒၚလာ ၂၀၀၀၀ မွ ၃၀၀၀၀ ၾကားသာရွိသည္။ သို႔ရာတြင္ မိမိလုပ္ကိုင္ေဆာင္ရြက္ေသာ ေရာင္းခ်မႈအထေျမာက္ျခင္းမ်ားရွိလာသည့္အတြက္ ေရွာင္ကြန္လြန္အားတက္လာခဲ့သည္။ တစ္ခါတြင္မူ လူေနခန္းတစ္ခုကို ကန္ေဒၚလာ ၂၃၀၀၀၀ ျဖင့္ ေရာင္းခ်ေပးခဲ့ရာတြင္ အက်ဳိးေဆာင္ခအျဖစ္ ကန္ေဒၚလာ ၄၀၀၀ (ျမန္မာေငြ ၅၄ သိန္းခန္႔) ရရွိခဲ့ေလသည္။

 

“ဒီေငြဟာ ကၽြန္ေတာ့္ဘဝမွာ တစ္ၾကိမ္တည္းနဲ႔ အမ်ားဆံုးရဖူးတဲ့ ေငြပမာဏပါ” ယင္းကာလက ေရွာင္ကြန္လြန္၏ တစ္ႏွစ္စာဝင္ေငြမွာ ကန္ေဒၚလာ ၁၄၀၀၀ ျဖစ္ရာ တစ္ႏွစ္စာဝင္ေငြ၏ သံုးပံုတစ္ပံုနီးပါးကို ရရွိလိုက္ျခင္း ျဖစ္သည္။ ထိုေနာက္ပိုင္းတြင္ ကြန္လြန္သည္ ညဘက္တြင္ အိမ္ျခံေျမ ေရာင္းခ်ျခင္းမ်ား တိုးခ်ဲ႕လုပ္ကိုင္လာခဲ့ရာ ေနာင္ ၃ ႏွစ္ခန္႔အၾကာတြင္ကား ေျမာက္အေမရိကတိုက္တစ္ခုလံုး၏ ထိပ္တန္းအိမ္ျခံေျမအက်ဳိးေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္လာခဲ့သည္။ သူ၏ ေအာင္ျမင္မႈသို႔ ခ်ီတက္ရာတြင္ ေအာင္ျမင္ေရးဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္မ်ားမရွိေၾကာင္း ေရွာင္ကြန္လြန္က ေျပာၾကားသည္။ “အလုပ္ (ၾကိဳးစားမႈ) သက္သက္နဲ႔ပဲ ေအာင္ျမင္မႈဆီကို သြားခဲ့တာပါ။ ကၽြန္ေတာ့္ဆီမွာ လိုတရ ေမွာ္ဝင္ၾကိမ္လံုး (silver bullet) မရွိပါဘူး ” ဟု ေရွာင္ကြန္လြန္က ဆိုသည္။

 

မနက္ ၆ နာရီတိတိတြင္ ေရွာင္ကြန္လြန္ အိပ္ရာထ၏။ ယင္းေနာက္ ေန႔ပိုင္းတြင္ တံခါးေစာင့္တစ္ဦးအျဖစ္ လုပ္ကိုင္ကာ ညဘက္တြင္ ညဥ့္သန္းေခါင္ေက်ာ္မွ နံနက္လင္းအားၾကီးအခ်ိန္အထိ ဖုန္းေခၚဆို ဆက္သြယ္မႈမ်ား ျပဳလုပ္ကာ အိမ္ျခံေျမအက်ဳိးေဆာင္လုပ္ငန္းကို လုပ္ကိုင္သည္။ အင္တာနက္မထြန္းကားေသးမီကာလမ်ားျဖစ္ရာ တယ္လီဖုန္းကိုသာ အားကိုးခဲ့ရသည္။ ၁၉၉၃ ခုႏွစ္တြင္ကား ေရွာင္ကြန္လြန္သည္ အက်ဳိးေဆာင္ကုမၸဏီတစ္ခုတြင္ ေရာက္လုပ္ကိုင္ခဲ့သည္။ “ကၽြန္ေတာ္ဟာ ျပိိဳင္ဖက္အားလံုးထက္ အလုပ္ပိုျပီး ၾကိဳးစားခဲ့ပါတယ္။ျပိဳင္ဖက္ေတြထက္ ကၽြန္ေတာ္က ပိုျပီးထက္ျမက္ခဲ့တယ္လို႔ ေျပာခ်င္ပါတယ္။

