မြန်မာနိုင်ငံကို စင်ကာပူနိုင်ငံမှလုပ်ငန်းပေါင်း ၂၈၀ ကျော် ရင်းနှီးမြှုပ်နှံမှု့ စတင်ခဲ့

မြန်မာနိုင်ငံကို စင်ကာပူနိုင်ငံမှလုပ်ငန်းပေါင်း ၂၈၀ ကျော် ရင်းနှီးမြှုပ်နှံမှု့ စတင်ခဲ့ - Property News in Myanmar from iMyanmarHouse.com
18 Jun 2018 10:59 am တွင် တင်ခဲ့သည်
2764 ကြိမ် ကြည့်ရှု့ပြီး
နှစ်ပေါင်း ၃၀ အတွင်း စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းအများဆုံး လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု့နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန နှစ်ချုပ်စာရင်းတွင် ဖော်ပြထားချက်အရ သိခဲ့ရပါတယ်။

၁၉၈၈ မှ ၂၀၁၈ မေလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၁,၄၈၅ ခုအနက် စင်ကာပူ နိုင်ငံကလုပ်ငန်း ၂၈၂ ခုဖြင့် အများဆုံး လာရောက်လုပ်ကိုင်နေခဲ့ပါတယ်။တရုတ်နိုင်ငံသည် လုပ်ငန်း ၂၄၂ ခုဖြင့် ဒုတိယအများဆုံး၊ ထိုင်းနိုင်ငံက ၁၁၇ ခုဖြင့် တတိယအများဆုံး လုပ်ကိုင်နေခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှ အဓိကရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများသည် အိမ်ရာဆောက်လုပ်ရေး ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု၊ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ပြောပြချက်အရ သိခဲ့ရပါတယ်။‘‘ပြီးခဲ့တဲ့ ၂ နှစ်ကို ယှဉ်ရင် တယ်လီကွန်းနဲ့ စွမ်းအင်ကဏ္ဍမှာ နည်းနည်းတော့ လျော့လာတာပေါ့’’ ဟုလည်းပြောခဲ့ပါတယ်။

ထိုရင်းနှီးမြှုပ်နှံမှုပမာဏအားဖြင့် စင်ကာပူနိုင်ငံသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဝင်ရောက်ခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံသာ ဝင်ရောက်ခဲ့ကြပါတယ်။

ယခုနှစ်မေလကုန်အထိ စင်ကာပူသည် မြန်မာနိုင်ငံတွင် စုစုပေါင်းကန်ဒေါ်လာ အများဆုံး ၁၉ ဘီလီယံ ဖိုး ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၅ ရာ ခိုင်နှုန်းရှိခဲ့ပါတယ်။ပြီးခဲ့သည့် ၂၀၁၇ မေလတွင် ကန်ဒေါ်လာ ၁ ဒသမ ၆၉ ဘီလီယံရှိပြီး နိုင်ငံရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၂၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးသည် တရုတ်နိုင်ငံဖြစ်ပြီး စုစုပေါင်းကန်ဒေါ်လာဘီလီယံ ၂၀ ကျော် ရှိပြီး နိုင်ငံရင်းနှီးမြှုပ်နှံမှု၏ ၂၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...

မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...

သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး

နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ

ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်

ငွေကြေးဖောင်းပွမှုကြောင့် အိမ်ခြံမြေဈေးကွက် အပေါ်သက်‌ရောက်မှုရှိနေ

မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ

အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်

မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား

ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်

area-one-business-complex
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service