အမေရိကန်တွင် မြေဧကပေါင်း ၁၅၀ ကျော် အကျယ်အဝန်းရှိ လူသူကင်းမဲ့နေပြီဖြစ်သော ကျောက်မီးသွေးတွင်းဟောင်း နယ်မြေကြီးတစ်ခုလုံးကို ကန်ဒေါ်လာ ၂ သိန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာပြီး တစ်လလျှင် ကန်ဒေါ်လာ ၁၀၀၀ ကျော်ပေးသွင်းကာ ဝယ်ယူနိုင်

အမေရိကန်တွင် မြေဧကပေါင်း ၁၅၀ ကျော် အကျယ်အဝန်းရှိ လူသူကင်းမဲ့နေပြီဖြစ်သော ကျောက်မီးသွေးတွင်းဟောင်း နယ်မြေကြီးတစ်ခုလုံးကို ကန်ဒေါ်လာ ၂ သိန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာပြီး တစ်လလျှင် ကန်ဒေါ်လာ ၁၀၀၀ ကျော်ပေးသွင်းကာ ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
18 Jun 2018 12:18 pm တွင် တင်ခဲ့သည်
2699 ကြိမ် ကြည့်ရှု့ပြီး
မြို့ ပြ၏ ပူလောင်ရှုပ်ထွေးမှုများကြားမှ ရုန်းထွက်ကာ တောင်ကုန်းတောင်တန်းများရှိရာသို့ နားခိုအပန်းဖြေရန် တွေးတောနေပါသလား။

ယင်းသို့ဆိုလျှင် ယခင် ကျောက်မီးသွေးတွင်းဟောင်းကြီးတစ်ခုဖြစ်သော Maple Creek Mine အမည်ရှိသည့်နေရာကို ဝယ်ယူရန် သုံးသပ်သင့်၏။

အဆိုပါနေရာသည် လက်ရှိအားဖြင့်မူ လူသူကင်းမဲ့သောနေရာတစ်ခု ဖြစ်နေသည်။

ဧကပေါင်း ၁၅၄ ဧကခန့်ကျယ်ဝန်းသည့် နေရာကြီးတစ်ခုလုံး၏ ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၂၅၀၀၀ မျှသာ ဖြစ်သည်။

တည်နေရာကား အမေရိကန်ပြည်ထောင်စု၊ ယူတားပြည်နယ်၊ ဟက်ပါမြို့ တွင် တည်ရှိသည်။

“ဒါက တော်တော်ကို သက်သာလှတဲ့ဈေးနှုန်းပါ။ မြို့ ပေါ်က လူနေခန်းတစ်ခန်းဈေးလောက်ပဲရှိပါတယ်” ဟု ဈေးကွက်တင်သည့်အကျိုးဆောင် မိုက်ခ် မက်ဇ်ဂါက ပြောကြားသည်။
မေပယ်လ် ခရိခ်ကျောက်မီးသွေး ကုမ္ပဏီက ယခုကျောက်မီးသွေးတွင်းကြီးကို ၁၉၂၇ ခုနှစ်တွင် လုပ်ငန်းစတင်ခဲ့သည်။ ၁၉၃၁ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် အခြား ကုမ္ပဏီနှစ်ခုက ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။

အဆောက်အအုံဟောင်း ၃၀ နီးပါး၏ အောက်ခြေဖောင်ဒေးရှင်းများ ယနေ့တိုင်တွေ့မြင်ရဆဲဖြစ်ကာ တစ်ခါက ကျောက်မီးသွေးတွင်း
မြို့ တော် ဟောင်းကြီးအတွင်း ဖြတ်သန်းဖောက်လုပ်ထားသည့် မီးရထားလမ်းဟောင်း အကြွင်းအကျန်များ တွေ့မြင်နေရဆဲ ဖြစ်သည်။

ကျောက်မီးသွေးတွင်းကို ပိတ်သိမ်းလိုက်သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း လမ်းဟောင်းများနှင့် မီးရထားလမ်းများမှာ သစ်တောအုပ်များ၊ တောရိုင်းပန်းများကြားမှ ဖြတ်သန်းသွယ်တန်းကာ တည်ရှိနေဆဲ ဖြစ်သည်။

ပြိုပျက်ယိုယွင်းနေသော ကျောက်တုံးနံရံများနှင့် သံချေးတက်နေသော သတ္တုအပိုင်းအစများလည်း နေရာအနှံ့တွေ့ရသည်။

ကျေးလက်လမ်းမကြီးတစ်ခုမှတစ်ဆင့် မေပယ်ပင်များ အုပ်ဆိုင်းနေသည့် ကျောက်မီးသွေးတွင်းကြီး တည်ရှိရာသို့ သွားရောက်နိုင်သည်။
မေပယ်ပင်များသည် ယူတားပြည်နယ်၏ ယခုဒေသတွင် ရှားပါးသော အပင်မျိုး ဖြစ်သည်။