 

သူတို႔က ညေနဆိုရင္ ေစာေစာအိမ္ျပန္ခ်င္တယ္။ ကၽြန္ေတာ္က ေနာက္ေန႔မွ လုပ္ရမယ့္အလုပ္ေတြကို အဲ့ဒီညမွာ ဆက္လုပ္ပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ပတ္မွာ ကၽြန္ေတာ္ဟာ သူတို႔ထက္ တစ္ရက္စာ အလုပ္ေတြ ပိုမိုျပီးစီးေနခဲ့ပါတယ္။ ေနာက္တစ္ပတ္မွာဆိုရင္ ၂ ရက္စာအလုပ္ေတြ ပိုျပီးေနပါတယ္” ေရွာင္ကြန္လြန္သည္ အနီးဝန္းက်င္ေဒသတြင္း တစ္မိုင္ပတ္လည္ သတ္မွတ္ကာ ထိုနယ္အတြင္းရွိ သက္ဆိုင္ရာ ဇုန္နယ္ဥပေဒမ်ား၊ ေျမကြက္အရြယ္အစားမ်ားကို ေလ့လာမႈမ်ား ျပဳလုပ္ခဲ့သည္။

 

ယင္းေနာက္ပိုင္း ဇုန္နယ္ဥပေဒမ်ား ျပဳျပင္ေျပာင္းလဲျပီးေနာက္ ခ်ီကာဂိုအိမ္ျခံေျမေစ်းကြက္ စတင္ဦးေမာ့လာခ်ိန္တြင္ ေရွာင္ကြန္လြန္မွာ ျပင္ဆင္ျပီးသူတစ္ဦး ျဖစ္ေနခဲ့သည္။ “ပြဲစားတစ္ဦးရဲ႕ ပွ်မ္းမွ် ေရာင္းအားပမာဏ တစ္ႏွစ္ကို ကန္ေဒၚလာ ၂ သန္းဝန္းက်င္ရွိခ်ိန္မွာ ကၽြန္ေတာ့္ရဲ႕ေရာင္းအားဟာ ကန္ေဒၚလာ သန္း ၁၀၀ ကေန သန္း ၂၀၀ ၾကား ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္ဟာ ေရာင္းအားအျမင့္ဆံုးအဆင့္မွာ ရွိခဲ့တာပါ” ၁၉၉၆ ခုႏွစ္တြင္ကား ေရွာင္ကြန္လြန္မွာ သန္းၾကြယ္သူေဌးတစ္ဦး ျဖစ္လာခဲ့ျပီ ျဖစ္သည္။

 

သူ၏ ေအာင္ျမင္မႈမွာ အလုပ္ၾကိဳးစားျခင္း၊ ၾကိဳတင္ျပင္ဆင္မႈရွိျခင္းႏွင့္ အခြင့္အလမ္းကို ေတြ႔ျမင္လွ်င္ လ်င္လ်င္ျမန္ျမန္ လႈပ္ရွားႏိုင္ျခင္း တို႔ေၾကာင္းျဖစ္ေၾကာင္း ကြန္လြန္က ဆိုသည္။ ၂၀၀၀ ျပည့္ႏွစ္တြင္ ေရွာင္ကြန္လြန္သည္ Conlon & Co., အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီႏွင့္ Sussex & Reilly ကုမၸဏီတို႔ကို တည္ေထာင္ခဲ့ျပီး ဝန္ထမ္းေပါင္း ၃၀၀ ေက်ာ္ရွိလာသည္အထိ ၾကီးထြားလာခဲ့သည္။ Sussex & Reilly ကုမၸဏီ စတင္တည္ေထာင္ခဲ့ခ်ိန္က ဝန္ထမ္း ၁၀ ဦးသာရွိခဲ့သည္။ စီးပြားေရးေအာင္ျမင္ျပီးခ်ိန္တြင္ ေရွာင္ကြန္လြန္သည္ ေက်ာင္းျပန္တက္ခဲ့ရာ DePaul တကၠသိုလ္မွ ဘီေအဘြဲ႔ကို ၂၀၁၆ ခုႏွစ္၊ ဇြန္လက ရရွိခဲ့ရာ အသက္ ၅၀ နီးပါးအရြယ္ေရာက္မွ ဘြဲ႔ရခဲ့ျခင္းလည္း ျဖစ္ေလသည္။

