မန်းမှာလဲ အိမ်ငှါးတွေ မြို့ပြင်ရောက်ကုန်ပြီ

မန်းမှာလဲ အိမ်ငှါးတွေ မြို့ပြင်ရောက်ကုန်ပြီ - Property News in Myanmar from iMyanmarHouse.com
18 Jun 2018 12:53 pm တွင် တင်ခဲ့သည်
3108 ကြိမ် ကြည့်ရှု့ပြီး
အခြခံလူတန်းစာတွေ အသုံးပြုနေထိုင်ရာ အိမ်အငှါးဈေးကွက်ဟာ သည်နောက်ပိုင်းနှစ်တွေအတွင်းမန္တလေးမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာတွေဆီသို့ ပြောင်းရွှေ့လာတယ်လို့ သိရပါတယ်။

အရင်က မန္တလေးမြို့တွင်း ဆင်ခြေဖုံးရပ်ကွက်မှာ ဖြစ်တည်တဲ့အနေအထားကနေ မန္တလေး-ပြင်ဦးလွင်သွားကားလမ်းနံဘေး ပုသိမ်ကြီးမြို့နယ်ရှိကျေးရွာတွေ ၊ မန္တလေး-မတ္တရာသွားကားလမ်းနံဘေးရှိ ကျေးရွာတွေဆီကို အငှါးဈေးကွက် ပြောင်းရွှေ့ဖြစ်ပေါ်လာတာပါ ။

မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းဘက်မှာဆိုရင်သမ္မတော ၊ ကုလားကြီးခြံကျေးရွာတွေမှာ ငှါးရမ်းမှုများပြီး မန္တလေး-မတ္တရာလမ်းဘက်မှာဆိုရင် ကျွဲရေကုန်း ၊ နွယ်နီ ၊ ဆင်ရွာကြီး စတဲ့ ကျေးရွာတွေမှာ ငှါးရမ်းမှုများတယ် ။

ဥပမာ-သမ္မတောကျေးရွာမှာဆိုရင် မန္တလေးမြို့မှာ အလုပ်လုပ်ပြီး ယင်းကျေးရွာမှာ လာရောက်ငှါးရမ်းနေထိုင်သူဦးရေ ဟာ ၃၀၀ ခန့်ရှိတယ်လို့ ဒေသခံအကျိုးဆောင်အချို့ဆီက သိရပါတယ်။

မြို့တွင်း ဆင်ခြေဖုံးနေရာတွေဟာ သွားလာရေးလွယ်ကူအဆင်ပြေတာ ၊ မြို့တွင်းအချက်အချာကျတဲ့ နေရာတွေနဲ့ မနီးမဝေးမှာရှိတာ စတာတွေကြောင့် အဲသည်ရပ်ကွက်တွေမှာ အိမ်ငှါးနေထိုင်လိုသူတွေ ပိုမိုများပြားလာပြီး နောက်ပိုင်း အိမ်ငှါးရမ်းခနှုန်းတွေဟာ နှစ်စဉ်ဆိုသလို မြင့်တက်ပါတယ် ။ သည် အခြေအနေမှာ ငှါးရမ်းမှုသက်သာတဲ့ ကျေးရွာတွေဘက်ဆီသို့ ဈေးကွက်ပြောင်းလဲလာတာလို့ ဒေသခံအကျိုးဆောင်အချို့က ယူဆပြောဆိုပါတယ် ။

မန္တလေးမြို့တွင်းဆင်ခြေဖုံးရပ်ကွက်တွေရဲ့ လုံးချင်းအိမ်ငှါးရမ်းခနှုန်းဟာတစ်လ အနည်းဆုံး ကျပ် တစ်သိန်းခွဲခန့် အသုံးပြုနေရတဲ့အချိန်မှာ အဆိုပါ မန္တလေးမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာတော့ အိမ်ငှါးရမ်းခဟာ ထက်ဝက်ခန့် သက်သာပြီး တစ်လ ကျပ် ၇၅,၀၀၀ ခန့်သာရှိတယ် ။ဈေးနှုန်းသက်သာပြီး သွားရေးလာရေးလွယ်ကူအဆင်ပြေတာ ၊ ရေမီးအစုံရှိတာစတဲ့ အချက်တွေနဲ့လည် ပြည့်စုံလာတယ် ။

ဒါကြောင့် အခြေခံလူတန်းစားတွေတွေအသုံးပြုနေထိုင်ရာ အိမ်အငှါးဈေးကွက်ဟာ သည်နောက်ပိုင်းနှစ်အတွင်း မန္တလေးမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာတွေဆီသို့ ပြောင်းရွှေ့လာတယ်လို့ ဒေသခံအကျိုးဆောင်အချို့က ဆိုပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ

တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

မူကက်ရှ်အမ်ဘာနီ ကလေးဘဝက နေထိုင်ခဲ့သော နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စံအိမ်ကြီးသို့ အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဆင်

ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

သရဲအိမ်အဆုံးထိဝင်နိုင်ခဲ့ရင် ဒေါ်လာ ၂၀၀၀၀ ရရှိမည့် ကမ္ဘာ့လိပ်ပြာလွင့်ဖွယ်အကောင်းဆုံး သရဲအိမ် MCKAMEY MANOR အဆုံးထိ ဝင်ရ

mya-villa
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service