စွန့်ပစ်ထားသည့် ကျောက်မီးသွေးတွင်းကြီးအဝကို ဘေးအန္တရာယ်ကင်းစေရန်အတွက် လုံခြုံစွာ ပိတ်ဆို့ထားရှိသည်။

အလွန်ကျယ်ပြောလှသော တောအုပ်ဝန်းကြီးအတွင်း ဥရောပဦးချိုပြားသမင်မျိုးများနှင့် ဝက်ဝံများလည်း တွေ့ရနိုင်သည်။

အနောက်ပိုင်း သတ္တုတွင်းနှင့် မီးရထားလမ်းပြတိုက်ကြီးမှာလည်း ဟက်ပါမြို့ တွင်ပင် တည်ရှိကာ Salt Lake မြို့ တော်သို့လည်း မော်တော်ကားဖြင့် ၂ နာရီခရီးခန့်သာ ဝေးကွာသည်။

(အသေးစိတ်အချက်အလက်များ)

ဈေးကွက်တင်မှု- ရရှိနိုင်သေး။ ဈေးကွက်သို့ ရောက်ရှိမှုမှာ ရက်ပေါင်း ၂၆၀ ရှိပြီဖြစ်
အကျယ်အဝန်း- ၁၅၄ ဒသမ ၂၅ ဧက
တည်နေရာ- ယူတားပြည်နယ်၊ ဟက်ပါမြို့၊ အနောက် စပရင်းကင်ယွန်လမ်း၊ အမှတ် ၆၀၀၀
ဒေသတွင်းပျှမ်းမျှ အိမ်ခြံမြေပေါက်ဈေး- ၁ စတုရန်းပေလျှင် ၆၇ ဒေါ်လာ
နှစ် ၃၀ အရစ်ကျ စနစ်ဖြင့် ဝယ်ယူမည်ဆိုပါက လက်ငင်းပေးသွင်းရမည့်ငွေ ၂၀ %= ကန်ဒေါ်လာ ၄၅၀၀၀
လစဉ်ပေးသွင်းရမည့်ငွေ= ၁၁၄၆ ဒေါ်လာ (မြန်မာငွေ ၁၅ သိန်းခွဲခန့်- ဇွန်လ ၁၈ ရက်၊ ၂၀၁၈ ငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၃၅၂ ဒသမ ၈ ကျပ်နှုန်းဖြင့် တွက်ချက်ထားပါသည်။)
အတိုး= ၄ ဒသမ ၆၉၃ ရာခိုင်နှုန်း

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်တွင် မြေဧကပေါင်း ၁၅၀ ကျော် အကျယ်အဝန်းရှိ လူသူကင်းမဲ့နေပြီဖြစ်သော ကျောက်မီးသွေးတွင်းဟောင်း နယ်မြေကြီးတစ်ခုလုံးကို ကန်ဒေါ်လာ ၂ သိန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာပြီး တစ်လလျှင် ကန်ဒေါ်လာ ၁၀၀၀ ကျော်ပေးသွင်းကာ ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် မြေဧကပေါင်း ၁၅၀ ကျော် အကျယ်အဝန်းရှိ လူသူကင်းမဲ့နေပြီဖြစ်သော ကျောက်မီးသွေးတွင်းဟောင်း နယ်မြေကြီးတစ်ခုလုံးကို ကန်ဒေါ်လာ ၂ သိန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာပြီး တစ်လလျှင် ကန်ဒေါ်လာ ၁၀၀၀ ကျော်ပေးသွင်းကာ ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် မြေဧကပေါင်း ၁၅၀ ကျော် အကျယ်အဝန်းရှိ လူသူကင်းမဲ့နေပြီဖြစ်သော ကျောက်မီးသွေးတွင်းဟောင်း နယ်မြေကြီးတစ်ခုလုံးကို ကန်ဒေါ်လာ ၂ သိန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာပြီး တစ်လလျှင် ကန်ဒေါ်လာ ၁၀၀၀ ကျော်ပေးသွင်းကာ ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် မြေဧကပေါင်း ၁၅၀ ကျော် အကျယ်အဝန်းရှိ လူသူကင်းမဲ့နေပြီဖြစ်သော ကျောက်မီးသွေးတွင်းဟောင်း နယ်မြေကြီးတစ်ခုလုံးကို ကန်ဒေါ်လာ ၂ သိန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာပြီး တစ်လလျှင် ကန်ဒေါ်လာ ၁၀၀၀ ကျော်ပေးသွင်းကာ ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်တွင် မြေဧကပေါင်း ၁၅၀ ကျော် အကျယ်အဝန်းရှိ လူသူကင်းမဲ့နေပြီဖြစ်သော ကျောက်မီးသွေးတွင်းဟောင်း နယ်မြေကြီးတစ်ခုလုံးကို ကန်ဒေါ်လာ ၂ သိန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာပြီး တစ်လလျှင် ကန်ဒေါ်လာ ၁၀၀၀ ကျော်ပေးသွင်းကာ ဝယ်ယူနိုင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...

စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်

မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ

အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...

သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

bkk-projects
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service