“အေမရိကဟာ လူတစ္ေယာက္အတြက္ ဘာမဆို အရာရာျဖစ္လာႏိုင္တဲ့ ေနရာတစ္ခုဆိုတာ လူအမ်ားစုရဲ႕ စိတ္ထဲႏွလံုးသားထဲမွာ စြဲထင္ေနႏိုင္ဆဲ ျဖစ္ပါတယ္။ ဒီမွာ ၂၆ ႏွစ္၊ ၂၇ ႏွစ္ေလာက္ ေနခဲ့ျပီးေနာက္ပိုင္း ဒီႏိုင္ငံဟာ အလုပ္ၾကိဳးစားသူေတြအတြက္ ဆုလာဘ္ေတြရွိတဲ့ေနရာဆိုတာ ကၽြန္ေတာ္ ယံုၾကည္သြားပါတယ္။ ခင္ဗ်ားတို႔လည္း ဒါကို ၾကိဳးစားၾကည့္ရင္ တကယ္ျဖစ္ႏိုင္ပါတယ္ ”ေရွာင္ကြန္လြန္္ကို အေမရိကန္ျပည္ေထာင္စု၏ ထိပ္တန္းအိမ္ျခံေျမကၽြမ္းက်င္ပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သည္ဟု အသိအမွတ္ျပဳၾကျခင္း ခံထားရသည္။ စီအင္န္အင္န္၊ စီအန္ဘီစီ၊ နယူးေယာက္တိုင္းမ္၊ ေဖာ့ဘ္၊ ကရိန္းစ္ႏွင့္ ေဝါစထရိဂ်ာနယ္တို႔သည္ ေရွာင္ကြန္လြန္ႏွင့္ မၾကာခဏေတြ႔ဆံုကာ အိမ္ျခံေျမေစ်းကြက္အေၾကာင္း ေတြ႔ဆံုေမးျမန္းခန္းမ်ား ျပဳလုပ္ေလ့ရွိသည္။

 

မွတ္ခ်က္။ ။ မိတ္ေဆြသည္အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။

iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၀၀၀ ) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ လူဦးေရ ( ၁ ) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ သင္၏ အက်ိဳးေဆာင္လုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 ) Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

##Unicode##

 

ရှောင်ကွန်လွန်သည် အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့တွင် မွေးဖွားကာ အိုင်ယာလန်နိုင်ငံ၊ ကီလ်ဒဲလ်ခရိုင်၊ ရာသန်ဂန်မြို့ငယ်ကလေးတွင် ကြီးပြင်းခဲ့သူဖြစ်၏။

 

မိသားစုဝင် ၇ ဦးရှိပြီး စတုရန်းပေ ၁၀၀၀ မပြည့်သော နေအိမ်တစ်လုံးတွင် နေထိုင်ခဲ့ကြသည်။ မိဘများမှာ အဆင်ပြေလှသည်မဟုတ်ဘဲ ရုန်းကန်နေရပြီး တစ်ခါတွင်မူ ၎င်းတို့၏ နေအိမ်ကို ဘဏ်က ပြန်လည်သိမ်းယူရန် စီစဉ်ခဲ့မှု ကြုံခဲ့ရဖူးသည်။

 

အဆိုပါအတွေ့အကြုံကြောင့် နေအိမ်တစ်လုံး ပိုင်ဆိုင်မှုကို တန်ဖိုးထားတတ်ရန် ကွန်လွန်ကို သင်ကြားပေးခဲ့သည်။ နောင်အခါ အိမ်ခြံမြေလောကတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းမှာလည်း ငယ်စဉ်ဘဝ ခါးသီးခဲ့မှုများကြောင့်လည်း ဖြစ်တန်ရာချေ ရှိသည်။ ၁၉၉၀ ပြည့်နှစ်တွင် ရှောင်ကွန်လွန်သည် စုဆောင်းထားသည့်ငွေ ဒေါ်လာ ၅၀၀ ခန့်ကို ယူဆောင်ကာ အမေရိကန်ပြည်သို့ ထွက်ခွာခဲ့တော့သည်။

 

သို့ဖြင့် အမေရိကန်ပြည်၊ ချီကာဂိုမြို့သို့ ရောက်ရှိခြေချခဲ့ပြီး လက်ထောက်တံခါးစောင့်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ရှောင်ကွန်လွန်သည် နေ့ဘက်တွင် သန့်ရှင်းရေးသမားလုပ်ခြင်း၊ ညဘက်တွင် တိုက်ခန်းများကို ဆေးသုတ်ရသည့်အလုပ် လုပ်ကိုင်ခြင်းများလည်း ပြုလုပ်ကာ ရရှိလာသည့်ငွေများကို ဖိနပ်ဘူးကလေးတစ်ခုတွင် ထည့်သွင်းစုဆောင်းထားခဲ့၏။နှစ်အတန်ကြာသောအခါ တိုက်ခန်းတစ်ခန်းဝယ်ရန် လုံလောက်သည့်ငွေ စုဆောင်းမိလေသည်။

 

“အိမ်ခြံမြေလောကဟာ ချမ်းသာကြွယ်ဝမှုဆီကိုသွားဖို့ ခိုင်မာတဲ့လမ်းကြောင်းတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်အလျင်အမြန် သိနားလည်လာခဲ့ပါတယ်။

 

ကျွန်တော်ဟာ သာမန်လူတစ်ယောက်ပါ။ ဒါပေမယ့် သမားရိုးကျမဟုတ်တဲ့အရာတွေကို လုပ်တတ်တဲ့သူ တစ်ဦးပါ။ ဒါဟာ အမေရိကပါ။ ခင်ဗျားအနေနဲ့လည်း ဒီလိုအရာတွေ လုပ်လို့ရနိုင်တုန်းပါပဲ” ဟု ရှောင်ကွန်လွန်က ဆိုသည်။ ကွန်လွန်သည် ယခုအခါ အသက် ၄၇ နှစ်ရှိပြီဖြစ်သည်။ အိမ်ခြံမြေလောကတွင် ခြေချကာစတင်လုပ်ကိုင်ခဲ့စဉ်က တန်ဖိုးနည်းပါးသော အိမ်ခြံမြေများသာဖြစ်ခဲ့ပြီး ရှောင်ကွန်လွန် ရောင်းချပေးခဲ့ သော နေအိမ်များ၏ ပျှမ်းမျှတန်ဖိုးမှာ ကန်ဒေါ်လာ ၂၀၀၀၀ မှ ၃၀၀၀၀ ကြားသာရှိသည်။

 

သို့ရာတွင် မိမိလုပ်ကိုင်ဆောင်ရွက်သော ရောင်းချမှုအထမြောက်ခြင်းများရှိလာသည့်အတွက် ရှောင်ကွန်လွန်အားတက်လာခဲ့သည်။ တစ်ခါတွင်မူ လူနေခန်းတစ်ခုကို ကန်ဒေါ်လာ ၂၃၀၀၀၀ ဖြင့် ရောင်းချပေးခဲ့ရာတွင် အကျိုးဆောင်ခအဖြစ် ကန်ဒေါ်လာ ၄၀၀၀ (မြန်မာငွေ ၅၄ သိန်းခန့်) ရရှိခဲ့လေသည်။

 

“ဒီငွေဟာ ကျွန်တော့်ဘဝမှာ တစ်ကြိမ်တည်းနဲ့ အများဆုံးရဖူးတဲ့ ငွေပမာဏပါ” ယင်းကာလက ရှောင်ကွန်လွန်၏ တစ်နှစ်စာဝင်ငွေမှာ ကန်ဒေါ်လာ ၁၄၀၀၀ ဖြစ်ရာ တစ်နှစ်စာဝင်ငွေ၏ သုံးပုံတစ်ပုံနီးပါးကို ရရှိလိုက်ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် ကွန်လွန်သည် ညဘက်တွင် အိမ်ခြံမြေ ရောင်းချခြင်းများ တိုးချဲ့လုပ်ကိုင်လာခဲ့ရာ နောင် ၃ နှစ်ခန့်အကြာတွင်ကား မြောက်အမေရိကတိုက်တစ်ခုလုံး၏ ထိပ်တန်းအိမ်ခြံမြေအကျိုးဆောင်များတွင် တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။

 

သူ၏ အောင်မြင်မှုသို့ ချီတက်ရာတွင် အောင်မြင်ရေးဆိုင်ရာ လျှို့ဝှက်ချက်များမရှိကြောင်း ရှောင်ကွန်လွန်က ပြောကြားသည်။ “အလုပ် (ကြိုးစားမှု) သက်သက်နဲ့ပဲ အောင်မြင်မှုဆီကို သွားခဲ့တာပါ။ ကျွန်တော့်ဆီမှာ လိုတရ မှော်ဝင်ကြိမ်လုံး (silver bullet) မရှိပါဘူး ” ဟု ရှောင်ကွန်လွန်က ဆိုသည်။

 

မနက် ၆ နာရီတိတိတွင် ရှောင်ကွန်လွန် အိပ်ရာထ၏။ ယင်းနောက် နေ့ပိုင်းတွင် တံခါးစောင့်တစ်ဦးအဖြစ် လုပ်ကိုင်ကာ ညဘက်တွင် ညဉ့်သန်းခေါင်ကျော်မှ နံနက်လင်းအားကြီးအချိန်အထိ ဖုန်းခေါ်ဆို ဆက်သွယ်မှုများ ပြုလုပ်ကာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို လုပ်ကိုင်သည်။ အင်တာနက်မထွန်းကားသေးမီကာလများဖြစ်ရာ တယ်လီဖုန်းကိုသာ အားကိုးခဲ့ရသည်။ ၁၉၉၃ ခုနှစ်တွင်ကား ရှောင်ကွန်လွန်သည် အကျိုးဆောင်ကုမ္ပဏီတစ်ခုတွင် ရောက်လုပ်ကိုင်ခဲ့သည်။ “ကျွန်တော်ဟာ ပြိုင်ဖက်အားလုံးထက် အလုပ်ပိုပြီး ကြိုးစားခဲ့ပါတယ်။ပြိုင်ဖက်တွေထက် ကျွန်တော်က ပိုပြီးထက်မြက်ခဲ့တယ်လို့ ပြောချင်ပါတယ်။ သူတို့က ညနေဆိုရင် စောစောအိမ်ပြန်ချင်တယ်။ ကျွန်တော်က နောက်နေ့မှ လုပ်ရမယ့်အလုပ်တွေကို အဲ့ဒီညမှာ ဆက်လုပ်ပါတယ်။

 

ဒါကြောင့် နောက်တစ်ပတ်မှာ ကျွန်တော်ဟာ သူတို့ထက် တစ်ရက်စာ အလုပ်တွေ ပိုမိုပြီးစီးနေခဲ့ပါတယ်။ နောက်တစ်ပတ်မှာဆိုရင် ၂ ရက်စာအလုပ်တွေ ပိုပြီးနေပါတယ်” ရှောင်ကွန်လွန်သည် အနီးဝန်းကျင်ဒေသတွင်း တစ်မိုင်ပတ်လည် သတ်မှတ်ကာ ထိုနယ်အတွင်းရှိ သက်ဆိုင်ရာ ဇုန်နယ်ဥပဒေများ၊ မြေကွက်အရွယ်အစားများကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက်ပိုင်း ဇုန်နယ်ဥပဒေများ ပြုပြင်ပြောင်းလဲပြီးနောက် ချီကာဂိုအိမ်ခြံမြေဈေးကွက် စတင်ဦးမော့လာချိန်တွင် ရှောင်ကွန်လွန်မှာ ပြင်ဆင်ပြီးသူတစ်ဦး ဖြစ်နေခဲ့သည်။

 

“ပွဲစားတစ်ဦးရဲ့ ပျှမ်းမျှ ရောင်းအားပမာဏ တစ်နှစ်ကို ကန်ဒေါ်လာ ၂ သန်းဝန်းကျင်ရှိချိန်မှာ ကျွန်တော့်ရဲ့ရောင်းအားဟာ ကန်ဒေါ်လာ သန်း ၁၀၀ ကနေ သန်း ၂၀၀ ကြား ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ရောင်းအားအမြင့်ဆုံးအဆင့်မှာ ရှိခဲ့တာပါ” ၁၉၉၆ ခုနှစ်တွင်ကား ရှောင်ကွန်လွန်မှာ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

 

သူ၏ အောင်မြင်မှုမှာ အလုပ်ကြိုးစားခြင်း၊ ကြိုတင်ပြင်ဆင်မှုရှိခြင်းနှင့် အခွင့်အလမ်းကို တွေ့မြင်လျှင် လျင်လျင်မြန်မြန် လှုပ်ရှားနိုင်ခြင်း တို့ကြောင်းဖြစ်ကြောင်း ကွန်လွန်က ဆိုသည်။ ၂၀၀၀ ပြည့်နှစ်တွင် ရှောင်ကွန်လွန်သည် Conlon & Co., အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် Sussex & Reilly ကုမ္ပဏီတို့ကို တည်ထောင်ခဲ့ပြီး ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိလာသည်အထိ ကြီးထွားလာခဲ့သည်။

 

Sussex & Reilly ကုမ္ပဏီ စတင်တည်ထောင်ခဲ့ချိန်က ဝန်ထမ်း ၁၀ ဦးသာရှိခဲ့သည်။ စီးပွားရေးအောင်မြင်ပြီးချိန်တွင် ရှောင်ကွန်လွန်သည် ကျောင်းပြန်တက်ခဲ့ရာ DePaul တက္ကသိုလ်မှ ဘီအေဘွဲ့ကို ၂၀၁၆ ခုနှစ်၊ ဇွန်လက ရရှိခဲ့ရာ အသက် ၅၀ နီးပါးအရွယ်ရောက်မှ ဘွဲ့ရခဲ့ခြင်းလည်း ဖြစ်လေသည်။ “အမေရိကဟာ လူတစ်ယောက်အတွက် ဘာမဆို အရာရာဖြစ်လာနိုင်တဲ့ နေရာတစ်ခုဆိုတာ လူအများစုရဲ့ စိတ်ထဲနှလုံးသားထဲမှာ စွဲထင်နေနိုင်ဆဲ ဖြစ်ပါတယ်။

 

ဒီမှာ ၂၆ နှစ်၊ ၂၇ နှစ်လောက် နေခဲ့ပြီးနောက်ပိုင်း ဒီနိုင်ငံဟာ အလုပ်ကြိုးစားသူတွေအတွက် ဆုလာဘ်တွေရှိတဲ့နေရာဆိုတာ ကျွန်တော် ယုံကြည်သွားပါတယ်။ ခင်ဗျားတို့လည်း ဒါကို ကြိုးစားကြည့်ရင် တကယ်ဖြစ်နိုင်ပါတယ် ”ရှောင်ကွန်လွန်ကို အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းအိမ်ခြံမြေကျွမ်းကျင်ပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု အသိအမှတ်ပြုကြခြင်း ခံထားရသည်။ စီအင်န်အင်န်၊ စီအန်ဘီစီ၊ နယူးယောက်တိုင်းမ်၊ ဖော့ဘ်၊ ကရိန်းစ်နှင့် ဝေါစထရိဂျာနယ်တို့သည် ရှောင်ကွန်လွန်နှင့် မကြာခဏတွေ့ဆုံကာ အိမ်ခြံမြေဈေးကွက်အကြောင်း တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်လေ့ရှိသည်။

 

မှတ်ချက်။ ။ မိတ်ဆွေသည်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၀၀၀ ) ကျော်ရှိပါသည် ။

 

iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် လူဦးရေ ( ၁ ) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ သင်၏ အကျိုးဆောင်လုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

စုေဆာင္းထားသည့္ ေငြ ၅၀၀ ျဖင့္ အေမရိကန္ျပည္သို႔ ထြက္ခဲ့ျပီး တံခါးေစာင့္၊ ေဆးသုတ္အလုပ္မ်ားမွ တစ္ဆင့္ အိမ္ျခံေျမအက်ဳိးေဆာင္ လုပ္ကိုင္ကာ သန္းၾကြယ္သူေဌးၾကီး ျဖစ္လာသူတစ္ဦး - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
pan-swal-taw
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service